ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တစ္လခန္႔ ေျပးဆြဲမႈရပ္ ဆိုင္းခဲ့သည့္ ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္းပိုင္းကို ျပင္ဆင္မႈမ်ားအၿပီးသတ္ကာ ၾသဂုတ္ ၁၉ ရက္ကစ၍ ျပန္ဖြင့္ၿပီျဖစ္ေၾကာင္း ျမန္မာ့မီးရထား၊ သြားလာေရးဌာန၏ အေထြေထြမန္ေနဂ်ာ ဦးေက်ာ္ေက်ာ္မ်ိဳးကေျပာသည္။

 အဆိုပါ ရထားလမ္းပိုင္း တြင္ ဇူလိုင္လကုန္ပိုင္းကစ၍ ေရႀကီးမႈေၾကာင့္ ရထားလမ္းတာ ေပါင္မ်ား ေရတိုက္စားျခင္း၊ တံ တားအမွတ္ (၇၄) ၏ ေရလယ္ တိုင္ပ်က္စီးျခင္းတို႔ျဖစ္ခဲ့၍ ရထား ေျပးဆြဲမႈမ်ားကို ရပ္နားကာ ျပန္ လည္ျပဳျပင္မႈမ်ား ေဆာင္ရြက္ခဲ့ သည္။

ေရလယ္တိုင္ က်ိဳးပ်က္ခဲ့ သည့္ တံတားကို ၾသဂုတ္ ၁၈ ရက္အထိ ျပန္လည္အစားထိုးျပဳျပင္ၿပီး၊ ၾသဂုတ္ ၁၉ ရက္တြင္ရထားမ်ား စမ္းသပ္ေမာင္းႏွင္ၿပီးေနာက္ စိတ္ခ်ရသည့္ အေျခအေနရရွိသျဖင့္  ယင္းလမ္းပိုင္း ရထားေျပးဆြဲျခင္းကို ယမန္ေန႔ ညကစ၍ ျပန္လည္ခြင့္ျပဳခဲ့ေၾကာင္း ဦးေက်ာ္ေက်ာ္မ်ိဳးက ဆို သည္။

ရန္ကုန္ - ေမာ္လၿမိဳင္လမ္း  ပိုင္း သံလမ္းႏွင့္ တံတားျပဳျပင္ေန ျခင္းေၾကာင့္ သံုးပတ္ၾကာ ရထား ေျပးဆြဲမႈရပ္နားထားရသျဖင့္ ခရီး သြားျပည္သူမ်ားကို ေတာင္းပန္ ေၾကာင္း ျမန္မာ့မီးရထား၊ စစ္ေဆးေရးဌာန အေထြေထြမန္ေနဂ်ာ ဦးဘျမင့္ကေျပာသည္။

‘‘ေျပးဆြဲမႈ ရပ္နားခဲ့ရတဲ့အ တြက္ ခရီးသြားျပည္သူေတြ အ ခက္အခဲျဖစ္ခဲ့ရတာကို ၾကားပါ တယ္။ အဲဒီအတြက္ ဌာနကိုယ္ စား ေတာင္းပန္ပါတယ္လို႔ မီဒီ ယာကေန ေျပာလိုပါတယ္’’ဟု  ၎က ၾသဂုတ္ ၁၉ ရက္တြင္ ျပဳလုပ္သည့္ အဆိုပါလမ္းပိုင္း ျပဳျပင္ေဆာင္ရြက္မႈ အေျခအေနႏွင့္ ပတ္သက္သည့္ သတင္းစာရွင္း လင္းပြဲ၌ ေျပာသည္။

 ယင္းလမ္းပိုင္း ျပဳျပင္ရန္ လုပ္သားအင္အား ၁၅၀ ခန္႔ အသံုးျပဳခဲ့ၿပီး ရာသီဥတုမေကာင္းသျဖင့္ လုပ္သား ၅၀ ခန္႔ ဖ်ားနာခဲ့ ေၾကာင္း ၎ကဆိုသည္။

ထိုသို႔ ရထားေျပးဆြဲမႈ ရပ္နားခဲ့ရသျဖင့္ ေလ်ာ့နည္းခဲ့သည့္၀င္ေငြ၊ သံလမ္းႏွင့္ တံတားျပဳျပင္မႈ ကုန္က်စရိတ္တို႔ကို ျမန္မာ့မီးရထားက တြက္ခ်က္ေနဆဲျဖစ္ ေၾကာင္း တာ၀န္ရွိသူမ်ားက ဆို သည္။

ရန္ကုန္ - ေမာ္လၿမိဳင္လမ္း ပိုင္းတြင္ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ရထားခရီးသည္ ၃၀၀ ေက်ာ္ဘူတာအခ်ိဳ႕တြင္ ခရီးမဆက္ႏုိင္ဘဲ သံုးရက္ၾကာပိတ္မိခဲ့ကာ ကားလမ္း ျပန္လည္အသံုးျပဳႏုိင္သည့္ေန႔၌ ျမန္မာ့မီးရထားက ၎တို႔အား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လႊဲ ေျပာင္းပို႔ေဆာင္ေပးခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
#Unicode Version#
တစ်လခန့် ပြေးဆွဲမှုရပ် ဆိုင်းခဲ့သည့် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းကို ပြင်ဆင်မှုများအပြီးသတ်ကာ သြဂုတ် ၁၉ ရက်ကစ၍ ပြန်ဖွင့်ပြီဖြစ်ကြောင်း မြန်မာ့မီးရထား၊ သွားလာရေးဌာန၏ အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးကပြောသည်။

 အဆိုပါ ရထားလမ်းပိုင်း တွင် ဇူလိုင်လကုန်ပိုင်းကစ၍ ရေကြီးမှုကြောင့် ရထားလမ်းတာ ပေါင်များ ရေတိုက်စားခြင်း၊ တံ တားအမှတ် (၇၄) ၏ ရေလယ် တိုင်ပျက်စီးခြင်းတို့ဖြစ်ခဲ့၍ ရထား ပြေးဆွဲမှုများကို ရပ်နားကာ ပြန် လည်ပြုပြင်မှုများ ဆောင်ရွက်ခဲ့ သည်။

ရေလယ်တိုင် ကျိုးပျက်ခဲ့ သည့် တံတားကို သြဂုတ် ၁၈ ရက်အထိ ပြန်လည်အစားထိုးပြုပြင်ပြီး၊ သြဂုတ် ၁၉ ရက်တွင်ရထားများ စမ်းသပ်မောင်းနှင်ပြီးနောက် စိတ်ချရသည့် အခြေအနေရရှိသဖြင့်  ယင်းလမ်းပိုင်း ရထားပြေးဆွဲခြင်းကို ယမန်နေ့ ညကစ၍ ပြန်လည်ခွင့်ပြုခဲ့ကြောင်း ဦးကျော်ကျော်မျိုးက ဆို သည်။

ရန်ကုန် - မော်လမြိုင်လမ်း  ပိုင်း သံလမ်းနှင့် တံတားပြုပြင်နေ ခြင်းကြောင့် သုံးပတ်ကြာ ရထား ပြေးဆွဲမှုရပ်နားထားရသဖြင့် ခရီး သွားပြည်သူများကို တောင်းပန် ကြောင်း မြန်မာ့မီးရထား၊ စစ်ဆေးရေးဌာန အထွေထွေမန်နေဂျာ ဦးဘမြင့်ကပြောသည်။

‘‘ပြေးဆွဲမှု ရပ်နားခဲ့ရတဲ့အ တွက် ခရီးသွားပြည်သူတွေ အ ခက်အခဲဖြစ်ခဲ့ရတာကို ကြားပါ တယ်။ အဲဒီအတွက် ဌာနကိုယ် စား တောင်းပန်ပါတယ်လို့ မီဒီ ယာကနေ ပြောလိုပါတယ်’’ဟု  ၎င်းက သြဂုတ် ၁၉ ရက်တွင် ပြုလုပ်သည့် အဆိုပါလမ်းပိုင်း ပြုပြင်ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။

 ယင်းလမ်းပိုင်း ပြုပြင်ရန် လုပ်သားအင်အား ၁၅၀ ခန့် အသုံးပြုခဲ့ပြီး ရာသီဥတုမကောင်းသဖြင့် လုပ်သား ၅၀ ခန့် ဖျားနာခဲ့ ကြောင်း ၎င်းကဆိုသည်။

ထိုသို့ ရထားပြေးဆွဲမှု ရပ်နားခဲ့ရသဖြင့် လျော့နည်းခဲ့သည့်ဝင်ငွေ၊ သံလမ်းနှင့် တံတားပြုပြင်မှု ကုန်ကျစရိတ်တို့ကို မြန်မာ့မီးရထားက တွက်ချက်နေဆဲဖြစ် ကြောင်း တာဝန်ရှိသူများက ဆို သည်။

ရန်ကုန် - မော်လမြိုင်လမ်း ပိုင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် ရထားခရီးသည် ၃၀၀ ကျော်ဘူတာအချို့တွင် ခရီးမဆက်နိုင်ဘဲ သုံးရက်ကြာပိတ်မိခဲ့ကာ ကားလမ်း ပြန်လည်အသုံးပြုနိုင်သည့်နေ့၌ မြန်မာ့မီးရထားက ၎င်းတို့အား မော်တော်ယာဉ်များဖြင့် လွှဲ ပြောင်းပို့ဆောင်ပေးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top