ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×




source : unilad.co.uk

# Unicode Version ဖြင့် ဖတ်ပါ #


အိမ်ဆိုတာရှိနေရင် ဧည့်သည်ဆိုတာလည်း မလွဲမသွေ ရှိလာမှာပါဘဲ။ ဒီလိုဧည့်သည်တွေထဲမှာ မဖိတ်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ ဧည့်သည်တွေလည်း ရှိတတ်သလို၊ တစ်ခါတလေမှာ နှင်ထုတ်ရင်တောင် လာရာလမ်းကို မပြန်ချင်တဲ့ ဧည့်သည်တွေဆိုတာလည်း ရှိတတ်ပါတယ်။

အခုလည်း သြစတေးလျနိုင်ငံ၊ Gold Coast ကမ်းရိုးတမ်း Mudgeeraba မြို့မှာ နေထိုင်တဲ့ Robbie Knills လို့အမည်ရတဲ့ အမျိုးသားရဲ့ အိမ်ထဲကို မြွေကြီးတစ်ကောင်က ဝင်ရောက်ဖို့ကြိုးစားနေတာကို Robbie ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ပါတယ်။ စပါးအုံးမြွေကြီး ဖြစ်ပါတယ်။

စပါးအုံးမြွေကြီးဟာ အရှည် (၁၀)ပေလောက်ရှိပြီး အိမ်ရှင် Robbie ကတော့ အတော်လေးကို ကြောက်သွားခဲ့ပါတယ်။ ဒီလိုပဲ စပါးအုံးမြွေကြီးတွေဟာ ဒီလောက်မြန်မြန် အမြင့်တက်နိုင်လိမ့်မယ်လို့ ထင်မထားဘူးလို့လည်း ဆိုပါတယ်။ မြွေကိုကို ဘေးလွတ်ရာသို့ ဘယ်လို ရှင်းလင်းမောင်းထုတ်လိုက်တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

source : unilad.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top