iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ႀကီးေရ မ်ိဳးကိုကိုဆန္းလို႔ အမ်ားကသိၾကတဲ့ သူမက မိန္းကေလးတစ္ဦးလို ခ်စ္စရာေကာင္းတဲ့ အလွတရားေတြကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ Lady Boy လိုဆိုၿပီး အထင္မေသးရဲေလာက္ေအာင္ သူမက ေယာက္်ားေလးပရိသတ္ေတြရဲ႕ အားေပးမႈမ်ားစြာကို ပိုင္ဆိုင္ထားတဲ့သူေလးလည္း ျဖစ္ပါတယ္။ စိတ္ထားမြန္ျမတ္ၿပီး ဘုရားတရား ကိုင္းရႈိင္းတဲ့သူမက အခုလည္း လမ္းခရီးခက္ခဲတဲ့ေနရာက ေရေဘးသင့္ျပည္သူေတြကို လႉဒါန္းဖို႔ ကိုယ္တိုင္ကိုယ္က် သြားေရာက္ခဲ့ပါတယ္။

အခုလို မိုးတြင္းအခ်ိန္အခါမ်ိဳးမွာ ျမန္မာႏိုင္ငံအႏွံ႔အျပားမွာ ေရႀကီးေရလွ်ံမႈေတြေၾကာင့္ ျပည္သူေတြ စားဝတ္ေနေရး ခက္ခဲေနရပါတယ္။ ေရေဘးသင့္ေဒသေတြထဲမွာမွ သြားရလာရခက္ခဲၿပီး အမွန္တကယ္ ဒုကၡခံစားေနရတဲ့ သထုံႏွင့္ ဘားအံၾကားမွာ တည္ရွိတဲ့ ” ၿမိဳင္ကေလး ” ဆိုတဲ့ၿမိဳ႕ေလးက ေရေဘးဒုကၡသည္စခန္းကို သူမက Online Donation Group (ODG) အဖြဲ႕နဲ႔အတူ အစားအစာေတြ သြားေရာက္လႉဒါန္းေပးခဲ့ပါတယ္။ အသြားအျပန္ စက္ေလွ ေပၚတင္ ၂နာရီေလာက္ေအာင္ၾကာတဲ့ သြားခဲ့ရတာျဖစ္ၿပီး ေၾကာက္လြန္းလို႔ ငိုပါငိုခဲ့ရတယ္လို႔ သူမက ေျပာခဲ့ပါေသးတယ္။

ကိုကိုက သူမရဲ႕အလႉျပဳခဲ့တဲ့ အေတြ႕အႀကဳံေလးေတြကိုလည္း “စက္ေလွစီးတယ္ဆိုလို႔ အထင္မေသးပါနဲ႔ ။ ထန္းပင္ေတာင္ ထိပ္ဖ်ားပဲ ေပၚေတာ့တဲ့ ေနရာကို စီးရတာပါ ။ စက္ေလွေပၚတင္ေၾကာက္လြန္းလို႔ ငိုေတာင္ငိုရတယ္။ ဒါေပမဲ့ တကယ္ေရာက္သြားတဲ့အခါ တကယ့္ကို ေဝးလံၿပီး သြားရတဲ့ ေနရာေတြမို႔ လႉရတဲ့အခါလည္း စိတ္ခ်မ္းသာခဲ့ရပါတယ္။ အဲ့ဒီ႐ြာေတြဘက္မွာ ေရတတ္တာ မဆန္းဘူးဆိုေပမဲ့ ဒီႏွစ္က ေတာ္ေတာ္ဆိုးပါတယ္လို႔ေျပာပါတယ္။ ဘာပဲျဖစ္ျဖစ္ အားလုံးရဲ႕ ေစတနာပါ “ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြလည္း မ်ိဳးကိုကိုဆန္းရဲ႕ မြန္ျမတ္တဲ့အလႉေလးကို သာဓုေခၚႏိုင္ဖို႔ အလႉပုံရိပ္ေလးေတြကို ျပန္လည္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

Source: Myo Ko Ko San ;

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်ကြီးရေ မျိုးကိုကိုဆန်းလို့ အများကသိကြတဲ့ သူမက မိန်းကလေးတစ်ဦးလို ချစ်စရာကောင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Lady Boy လိုဆိုပြီး အထင်မသေးရဲလောက်အောင် သူမက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုများစွာကို ပိုင်ဆိုင်ထားတဲ့သူလေးလည်း ဖြစ်ပါတယ်။ စိတ်ထားမွန်မြတ်ပြီး ဘုရားတရား ကိုင်းရှိုင်းတဲ့သူမက အခုလည်း လမ်းခရီးခက်ခဲတဲ့နေရာက ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပါတယ်။

အခုလို မိုးတွင်းအချိန်အခါမျိုးမှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေကြောင့် ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေရပါတယ်။ ရေဘေးသင့်ဒေသတွေထဲမှာမှ သွားရလာရခက်ခဲပြီး အမှန်တကယ် ဒုက္ခခံစားနေရတဲ့ သထုံနှင့် ဘားအံကြားမှာ တည်ရှိတဲ့ ” မြိုင်ကလေး ” ဆိုတဲ့မြို့လေးက ရေဘေးဒုက္ခသည်စခန်းကို သူမက Online Donation Group (ODG) အဖွဲ့နဲ့အတူ အစားအစာတွေ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ အသွားအပြန် စက်လှေ ပေါ်တင် ၂နာရီလောက်အောင်ကြာတဲ့ သွားခဲ့ရတာဖြစ်ပြီး ကြောက်လွန်းလို့ ငိုပါငိုခဲ့ရတယ်လို့ သူမက ပြောခဲ့ပါသေးတယ်။

ကိုကိုက သူမရဲ့အလှူပြုခဲ့တဲ့ အတွေ့အကြုံလေးတွေကိုလည်း “စက်လှေစီးတယ်ဆိုလို့ အထင်မသေးပါနဲ့ ။ ထန်းပင်တောင် ထိပ်ဖျားပဲ ပေါ်တော့တဲ့ နေရာကို စီးရတာပါ ။ စက်လှေပေါ်တင်ကြောက်လွန်းလို့ ငိုတောင်ငိုရတယ်။ ဒါပေမဲ့ တကယ်ရောက်သွားတဲ့အခါ တကယ့်ကို ဝေးလံပြီး သွားရတဲ့ နေရာတွေမို့ လှူရတဲ့အခါလည်း စိတ်ချမ်းသာခဲ့ရပါတယ်။ အဲ့ဒီရွာတွေဘက်မှာ ရေတတ်တာ မဆန်းဘူးဆိုပေမဲ့ ဒီနှစ်က တော်တော်ဆိုးပါတယ်လို့ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးရဲ့ စေတနာပါ “ဆိုပြီး ဝေမျှခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မျိုးကိုကိုဆန်းရဲ့ မွန်မြတ်တဲ့အလှူလေးကို သာဓုခေါ်နိုင်ဖို့ အလှူပုံရိပ်လေးတွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။

Source: Myo Ko Ko San ;

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top