ဘဂၤလားပင္လယ္ေအာ္ တြင္ ေလဖိအားနည္းရပ္ဝန္းတစ္ ခု ထပ္မံျဖစ္ေပၚေနၿပီး ေဒသခုနစ္ ခု မိုးႀကီးႏုိင္ေၾကာင္း မိုးေလဝသ ပညာရွင္ ေဒါက္တာထြန္းလြင္ႏွင့္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကား ေရးမွဴးဦးစီးဌာနက သတိေပး ထားသည္။

မုန္တုိင္းငယ္တစ္လံုး အားေပ်ာ့ပ်က္ျပယ္ၿပီးေနာက္ ေလး ရက္အၾကာ ဩဂုတ္ ၁၉ ရက္တြင္ ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္း ထပ္မံျဖစ္ေပၚ ျခင္းျဖစ္သည္။

ေလဖိအားနည္းရပ္ဝန္း ေၾကာင့္ မုတ္သံုေလ အားအလြန္ ေကာင္းေနၿပီး တနသၤာရီတုိင္း ေဒသႀကီး၊ ရခိုင္ႏွင့္ မြန္ျပည္နယ္ တြင္ ေဒသအလိုက္ႏွင့္ ဧရာဝတီ တုိင္းေဒသႀကီး၊ ကခ်င္၊ ခ်င္းႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာ ကြက္ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလက သတိေပးထားသည္။ ေဒသအ လိုက္ မိုးႀကီးမည္ဆုိသည္မွာ သတိေပးထားသည့္ ေဒသ၏ ေနရာအ ႏွံ႔တြင္ မုိးႀကီးႏိုင္ၿပီး ေနရာကြက္ မိုးႀကီးမည္ဆိုသည္မွာ ယင္းေဒသ  ေနရာအခ်ိဳ႕၌ မိုးႀကီးႏိုင္သည္ ဟု သတိေပးျခင္းျဖစ္သည္။

ေတာင္တ႐ုတ္ပင္လယ္မွ ဘီဘင္ကာမုန္တုိင္းအရွိန္ေၾကာင့္ ဩဂုတ္ ၁၈ ရက္တြင္ ခ်င္းျပည္ နယ္ေတာင္ပိုင္း၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ မေကြးတုိင္းေဒသႀကီးတြင္ ပံုမွန္ထက္ မိုးႀကီးၿပီးတိုင္းေဒသႀကီးႏွင့္ ျပည္နယ္အမ်ားစု၌ မိုးရြာခဲ့၍ မိုးဆက္လက္ ေကာင္းႏိုင္သည့္ ယခုရက္ပိုင္း အတြင္းေရေဘးကို ဆက္လက္ သတိျပဳေနထိုင္ရန္ ေဒါက္တာ ထြန္းလြင္က တိုက္တြန္းသည္။

ေရေဘးႀကံဳေတြ႕ေနသည့္ ကရင္၊ ပဲခူးႏွင့္ တနသၤာရီတိုင္း ေဒသႀကီးတုိ႔တြင္ ေရျပန္တက္ လာ၍ ေရႀကီးနစ္ျမဳပ္သည့္ ဧရိယာ တိုးလာေနသည္။ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္း လြန္ပင္လယ္ျပင္၌ မိုးသက္ေလ ျပင္းမ်ား က်ေရာက္ၿပီး လိႈင္းႀကီး ႏုိင္ေၾကာင္း ေဒါက္တာထြန္းလြင္ ႏွင့္ မိုးဇလဌာနက သတိေပးထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

#Unicode Version#
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းတစ် ခု ထပ်မံဖြစ်ပေါ်နေပြီး ဒေသခုနစ် ခု မိုးကြီးနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား ရေးမှူးဦးစီးဌာနက သတိပေး ထားသည်။

မုန်တိုင်းငယ်တစ်လုံး အားပျော့ပျက်ပြယ်ပြီးနောက် လေး ရက်အကြာ ဩဂုတ် ၁၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ် ခြင်းဖြစ်သည်။

လေဖိအားနည်းရပ်ဝန်း ကြောင့် မုတ်သုံလေ အားအလွန် ကောင်းနေပြီး တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်နှင့် မွန်ပြည်နယ် တွင် ဒေသအလိုက်နှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်၊ ချင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာ ကွက် မိုးကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။ ဒေသအ လိုက် မိုးကြီးမည်ဆိုသည်မှာ သတိပေးထားသည့် ဒေသ၏ နေရာအ နှံ့တွင် မိုးကြီးနိုင်ပြီး နေရာကွက် မိုးကြီးမည်ဆိုသည်မှာ ယင်းဒေသ  နေရာအချို့၌ မိုးကြီးနိုင်သည် ဟု သတိပေးခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်မှ ဘီဘင်ကာမုန်တိုင်းအရှိန်ကြောင့် ဩဂုတ် ၁၈ ရက်တွင် ချင်းပြည် နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးတွင် ပုံမှန်ထက် မိုးကြီးပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်အများစု၌ မိုးရွာခဲ့၍ မိုးဆက်လက် ကောင်းနိုင်သည့် ယခုရက်ပိုင်း အတွင်းရေဘေးကို ဆက်လက် သတိပြုနေထိုင်ရန် ဒေါက်တာ ထွန်းလွင်က တိုက်တွန်းသည်။

ရေဘေးကြုံတွေ့နေသည့် ကရင်၊ ပဲခူးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ရေပြန်တက် လာ၍ ရေကြီးနစ်မြုပ်သည့် ဧရိယာ တိုးလာနေသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်၌ မိုးသက်လေ ပြင်းများ ကျရောက်ပြီး လှိုင်းကြီး နိုင်ကြောင်း ဒေါက်တာထွန်းလွင် နှင့် မိုးဇလဌာနက သတိပေးထား သည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top