(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

“(ေအာင္ရဲေထြးကို) ဒီသံုးေယာက္ မသတ္ဘူးလို႔ ဘယ္သူေျပာတာလဲ” ေအာင္ရဲေထြးရန္ပြဲ၌ အနီးကပ္ဆံုးရွိခဲ့သူႏွင့္ ေတြ႔ဆံုျခင္း

(Facebook ဟာသရုပ္သံတိုမ်ားေၾကာင့္ လူသိမ်ားလာခဲ့သည့္ ေအာင္ရဲေထြးၿပီးခဲ့သည့္ႏွစ္ ႏွစ္သစ္ကူး ပါတီရန္ပြဲေၾကာင့္ ေသဆံုးခဲ့ၿပီးေနာက္ အမ်ိဳးသားသံုးဦးကိုရဲကထိန္းသိမ္းခဲ့ၿပီး လူသတ္မႈျဖင့္ လႏွင့္ခ်ီကာ စစ္ေဆးခဲ့သည္။

ၿပီးခဲ့တဲ့လက ၎တို႔သံုးဦး စြဲခ်က္မတင္မီျပန္လြတ္လာခဲ့ၿပီးေနာက္ နိုင္ငံေတာ္သမၼတအပါအ၀င္ နိုင္ငံအနွံ႔မွ လူအမ်ား၏ ေ၀ဖန္မႈမ်ား၊ အျငင္းအခုံမ်ား ဆက္တိုက္ျဖစ္ပြားခဲ့သည္။

ကိုေအာင္ရဲေထြးေသဆံုးသည့္ညက အခင္းျဖစ္ပြားရာ ရန္ကုန္ သုဝဏၰ ေပၚဆန္းေမႊးလမ္းေပၚရွိ The One Entertainment တြင္ ႏွစ္သစ္ကူးပါတီဆင္ႏြဲသည့္ ရာႏွင့္ခ်ီေသာလူမ်ားအနက္မွ အခင္းျဖစ္ပြားခဲ့သည့္ေနရာႏွင့္ အနီးကပ္ဆံုးတြင္ရွိခဲ့သူတစ္ဦးႏွင့္ အဆက္အသြယ္ရခဲ့ပါသည္။

ထိုစဥ္ကမ်က္ျမင္ေတြ႔ရွိခဲ့သူ ကိုခ်မ္းေက်ာ္ကို Myanmar Now ကေတြ႔ဆံုေမးျမန္းရန္ အႀကိမ္ႀကိမ္ ကမ္းလွမ္းခဲ့သည္ကို ေနာက္ဆံုးတြင္လက္ခံခဲ့ၿပီးေနာက္ ၾသဂုတ္လအေစာပိုင္းတြင္ ရန္ကုန္ရွိလံုၿခံဳေသာ ေနရာတစ္ခုတြင္ ေတြ႔ဆံုခဲ့ၾကသည္။ အဆိုပါေတြ႔ဆံုေမးျမန္းခန္းမွ အခ်ိဳ ႔ကိုေကာက္ႏုတ္ေဖာ္ျပလိုက္ပါသည္။)

Myanmar Now ။ ။ ပထမဆံုးေမးခ်င္တာကအစ္ကိုက အဲ့ဒိအခ်ိန္မွာ ေအာင္ရဲေထြးနဲ႔ အဲ့ေနရာမွာဘယ္လိုျဖစ္လို႔ရွိေနတာလဲ။ၿပီးေတာ့အစ္ကိုနဲ႔သူနဲ႔ ဘယ္လိုမ်ား ပတ္သတ္လဲ။

ေျဖ ။ ။ ကၽြန္ေတာ္နဲ႔ေအာင္ရဲေထြးနဲ႔ကေတာ့ပတ္သက္မႈမရွိဘူး။ သူ႔ေကာင္မေလးက ကၽြန္ေတာ့သူငယ္ခ်င္း။ ၿပီးေတာ့ ကၽြန္ေတာ့မိန္းမနဲ႔ေက်ာင္းေနဖက္ျဖစ္တယ္။ အဲဒီညက ကၽြန္ေတာ္တို႔ အဲဒီ ပြဲသြားဖို႔ရွိတယ္လိုက္မလားဆိုေတာ့ သူတို႔က လိုက္ခ်င္တယ္ဆိုၿပီးလိုက္လာတာ။ ကၽြန္ေတာ္တို႔၀ိုင္းမွာ ရွိေနတယ္။

အဲဒီ၀ိုင္းကရွင္းရွင္းေျပာရရင္ VVIP ေပါ့။ ေတာ္ရံုသာမန္ Regular တို႔ VIP တို႔ သူတို႔ခြဲထားတယ္ လက္ပတ္ေတြနဲ႔။ အဲ့လိုလူေတြတက္လို႔မရဘူး။ VVIP ဆို VVIP သူ႔အဆင့္အတန္းနဲ႔ သူေရာင္းတာ။ သူတို႔ (ဆိုင္က) ေရာင္းၿပီးသားသူေတြေပါ့။

အဲဒီတုန္းက VVIP တစ္ဝိုင္းကို (လက္မွတ္ခ) ၁၅ သိန္းထင္တယ္။ ၁၀ သိန္းလား၊ ၁၅ သိန္းလား သိပ္မမွတ္မိေတာ့ဘူး။

Myanmar Now ။ ။ျပႆနာကဘယ္လိုစျဖစ္တာလဲ။ ျပႆနာျဖစ္တဲ့အခ်ိန္မွာ အစ္ကိုက ဘယ္ေနရာမွာရွိေနတာလဲ။

ေျဖ ။ ။ ျပႆနာျဖစ္တဲ့အခ်ိန္မွာ ကၽြန္ေတာ္က ကၽြန္ေတာ့၀ိုင္းရဲ ႔ ထိုင္ခံုမွာထိုင္ေနတာ။ သူ႔ေကာင္မေလးနဲ႔ သူနဲ႔(ေအာင္ရဲေထြးတို႔ႏွစ္ဦး) ကလက္ရမ္းေပါ့၊ ဝရံတာလိုဟာမ်ိဳး။ အဲ့ဒိလက္ရမ္းေရွ ႔မွာ သူတို႔ ႏွစ္ေယာက္က ဖက္ၿပီးကေနတာ။ ကေနရင္းနဲ႔ေအာက္ကေန အဲ့ဒိေကာင္ေလးေတြက သူ႔ကိုျမင္လို႔လားမသိဘူး အေပၚတက္လာၿပီးေတာ့ ဘာမေျပာညာမေျပာနဲ႔ သူ႔ေကာင္မေလးဆီကေန ဆြဲလုၿပီးေတာ့ ၀ိုင္းရိုက္တယ္။

ရိုက္ေတာ့ဟိုေကာင္ေလးေမွာက္ေနတယ္။ ကၽြန္ေတာ္ေတာင္ ထေတာ့ ကၽြန္ေတာ့သူငယ္ခ်င္းတစ္ေယာက္က “ဟာအစ္ကို..အစ္ကိုနဲ႔မဆိုင္ဘူး” ဆိုၿပီး ကၽြန္ေတာ့ကိုဆြဲခ်လိုက္တယ္။ ကၽြန္ေတာ္က ျပန္ထိုင္လိုက္တယ္။ ျပန္ထိုင္လိုက္တဲ့အခ်ိန္မွာ ေအာင္ရဲေထြးက ေမွာက္ေနတယ္။ ပါးစပ္ထဲကေနေသြးေတြ ထြက္လာေတာ့ အဲဒီက်မွ လံုၿခံဳေရးေတြက သူ႔ကိုအျပင္ကိုေခၚသြားတယ္။ ေခၚသြားတဲ့အခ်ိန္မွာ ကၽြန္ေတာ့မိန္းမနဲ႔ သူ႔ေကာင္မေလးက လိုက္သြားေတာ့ ကၽြန္ေတာ္က ကၽြန္ေတာ့မိန္းမ လိုက္သြားၿပီဆိုေတာ့ ေနာက္ကေန လိုက္သြားတယ္။ ဝင္းထိပ္ေရာက္ေတာ့ The One ကတာ၀န္ရွိတဲ့သူေတြက သူတို႔ကားနဲ႔ ေဆးရံုပို႔ေပးတယ္။ ပို႔ေပးမယ္ဆိုေတာ့ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့မိန္းမက ေနခဲ့တယ္။ ေဆးရံုကို သူ႔ေကာင္မေလးက လိုက္သြားတယ္။

Myanmar Now ။ ။ သူတို႔ကအေပၚတက္ၿပီး ခိုက္ရန္ျပဳတယ္လို႔ေျပာတယ္။ သူတို႔ဆိုတာ ဘယ္သူ႔ကိုေျပာတာလဲ။ ဒီရဲက ထုတ္ျပန္ထားတဲ့သံုးေယာက္ကိုေျပာတာလား။ သူတို႔ေတြပါလား။

ေျဖ ။ ။ ေအးေပါ့၊ ေအးေပါ့။ ပါတယ္ပါတယ္။ ပါတယ္ဆိုတာ အဲ့ဒိမွာ ဟိုေကာင့္ကိုေဆးရံုပို႔မယ္ ဆိုေတာ့၊ လံုၿခံဳေရးေတြက ဓာတ္ပံုရိုက္ယူထားလိုက္တယ္။ The One ကလံုၿခံဳေရးေတြကသူတို႔ကို ဓာတ္ပံုရိုက္ယူထားလိုက္တဲ့အတြက္ ဒီေကာင္ေတြမွန္းသိလို႔ ဒီေကာင္ေတြေနာက္ေန႔သြားအဖမ္းခံတာေလ။

Myanmar Now ။ ။ ရန္ပြဲျဖစ္ၿပီးေနာက္ပိုင္း ပါတီကရပ္သြားလား။ ဆက္ၿပီးေပ်ာ္ျမဴးေနၾကလား။

ေျဖ ။ ။ ပါတီကေတာ့မရပ္သြားဘူး။ သူကဆက္ၿပီးသူ႔ ဒီေဂ်ဖြင့္ရမဲ့အခ်ိန္တိုင္းေတာ့ သူ႔ဟာသူ အပိုင္းလိုက္ဖြင့္ေနတာ။ ပြဲကေတာ့မပ်က္သြားပါဘူး။

Myanmar Now ။ ။ အဲ့ဒိအခ်ိန္ကေကာရန္ျပဳခဲ့တဲ့သူေတြက ဘယ္ေနရာမွာရွိေနလဲ။

ေျဖ ။ ။ ျဖစ္ၿပီးသြားမွကို ေျပာတာလား။ ျဖစ္ၿပီးသြားေတာ့ ပထမေတာ့ ဟိုသုံးေယာက္ကို ဖမ္းထားတယ္။ The One က တာဝန္ရွိတဲ့သူက သူ႔ေကာင္မေလးကိုေမးတယ္ အမႈဖြင့္မလား။ သူ႔ေကာင္မေလးကေတာ့ေျပာတယ္။ သိပ္ဒဏ္ရာမႀကီးဘူး ထင္လို႔ အမႈမဖြင့္ဘူးဆိုေတာ့ သူတို႔ျပန္လႊတ္လိုက္တယ္ထင္ပါတယ္။ ပထမေတာ့ သူတို႔ဖမ္းထားတာ။ ဖမ္းထားၿပီး ဓာတ္ပံုေတြဘာေတြ သူတို႔ရိုက္ယူထားလိုက္တယ္။ ဓာတ္ပံုရိုက္ယူၿပီးဖမ္းထားလို႔လဲ ရဲစခန္းမွာေနာက္ေန႔ သြားအဖမ္းခံတာေလ။

Myanmar Now ။ ။ အဲ့လူေတြကအစ္ကိုတို႔နဲ႔ ရန္ၿငိဳးရန္စ ရွိတဲ့သူေတြလား ။ အရင္တုန္းက ျမင္ဖူးလား။

ေျဖ ။ ။ ကၽြန္ေတာ္ျမင္လဲမျမင္ဖူးဘူး။ ရန္ၿငိဳးရန္စလည္းမရွိဘူး။ ဒါေပမဲ့ေအာင္ရဲေထြးကို ျမင္တာနဲ႔တက္ရိုက္တယ္ဆိုေတာ့ ဒီေကာင္ေတြကေတာ့(အခ်င္းခ်င္း) ရန္စရွိခဲ့လို႔ျဖစ္မယ္။

Myanmar Now ။ ။ ေအာင္ရဲေထြးေဆးရံုေရာက္သြားတဲ့အခ်ိန္မွာအစ္ကိုတူတူပါသြားလား။

ေျဖ ။ ။ မပါပါဘူး။ သူ႔ေကာင္မေလးဘဲပါတယ္။

ကၽြန္ေတာ္ နဲ႔ကၽြန္ေတာ့မိန္းမကက်န္ခဲ့တယ္။ ကၽြန္ေတာ့မိန္းမက (ေဆးရံုကို) လိုက္သြားမယ္ဆိုေတာ့ ကၽြန္ေတာ္ က ကၽြန္ေတာ့မိန္းမကို သြားေခၚတယ္။ ၿပီးေတာ့အဲဒီဝိုင္းမွာ ခဏထိုင္တယ္။ ကၽြန္ေတာ္တို႔လဲ ခဏေနေတာ့ျပန္ေတာ့တာပဲ။

Myanmar Now ။ ။ အဲ့ဒိအခ်ိန္မွာခုနကရန္ျဖစ္တဲ့သူေတြနဲ႔ေတြ႔ေသးလား။

ေျဖ ။ ။ မေတြ႔ေတာ့ဘူး။

Myanmar Now ။ ။ ရဲကေတာ့ထုတ္ျပန္တာ သံုးေယာက္လို႔ေျပာတယ္။ အစ္ကို႔အျမင္ ဘယ္ႏွစ္ေယာက္ရွိလဲ။

ေျဖ ။ ။ ကၽြန္ေတာ့အျမင္လဲ သံုးေလးေယာက္ပါဘဲ။ အဲဒီ ေလာက္ပါဘဲ။ သူတို႔ကအုပ္စုလိုက္ တက္လာတယ္ဆိုေတာ့။

Myanmar Now ။ ။ ၿပီးခဲ့တဲ့ရက္ပိုင္းက ဒီအမႈနဲ႔ပတ္သက္ၿပီးသတင္းေတြဖတ္ရမွာေပါ့။ မ်က္ျမင္သက္ေသေတြက (လူသတ္တရားခံ) ဘယ္သူေတြမွန္းသဲသဲကြဲကြဲမသိဘူး။ အထူးသျဖင့္စားပြဲထိုး ေတြေပါ့။ လံုၿခံဳေရးေတြကိုတရားရံုးကစစ္ေမးပါတယ္။ လံုၿခံဳေရးေတြကလည္းဘယ္သူမွန္းရွင္းရွင္းလင္းလင္း မသိဘူးလို႔ေျပာပါတယ္။ ဆိုေတာ့ဒီဟာကတကယ္မျမင္နိုင္တဲ့အကြားအေ၀းမွာရွိေနတာလား။ ဒါမွမဟုတ္ ရန္ပြဲျဖစ္ေနတာကို စားပြဲထိုးေတြ(လံုၿခံဳေရးေတြ) ကရွင္းရွင္းလင္းလင္းျမင္ေနရလား။

ေျဖ ။ ။ ရွင္းရွင္းလင္းလင္းေတာ့မျမင္ရေလာက္ဘူး။ ဘာေၾကာင့္လဲဆုိေတာ့ အဲ့ဒိရံုႀကီးက ေမွာင္ေနတယ္။ ကၽြန္ေတာ္တို႔ေတာင္မွ အျပင္ေရာက္ေတာ့မွ ဒီေကာင္ေတြကိုမီးေရာင္ေအာင္ေရာက္ေတာ့မွ ဒီေကာင္ေတြမွန္းသိတာေလ။ ဦးထုတ္ေဆာင္းထားတယ္။ၿပီးေတာ့ Hoody(ေခါင္းစြပ္အက်ႌပြ) ေပါ့။ Hoody ေဆာင္းထားတယ္။ အထဲမွာေတာ့ စားပြဲထိုးေတြေျပာတာျဖစ္ႏိုင္တယ္။ သဲသဲကြဲကြဲမျမင္ရေလာက္ဘူး။ အျပင္ေရာက္ေတာ့မွ ေအာင္ရဲေထြးကို လံုၿခံဳေရးေတြနဲ႔ အျပင္ေရာင္ေတာ့မွ “သူတို႔လုပ္တာ…သူတို႔လုပ္တာ” လို႔ျဖစ္တဲ့အတြက္ ဓာတ္ပံုရို္က္ယူထားလိုက္တဲ့အတြက္ အဲ့ဒိေရာက္မွ ကၽြန္ေတာ္တို႔သိတာ၊ ဒီေကာင္ေတြမွန္း။

Myanmar Now ။ ။ CCTV (လံုၿခံဳေရးကင္မရာ) မွတ္တမ္းေကာရွိလား။ ဘာေၾကာင့္လဲဆိုေတာ့ အင္မတန္မွေစ်းႀကီးတဲ့စားေသာက္ဆိုင္ႀကီးျဖစ္ေနေတာ့ေလ။ အစ္ကိုသတိထားမိသေလာက္ CCTVမွတ္တမ္းေတြေကာရွိလား။

ေျဖ ။ ။ CCTV ကေတာ့သူတို႔တပ္ထားရင္ေတာ့ရွိမွာေပါ့။ နဲနဲေတာ့သူတို႔တပ္ထားမွာ။

Myanmar Now ။ ။ ဒီကိစၥကိုိတိုက္ရိုက္ညႊန္းတာ မဟုတ္ေပမဲ့ သမၼတက ေျပာတာရွိပါတယ္။ တရားေရးဘက္ကလည္းဒါကုိျပန္ၿပီး စိစစ္ဖို႔လုပ္ေနတယ္။ တကယ္လို႔သာအစ္ကို႔ကို သက္ေသစာရင္းထဲမွာ ထည့္မယ္ဆိုရင္ အစ္ကိုသြားေရာက္ၿပီး သက္ေသထြက္ေပးဖို႔ရွိလား။

ေျဖ ။ ။ အခုလိုျပန္ေခၚမယ္ဆိုရင္ ကၽြန္ေတာ္ေသခ်ာေပါက္သြားေရာက္ေျဖမွာပါ။

Myanmar Now ။ ။ ေအာင္ရဲေထြးနဲ႔ရန္ျဖစ္ခဲ့တဲ့သူေတြက ဘယ္လိုလူမ်ိဳးလဲ။ အစ္ကိုတို႔အဲ့ဒါကုိ သိရလား။

ေျဖ ။ ။ ကၽြန္ေတာ္မသိဘူးဗ်။အဲ့ဒါေတာ့။

Myanmar Now ။ ။ ဒီအမႈက အင္မတန္မွကိုနာမည္ႀကီးတဲ့အမႈဆိုေတာ့ တခ်ိဳ ႔ ကလည္းခန္႔မွန္းေျပာဆိုတာေတြရွိတယ္။ မိသားစုကိုဖိအားေပးတာ ၿခိမ္းေျခာက္တာေတြ ရွိေကာင္းရွိနိုင္တယ္ ဆိုၿပီး။ အစ္ကိုကေကာ အဲ့ဒါကိုမစိုးရိမ္ဘူးလား။ အစ္ကို႔ကို လာၿပီးရန္လုပ္မွာဖိအားေပးမွာ။

ေျဖ ။ ။ ကၽြန္ေတာ္အဲ့ဒါေတာ့မေၾကာက္ဘူး။

Myanmar Now ။ ။ ဘာေၾကာင့္ Myanmar Now ကိုလက္ခံၿပီးစကားေျပာလဲ။

ေျဖ ။ ။ ကၽြန္ေတာ္လဲကၽြန္ေတာ့ဟာကၽြန္ေတာ္ ေကာင္းေကာင္းမြန္မြန္ မွန္မွန္ကန္ကန္ေနတာ။ သမၼတကိုယ္တိုင္ နိုင္ငံေတာ္တရားေရးအရေဖာက္ဖ်က္ရာက်တဲ့ အမႈမ်ိဳးေတာင္မွ ဒီလိုနာမည္ႀကီး အမႈမ်ိဳးေတာင္မွ ဒီလိုတရားသူႀကီးက ကြင္းလံုးကၽြတ္လႊတ္ေပးတယ္ဆိုေတာ့၊ ကၽြန္ေတာ့္အျမင္အရ ကၽြန္ေတာ့အေဖတုန္းကေတာင္မွ ကားတိုက္မႈေလးမွာ မေတာ္တဆမႈျဖစ္တာေတာင္မွ ေတာ္ေတာ္ ရွင္းယူရတဲ့ေခတ္မွာ အခုလိုလူျမင္ကြင္းမွာ ဂ်ာနယ္ေတြမွာပါသလိုေပါ့ တက္ရိုက္သြားၿပီး လူေသသြားတဲ့ဟာကို ကြင္းလံုးကၽြတ္လြတ္တယ္ဆိုတာ ဒါ … တရားသူႀကီးကိုကၽြန္ေတာ္ေလးစားတယ္။(ရယ္လ်က္)

Myanmar Now ။ ။ ေအာင္ရဲေထြးေသဆံုးၿပီးေနာက္မွာ သူ႔မိသားစုက အင္မတန္မွကုိမွ တက္တက္ၾကြၾကြနဲ႔ တရားခံေတြဖမ္းေပးဖို႔ဆိုၿပီး သတင္းမီဒီယာေတြကိုေျဖတယ္။ သူ႔သားကအင္မတန္မွကို အျပစ္ကင္းစင္တယ္လို႔ေျပာတယ္။ ဒါေပမဲ့အခုဆံုးျဖတ္ခ်က္ခ်ၿပီးတဲ့ေနာက္မွာ သူတို႔ဟာေပ်ာက္ေနတယ္။ သူတို႔အသံတိတ္ေနတယ္။ ဘာ့ေၾကာင့္လို႔ထင္လဲ။

ေျဖ ။ ။ ေငြေၾကးေၾကာင့္လို႔ေတာ့ ကၽြန္ေတာ္ကထင္တယ္။ ဒါကေတာ့ကၽြန္ေတာ့အထင္ေပါ့။ သူမ်ားကိုလည္းမေျပာေကာင္းပါဘူး။ သူတို႔ေက်နပ္ေလာက္တဲ့အထိ ေငြေၾကး ပံ့ပိုးေပးလိုက္လို႔လားမသိဘူး။ ကၽြန္ေတာ္ထင္တယ္။

Myanmar Now ။ ။ အစ္ကိုန႔ဲ ကိုေအာင္ရဲေထြး ေကာင္မေလးနဲ႔ေကာဒီကိစၥေျပာျဖစ္လား။

ေျဖ ။ ။ အခုေနာက္ပိုင္း ကၽြန္ေတာ္နဲ႔က သိပ္မေျပာျဖစ္ဘူးဗ်။

Myanmar Now ။ ။ ကၽြန္ေတာ္တို႔သူ႔ကိုဆက္သြယ္ပါတယ္။ ဒါေပမဲ့ဆက္သြယ္ဖို႔အင္မတန္ခက္တဲ့အေျခအေနပါ။သူကေကာဒီဆံုးျဖတ္ခ်က္ခ်ၿပီးေနာက္မွာ တစ္စံုတစ္ရာအံ့အားသင့္တာရွိပါသလား။

ေျဖ ။ ။ သူကေတာ့ဒီလိုမ်ိဳးျဖစ္ေနတယ္ဆိုတာသိေနတဲ့ပံုစံဘဲ။ ဟိုတေလာက ကၽြန္ေတာ္တို႔ဆံုေတာ့ အခ်ိန္တန္ရင္လည္း သူတို႔ကသူတို႔ဟာသူတို႔ ၿပီးသြားမွာတဲ့။ သူကသူၾကားသေလာက္ေတာ့ သူ႔ေကာင္ေလးအိမ္က ေလွ်ာ္ေၾကးေပးတာကိုလက္ခံမယ္ထင္တယ္တဲ့။အဲ့လိုမ်ိဳးေတာ့ ေျပာျဖစ္တာေပါ့။

Myanmar Now ။ ။ တရားရံုးကသက္ေသမခိုင္လံုတဲ့အတြက္ လႊတ္တယ္လို႔ေျပာပါတယ္။ သူ႔မိသားစုကဒီသံုးေယာက္က အကယ္၍သာ တရားခံမဟုတ္ဘူးဆိုရင္ ဘာလို႔သတ္တဲ့သူေတြကို မရွာဘဲ ႏႈတ္ဆိတ္ေနတယ္ထင္လဲ။

ေျဖ ။ ။ ဒီသံုးေယာက္မသတ္ဘူးလို႔ဘယ္သူေျပာတာလဲ။

Myanmar Now ။ ။ ကၽြန္ေတာ္ဆိုလိုတဲ့သေဘာက သက္ေသမခိုင္လံုတဲ့သေဘာ။ သူတို႔ကိုလႊတ္တာက သတ္တယ္၊ မသတ္ဘူး ဆံုးျဖတ္တာမဟုတ္ဘဲနဲ႔၊ သက္ေသမခိုင္လံုဘူးဆိုၿပီးေတာ့ လႊတ္လိုက္တဲ့သေဘာဆိုေတာ့။

ေျဖ ။ ။ သက္ေသမခိုင္လံုဘူးဆိုတာ သူတို႔မခိုင္လံုတဲ့သက္ေသေတြ စစ္ေဆးေမးျမန္းလို႔ေပါ့။ ဒါဘဲေပါ့။

Myanmar Now ။ ။ တျခားျဖည့္စြက္ေျပာခ်င္တာ။ ကၽြန္ေတာ္ေမးသင့္လ်က္သားနဲ႔ က်န္ခဲ့တဲ့ေမးခြန္းေတြရွိရင္ ေျပာေပးပါဦး။

ေျဖ ။ ။ တရားေရးကိစၥေတာ့ ကၽြန္ေတာ္ေျပာခ်င္တာေပါ့။ လူျမင္ကြင္းမွာဒီလိုမ်ိဳး လူလည္ေခါင္မွာ ဒီလိုမ်ိဳးျဖစ္သြားတဲ့ အမႈႀကီးကိုတရားသူႀကီးက၊ရဲကလည္း ကန္႔ကြက္ေနတဲ့ၾကားထဲက တရားသူႀကီးက ဒီလိုမ်ိဳး အမိန္႔ခ်လိုက္တာ ကၽြန္ေတာ္လဲေတာ္ေတာ္အံ့ၾသမိတယ္။ အံ့ၾသမိလို႔လည္း ကၽြန္ေတာ္အခု အစ္ကိုတို႔လာေမးတာကို လက္ခံစကားေျပာတာ။ နို႔မို႔ဆိုကၽြန္ေတာ္ေျဖမွာမဟုတ္ဘူး

ႏွစ္သစ္ကူးညက ေအာင္ရဲေထြးႏွင့္အတူ တစ္၀ိုင္းတည္း ထိုင္ေနခဲ့သည့္ ကိုခ်မ္းေက်ာ္ (ဓာတ္ပံု -Myanmar Now)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Now
# Unicode Version ျဖင့္ ဖတ္ပါ #
“(အောင်ရဲထွေးကို) ဒီသုံးယောက် မသတ်ဘူးလို့ ဘယ်သူပြောတာလဲ” အောင်ရဲထွေးရန်ပွဲ၌ အနီးကပ်ဆုံးရှိခဲ့သူနှင့် တွေ့ဆုံခြင်း

(Facebook ဟာသရုပ်သံတိုများကြောင့် လူသိများလာခဲ့သည့် အောင်ရဲထွေးပြီးခဲ့သည့်နှစ် နှစ်သစ်ကူး ပါတီရန်ပွဲကြောင့် သေဆုံးခဲ့ပြီးနောက် အမျိုးသားသုံးဦးကိုရဲကထိန်းသိမ်းခဲ့ပြီး လူသတ်မှုဖြင့် လနှင့်ချီကာ စစ်ဆေးခဲ့သည်။

ပြီးခဲ့တဲ့လက ၎င်းတို့သုံးဦး စွဲချက်မတင်မီပြန်လွတ်လာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံအနှံ့မှ လူအများ၏ ဝေဖန်မှုများ၊ အငြင်းအခုံများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ကိုအောင်ရဲထွေးသေဆုံးသည့်ညက အခင်းဖြစ်ပွားရာ ရန်ကုန် သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းပေါ်ရှိ The One Entertainment တွင် နှစ်သစ်ကူးပါတီဆင်နွဲသည့် ရာနှင့်ချီသောလူများအနက်မှ အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့် အနီးကပ်ဆုံးတွင်ရှိခဲ့သူတစ်ဦးနှင့် အဆက်အသွယ်ရခဲ့ပါသည်။

ထိုစဉ်ကမျက်မြင်တွေ့ရှိခဲ့သူ ကိုချမ်းကျော်ကို Myanmar Now ကတွေ့ဆုံမေးမြန်းရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်ကို နောက်ဆုံးတွင်လက်ခံခဲ့ပြီးနောက် သြဂုတ်လအစောပိုင်းတွင် ရန်ကုန်ရှိလုံခြုံသော နေရာတစ်ခုတွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမေးမြန်းခန်းမှ အချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။)

Myanmar Now ။ ။ ပထမဆုံးမေးချင်တာကအစ်ကိုက အဲ့ဒိအချိန်မှာ အောင်ရဲထွေးနဲ့ အဲ့နေရာမှာဘယ်လိုဖြစ်လို့ရှိနေတာလဲ။ပြီးတော့အစ်ကိုနဲ့သူနဲ့ ဘယ်လိုများ ပတ်သတ်လဲ။

ဖြေ ။ ။ ကျွန်တော်နဲ့အောင်ရဲထွေးနဲ့ကတော့ပတ်သက်မှုမရှိဘူး။ သူ့ကောင်မလေးက ကျွန်တော့သူငယ်ချင်း။ ပြီးတော့ ကျွန်တော့မိန်းမနဲ့ကျောင်းနေဖက်ဖြစ်တယ်။ အဲဒီညက ကျွန်တော်တို့ အဲဒီ ပွဲသွားဖို့ရှိတယ်လိုက်မလားဆိုတော့ သူတို့က လိုက်ချင်တယ်ဆိုပြီးလိုက်လာတာ။ ကျွန်တော်တို့ဝိုင်းမှာ ရှိနေတယ်။

အဲဒီဝိုင်းကရှင်းရှင်းပြောရရင် VVIP ပေါ့။ တော်ရုံသာမန် Regular တို့ VIP တို့ သူတို့ခွဲထားတယ် လက်ပတ်တွေနဲ့။ အဲ့လိုလူတွေတက်လို့မရဘူး။ VVIP ဆို VVIP သူ့အဆင့်အတန်းနဲ့ သူရောင်းတာ။ သူတို့ (ဆိုင်က) ရောင်းပြီးသားသူတွေပေါ့။

အဲဒီတုန်းက VVIP တစ်ဝိုင်းကို (လက်မှတ်ခ) ၁၅ သိန်းထင်တယ်။ ၁၀ သိန်းလား၊ ၁၅ သိန်းလား သိပ်မမှတ်မိတော့ဘူး။

Myanmar Now ။ ။ပြဿနာကဘယ်လိုစဖြစ်တာလဲ။ ပြဿနာဖြစ်တဲ့အချိန်မှာ အစ်ကိုက ဘယ်နေရာမှာရှိနေတာလဲ။

ဖြေ ။ ။ ပြဿနာဖြစ်တဲ့အချိန်မှာ ကျွန်တော်က ကျွန်တော့ဝိုင်းရဲ့ ထိုင်ခုံမှာထိုင်နေတာ။ သူ့ကောင်မလေးနဲ့ သူနဲ့(အောင်ရဲထွေးတို့နှစ်ဦး) ကလက်ရမ်းပေါ့၊ ဝရံတာလိုဟာမျိုး။ အဲ့ဒိလက်ရမ်းရှေ့မှာ သူတို့ နှစ်ယောက်က ဖက်ပြီးကနေတာ။ ကနေရင်းနဲ့အောက်ကနေ အဲ့ဒိကောင်လေးတွေက သူ့ကိုမြင်လို့လားမသိဘူး အပေါ်တက်လာပြီးတော့ ဘာမပြောညာမပြောနဲ့ သူ့ကောင်မလေးဆီကနေ ဆွဲလုပြီးတော့ ဝိုင်းရိုက်တယ်။

ရိုက်တော့ဟိုကောင်လေးမှောက်နေတယ်။ ကျွန်တော်တောင် ထတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက်က “ဟာအစ်ကို..အစ်ကိုနဲ့မဆိုင်ဘူး” ဆိုပြီး ကျွန်တော့ကိုဆွဲချလိုက်တယ်။ ကျွန်တော်က ပြန်ထိုင်လိုက်တယ်။ ပြန်ထိုင်လိုက်တဲ့အချိန်မှာ အောင်ရဲထွေးက မှောက်နေတယ်။ ပါးစပ်ထဲကနေသွေးတွေ ထွက်လာတော့ အဲဒီကျမှ လုံခြုံရေးတွေက သူ့ကိုအပြင်ကိုခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ ကျွန်တော့မိန်းမနဲ့ သူ့ကောင်မလေးက လိုက်သွားတော့ ကျွန်တော်က ကျွန်တော့မိန်းမ လိုက်သွားပြီဆိုတော့ နောက်ကနေ လိုက်သွားတယ်။ ဝင်းထိပ်ရောက်တော့ The One ကတာဝန်ရှိတဲ့သူတွေက သူတို့ကားနဲ့ ဆေးရုံပို့ပေးတယ်။ ပို့ပေးမယ်ဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့မိန်းမက နေခဲ့တယ်။ ဆေးရုံကို သူ့ကောင်မလေးက လိုက်သွားတယ်။

Myanmar Now ။ ။ သူတို့ကအပေါ်တက်ပြီး ခိုက်ရန်ပြုတယ်လို့ပြောတယ်။ သူတို့ဆိုတာ ဘယ်သူ့ကိုပြောတာလဲ။ ဒီရဲက ထုတ်ပြန်ထားတဲ့သုံးယောက်ကိုပြောတာလား။ သူတို့တွေပါလား။

ဖြေ ။ ။ အေးပေါ့၊ အေးပေါ့။ ပါတယ်ပါတယ်။ ပါတယ်ဆိုတာ အဲ့ဒိမှာ ဟိုကောင့်ကိုဆေးရုံပို့မယ် ဆိုတော့၊ လုံခြုံရေးတွေက ဓာတ်ပုံရိုက်ယူထားလိုက်တယ်။ The One ကလုံခြုံရေးတွေကသူတို့ကို ဓာတ်ပုံရိုက်ယူထားလိုက်တဲ့အတွက် ဒီကောင်တွေမှန်းသိလို့ ဒီကောင်တွေနောက်နေ့သွားအဖမ်းခံတာလေ။

Myanmar Now ။ ။ ရန်ပွဲဖြစ်ပြီးနောက်ပိုင်း ပါတီကရပ်သွားလား။ ဆက်ပြီးပျော်မြူးနေကြလား။

ဖြေ ။ ။ ပါတီကတော့မရပ်သွားဘူး။ သူကဆက်ပြီးသူ့ ဒီဂျေဖွင့်ရမဲ့အချိန်တိုင်းတော့ သူ့ဟာသူ အပိုင်းလိုက်ဖွင့်နေတာ။ ပွဲကတော့မပျက်သွားပါဘူး။

Myanmar Now ။ ။ အဲ့ဒိအချိန်ကကောရန်ပြုခဲ့တဲ့သူတွေက ဘယ်နေရာမှာရှိနေလဲ။

ဖြေ ။ ။ ဖြစ်ပြီးသွားမှကို ပြောတာလား။ ဖြစ်ပြီးသွားတော့ ပထမတော့ ဟိုသုံးယောက်ကို ဖမ်းထားတယ်။ The One က တာဝန်ရှိတဲ့သူက သူ့ကောင်မလေးကိုမေးတယ် အမှုဖွင့်မလား။ သူ့ကောင်မလေးကတော့ပြောတယ်။ သိပ်ဒဏ်ရာမကြီးဘူး ထင်လို့ အမှုမဖွင့်ဘူးဆိုတော့ သူတို့ပြန်လွှတ်လိုက်တယ်ထင်ပါတယ်။ ပထမတော့ သူတို့ဖမ်းထားတာ။ ဖမ်းထားပြီး ဓာတ်ပုံတွေဘာတွေ သူတို့ရိုက်ယူထားလိုက်တယ်။ ဓာတ်ပုံရိုက်ယူပြီးဖမ်းထားလို့လဲ ရဲစခန်းမှာနောက်နေ့ သွားအဖမ်းခံတာလေ။

Myanmar Now ။ ။ အဲ့လူတွေကအစ်ကိုတို့နဲ့ ရန်ငြိုးရန်စ ရှိတဲ့သူတွေလား ။ အရင်တုန်းက မြင်ဖူးလား။

ဖြေ ။ ။ ကျွန်တော်မြင်လဲမမြင်ဖူးဘူး။ ရန်ငြိုးရန်စလည်းမရှိဘူး။ ဒါပေမဲ့အောင်ရဲထွေးကို မြင်တာနဲ့တက်ရိုက်တယ်ဆိုတော့ ဒီကောင်တွေကတော့(အချင်းချင်း) ရန်စရှိခဲ့လို့ဖြစ်မယ်။

Myanmar Now ။ ။ အောင်ရဲထွေးဆေးရုံရောက်သွားတဲ့အချိန်မှာအစ်ကိုတူတူပါသွားလား။

ဖြေ ။ ။ မပါပါဘူး။ သူ့ကောင်မလေးဘဲပါတယ်။

ကျွန်တော် နဲ့ကျွန်တော့မိန်းမကကျန်ခဲ့တယ်။ ကျွန်တော့မိန်းမက (ဆေးရုံကို) လိုက်သွားမယ်ဆိုတော့ ကျွန်တော် က ကျွန်တော့မိန်းမကို သွားခေါ်တယ်။ ပြီးတော့အဲဒီဝိုင်းမှာ ခဏထိုင်တယ်။ ကျွန်တော်တို့လဲ ခဏနေတော့ပြန်တော့တာပဲ။

Myanmar Now ။ ။ အဲ့ဒိအချိန်မှာခုနကရန်ဖြစ်တဲ့သူတွေနဲ့တွေ့သေးလား။

ဖြေ ။ ။ မတွေ့တော့ဘူး။

Myanmar Now ။ ။ ရဲကတော့ထုတ်ပြန်တာ သုံးယောက်လို့ပြောတယ်။ အစ်ကို့အမြင် ဘယ်နှစ်ယောက်ရှိလဲ။

ဖြေ ။ ။ ကျွန်တော့အမြင်လဲ သုံးလေးယောက်ပါဘဲ။ အဲဒီ လောက်ပါဘဲ။ သူတို့ကအုပ်စုလိုက် တက်လာတယ်ဆိုတော့။

Myanmar Now ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီအမှုနဲ့ပတ်သက်ပြီးသတင်းတွေဖတ်ရမှာပေါ့။ မျက်မြင်သက်သေတွေက (လူသတ်တရားခံ) ဘယ်သူတွေမှန်းသဲသဲကွဲကွဲမသိဘူး။ အထူးသဖြင့်စားပွဲထိုး တွေပေါ့။ လုံခြုံရေးတွေကိုတရားရုံးကစစ်မေးပါတယ်။ လုံခြုံရေးတွေကလည်းဘယ်သူမှန်းရှင်းရှင်းလင်းလင်း မသိဘူးလို့ပြောပါတယ်။ ဆိုတော့ဒီဟာကတကယ်မမြင်နိုင်တဲ့အကွားအဝေးမှာရှိနေတာလား။ ဒါမှမဟုတ် ရန်ပွဲဖြစ်နေတာကို စားပွဲထိုးတွေ(လုံခြုံရေးတွေ) ကရှင်းရှင်းလင်းလင်းမြင်နေရလား။

ဖြေ ။ ။ ရှင်းရှင်းလင်းလင်းတော့မမြင်ရလောက်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒိရုံကြီးက မှောင်နေတယ်။ ကျွန်တော်တို့တောင်မှ အပြင်ရောက်တော့မှ ဒီကောင်တွေကိုမီးရောင်အောင်ရောက်တော့မှ ဒီကောင်တွေမှန်းသိတာလေ။ ဦးထုတ်ဆောင်းထားတယ်။ပြီးတော့ Hoody(ခေါင်းစွပ်အင်္ကျီပွ) ပေါ့။ Hoody ဆောင်းထားတယ်။ အထဲမှာတော့ စားပွဲထိုးတွေပြောတာဖြစ်နိုင်တယ်။ သဲသဲကွဲကွဲမမြင်ရလောက်ဘူး။ အပြင်ရောက်တော့မှ အောင်ရဲထွေးကို လုံခြုံရေးတွေနဲ့ အပြင်ရောင်တော့မှ “သူတို့လုပ်တာ…သူတို့လုပ်တာ” လို့ဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်ယူထားလိုက်တဲ့အတွက် အဲ့ဒိရောက်မှ ကျွန်တော်တို့သိတာ၊ ဒီကောင်တွေမှန်း။

Myanmar Now ။ ။ CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်းကောရှိလား။ ဘာကြောင့်လဲဆိုတော့ အင်မတန်မှဈေးကြီးတဲ့စားသောက်ဆိုင်ကြီးဖြစ်နေတော့လေ။ အစ်ကိုသတိထားမိသလောက် CCTVမှတ်တမ်းတွေကောရှိလား။

ဖြေ ။ ။ CCTV ကတော့သူတို့တပ်ထားရင်တော့ရှိမှာပေါ့။ နဲနဲတော့သူတို့တပ်ထားမှာ။

Myanmar Now ။ ။ ဒီကိစ္စကိုတိုက်ရိုက်ညွှန်းတာ မဟုတ်ပေမဲ့ သမ္မတက ပြောတာရှိပါတယ်။ တရားရေးဘက်ကလည်းဒါကိုပြန်ပြီး စိစစ်ဖို့လုပ်နေတယ်။ တကယ်လို့သာအစ်ကို့ကို သက်သေစာရင်းထဲမှာ ထည့်မယ်ဆိုရင် အစ်ကိုသွားရောက်ပြီး သက်သေထွက်ပေးဖို့ရှိလား။

ဖြေ ။ ။ အခုလိုပြန်ခေါ်မယ်ဆိုရင် ကျွန်တော်သေချာပေါက်သွားရောက်ဖြေမှာပါ။

Myanmar Now ။ ။ အောင်ရဲထွေးနဲ့ရန်ဖြစ်ခဲ့တဲ့သူတွေက ဘယ်လိုလူမျိုးလဲ။ အစ်ကိုတို့အဲ့ဒါကို သိရလား။

ဖြေ ။ ။ ကျွန်တော်မသိဘူးဗျ။အဲ့ဒါတော့။

Myanmar Now ။ ။ ဒီအမှုက အင်မတန်မှကိုနာမည်ကြီးတဲ့အမှုဆိုတော့ တချို့ ကလည်းခန့်မှန်းပြောဆိုတာတွေရှိတယ်။ မိသားစုကိုဖိအားပေးတာ ခြိမ်းခြောက်တာတွေ ရှိကောင်းရှိနိုင်တယ် ဆိုပြီး။ အစ်ကိုကကော အဲ့ဒါကိုမစိုးရိမ်ဘူးလား။ အစ်ကို့ကို လာပြီးရန်လုပ်မှာဖိအားပေးမှာ။

ဖြေ ။ ။ ကျွန်တော်အဲ့ဒါတော့မကြောက်ဘူး။

Myanmar Now ။ ။ ဘာကြောင့် Myanmar Now ကိုလက်ခံပြီးစကားပြောလဲ။

ဖြေ ။ ။ ကျွန်တော်လဲကျွန်တော့ဟာကျွန်တော် ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်နေတာ။ သမ္မတကိုယ်တိုင် နိုင်ငံတော်တရားရေးအရဖောက်ဖျက်ရာကျတဲ့ အမှုမျိုးတောင်မှ ဒီလိုနာမည်ကြီး အမှုမျိုးတောင်မှ ဒီလိုတရားသူကြီးက ကွင်းလုံးကျွတ်လွှတ်ပေးတယ်ဆိုတော့၊ ကျွန်တော့်အမြင်အရ ကျွန်တော့အဖေတုန်းကတောင်မှ ကားတိုက်မှုလေးမှာ မတော်တဆမှုဖြစ်တာတောင်မှ တော်တော် ရှင်းယူရတဲ့ခေတ်မှာ အခုလိုလူမြင်ကွင်းမှာ ဂျာနယ်တွေမှာပါသလိုပေါ့ တက်ရိုက်သွားပြီး လူသေသွားတဲ့ဟာကို ကွင်းလုံးကျွတ်လွတ်တယ်ဆိုတာ ဒါ … တရားသူကြီးကိုကျွန်တော်လေးစားတယ်။(ရယ်လျက်)

Myanmar Now ။ ။ အောင်ရဲထွေးသေဆုံးပြီးနောက်မှာ သူ့မိသားစုက အင်မတန်မှကိုမှ တက်တက်ကြွကြွနဲ့ တရားခံတွေဖမ်းပေးဖို့ဆိုပြီး သတင်းမီဒီယာတွေကိုဖြေတယ်။ သူ့သားကအင်မတန်မှကို အပြစ်ကင်းစင်တယ်လို့ပြောတယ်။ ဒါပေမဲ့အခုဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ သူတို့ဟာပျောက်နေတယ်။ သူတို့အသံတိတ်နေတယ်။ ဘာ့ကြောင့်လို့ထင်လဲ။

ဖြေ ။ ။ ငွေကြေးကြောင့်လို့တော့ ကျွန်တော်ကထင်တယ်။ ဒါကတော့ကျွန်တော့အထင်ပေါ့။ သူများကိုလည်းမပြောကောင်းပါဘူး။ သူတို့ကျေနပ်လောက်တဲ့အထိ ငွေကြေး ပံ့ပိုးပေးလိုက်လို့လားမသိဘူး။ ကျွန်တော်ထင်တယ်။

Myanmar Now ။ ။ အစ်ကိုနဲ့ ကိုအောင်ရဲထွေး ကောင်မလေးနဲ့ကောဒီကိစ္စပြောဖြစ်လား။

ဖြေ ။ ။ အခုနောက်ပိုင်း ကျွန်တော်နဲ့က သိပ်မပြောဖြစ်ဘူးဗျ။

Myanmar Now ။ ။ ကျွန်တော်တို့သူ့ကိုဆက်သွယ်ပါတယ်။ ဒါပေမဲ့ဆက်သွယ်ဖို့အင်မတန်ခက်တဲ့အခြေအနေပါ။သူကကောဒီဆုံးဖြတ်ချက်ချပြီးနောက်မှာ တစ်စုံတစ်ရာအံ့အားသင့်တာရှိပါသလား။

ဖြေ ။ ။ သူကတော့ဒီလိုမျိုးဖြစ်နေတယ်ဆိုတာသိနေတဲ့ပုံစံဘဲ။ ဟိုတလောက ကျွန်တော်တို့ဆုံတော့ အချိန်တန်ရင်လည်း သူတို့ကသူတို့ဟာသူတို့ ပြီးသွားမှာတဲ့။ သူကသူကြားသလောက်တော့ သူ့ကောင်လေးအိမ်က လျှော်ကြေးပေးတာကိုလက်ခံမယ်ထင်တယ်တဲ့။အဲ့လိုမျိုးတော့ ပြောဖြစ်တာပေါ့။

Myanmar Now ။ ။ တရားရုံးကသက်သေမခိုင်လုံတဲ့အတွက် လွှတ်တယ်လို့ပြောပါတယ်။ သူ့မိသားစုကဒီသုံးယောက်က အကယ်၍သာ တရားခံမဟုတ်ဘူးဆိုရင် ဘာလို့သတ်တဲ့သူတွေကို မရှာဘဲ နှုတ်ဆိတ်နေတယ်ထင်လဲ။

ဖြေ ။ ။ ဒီသုံးယောက်မသတ်ဘူးလို့ဘယ်သူပြောတာလဲ။

Myanmar Now ။ ။ ကျွန်တော်ဆိုလိုတဲ့သဘောက သက်သေမခိုင်လုံတဲ့သဘော။ သူတို့ကိုလွှတ်တာက သတ်တယ်၊ မသတ်ဘူး ဆုံးဖြတ်တာမဟုတ်ဘဲနဲ့၊ သက်သေမခိုင်လုံဘူးဆိုပြီးတော့ လွှတ်လိုက်တဲ့သဘောဆိုတော့။

ဖြေ ။ ။ သက်သေမခိုင်လုံဘူးဆိုတာ သူတို့မခိုင်လုံတဲ့သက်သေတွေ စစ်ဆေးမေးမြန်းလို့ပေါ့။ ဒါဘဲပေါ့။

Myanmar Now ။ ။ တခြားဖြည့်စွက်ပြောချင်တာ။ ကျွန်တော်မေးသင့်လျက်သားနဲ့ ကျန်ခဲ့တဲ့မေးခွန်းတွေရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ တရားရေးကိစ္စတော့ ကျွန်တော်ပြောချင်တာပေါ့။ လူမြင်ကွင်းမှာဒီလိုမျိုး လူလည်ခေါင်မှာ ဒီလိုမျိုးဖြစ်သွားတဲ့ အမှုကြီးကိုတရားသူကြီးက၊ရဲကလည်း ကန့်ကွက်နေတဲ့ကြားထဲက တရားသူကြီးက ဒီလိုမျိုး အမိန့်ချလိုက်တာ ကျွန်တော်လဲတော်တော်အံ့သြမိတယ်။ အံ့သြမိလို့လည်း ကျွန်တော်အခု အစ်ကိုတို့လာမေးတာကို လက်ခံစကားပြောတာ။ နို့မို့ဆိုကျွန်တော်ဖြေမှာမဟုတ်ဘူး

နှစ်သစ်ကူးညက အောင်ရဲထွေးနှင့်အတူ တစ်ဝိုင်းတည်း ထိုင်နေခဲ့သည့် ကိုချမ်းကျော် (ဓာတ်ပုံ -Myanmar Now)

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Now
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top