iMyanmarHouse.com - Best Property Website for Myanmar
×

” မဟာမုနိဘုရားသုိ႔ ေဒၚေအာင္ဆန္းစုၾကည္ လာေရာက္ဖူးေျမာ္စဥ္ လူအုပ္ထဲမွ အထုပ္ျဖင့္ပစ္ေပါက္မႈျဖစ္ပြား”

ေဒၚေအာင္ဆန္းစုၾကည္ သည္ ယမန္ေန႔နံနက္ ၇ နာရီ ေက်ာ္တြင္ မဟာမုနိဘုရားႀကီး၏ နာရီစင္ဘက္မွ အေရွ႕ဘက္ ေစာင္းတန္းသုိ႔အ၀င္၌ လမ္း ေဘး၀ဲ၊ ယာမွ၀ုိင္း၀န္းၾကည့္႐ႈေန သည့္ လူအုပ္ထဲမွတစ္ဦးကအ၀ါ ေရာင္အထုပ္တစ္ထုပ္ကုိ ေလ ေပၚတြင္ ေျမႇာက္ျပၿပီး အတုိင္ပင္ခံပုဂၢိဳလ္ေစာင္းတန္းအတြင္း၀င္ ေနခ်ိန္တြင္ ပစ္ေပါက္ခဲ့သည္။

‘‘ေဒၚစုမလာခင္အမ်ိဳးသမီး တစ္ဦးက စာပါတဲ့အ၀ါေရာင္ အိတ္ေလးတစ္ခုကုိေပးဖုိ႔ ႀကိဳး စားေနတာလုိ႔သိရတယ္။ ဒါေပမဲ့ လုံၿခံဳေရးက လက္မခံဘူး။ အဲဒါ နဲ႔ ပစ္ေပးလိုက္တယ္လုိ႔ သိရ တယ္။ စာအိတ္ဆုိေတာ့ တိုင္စာ မ်ိဳးလည္းျဖစ္ႏုိင္တာေပါ့’’ ဟု မဟာမုနိဘုရားေဂါပကအဖြဲ႕အ တြင္းေရးမွဴး ဦးေက်ာ္ေက်ာ္ ေအာင္က ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္ ၍ ႐ုပ္သံဖုိင္တစ္ဖိုင္ ယမန္ေန႔က ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ပ်ံ႕ႏွံ႔ ၿပီးေနာက္ ေဒၚေအာင္ဆန္းစု ၾကည္ လုံၿခံဳေရးႏွင့္ပတ္သက္၍ စုိးရိမ္မႈမ်ားရွိၿပီး ေ၀ဖန္မႈမ်ား လည္း ထြက္ေပၚခဲ့သည္။

လုံၿခံဳေရးတာ၀န္ယူထားသူမ်ားအေပၚ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္တြင္ ေ၀ဖန္မႈ ျမင့္တက္ေနသည္။ ဩဂုတ္ ၁၀ ရက္ကလည္းယကၠန္းစင္ေတာင္သုိ႔ သြားရာတြင္ စက္ေလွစီးၿပီး အသက္ကယ္အက်ႌ ၀တ္မထားသျဖင့္ ၎၏လုံၿခံဳေရးကို စိတ္ပူသူမ်ားက လုံၿခံဳေရးအစီအစဥ္မ်ားအေပၚ ေ၀ဖန္ခဲ့ၾကသည္။

သို႔ေသာ္ လုံၿခံဳေရးအရတား ျမစ္ထား၍ စာအိတ္ပစ္ေပါက္ ေပးျခင္းသာျဖစ္ေၾကာင္း သမၼတ ႐ုံးေျပာေရးဆုိခြင့္ရွိသူဦးေဇာ္ေဌး က 7Day Daily သတင္းစာအား ေျပာသည္။

‘‘စာအိတ္ေပးတာပါ။ စာ ေပးလုိ႔မရလုိ႔ လွမ္းၿပီးေတာ့ လုံၿခံဳ ေရးကလည္း တားထားေတာ့ လွမ္းၿပီးပစ္ေပးတာ။ လုံၿခံဳေရးက လုပ္တယ္ဗ်။ သုိ႔ေသာ္ တခ်ိဳ႕အ ပိုင္းေလးေတြက ကြၽန္ေတာ္တုိ႔ အခ်င္းခ်င္းၾကားမွာ ေျပာရမယ့္ ကိစၥေလးေတြရွိတယ္။ အထူးသ ျဖင့္ ကြၽန္ေတာ္တုိ႔က အဓိကက ေတာ့ လူႀကီးရဲ႕လုံၿခံဳေရးကုိအဓိ ကထားတယ္။ ဒါကအစုိးရအပိုင္း ေပါ့။ အဲဒီလုိေလးေတြေတာ့ရွိ တယ္။ ကြၽန္ေတာ္တုိ႔က လုံၿခံဳေရး ကုိ လုံး၀ေလွ်ာ့လုိ႔မရဘူး။ တင္း တင္းက်ပ္က်ပ္ကိုင္တြယ္တယ္။ အထူးသျဖင့္ကေတာ့ နယ္ခံေတြ ေပါ့။ နယ္ခံေတြလုိ႔ပဲေျပာမယ္။ နယ္ခံေတြရဲ႕ အေနအထားနဲ႔ေျပာ ရ၊ ဆုိရတာေလးေတြကနည္းနည္း ေလး လုံၿခံဳေရးအရကြၽန္ေတာ္တို႔ ကေျပာတယ္။ အဲဒီအေပၚမွာ တခ်ိဳ႕ေတြက က်ယ္က်ယ္ျပန္႔ျပန္႔ သိပ္ၿပီးေတာ့ နားမလည္တဲ့သ ေဘာေတြရွိတယ္။ အဲဒါကုိလည္း ဒီခရီးစဥ္မွာ ေတာ္ေတာ္ေလး တင္းတင္းက်ပ္က်ပ္ကုိင္တြယ္ပါ တယ္’’ ဟု ဦးေဇာ္ေဌးက ေျပာ သည္။

သုိ႔ေသာ္ႏုိင္ငံေတာ္၏ အ ေရးႀကီးပုဂၢိဳလ္လမ္းေၾကာင္းတြင္ အထုပ္ပစ္ေပါက္ခံရမႈျဖစ္စဥ္ျဖစ္ ပြားျခင္း မရွိေၾကာင္း မႏၲေလး တိုင္းေဒသႀကီး အစုိးရအဖြဲ႕အ တြင္းေရးမွဴးဦးေဇာ္တင္မုိးႏွင့္ မႏၲ ေလးခ႐ိုင္ရဲတပ္ဖြဲ႕မွဴး႐ုံးမွ ဒုရဲမွဴး ႀကီးမ်ိဳးေအာင္တို႔က7Day Daily သတင္းစာ၏ေမးျမန္းခ်က္ကို ေျဖ ၾကားသည္။

‘‘ကြၽန္ေတာ္ကေတာ့ ဘုရား ႀကီးသြားတဲ့လမ္းေၾကာင္းမွာ မပါ ဘူး။ ဒီလုိပစ္ေပါက္လုိ႔ ဖမ္းတာ၊ ဆီးတာ၊ တစ္စုံတစ္ရာအမႈဖြင့္ ထားတာမ်ိဳး ခ႐ုိင္အတြင္းမွာမရွိပါ ဘူး’’ ဟု ဒုရဲမွဴးႀကီးမ်ိဳးေအာင္က ေျပာသည္။

မဟာမုနိဘုရားႀကီးေဂါပက အဖြဲဲ႕၀င္ဦးသန္းလြင္က ‘‘ဒီတစ္ ေခါက္မ်က္ႏွာေတာ္(ဘုရားႀကီး) ကုိ ဖူးေျမာ္ရတာစိတ္ခ်မ္းသာ တယ္၊ သာသာယာယာဖူးရတယ္ ေျပာသြားတယ္။ အန္တီဘုရားကုိ စ၀င္လာၿပီဆုိကတည္းက ကြၽန္ ေတာ္က ေဘးႏွစ္ေပအကြာ ေလာက္မွာ ေတာက္ေလွ်ာက္ပါ လာတာ။ အထုပ္နဲ႔ထုခဲ့တယ္ဆုိ ရင္ ကြၽန္ေတာ္သိပါတယ္။ အဲဒီ လုိမ်ိဳးေတာ့ မရွိခဲ့ဘူး။ လက္ ေဆာင္ေပးတာလည္း ျဖစ္ႏုိင္တာ ေပါ့။ လူအုပ္တုိးလုိ႔ ေစာင္းတန္း က ဆုိင္ႏွစ္ဆိုင္က ပစၥည္းေတြက် လုိ႔ အန္တီကသူ႔ေၾကာင့္ျဖစ္လုိ႔ သူေလ်ာ္ေပးပါမယ္၊ ၀န္ႀကီးခ်ဳပ္ ကုိေတာင္းလုိက္ပါဆုိၿပီး ေျပာ သြားတာပဲရွိတယ္။ ဘုရားမွာ ေတာ့ နာရီ၀က္ေက်ာ္ၾကာဖူးသြား တယ္’’ ဟု ေျပာသည္။

အဆိုပါအထုပ္ကုိ လုံၿခံဳေရး တပ္ဖြဲ႕၀င္မ်ားႏွင့္ တာ၀န္ရွိသူအ ခ်ိဳ႕ကစစ္ေဆးေနသည္ကုိ ေတြ႕ရွိ ရေၾကာင္းႏွင့္ ပစ္ေပါက္သူသည္ အမ်ိဳးသမီးတစ္ဦးျဖစ္ႏုိင္ေၾကာင္း ေဒသခံအခ်ိဳ႕ကဆုိသည္။ သုိ႔ ေသာ္ယင္းအထုပ္ပစ္ေပါက္ခဲ့သူ ႏွင့္ပတ္သက္၍ တာ၀န္ရွိသူမ်ား ဘက္မွေဆာင္ရြက္မႈႏွင့္ အျခား အခ်က္အလက္မ်ား ရွင္းလင္းစြာ မသိရေသးေပ။

ေဒၚေအာင္ဆန္းစုၾကည္ သည္ မဟာမုနိဘုရားသို႔သြား ေရာက္ဖူးေျမာ္ၿပီး နံနက္ ၈ နာရီ တြင္မႏၲေလးတကၠသုိလ္၌ ျပဳလုပ္ ေသာ လူငယ္ဘက္စုံဖြံ႕ၿဖိဳးေရး ပြဲေတာ္အခမ္းအနားကုိ ဖဲႀကိဳး ျဖတ္ဖြင့္လွစ္ကာ ၉ နာရီေက်ာ္ တြင္ တကၠသုိလ္အသီးသီးမွ လူ ငယ္မ်ားႏွင့္ စာေပစကား၀ုိင္းျပဳ လုပ္ခဲ့သည္။

ထုိ႔ေနာက္ အစုိးရအဖြဲ႕၀င္ မ်ားႏွင့္ မႏၲေလးၿမိဳ႕ ၇၅ လမ္းႏွင့္ ၃၃ လမ္းေထာင့္ရွိ ေရႊျပည္မုိး ကေဖးဆုိင္သုိ႔ သြားေရာက္ လက္ ဖက္ရည္ေသာက္ၿပီး ျပန္လည္ ထူေထာင္ေရး ေက်ာင္းမ်ားႏွင့္ ဗုိလ္ခ်ဳပ္ေၾကး႐ုပ္တု ထုဆစ္ရာ ေနရာမ်ားသုိ႔ သြားေရာက္ၾကည့္႐ႈ ခဲ့သည္။

မႏၲေလးၿမိဳ႕ရွိ ျပန္လည္ထူ ေထာင္ေရးေက်ာင္းသုိ႔ လာ ေရာက္ၾကည့္႐ႈေသာ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္အား အမ်ိဳး သမီး ျပန္လည္ထူေထာင္ေရး ေက်ာင္းမ်ားထားရွိရန္ႏွင့္ လက္ရွိ အမ်ိဳးသားျပန္လည္ထူေထာင္ ေရးသင္တန္းကာလ တိုးျမႇင့္ေပး ရန္ေတာင္းဆုိခဲ့ေၾကာင္း ထူ ေထာင္ေရးေက်ာင္းမန္ေနဂ်ာဦး ၀င္းႏုိင္ထြန္းကေျပာသည္။

‘‘သူ႔အေနနဲ႔ကေတာ့ မွာ ၾကားသြားတာမရွိဘူး။ ဌာနက ေတာင္းဆုိခဲ့တာကုိေတာ့သူ႔အ ေနနဲ႔လက္ခံတယ္။ စဥ္းစားေပး မယ္ေျပာခဲ့တယ္။ ထပ္ၿပီးညိႇႏႈိင္း ရဦးမွာေပါ့။ တိတိက်က်ေတာ့ မသိႏုိင္ေသးဘူး’’ ဟု ဦး၀င္းႏုိင္ ထြန္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day News Journal

#Unicode Version#
” မဟာမုနိဘုရားသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမြော်စဉ် လူအုပ်ထဲမှ အထုပ်ဖြင့်ပစ်ပေါက်မှုဖြစ်ပွား”

ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့နံနက် ၇ နာရီ ကျော်တွင် မဟာမုနိဘုရားကြီး၏ နာရီစင်ဘက်မှ အရှေ့ဘက် စောင်းတန်းသို့အဝင်၌ လမ်း ဘေးဝဲ၊ ယာမှဝိုင်းဝန်းကြည့်ရှုနေ သည့် လူအုပ်ထဲမှတစ်ဦးကအဝါ ရောင်အထုပ်တစ်ထုပ်ကို လေ ပေါ်တွင် မြှောက်ပြပြီး အတိုင်ပင်ခံပုဂ္ဂိုလ်စောင်းတန်းအတွင်းဝင် နေချိန်တွင် ပစ်ပေါက်ခဲ့သည်။

‘‘ဒေါ်စုမလာခင်အမျိုးသမီး တစ်ဦးက စာပါတဲ့အဝါရောင် အိတ်လေးတစ်ခုကိုပေးဖို့ ကြိုး စားနေတာလို့သိရတယ်။ ဒါပေမဲ့ လုံခြုံရေးက လက်မခံဘူး။ အဲဒါ နဲ့ ပစ်ပေးလိုက်တယ်လို့ သိရ တယ်။ စာအိတ်ဆိုတော့ တိုင်စာ မျိုးလည်းဖြစ်နိုင်တာပေါ့’’ ဟု မဟာမုနိဘုရားဂေါပကအဖွဲ့အ တွင်းရေးမှူး ဦးကျော်ကျော် အောင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက် ၍ ရုပ်သံဖိုင်တစ်ဖိုင် ယမန်နေ့က ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျံ့နှံ့ ပြီးနောက် ဒေါ်အောင်ဆန်းစု ကြည် လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိပြီး ဝေဖန်မှုများ လည်း ထွက်ပေါ်ခဲ့သည်။

လုံခြုံရေးတာဝန်ယူထားသူများအပေါ် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ဝေဖန်မှု မြင့်တက်နေသည်။ ဩဂုတ် ၁၀ ရက်ကလည်းယက္ကန်းစင်တောင်သို့ သွားရာတွင် စက်လှေစီးပြီး အသက်ကယ်အင်္ကျီ ဝတ်မထားသဖြင့် ၎င်း၏လုံခြုံရေးကို စိတ်ပူသူများက လုံခြုံရေးအစီအစဉ်များအပေါ် ဝေဖန်ခဲ့ကြသည်။

သို့သော် လုံခြုံရေးအရတား မြစ်ထား၍ စာအိတ်ပစ်ပေါက် ပေးခြင်းသာဖြစ်ကြောင်း သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေး က 7Day Daily သတင်းစာအား ပြောသည်။

‘‘စာအိတ်ပေးတာပါ။ စာ ပေးလို့မရလို့ လှမ်းပြီးတော့ လုံခြုံ ရေးကလည်း တားထားတော့ လှမ်းပြီးပစ်ပေးတာ။ လုံခြုံရေးက လုပ်တယ်ဗျ။ သို့သော် တချို့အ ပိုင်းလေးတွေက ကျွန်တော်တို့ အချင်းချင်းကြားမှာ ပြောရမယ့် ကိစ္စလေးတွေရှိတယ်။ အထူးသ ဖြင့် ကျွန်တော်တို့က အဓိကက တော့ လူကြီးရဲ့လုံခြုံရေးကိုအဓိ ကထားတယ်။ ဒါကအစိုးရအပိုင်း ပေါ့။ အဲဒီလိုလေးတွေတော့ရှိ တယ်။ ကျွန်တော်တို့က လုံခြုံရေး ကို လုံးဝလျှော့လို့မရဘူး။ တင်း တင်းကျပ်ကျပ်ကိုင်တွယ်တယ်။ အထူးသဖြင့်ကတော့ နယ်ခံတွေ ပေါ့။ နယ်ခံတွေလို့ပဲပြောမယ်။ နယ်ခံတွေရဲ့ အနေအထားနဲ့ပြော ရ၊ ဆိုရတာလေးတွေကနည်းနည်း လေး လုံခြုံရေးအရကျွန်တော်တို့ ကပြောတယ်။ အဲဒီအပေါ်မှာ တချို့တွေက ကျယ်ကျယ်ပြန့်ပြန့် သိပ်ပြီးတော့ နားမလည်တဲ့သ ဘောတွေရှိတယ်။ အဲဒါကိုလည်း ဒီခရီးစဉ်မှာ တော်တော်လေး တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပါ တယ်’’ ဟု ဦးဇော်ဌေးက ပြော သည်။

သို့သော်နိုင်ငံတော်၏ အ ရေးကြီးပုဂ္ဂိုလ်လမ်းကြောင်းတွင် အထုပ်ပစ်ပေါက်ခံရမှုဖြစ်စဉ်ဖြစ် ပွားခြင်း မရှိကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့အ တွင်းရေးမှူးဦးဇော်တင်မိုးနှင့် မန္တ လေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြီးမျိုးအောင်တို့က7Day Daily သတင်းစာ၏မေးမြန်းချက်ကို ဖြေ ကြားသည်။

‘‘ကျွန်တော်ကတော့ ဘုရား ကြီးသွားတဲ့လမ်းကြောင်းမှာ မပါ ဘူး။ ဒီလိုပစ်ပေါက်လို့ ဖမ်းတာ၊ ဆီးတာ၊ တစ်စုံတစ်ရာအမှုဖွင့် ထားတာမျိုး ခရိုင်အတွင်းမှာမရှိပါ ဘူး’’ ဟု ဒုရဲမှူးကြီးမျိုးအောင်က ပြောသည်။

မဟာမုနိဘုရားကြီးဂေါပက အဖွဲ့ဝင်ဦးသန်းလွင်က ‘‘ဒီတစ် ခေါက်မျက်နှာတော်(ဘုရားကြီး) ကို ဖူးမြော်ရတာစိတ်ချမ်းသာ တယ်၊ သာသာယာယာဖူးရတယ် ပြောသွားတယ်။ အန်တီဘုရားကို စဝင်လာပြီဆိုကတည်းက ကျွန် တော်က ဘေးနှစ်ပေအကွာ လောက်မှာ တောက်လျှောက်ပါ လာတာ။ အထုပ်နဲ့ထုခဲ့တယ်ဆို ရင် ကျွန်တော်သိပါတယ်။ အဲဒီ လိုမျိုးတော့ မရှိခဲ့ဘူး။ လက် ဆောင်ပေးတာလည်း ဖြစ်နိုင်တာ ပေါ့။ လူအုပ်တိုးလို့ စောင်းတန်း က ဆိုင်နှစ်ဆိုင်က ပစ္စည်းတွေကျ လို့ အန်တီကသူ့ကြောင့်ဖြစ်လို့ သူလျော်ပေးပါမယ်၊ ဝန်ကြီးချုပ် ကိုတောင်းလိုက်ပါဆိုပြီး ပြော သွားတာပဲရှိတယ်။ ဘုရားမှာ တော့ နာရီဝက်ကျော်ကြာဖူးသွား တယ်’’ ဟု ပြောသည်။

အဆိုပါအထုပ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူအ ချို့ကစစ်ဆေးနေသည်ကို တွေ့ရှိ ရကြောင်းနှင့် ပစ်ပေါက်သူသည် အမျိုးသမီးတစ်ဦးဖြစ်နိုင်ကြောင်း ဒေသခံအချို့ကဆိုသည်။ သို့ သော်ယင်းအထုပ်ပစ်ပေါက်ခဲ့သူ နှင့်ပတ်သက်၍ တာဝန်ရှိသူများ ဘက်မှဆောင်ရွက်မှုနှင့် အခြား အချက်အလက်များ ရှင်းလင်းစွာ မသိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည် သည် မဟာမုနိဘုရားသို့သွား ရောက်ဖူးမြော်ပြီး နံနက် ၈ နာရီ တွင်မန္တလေးတက္ကသိုလ်၌ ပြုလုပ် သော လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်အခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ကာ ၉ နာရီကျော် တွင် တက္ကသိုလ်အသီးသီးမှ လူ ငယ်များနှင့် စာပေစကားဝိုင်းပြု လုပ်ခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝင် များနှင့် မန္တလေးမြို့ ၇၅ လမ်းနှင့် ၃၃ လမ်းထောင့်ရှိ ရွှေပြည်မိုး ကဖေးဆိုင်သို့ သွားရောက် လက် ဖက်ရည်သောက်ပြီး ပြန်လည် ထူထောင်ရေး ကျောင်းများနှင့် ဗိုလ်ချုပ်ကြေးရုပ်တု ထုဆစ်ရာ နေရာများသို့ သွားရောက်ကြည့်ရှု ခဲ့သည်။

မန္တလေးမြို့ရှိ ပြန်လည်ထူ ထောင်ရေးကျောင်းသို့ လာ ရောက်ကြည့်ရှုသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား အမျိုး သမီး ပြန်လည်ထူထောင်ရေး ကျောင်းများထားရှိရန်နှင့် လက်ရှိ အမျိုးသားပြန်လည်ထူထောင် ရေးသင်တန်းကာလ တိုးမြှင့်ပေး ရန်တောင်းဆိုခဲ့ကြောင်း ထူ ထောင်ရေးကျောင်းမန်နေဂျာဦး ဝင်းနိုင်ထွန်းကပြောသည်။

‘‘သူ့အနေနဲ့ကတော့ မှာ ကြားသွားတာမရှိဘူး။ ဌာနက တောင်းဆိုခဲ့တာကိုတော့သူ့အ နေနဲ့လက်ခံတယ်။ စဉ်းစားပေး မယ်ပြောခဲ့တယ်။ ထပ်ပြီးညှိနှိုင်း ရဦးမှာပေါ့။ တိတိကျကျတော့ မသိနိုင်သေးဘူး’’ ဟု ဦးဝင်းနိုင် ထွန်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top