ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရန္ကုန္တုိင္းေဒသႀကီး ၊မဂၤလာေတာင္ၫႊန္႔ ၿမိဳ႕နယ္ ၊
စက္ဆန္းရပ္ကြက္ရိွ ကားဝပ္ေရွာ႔တခုမွာ ၾသဂုတ္လ ၂၁ ရက္ေန႔က ျဖစ္ခဲ႔တဲ႔ အသက္ ၆၀ ေက်ာ္ အမ်ဳိးသမီး တဦးကို အလိုမတူပဲ မုဒိန္းက်င္႔ကာ လည္ပင္းညွစ္ သတ္ခဲ႔သည္႔ အမႈမွ တရားခံကို မြန္ျပည္နယ္ ေပါင္ျမိဳ႕နယ္ မုတၲမနယ္ေျမရဲစခန္းမႈး ရဲအုပ္ေအာင္မင္းၾကည္နဲ႔ အဖြဲ႔ မွ ယေန႔ ၾသဂုတ္ ၂၈ နံနက္ (၇:၃၅)အခ်ိန္မွာ မုတၱမေက်းရြာ ဆီဆုံရပ္တြင္ ဖမ္းဆီးရမိခဲ႔ျပီး ျဖစ္ေၾကာင္းသိရပါသည္။

ယေန႔နံနက္ (၇:၃၅)အခ်ိန္ခန္႔က မုတၱမနယ္ေျမရဲစခန္းပိုင္ မုတၱမေက်းရြာ ဆီဆုံရပ္တြင္ မသကၤာဖြယ္လူတစ္ဦး ေရာက္ရွိေနေၾကာင္း သတင္းအရ စခန္းမႈး ရဲအုပ္ ေအာင္မင္းၾကည္ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္သက္ပိုင္မႈး တပ္ၾကပ္ခင္ေမာင္လြင္ တပ္ၾကပ္ထြန္းလိႈင္ဦး တပ္သားေအာင္ႏြယ္စိုး သက္ေသ ဆီဆုံရပ္ကြက္မႈး ဦးလိႈင္သိန္း သစ္ပုံဆိပ္ရပ္ကြက္မႈး ဦးေဌးလြင္တို႔ႏွင္အတူ ဖမ္းဆီး စစ္ေဆးရာမွ အဆိုပါ မုဒိန္းက်င္႔ လူသတ္ အမႈျဖစ္စဥ္ေပၚေပါက္ခဲ႔ျခင္း ျဖစ္ပါသည္။

တရားခံမွာ အဆိုပါကားဝပ္ေရွာ႔ ေလထိုးကြ်တ္ဖာဆိုင္မွ အလုပ္သမားျဖစ္သူ ေမာ္ရြန္း (၂၄)ႏွစ္ (ဘ)မမွတ္မိ (မိ) ေဒၚတိုင္ရာဘီ မြတ္ဆလင္/အစၥလာမ္ ေရတြင္းကုန္း ေက်းရြာ က်ိဳက္မေရာျမိဳ႕ေနသူျဖစ္ေၾကာင္း သိရပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ သက္ဆိုင္ရာ ရန္ကုန္တိုင္း ေဒသႀကီး မဂၤလာေတာင္ညႊန္႔ရဲစခန္းထံသို႔ ဆက္သြယ္ခဲ႔ရာ အဆိုပါရဲစခန္း (ပ)၄၃၄ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အမႈမွ ေရွာင္တိမ္းေနသည္႔ တရားခံျဖစ္ေၾကာင္း အတည္ျပဳသျဖင္႔ သက္ဆိုင္ရာရဲစခန္းသို႔ လႊဲေျပာင္းေပးအပ္ ႏိုင္ရန္ ခ်ိတ္ဆက္ေဆာင္ရြက္ေနေၾကာင္း ကနဦးသတင္း ရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zin Moe

#Unicode Version#

ရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာတောင်ညွှန့် မြို့နယ် ၊
စက်ဆန်းရပ်ကွက်ရှိ ကားဝပ်ရှော့တခုမှာ သြဂုတ်လ ၂၁ ရက်နေ့က ဖြစ်ခဲ့တဲ့ အသက် ၆၀ ကျော် အမျိုးသမီး တဦးကို အလိုမတူပဲ မုဒိန်းကျင့်ကာ လည်ပင်းညှစ် သတ်ခဲ့သည့် အမှုမှ တရားခံကို မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမနယ်မြေရဲစခန်းမှုး ရဲအုပ်အောင်မင်းကြည်နဲ့ အဖွဲ့ မှ ယနေ့ သြဂုတ် ၂၈ နံနက် (၇:၃၅)အချိန်မှာ မုတ္တမကျေးရွာ ဆီဆုံရပ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ကြောင်းသိရပါသည်။

ယနေ့နံနက် (၇:၃၅)အချိန်ခန့်က မုတ္တမနယ်မြေရဲစခန်းပိုင် မုတ္တမကျေးရွာ ဆီဆုံရပ်တွင် မသင်္ကာဖွယ်လူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ စခန်းမှုး ရဲအုပ် အောင်မင်းကြည် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်ပိုင်မှုး တပ်ကြပ်ခင်မောင်လွင် တပ်ကြပ်ထွန်းလှိုင်ဦး တပ်သားအောင်နွယ်စိုး သက်သေ ဆီဆုံရပ်ကွက်မှုး ဦးလှိုင်သိန်း သစ်ပုံဆိပ်ရပ်ကွက်မှုး ဦးဌေးလွင်တို့နှင်အတူ ဖမ်းဆီး စစ်ဆေးရာမှ အဆိုပါ မုဒိန်းကျင့် လူသတ် အမှုဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။

တရားခံမှာ အဆိုပါကားဝပ်ရှော့ လေထိုးကျွတ်ဖာဆိုင်မှ အလုပ်သမားဖြစ်သူ မော်ရွန်း (၂၄)နှစ် (ဘ)မမှတ်မိ (မိ) ဒေါ်တိုင်ရာဘီ မွတ်ဆလင်/အစ္စလာမ် ရေတွင်းကုန်း ကျေးရွာ ကျိုက်မရောမြို့နေသူဖြစ်ကြောင်း သိရပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်ဆိုင်ရာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့်ရဲစခန်းထံသို့ ဆက်သွယ်ခဲ့ရာ အဆိုပါရဲစခန်း (ပ)၄၃၄ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ ရှောင်တိမ်းနေသည့် တရားခံဖြစ်ကြောင်း အတည်ပြုသဖြင့် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပေးအပ် နိုင်ရန် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ကနဦးသတင်း ရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Zin Moe


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top