iMyanmarHouse.com - Best Property Website for Myanmar
×

သင္အခု လူေတြကို ႏွစ္ထပ္ျမင္ေနရတာ မဟုတ္ပါဘူး။ အျမႊာႏွစ္တြဲ အၿပိဳင္လက္ထပ္တာကို ျမင္ေနရတာျဖစ္ပါတယ္။ ေဂ်ာ့ရွ္နဲ႔ ဂ်ယ္ရမီလို႔ေခၚတဲ့ အျမႊာညီအစ္ကိုႏွစ္ေယာက္က ဘရစ္တန္နီနဲ႔ ဘ႐ိုင္ယန္နာလို႔ ေခၚတဲ့ အျမႊာညီအစ္မႏွစ္ေယာက္ကို ၂ လပိုင္း ၂ ရက္ေန႔တုန္းက ၿပိဳင္တူ လက္ထပ္ခြင့္ေတာင္းခဲ့ၾကၿပီး အေမရိကန္ အုိဟိုင္းယုိးျပည္နယ္မွာ က်င္းပတဲ့ အျမႊာမ်ားေန႔မွာ လက္ထပ္ပြဲ ေပါင္းလုပ္ခဲ့ၾကပါတယ္။

“နတ္သမီးပံုျပင္က တကယ္ျဖစ္လာသလိုပါပဲ။ အျမႊာေတြကို လက္ထပ္ရဖို႔က ကၽြန္မတုိ႔အတြက္ အေရးႀကီးပါတယ္။ ကၽြန္မတို႔ ငယ္ငယ္ေလးကတည္းက ဒီလုိမ်ိဳး စိတ္ကူးခဲ့ၾကတာပါ” လို႔ ဂ်ယ္ရမီနဲ႔ လက္ထပ္ခဲ့တဲ့ ဘ႐ိုင္ယန္နာက ေျပာပါတယ္။

ဘရစ္တန္နီကလည္း “ဒီလုိအျဖစ္မ်ိဳးက ျဖစ္ႏုိင္ေခ် တကယ္ကိုနည္းတယ္ဆိုတာ သိပါတယ္။ အေၾကာင္းအရာ အားလံုး ေပါင္းစံုသင့္တင့္မွ ျဖစ္ႏုိင္တာပါ။ ကၽြန္မေရာ ကၽြန္မရဲ႕ အျမြာညီမေရာ စိတ္ကူးနဲ႔ ကိုက္ညီတဲ့ သတုိ႔သားေတြကို ရွာေတြ႔ႏုိင္ခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။ သူတုိ႔ႏွစ္တြဲကေတာ့ ႏွစ္စဥ္က်င္းပေနက် အျမႊာပြဲေတာ္မွာပဲ စေတြ႔ခဲ့ၾကတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
သင်အခု လူတွေကို နှစ်ထပ်မြင်နေရတာ မဟုတ်ပါဘူး။ အမြွှာနှစ်တွဲ အပြိုင်လက်ထပ်တာကို မြင်နေရတာဖြစ်ပါတယ်။ ဂျော့ရှ်နဲ့ ဂျယ်ရမီလို့ခေါ်တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်က ဘရစ်တန်နီနဲ့ ဘရိုင်ယန်နာလို့ ခေါ်တဲ့ အမြွှာညီအစ်မနှစ်ယောက်ကို ၂ လပိုင်း ၂ ရက်နေ့တုန်းက ပြိုင်တူ လက်ထပ်ခွင့်တောင်းခဲ့ကြပြီး အမေရိကန် အိုဟိုင်းယိုးပြည်နယ်မှာ ကျင်းပတဲ့ အမြွှာများနေ့မှာ လက်ထပ်ပွဲ ပေါင်းလုပ်ခဲ့ကြပါတယ်။

“နတ်သမီးပုံပြင်က တကယ်ဖြစ်လာသလိုပါပဲ။ အမြွှာတွေကို လက်ထပ်ရဖို့က ကျွန်မတို့အတွက် အရေးကြီးပါတယ်။ ကျွန်မတို့ ငယ်ငယ်လေးကတည်းက ဒီလိုမျိုး စိတ်ကူးခဲ့ကြတာပါ” လို့ ဂျယ်ရမီနဲ့ လက်ထပ်ခဲ့တဲ့ ဘရိုင်ယန်နာက ပြောပါတယ်။

ဘရစ်တန်နီကလည်း “ဒီလိုအဖြစ်မျိုးက ဖြစ်နိုင်ချေ တကယ်ကိုနည်းတယ်ဆိုတာ သိပါတယ်။ အကြောင်းအရာ အားလုံး ပေါင်းစုံသင့်တင့်မှ ဖြစ်နိုင်တာပါ။ ကျွန်မရော ကျွန်မရဲ့ အမြွာညီမရော စိတ်ကူးနဲ့ ကိုက်ညီတဲ့ သတို့သားတွေကို ရှာတွေ့နိုင်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။ သူတို့နှစ်တွဲကတော့ နှစ်စဉ်ကျင်းပနေကျ အမြွှာပွဲတော်မှာပဲ စတွေ့ခဲ့ကြတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top