(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

(ဓာတ္ပုံမ်ားအတြက္ မူရင္းတင္ထားတဲ့ မိတ္ေဆြအေပါင္းကို ေက်းဇူးအထူးတင္ရွိပါတယ္)

ရွိမ္းမကားသည္ အညာေဒသမွာ ထင္ရွားတဲ့ ေနရာေဒသတစ္ခု ျဖစ္ပါတယ္။ ရွိမ္းမကားအေၾကာင္း ေရးထားသည့္ စာတခ်ဳိ႕ ဖတ္ခဲ့ဖူးပါတယ္။ ရွိမ္းမကားရြာမွာ ပထမေရႊက်င္သာသနာပိုင္ ဆရာေတာ္ႀကီး သီတင္းသုံးသြားသည့္ ေတာရႀကီးရွိသည္။ ေစတီပုထိုးႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္း မ်ားစြာရွိသည္။ သည္အေၾကာင္းမ်ား အရိပ္အႁမြက္သိၿပီးျဖစ္သလို ရွိမ္းမကားက ဗိုလ္႐ိုင္အေၾကာင္းလည္း တစ္စြန္းတစ္စ မွတ္သားခဲ့ဖူး၏။ ရွိမ္းမကားကို တစ္ေန႔အေရာက္သြားဦးမည္ဟု ေတးထားခဲ့ေပမဲ့ ေရာက္ရန္အလ်ဥ္းမသင့္ခဲ့။

သည္ႏွစ္ ႏိုင္ငံအႏွ႔ံနီးပါး မိုးေတြ မၾကာမၾကာ ရြာေန၍ သြားဖို႔ ရက္ေတြ ေရႊ႕ဆိုင္းေနခဲ႔ရပါတယ္။ ဒီကေန႔ (20 – 8 – 2017)ေတာ့ အဖိတ္ ဥပုသ္ျဖစ္၍ စာဝါေတြနား အခ်ိန္ရတာနဲ႔ ရွိမ္းမကား ေတာရႀကီးေက်ာင္း၊ ေဘးမဲ့ေတာနဲ႔ ဧရာဝတီျမစ္ကမ္းရဲ႕အလွကို သြားေရာက္ ေလ့လာ ခံစားခဲ့ပါတယ္ ။

ရွိမ္းမကားေဒသဟာ စစ္ကိုင္းနဲ႔ ၂၆ မိုင္ေလာက္သာ ေဝးတဲ့ စစ္ကိုင္းတုိင္းေဒသႀကီး ဝက္လက္ၿမိဳ႕နယ္ထဲမွာ တည္ရွိပါတယ္။ ရွိမ္းမကားကို စစ္ကိုင္းၿမိဳ႕ ေကာင္းမႈေတာ္ဘုရားအနီးက ခ႐ိုင္ခ်င္းဆက္လမ္းကေန ေျမာက္ဘက္တည့္တည့္ကို သြားရတာပါ။ ခ႐ိုင္ခ်င္းဆက္လမ္းက ယာဥ္သြား ယာဥ္လာ နည္းပါးတာေၾကာင့္ လမ္းေဘးဝဲယာ ႐ႈခင္းေတြကို တစ္ဝႀကီး ၾကည့္႐ႈခံစားလို႔ရမွာပါ။ တခ်ိဳ႕ေနရာေတြမွာ လမ္းသိပ္မေကာင္းတဲ့အတြက္ ယာဥ္ကို ခပ္ျဖည္းျဖည္းပဲ ေမာင္းမွသင့္ေလ်ာ္ပါတယ္။ စစ္ကုိင္းကေန ႏွစ္နာရီေလာက္ စီးၿပီးသြားၿပီဆုိရင္ေတာ့ ရွိမ္းမကားေဒသကို ၫႊန္ျပတဲ့ ဆုိင္းဘုတ္တစ္ခုကို ေတြ႕ပါလိမ့္မယ္။ ဆုိင္းဘုတ္ကိုေတြ႕တာနဲ႔ ခ႐ိုင္ခ်င္းဆက္လမ္းကို ဆက္မသြားေတာ့ဘဲ ညာဘက္ကို ခ်ိဳး ေကြ႕ၿပီး ဝင္သြားရမွာ ျဖစ္ပါတယ္။ ခဏဝင္လိုက္တာနဲ႔ ရွိမ္းမကားေက်းရြာကို ေရာက္ရွိသြားပါၿပီ။

ရွိမ္းမကားဟာ ရြာလို႔သာဆုိေပမယ့္ ၿမိဳ႕ေလာက္နီးနီးစည္ကားတဲ့ ရြာႀကီးတစ္ရြာပါ။ အိမ္ေျခ ၁၀၀၀ခန္႔ရွိပါတယ္။ ရြာမွာ ဖုန္းဆုိင္ကအစရွိပါတယ္။ ရွိမ္းမကားရြာကို ကုန္းေၾကာင္းကေနလည္း လာႏုိင္သလုိ မႏၲေလး မရမ္းၿခံဆိပ္ကမ္းကေနလည္း ေမာ္ေတာ္နဲ႔ လာလို႔ရပါတယ္။ ေမာ္ေတာ္နဲ႔ လာမယ္ဆုိရင္ေတာ့ ေရဆန္ခရီးဆုိ ေလးနာရီေလာက္ၾကာၿပီး ရွိမ္း မကားကေန မႏၲေလးအျပန္ ေရ စုန္ခရီးကေတာ့ ႏွစ္နာရီခြဲေလာက္ၾကာတယ္လုိ႔ သိရပါတယ္။ ရိွမ္းမကားေဒသကို ေရာက္ရင္ အရာရာအားလံုးကိုေမ့သြားေလာက္တဲ့ သဘာဝရႈခင္းေတြရွိတာကို ေတြ႕ျမင္ရပါမယ္။ ဘုရင္အဆက္ဆက္က တည္ထားကိုးကြယ္ခဲ့တဲ့ ေစတီ ပုထိုးမ်ားစြာကို ဖူးေမွ်ာ္ႏိုင္ပါတယ္။ ရွိမ္းမကားေက်းရြာေတာင္ဘက္ ကုန္းျမင့္ကို တက္လာမယ္ဆိုရင္ေတာ့ ရွိမ္းမကားေဘးမဲ့ေတာႀကီးကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ေတာရႀကီးေက်ာင္း ေဘးမဲ့ေတာအ၀င္မွ စတင္၍ အပင္ပ်ဳိ၊ အပင္လတ္မ်ား ခပ္စိပ္ စိပ္ေတြ႕ရသည္။  တခ်ိန္ကရွိမ္းမကားေဘးမဲ့ေတာအတြင္း  က်ားသစ္၊ က်ား စေသာ ေတာ႐ိုင္းတိရစၧာန္မ်ားပါ ရွိခဲ့ေသာ္လည္း ယခုအခါ ေရႊသမင္ အပါအဝင္ ေတာေၾကာင္၊ သင္းေခြခ်ပ္၊ ၾကက္တူေရြးႏွင့္ ယုန္မ်ားသာက်န္ရွိပါေတာ့တယ္။ အညာေဒသမွာ ျဖစ္ထြန္းသည့္ သန္း၊ ဒဟတ္၊ ေပါက္ျဖဴ။ တမာ၊ ပ်ဥ္း၊ ေလွ်ာ္ျဖဴ၊ ေရွာက္၊ သံလ်က္၊ သင္ပုန္းႏွင့္ ေတာ၀ါးမ်ား။”ေတာအုပ္ႀကီးအဝင္စကေန တစ္မိုင္သာသာ လမ္းေလးကေတာ့ ေရွးလူႀကီး ဦး႐ိုးတို႔ ဇနီးေမာင္ႏွံက ေက်ာက္ခဲတစ္လံုးစီကို အဂၤေတမပါဘဲ တစ္ေန႔ကို တစ္ႏိုင္စာ ခင္းသြားခဲ့တာျဖစ္ပါတယ္။ ေဘးက ေက်ာက္တံုးႀကီးမ်ားကေတာ့ ဦး႐ိုးတို႔ႏွစ္ေယာက္ရဲ လမ္းခင္းျခင္း ကုသိုလ္ရဲ႕ ၿပီးေျမာက္မႈ အမွတ္အသားေလးမ်ားလို႔ သိရွိရပါတယ္”

ဦးရုိးတုိ႔ခင္းခဲ့တဲ့လမ္းကိုေတာ့ ဘုိးရုိးေက်ာက္လမ္းလုိ႔ လူသိမ်ားပါတယ္။  ဒါ့အျပင္ ဦးရုိးဟာ ဆရာေတာ္ႀကီးရဲ႕ ေက်ာင္းေတာ္အထိ ေပ(၃၀၀) ေက်ာ္ရွည္တဲ့ အုတ္ေဆာင္းတန္းတစ္ခုကို လည္း လ်ဴဒါန္းခဲ့ပါေသးတယ္။ ဒီလုိလွဴဒါန္းခဲ့ျခင္းကို မင္းတုန္းမင္းႀကီး ၾကားသိေတာ္မႈတဲ့အခါ ဦး႐ိုးကို ေဘးမဲ့ေတာအုပ္အျဖစ္ ခန္႔အပ္ခဲ့ဖူးပါတယ္။

ဦး႐ိုး လမ္းေလးဆံုးရင္ေတာ့ ေတာရႀကီးေက်ာင္းေလးသို႔ သြားရာ ျခေသၤ့ႀကီး ႏွစ္ေကာင္ျခံရံတဲ့ အုတ္လမ္းေလးကို စတင္ ေတြ႕ျမင္ရမွာပါ။ အႏုပညာ လက္ရာေျမာက္လွတဲ့ အုတ္လမ္းေလးမွ ဒ႑ာရီဆန္ေသာ အတိတ္သမိုင္းရဲ႕ အေငြ႕အသက္မ်ားကို ခံစားရင္း ေလွ်ာက္လွမ္းသြားမယ္ဆိုရင္ျဖင့္ ဒီေျမဒီေနရာေလးဟာ တစ္ခ်ိန္က ဗိသုကာတိုရဲ႕အရွင္သခင္ သာသနာရဲ႕ အထြဋ္အထိပ္ျဖစ္ခဲ့တယ္ဆိုတာ ဒီလမ္းေလးက သက္ေသျပေနပါတယ္။

” ေတာရႀကီးေက်ာင္းတိုက္က ပထမေရႊက်င္သာသနာပိုင္ ဆရာေတာ္ အရွင္ဇာဂရမေထရ္ သီတင္းသုံးခဲ့တာပါ။ ဆရာေတာ္က မင္းတုန္းမင္းလွဴတဲ့ ဇာဂရာဘိပရမ က၀ိဓဇမဟာဓမၼရာဇာဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ပါ။
သကၠရာဇ္ ၁၂၂၄ ခုႏွစ္မွာ မင္းတုန္းမင္း တရားႀကီးဟာ တိုင္းခန္းလွည့္လည္ရင္း ရွိမ္းမကားေဒသကို ေရာက္ေတာ့ မူလဘူတ ေရႊက်င္ဆရာေတာ္ႀကီး ျဖစ္လာမယ့္ ဆရာေတာ္ ဦးဇာဂရကို ဖူးေတြ႕ရပါတယ္။ မင္းတုန္းမင္းႀကီးဟာ ဆရာေတာ္ကို ၾကည္ညိဳၿပီး ေတာရႀကီးေက်ာင္းထဲမွာ ေက်ာင္းေတြ ေဆာက္လုပ္လွဴဒါန္းခဲ့ပါတယ္။ ေက်ာင္းအမည္ကို ေအာင္ေျမလႊတ္စံေက်ာင္းလုိ႔ သမုတ္ေတာ္မူတဲ့ ေက်ာက္စာေရးထိုးထားတာ အခုအထိ ေက်ာင္းတိုက္မွာရွိပါတယ္ ”

ေတာရႀကီးေက်ာင္းအတြင္း မင္းတုန္းမင္းေဆာက္လုပ္လွဴဒါန္းသည့္ ေက်ာင္းေတာ္ႀကီး မရွိေတာ့ပါ။ ေခတ္ကာလအရ ယိုယြင္းပ်က္စီးခဲ့သည့္ေနရာတြင္ ေက်ာင္းေဆာင္သစ္မ်ား ေဆာက္လုပ္ထားတာ ေတြ႕ရပါတယ္။ မင္းတုန္း မင္းတရားႀကီး ေဆာက္လုပ္လွဴဒါန္းခဲ့သည့္ ေက်ာင္းပုံစံကို ပန္းခ်ီ မင္းဟန္၊ ဇနီး ေဒၚခင္ရီမိသားစုက လွဴဒါန္းထားသျဖင့္ လက္ရွိေက်ာင္းမွာ ခ်ိတ္ဆြဲထားသည့္ ပန္းခ်ီကားခ်ပ္ ေတြ႕ရပါတယ္။ ေတာရႀကီးေက်ာင္းတုိက္အတြင္းမွာ ေရႊက်င္ဆရာေတာ္ႀကီး တရားအားထုတ္ခဲ့တဲ့ ေက်ာက္ဂူေတြ၊ ေရွးေဟာင္း ေက်ာင္းတိုက္ႀကီးေတြကို ေတြ႕ရွိေလ့လာႏုိင္သလို ေက်ာင္းတိုက္၀င္းအတြင္းရွိသည့္ အုတ္တိုက္ေက်ာင္းမ်ားအတြင္းမွာ ေရွးလက္ရာ႐ုပ္ပြားေတာ္ႀကီးမ်ားကို သပၸါယ္စြာ ဖူးေတြ႕ႏိုင္မွာ ျဖစ္ပါတယ္။

ယခင္မင္းတုန္းမင္းႀကီးလွဴဒါန္းခဲ့ေသာ ေတာရေက်ာင္းႀကီးေနရာတြင္ သစ္သားေက်ာင္းေဆာင္ႀကီးတစ္ခုပါတယ္။ မင္းတုန္းမင္းႀကီးလွဴဒါန္းသြားသည့္ ေက်ာင္းတုိက္ႀကီးမွာမူမရွိေတာ့ပဲ အုတ္တုိင္ ၊ ပြတ္လုံးမ်ားသာ က်န္ရွိပါေတာ့တယ္။ က်န္အရာေတာ္ေတာ္မ်ားမ်ားမွာ မူလအတုိင္းက်န္ရွိေနဆဲဟု လက္ရွိသတင္းသုံးေနသည့္ ဘုန္းေတာ္ႀကီးက မိန္႔ပါတယ္။ ဒီေက်ာင္းႀကီးတြင္ မင္းတုန္းမင္းႀကီး၏ စာခြ်န္ေတာ္မ်ား ၊ သီေပါမင္း၏ စာခြ်န္ေတာ္မ်ား ၊ ရွိမ္းမကားမလူလ မ်ဳိးဆက္မ်ား၏ စာခြ်န္လႊာမ်ားႏွင့္ ရတနာပုံေခတ္ေရွးေဟာင္းပစၥည္းႏွင့္ အႏုပညာလက္ရာမ်ားကိုေတြႏုိင္ပါေသးတယ္။

ေက်ာင္းႀကီးေပၚမွ ျမစ္ဆိပ္သို႔ဆင္းေသာ လမ္းကေလးမွ ရႈေမွ်ာ္ၾကည့္လိုက္ရင္ျဖင့္ ျမစ္ႀကီးဧရာဝတီ၏ အလွအပကို တဝႀကီး ခံစားရမွာျဖစ္ပါတယ္။ ေက်ာင္းႀကီးအတြင္းမွာလည္း ရွားပါးလွတဲ့ စကားျဖဴပင္ေတြကို မျမင္စဖူး ေတြ႕ျမင္ႏိုင္ပါတယ္။

မင္းတုန္းမင္းတရားႀကီးဟာ ရွိမ္းမကားေတာႀကီးကိုလည္း ေဘးမဲ့ေတာအျဖစ္ စာခြၽန္ေတာ္ထုတ္ကာ သတ္မွတ္ေပးခဲ့ပါတယ္။ ေဘးမဲ့ေတာႀကီးဟာ ၃၃၄ ဧက က်ယ္ဝန္းၿပီး စစ္ကိုင္းလို ေျခာက္ေသြ႕တဲ့ေဒသမွာ ေအးျမလွတဲ့ ေတာအုပ္အတြင္းက အရသာကို ရွိမ္းမကားေဘးမဲ့ေတာမွာ ရရွိႏုိင္ပါတယ္။ သန္း၊ ဒဟက္၊ ေတာေရွာက္၊ ေလ်ာ္ျဖဴ၊ သစ္ပုေလြ အစရွိတဲ့ သစ္ပင္ေတြေၾကာင့္ ေအးျမလွပါတယ္။ ေဘးမဲ့ေတာထဲမွာ ေရႊသမင္၊ သမင္ေပ်ာက္၊ သမင္ဝက္နဲ႔ ယုန္၊ ေတာၾကက္၊ ေခ်ေတြလည္း ရွိတယ္လို႔ ဆုိပါတယ္။ ရွိမ္းမကားေဘးမဲ့ေတာႀကီးဟာ ေရႊသမင္မ်ား က်က္စားရာ ေဒသအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။ ရွိမ္းမကားေတာရႀကီးေက်ာင္းတုိက္အတြင္းကေန အေရွ႕ဘက္ ဧရာဝတီျမစ္ ျပင္ဘက္ကို လွမ္းၾကည့္လိုက္ရင္ လွပတဲ့ ျမင္ကြင္းေတြကို ျမင္ေတြ႕ရမွာပါ။

ေတာရႀကီးေက်ာင္းက သစ္ပင္မ်ား၀ိုင္းရံေနသည့္ ေတာင္ကုန္းျမင့္ေပၚမွာရွိသျဖင့္ အရိပ္အာ၀ါသေကာင္းမ်ား ၀န္းရံမႈရွိပါတယ္။ ျမစ္အတြင္း ျဖတ္သန္းတိုက္ခတ္လာသည့္ ေလေကာင္းေလသန္႔၊ ေတာအုပ္မ်ားအၾကား တိုးေ၀ွ႔လာသည့္ ေတာရန႔ံပါ ေလေၾကာင့္ ေအးျမသလိုရွိသည္။ ေတာရႀကီးေက်ာင္းမွာ ဧရာ၀တီျမစ္ကမ္းပါးႏွင့္ အနီးဆုံးေနရာမွာ တည္ထားသည့္ ေက်ာင္းျဖစ္ပါတယ္။ ေက်ာင္းအေရွ႕ဘက္ အုတ္ေလွကားလမ္းအတိုင္း ဆင္းလုိက္လွ်င္ ျမစ္ထဲအထိ ေရာက္ပါတယ္။

ရွိမ္းမကားဆိုသည့္အမည္က ပေဟဠိဆန္၍ စိတ္၀င္စားစရာေကာင္းပါတယ္။ တခ်ဳိ႕က ရွိန္းၿပီးသည္၊ ရွိန္းဆာယာဟူေသာ စကားအသုံးအႏႈန္းမ်ားျဖင့္ ဆက္စပ္၍ ဂမီ္ၻရဆန္ဆန္အျမင္ဟု ေတြးထင္ၾကသည္။ ရွိမ္းမကားမွတ္စုမွာေတာ့ ရွိမ္းမကားသည္ ပုဂံက်န္စစ္သားမင္းလက္ထက္က မုဆိုးႀကီး ငစဥ့္ကိုရွာရာမွ ငစဥ့္ကိုင္ေခၚေသာ အရပ္တြင္ ႏွစ္ဦးသားေတြ႕ဆုံေၾကာင္း၊ မုဆိုးႀကီး ငစဥ့္ကို ရွာေဖြရာလမ္းခရီးတြင္ မုဆိုးငစဥ့္ ရွိရာ၏ ဟူေသာအထင္ျဖင့္ ရွိမူကားဟု သတ္မွတ္ကာ ရွိမ္းမကားအရပ္သို႔ ေရာက္လာေၾကာင္း က်န္စစ္မင္း၏ ရွိမူကားဟူေသာ ႏႈတ္ထြက္စကားမွ ရွိမ္းမကားအျဖစ္ ေခၚဆိုေၾကာင္း ရွိမ္းမကားမွတ္စုေရးသားသူ ဆရာႀကီး ဦးေအးေမာင္၏ သမိုင္းပါ အခ်က္အလက္မ်ားမွာ ပါရွိေၾကာင္း သိရပါတယ္။

ရွိမ္းမကားတြင္ ထင္ရွားသည့္ ဗိုလ္႐ိုင္ဆိုသူ တစ္ေယာက္ရွိခဲ႔ဖူးပါတယ္။ ဗုိလ္႐ိုင္တို႔ေခတ္က ရွိမ္းမကားရြာမွာ အဂၤလိပ္ အအုပ္ခ်ဳပ္ခံရြာျဖစ္သည္။ ေဒသတြင္း ေက်းရြာမ်ားမွထြက္သည့္ ဆားမ်ားကို ရွိမ္းမကားျမစ္ဆိပ္မွ အနယ္နယ္သို႔ တင္ပို႔ ေရာင္းခ်ခ်ိန္ျဖစ္သည္။ ဗိုလ္႐ိုင္က ရွိမ္းမကား ေတာင္႐ိုး အေနာက္ဘက္နယ္မ်ားမွာ ထင္ရွားသည့္ သူရဲေကာင္းျဖစ္ပါသည္။ လယ္သမား ၂၀၀၊ ၃၀၀ ပါ တပ္မ်ားကုိ ခ်က္ခ်င္းစည္း ႐ုံးေခၚယူႏိုင္သူျဖစ္သည္။ လယ္သမားတပ္ သားမ်ားမွာ တူမီးေသနတ္ရွိသည္။

ဗုိလ္႐ိုင္က ေဖာ္ေဖာ္ေရြေရြ ေပါင္းသင္း ဆက္ဆံတတ္သည့္ ေခါင္းေဆာင္အျဖစ္ နာမည္ႀကီးသည္။ သူ႔မွာ အျမဲတမ္းတပ္သား ၄၀၊ ၅၀ ရွိသည္။ လိုအပ္၍ ဆင့္ေခၚလိုက္တာ ႏွင့္ ငါးဆ၊ ေျခာက္ဆမ်ားေသာ တပ္သားမ်ား ရရွိကာ ရက္အေတာ္ၾကာ စုစည္းထားႏိုင္သူ ျဖစ္သည္။ ထိုစဥ္က အဂၤလိပ္တပ္မ်ားကို ရင္ဆိုင္တိုက္ခိုက္ခဲ့ရာ အေျခအေန မလွသျဖင့္ ခပ္ခြာခြာေနရင္း ေဒသတြင္းရွိ ေက်း ရြာမ်ားကို ရန္သူ သတင္းမေပးရ၊ ရန္သူလမ္း မျပရ၊ ရန္သူကို မည္သည့္ နည္းႏွင့္မွ် မကူညီရ အမိန္႔ ထုတ္ထားသည္။ အမိန္႔မနာခံသည့္ ရွိမ္းမကားအနီး ရြာတစ္ရြာမွ သူႀကီးတစ္ဦးကို ဗိုလ္႐ိုင္က သတ္ပစ္လုိက္သည္။ ဤသည္မွာ ဗုိလ္႐ိုင္ႏွင့္ ပတ္သက္သည့္ သမိုင္းတစ္စိတ္ တစ္ေဒသျဖစ္ပါတယ္။

ရွိမ္းမကားေဒသကို စိတ္ဝင္စားလို႔ သြားေရာက္ေလ့လာခ်င္ရင္ေတာ့ ေႏြရာသီမ်ိဳးထက္ မိုးရာသီမွာ သြားေရာက္လည္ပတ္ရင္ျဖင့္ စိမ္းစိုလွပေသာ ေတာအုပ္၏အရသာကို ပိုမို ခံစားရမွာ ျဖစ္ပါတယ္။

ဧရာဝတီျမစ္ျပင္ရဲ႕အလွ —
ေရွးေဟာင္းေက်ာင္းေတြရဲ႕ တည္ၿငိမ္မႈရသ–
ေတာအုပ္ႀကီးရဲ႕ ၿငိမ္သက္မႈေတြက
စိတ္ကို ေအးခ်မ္းေစပါတယ္—။

ရွိမ္းမကားေရာက္လို႔ ကုန္လြန္သြားတဲ႔အခ်ိန္ေတြတြက္ ႏွေမ်ာစရာမလို၊ စိတ္ေအးခ်မ္းမႈျဖစ္ေစတာ ေဒသႏၲရဗဟုသုတ ရတာေတြက ေရာက္လာသူေတြကို အက်ိဳးရွိေစမွာပါ။ လူေတြအသြားအလာမ်ားတဲ႔ နာမည္ႀကီးေနရာေတြမွာ အာ႐ံုေနာက္သူ၊ လူရဲ႕အေငြ႕အသက္ေတြေၾကာင့္ စိတ္မခ်မ္းေျမ႕သူေတြအတြက္ ဒီေနရာေလးက သင့္ေတာ္မႈရွိတဲ႔ ေနရာတစ္ခုလို႔ ဆိုရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အားလပ္ရက္ေတြမွာ မိသားစုလိုက္ျဖစ္ေစ သူငယ္ခ်င္းေတြနဲ႔ျဖစ္ေစ သြားေရာက္ေလ့လာသင့္တဲ႔ ေနရာေဒသ တစ္ခုျဖစ္ပါတယ္ ဆိုသည့္အေၾကာင္း ေရးသားလိုက္ရပါတယ္။

အားလပ္ရက္ေတြမွာ –
“တန္ဖိုးရွိတဲ့ အရာေတြနဲ႔ ဘဝကို ျဖတ္သန္းႏိုင္ၾကပါေစ” ။

(သမိုင္းကိုေဖာ္ျပရာမွာ အနည္းငယ္ လြဲေခ်ာ္မႈ ရွိခဲ့ေသာ္ ကြ်ႏု္ပ္၏ အားနည္းခ်က္သာ ျဖစ္ပါေၾကာင္း။)

ရွိမ္းမကားေဒသအား ကုန္းလမ္းခရီးမွသာမက ေရလမ္းခရီးမွလည္းသြားလာႏုိင္သည္။  သဘာ၀အတုိင္းက်န္ရွိေနဆဲျဖစ္ေသာ ရွိမ္းမကားသုိ႔ အလည္သြားေရာက္ခဲ့လွ်င္ အမႈိက္မ်ားစည္းကမ္းမဲ့ပစ္ျခင္း ၊ ေရွးေဟာင္းပစၥည္းမ်ားအားခ်ဳိးဖဲ့ျခင္း ၊ စာမ်ားေရးျခစ္ျခင္းတုိ႔ ကိုမျပဳလုပ္မိေစရန္ အထူးလုိအပ္လွပါသည္။

အရွင္ဟိတ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သုခုမအလင္းတန္းမ်ား
# Unicode Version ျဖင့္ ဖတ္ပါ #
(ဓာတ်ပုံများအတွက် မူရင်းတင်ထားတဲ့ မိတ်ဆွေအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်)

ရှိမ်းမကားသည် အညာဒေသမှာ ထင်ရှားတဲ့ နေရာဒေသတစ်ခု ဖြစ်ပါတယ်။ ရှိမ်းမကားအကြောင်း ရေးထားသည့် စာတချို့ ဖတ်ခဲ့ဖူးပါတယ်။ ရှိမ်းမကားရွာမှာ ပထမရွှေကျင်သာသနာပိုင် ဆရာတော်ကြီး သီတင်းသုံးသွားသည့် တောရကြီးရှိသည်။ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်း များစွာရှိသည်။ သည်အကြောင်းများ အရိပ်အမြွက်သိပြီးဖြစ်သလို ရှိမ်းမကားက ဗိုလ်ရိုင်အကြောင်းလည်း တစ်စွန်းတစ်စ မှတ်သားခဲ့ဖူး၏။ ရှိမ်းမကားကို တစ်နေ့အရောက်သွားဦးမည်ဟု တေးထားခဲ့ပေမဲ့ ရောက်ရန်အလျဉ်းမသင့်ခဲ့။

သည်နှစ် နိုင်ငံအနှံ့နီးပါး မိုးတွေ မကြာမကြာ ရွာနေ၍ သွားဖို့ ရက်တွေ ရွှေ့ဆိုင်းနေခဲ့ရပါတယ်။ ဒီကနေ့ (20 – 8 – 2017)တော့ အဖိတ် ဥပုသ်ဖြစ်၍ စာဝါတွေနား အချိန်ရတာနဲ့ ရှိမ်းမကား တောရကြီးကျောင်း၊ ဘေးမဲ့တောနဲ့ ဧရာဝတီမြစ်ကမ်းရဲ့အလှကို သွားရောက် လေ့လာ ခံစားခဲ့ပါတယ် ။

ရှိမ်းမကားဒေသဟာ စစ်ကိုင်းနဲ့ ၂၆ မိုင်လောက်သာ ဝေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ထဲမှာ တည်ရှိပါတယ်။ ရှိမ်းမကားကို စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီးက ခရိုင်ချင်းဆက်လမ်းကနေ မြောက်ဘက်တည့်တည့်ကို သွားရတာပါ။ ခရိုင်ချင်းဆက်လမ်းက ယာဉ်သွား ယာဉ်လာ နည်းပါးတာကြောင့် လမ်းဘေးဝဲယာ ရှုခင်းတွေကို တစ်ဝကြီး ကြည့်ရှုခံစားလို့ရမှာပါ။ တချို့နေရာတွေမှာ လမ်းသိပ်မကောင်းတဲ့အတွက် ယာဉ်ကို ခပ်ဖြည်းဖြည်းပဲ မောင်းမှသင့်လျော်ပါတယ်။ စစ်ကိုင်းကနေ နှစ်နာရီလောက် စီးပြီးသွားပြီဆိုရင်တော့ ရှိမ်းမကားဒေသကို ညွှန်ပြတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့ပါလိမ့်မယ်။ ဆိုင်းဘုတ်ကိုတွေ့တာနဲ့ ခရိုင်ချင်းဆက်လမ်းကို ဆက်မသွားတော့ဘဲ ညာဘက်ကို ချိုး ကွေ့ပြီး ဝင်သွားရမှာ ဖြစ်ပါတယ်။ ခဏဝင်လိုက်တာနဲ့ ရှိမ်းမကားကျေးရွာကို ရောက်ရှိသွားပါပြီ။

ရှိမ်းမကားဟာ ရွာလို့သာဆိုပေမယ့် မြို့လောက်နီးနီးစည်ကားတဲ့ ရွာကြီးတစ်ရွာပါ။ အိမ်ခြေ ၁၀၀၀ခန့်ရှိပါတယ်။ ရွာမှာ ဖုန်းဆိုင်ကအစရှိပါတယ်။ ရှိမ်းမကားရွာကို ကုန်းကြောင်းကနေလည်း လာနိုင်သလို မန္တလေး မရမ်းခြံဆိပ်ကမ်းကနေလည်း မော်တော်နဲ့ လာလို့ရပါတယ်။ မော်တော်နဲ့ လာမယ်ဆိုရင်တော့ ရေဆန်ခရီးဆို လေးနာရီလောက်ကြာပြီး ရှိမ်း မကားကနေ မန္တလေးအပြန် ရေ စုန်ခရီးကတော့ နှစ်နာရီခွဲလောက်ကြာတယ်လို့ သိရပါတယ်။ ရှိမ်းမကားဒေသကို ရောက်ရင် အရာရာအားလုံးကိုမေ့သွားလောက်တဲ့ သဘာဝရှုခင်းတွေရှိတာကို တွေ့မြင်ရပါမယ်။ ဘုရင်အဆက်ဆက်က တည်ထားကိုးကွယ်ခဲ့တဲ့ စေတီ ပုထိုးများစွာကို ဖူးမျှော်နိုင်ပါတယ်။ ရှိမ်းမကားကျေးရွာတောင်ဘက် ကုန်းမြင့်ကို တက်လာမယ်ဆိုရင်တော့ ရှိမ်းမကားဘေးမဲ့တောကြီးကို တွေ့ရမှာ ဖြစ်ပါတယ်။

တောရကြီးကျောင်း ဘေးမဲ့တောအဝင်မှ စတင်၍ အပင်ပျို၊ အပင်လတ်များ ခပ်စိပ် စိပ်တွေ့ရသည်။  တချိန်ကရှိမ်းမကားဘေးမဲ့တောအတွင်း  ကျားသစ်၊ ကျား စသော တောရိုင်းတိရစ္ဆာန်များပါ ရှိခဲ့သော်လည်း ယခုအခါ ရွှေသမင် အပါအဝင် တောကြောင်၊ သင်းခွေချပ်၊ ကြက်တူရွေးနှင့် ယုန်များသာကျန်ရှိပါတော့တယ်။ အညာဒေသမှာ ဖြစ်ထွန်းသည့် သန်း၊ ဒဟတ်၊ ပေါက်ဖြူ။ တမာ၊ ပျဉ်း၊ လျှော်ဖြူ၊ ရှောက်၊ သံလျက်၊ သင်ပုန်းနှင့် တောဝါးများ။”တောအုပ်ကြီးအဝင်စကနေ တစ်မိုင်သာသာ လမ်းလေးကတော့ ရှေးလူကြီး ဦးရိုးတို့ ဇနီးမောင်နှံက ကျောက်ခဲတစ်လုံးစီကို အင်္ဂတေမပါဘဲ တစ်နေ့ကို တစ်နိုင်စာ ခင်းသွားခဲ့တာဖြစ်ပါတယ်။ ဘေးက ကျောက်တုံးကြီးများကတော့ ဦးရိုးတို့နှစ်ယောက်ရဲ လမ်းခင်းခြင်း ကုသိုလ်ရဲ့ ပြီးမြောက်မှု အမှတ်အသားလေးများလို့ သိရှိရပါတယ်”

ဦးရိုးတို့ခင်းခဲ့တဲ့လမ်းကိုတော့ ဘိုးရိုးကျောက်လမ်းလို့ လူသိများပါတယ်။  ဒါ့အပြင် ဦးရိုးဟာ ဆရာတော်ကြီးရဲ့ ကျောင်းတော်အထိ ပေ(၃၀၀) ကျော်ရှည်တဲ့ အုတ်ဆောင်းတန်းတစ်ခုကို လည်း လျူဒါန်းခဲ့ပါသေးတယ်။ ဒီလိုလှူဒါန်းခဲ့ခြင်းကို မင်းတုန်းမင်းကြီး ကြားသိတော်မှုတဲ့အခါ ဦးရိုးကို ဘေးမဲ့တောအုပ်အဖြစ် ခန့်အပ်ခဲ့ဖူးပါတယ်။

ဦးရိုး လမ်းလေးဆုံးရင်တော့ တောရကြီးကျောင်းလေးသို့ သွားရာ ခြင်္သေ့ကြီး နှစ်ကောင်ခြံရံတဲ့ အုတ်လမ်းလေးကို စတင် တွေ့မြင်ရမှာပါ။ အနုပညာ လက်ရာမြောက်လှတဲ့ အုတ်လမ်းလေးမှ ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းရဲ့ အငွေ့အသက်များကို ခံစားရင်း လျှောက်လှမ်းသွားမယ်ဆိုရင်ဖြင့် ဒီမြေဒီနေရာလေးဟာ တစ်ချိန်က ဗိသုကာတိုရဲ့အရှင်သခင် သာသနာရဲ့ အထွဋ်အထိပ်ဖြစ်ခဲ့တယ်ဆိုတာ ဒီလမ်းလေးက သက်သေပြနေပါတယ်။

” တောရကြီးကျောင်းတိုက်က ပထမရွှေကျင်သာသနာပိုင် ဆရာတော် အရှင်ဇာဂရမထေရ် သီတင်းသုံးခဲ့တာပါ။ ဆရာတော်က မင်းတုန်းမင်းလှူတဲ့ ဇာဂရာဘိပရမ ကဝိဓဇမဟာဓမ္မရာဇာဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ပါ။
သက္ကရာဇ် ၁၂၂၄ ခုနှစ်မှာ မင်းတုန်းမင်း တရားကြီးဟာ တိုင်းခန်းလှည့်လည်ရင်း ရှိမ်းမကားဒေသကို ရောက်တော့ မူလဘူတ ရွှေကျင်ဆရာတော်ကြီး ဖြစ်လာမယ့် ဆရာတော် ဦးဇာဂရကို ဖူးတွေ့ရပါတယ်။ မင်းတုန်းမင်းကြီးဟာ ဆရာတော်ကို ကြည်ညိုပြီး တောရကြီးကျောင်းထဲမှာ ကျောင်းတွေ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ကျောင်းအမည်ကို အောင်မြေလွှတ်စံကျောင်းလို့ သမုတ်တော်မူတဲ့ ကျောက်စာရေးထိုးထားတာ အခုအထိ ကျောင်းတိုက်မှာရှိပါတယ် ”

တောရကြီးကျောင်းအတွင်း မင်းတုန်းမင်းဆောက်လုပ်လှူဒါန်းသည့် ကျောင်းတော်ကြီး မရှိတော့ပါ။ ခေတ်ကာလအရ ယိုယွင်းပျက်စီးခဲ့သည့်နေရာတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ထားတာ တွေ့ရပါတယ်။ မင်းတုန်း မင်းတရားကြီး ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းပုံစံကို ပန်းချီ မင်းဟန်၊ ဇနီး ဒေါ်ခင်ရီမိသားစုက လှူဒါန်းထားသဖြင့် လက်ရှိကျောင်းမှာ ချိတ်ဆွဲထားသည့် ပန်းချီကားချပ် တွေ့ရပါတယ်။ တောရကြီးကျောင်းတိုက်အတွင်းမှာ ရွှေကျင်ဆရာတော်ကြီး တရားအားထုတ်ခဲ့တဲ့ ကျောက်ဂူတွေ၊ ရှေးဟောင်း ကျောင်းတိုက်ကြီးတွေကို တွေ့ရှိလေ့လာနိုင်သလို ကျောင်းတိုက်ဝင်းအတွင်းရှိသည့် အုတ်တိုက်ကျောင်းများအတွင်းမှာ ရှေးလက်ရာရုပ်ပွားတော်ကြီးများကို သပ္ပါယ်စွာ ဖူးတွေ့နိုင်မှာ ဖြစ်ပါတယ်။

ယခင်မင်းတုန်းမင်းကြီးလှူဒါန်းခဲ့သော တောရကျောင်းကြီးနေရာတွင် သစ်သားကျောင်းဆောင်ကြီးတစ်ခုပါတယ်။ မင်းတုန်းမင်းကြီးလှူဒါန်းသွားသည့် ကျောင်းတိုက်ကြီးမှာမူမရှိတော့ပဲ အုတ်တိုင် ၊ ပွတ်လုံးများသာ ကျန်ရှိပါတော့တယ်။ ကျန်အရာတော်တော်များများမှာ မူလအတိုင်းကျန်ရှိနေဆဲဟု လက်ရှိသတင်းသုံးနေသည့် ဘုန်းတော်ကြီးက မိန့်ပါတယ်။ ဒီကျောင်းကြီးတွင် မင်းတုန်းမင်းကြီး၏ စာချွန်တော်များ ၊ သီပေါမင်း၏ စာချွန်တော်များ ၊ ရှိမ်းမကားမလူလ မျိုးဆက်များ၏ စာချွန်လွှာများနှင့် ရတနာပုံခေတ်ရှေးဟောင်းပစ္စည်းနှင့် အနုပညာလက်ရာများကိုတွေနိုင်ပါသေးတယ်။

ကျောင်းကြီးပေါ်မှ မြစ်ဆိပ်သို့ဆင်းသော လမ်းကလေးမှ ရှုမျှော်ကြည့်လိုက်ရင်ဖြင့် မြစ်ကြီးဧရာဝတီ၏ အလှအပကို တဝကြီး ခံစားရမှာဖြစ်ပါတယ်။ ကျောင်းကြီးအတွင်းမှာလည်း ရှားပါးလှတဲ့ စကားဖြူပင်တွေကို မမြင်စဖူး တွေ့မြင်နိုင်ပါတယ်။

မင်းတုန်းမင်းတရားကြီးဟာ ရှိမ်းမကားတောကြီးကိုလည်း ဘေးမဲ့တောအဖြစ် စာချွန်တော်ထုတ်ကာ သတ်မှတ်ပေးခဲ့ပါတယ်။ ဘေးမဲ့တောကြီးဟာ ၃၃၄ ဧက ကျယ်ဝန်းပြီး စစ်ကိုင်းလို ခြောက်သွေ့တဲ့ဒေသမှာ အေးမြလှတဲ့ တောအုပ်အတွင်းက အရသာကို ရှိမ်းမကားဘေးမဲ့တောမှာ ရရှိနိုင်ပါတယ်။ သန်း၊ ဒဟက်၊ တောရှောက်၊ လျော်ဖြူ၊ သစ်ပုလွေ အစရှိတဲ့ သစ်ပင်တွေကြောင့် အေးမြလှပါတယ်။ ဘေးမဲ့တောထဲမှာ ရွှေသမင်၊ သမင်ပျောက်၊ သမင်ဝက်နဲ့ ယုန်၊ တောကြက်၊ ချေတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ရှိမ်းမကားဘေးမဲ့တောကြီးဟာ ရွှေသမင်များ ကျက်စားရာ ဒေသအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ရှိမ်းမကားတောရကြီးကျောင်းတိုက်အတွင်းကနေ အရှေ့ဘက် ဧရာဝတီမြစ် ပြင်ဘက်ကို လှမ်းကြည့်လိုက်ရင် လှပတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရမှာပါ။

တောရကြီးကျောင်းက သစ်ပင်များဝိုင်းရံနေသည့် တောင်ကုန်းမြင့်ပေါ်မှာရှိသဖြင့် အရိပ်အာဝါသကောင်းများ ဝန်းရံမှုရှိပါတယ်။ မြစ်အတွင်း ဖြတ်သန်းတိုက်ခတ်လာသည့် လေကောင်းလေသန့်၊ တောအုပ်များအကြား တိုးဝှေ့လာသည့် တောရနံ့ပါ လေကြောင့် အေးမြသလိုရှိသည်။ တောရကြီးကျောင်းမှာ ဧရာဝတီမြစ်ကမ်းပါးနှင့် အနီးဆုံးနေရာမှာ တည်ထားသည့် ကျောင်းဖြစ်ပါတယ်။ ကျောင်းအရှေ့ဘက် အုတ်လှေကားလမ်းအတိုင်း ဆင်းလိုက်လျှင် မြစ်ထဲအထိ ရောက်ပါတယ်။

ရှိမ်းမကားဆိုသည့်အမည်က ပဟေဠိဆန်၍ စိတ်ဝင်စားစရာကောင်းပါတယ်။ တချို့က ရှိန်းပြီးသည်၊ ရှိန်းဆာယာဟူသော စကားအသုံးအနှုန်းများဖြင့် ဆက်စပ်၍ ဂမီ်္ဘရဆန်ဆန်အမြင်ဟု တွေးထင်ကြသည်။ ရှိမ်းမကားမှတ်စုမှာတော့ ရှိမ်းမကားသည် ပုဂံကျန်စစ်သားမင်းလက်ထက်က မုဆိုးကြီး ငစဉ့်ကိုရှာရာမှ ငစဉ့်ကိုင်ခေါ်သော အရပ်တွင် နှစ်ဦးသားတွေ့ဆုံကြောင်း၊ မုဆိုးကြီး ငစဉ့်ကို ရှာဖွေရာလမ်းခရီးတွင် မုဆိုးငစဉ့် ရှိရာ၏ ဟူသောအထင်ဖြင့် ရှိမူကားဟု သတ်မှတ်ကာ ရှိမ်းမကားအရပ်သို့ ရောက်လာကြောင်း ကျန်စစ်မင်း၏ ရှိမူကားဟူသော နှုတ်ထွက်စကားမှ ရှိမ်းမကားအဖြစ် ခေါ်ဆိုကြောင်း ရှိမ်းမကားမှတ်စုရေးသားသူ ဆရာကြီး ဦးအေးမောင်၏ သမိုင်းပါ အချက်အလက်များမှာ ပါရှိကြောင်း သိရပါတယ်။

ရှိမ်းမကားတွင် ထင်ရှားသည့် ဗိုလ်ရိုင်ဆိုသူ တစ်ယောက်ရှိခဲ့ဖူးပါတယ်။ ဗိုလ်ရိုင်တို့ခေတ်က ရှိမ်းမကားရွာမှာ အင်္ဂလိပ် အအုပ်ချုပ်ခံရွာဖြစ်သည်။ ဒေသတွင်း ကျေးရွာများမှထွက်သည့် ဆားများကို ရှိမ်းမကားမြစ်ဆိပ်မှ အနယ်နယ်သို့ တင်ပို့ ရောင်းချချိန်ဖြစ်သည်။ ဗိုလ်ရိုင်က ရှိမ်းမကား တောင်ရိုး အနောက်ဘက်နယ်များမှာ ထင်ရှားသည့် သူရဲကောင်းဖြစ်ပါသည်။ လယ်သမား ၂၀၀၊ ၃၀၀ ပါ တပ်များကို ချက်ချင်းစည်း ရုံးခေါ်ယူနိုင်သူဖြစ်သည်။ လယ်သမားတပ် သားများမှာ တူမီးသေနတ်ရှိသည်။

ဗိုလ်ရိုင်က ဖော်ဖော်ရွေရွေ ပေါင်းသင်း ဆက်ဆံတတ်သည့် ခေါင်းဆောင်အဖြစ် နာမည်ကြီးသည်။ သူ့မှာ အမြဲတမ်းတပ်သား ၄၀၊ ၅၀ ရှိသည်။ လိုအပ်၍ ဆင့်ခေါ်လိုက်တာ နှင့် ငါးဆ၊ ခြောက်ဆများသော တပ်သားများ ရရှိကာ ရက်အတော်ကြာ စုစည်းထားနိုင်သူ ဖြစ်သည်။ ထိုစဉ်က အင်္ဂလိပ်တပ်များကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ အခြေအနေ မလှသဖြင့် ခပ်ခွာခွာနေရင်း ဒေသတွင်းရှိ ကျေး ရွာများကို ရန်သူ သတင်းမပေးရ၊ ရန်သူလမ်း မပြရ၊ ရန်သူကို မည်သည့် နည်းနှင့်မျှ မကူညီရ အမိန့် ထုတ်ထားသည်။ အမိန့်မနာခံသည့် ရှိမ်းမကားအနီး ရွာတစ်ရွာမှ သူကြီးတစ်ဦးကို ဗိုလ်ရိုင်က သတ်ပစ်လိုက်သည်။ ဤသည်မှာ ဗိုလ်ရိုင်နှင့် ပတ်သက်သည့် သမိုင်းတစ်စိတ် တစ်ဒေသဖြစ်ပါတယ်။

ရှိမ်းမကားဒေသကို စိတ်ဝင်စားလို့ သွားရောက်လေ့လာချင်ရင်တော့ နွေရာသီမျိုးထက် မိုးရာသီမှာ သွားရောက်လည်ပတ်ရင်ဖြင့် စိမ်းစိုလှပသော တောအုပ်၏အရသာကို ပိုမို ခံစားရမှာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ပြင်ရဲ့အလှ —
ရှေးဟောင်းကျောင်းတွေရဲ့ တည်ငြိမ်မှုရသ–
တောအုပ်ကြီးရဲ့ ငြိမ်သက်မှုတွေက
စိတ်ကို အေးချမ်းစေပါတယ်—။

ရှိမ်းမကားရောက်လို့ ကုန်လွန်သွားတဲ့အချိန်တွေတွက် နှမျောစရာမလို၊ စိတ်အေးချမ်းမှုဖြစ်စေတာ ဒေသန္တရဗဟုသုတ ရတာတွေက ရောက်လာသူတွေကို အကျိုးရှိစေမှာပါ။ လူတွေအသွားအလာများတဲ့ နာမည်ကြီးနေရာတွေမှာ အာရုံနောက်သူ၊ လူရဲ့အငွေ့အသက်တွေကြောင့် စိတ်မချမ်းမြေ့သူတွေအတွက် ဒီနေရာလေးက သင့်တော်မှုရှိတဲ့ နေရာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ မိသားစုလိုက်ဖြစ်စေ သူငယ်ချင်းတွေနဲ့ဖြစ်စေ သွားရောက်လေ့လာသင့်တဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ် ဆိုသည့်အကြောင်း ရေးသားလိုက်ရပါတယ်။

အားလပ်ရက်တွေမှာ –
“တန်ဖိုးရှိတဲ့ အရာတွေနဲ့ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ” ။

(သမိုင်းကိုဖော်ပြရာမှာ အနည်းငယ် လွဲချော်မှု ရှိခဲ့သော် ကျွနု်ပ်၏ အားနည်းချက်သာ ဖြစ်ပါကြောင်း။)

ရှိမ်းမကားဒေသအား ကုန်းလမ်းခရီးမှသာမက ရေလမ်းခရီးမှလည်းသွားလာနိုင်သည်။  သဘာဝအတိုင်းကျန်ရှိနေဆဲဖြစ်သော ရှိမ်းမကားသို့ အလည်သွားရောက်ခဲ့လျှင် အမှိုက်များစည်းကမ်းမဲ့ပစ်ခြင်း ၊ ရှေးဟောင်းပစ္စည်းများအားချိုးဖဲ့ခြင်း ၊ စာများရေးခြစ်ခြင်းတို့ ကိုမပြုလုပ်မိစေရန် အထူးလိုအပ်လှပါသည်။

အရှင်ဟိတ

ဖိုးသူတော် (www.phothutaw.com)
Credit: သုခုမအလင်းတန်းများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top