ေမာ္ေတာ္ယာဥ္မ်ားအား ရန္ကုန္ဆိပ္ကမ္းမွတစ္ဆင့္ တင္သြင္းရာတြင္ ၾကီး/ေကာ္မူဝါဒနွင့္ ကိုက္ညီမႈမရွိေသာ ယာဥ္မ်ားအား ဆိပ္ကမ္းျပင္ပသို႔ ထုတ္ယူခြင့္ရရွိရန္အတြက္ Custom Agent မွတစ္ဆင့္ ေငြေပးေဆာင္ရျခင္းနွင့္ သြင္းကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ ဆိပ္ကမ္းမွ ပစၥည္းမ်ား ထုတ္ယူရာတြင္ Custom Agent မွတစ္ဆင့္ ေငြေေၾကးေပး၍ ထုတ္ယူေနရသည့္ အစဥ္အလာျဖစ္ေနျခင္းတို့အား စံုစမ္း ေဖာ္ထုတ္ေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စံုစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့သည္။

စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ ႀကီး/ေကာ္ မူဝါဒနွင့္ ကိုက္ညီမႈမရွိေသာ Delivery Van ေမာ္ေတာ္ယာဥ္မ်ား ထုတ္ယူရာတြင္ Shinning Star Agency ၏ Agent ထံမွ EO အေကာက္ခြန္ဝန္ထမ္း (၂)ဦးက ေငြက်ပ္ (၄၄)သိန္းကို လည္းေကာင္း၊ Appraiser အေကာက္ခြန္မွဴး (၂)ဦးက ေငြက်ပ္ (၁၁)သိန္းကို လည္းေကာင္း၊ ဦးစီးအရာရွိက ေငြက်ပ္ (၁၁)သိန္းကိုလည္းေကာင္း၊ Metal Seal တပ္ဆင္ေပးသည့္ PC လက္ေထာက္အေကာက္ခြန္မွဴးက ေငြက်ပ္ (၅၅၀ဝ၀ဝိ/-)ကို လည္းေကာင္း လာဘ္ေငြမ်ားအျဖစ္ ရယူခဲ့ျခင္း၊ ႀကီး/ေကာ္ မူဝါဒနွင့္ ကိုက္ညီမႈမရွိေသာ Delivery Van ယာဥ္(၁၁)စီး MIPL ဆိပ္ကမ္းမွ ထုတ္ယူရာတြင္ လင္းယုန္ Agency ၏ Agent ထံမွ တစ္စီးလွ်င္ ေငြက်ပ္(၁၀)သိန္းနႈန္းျဖင့္ EO ဒု-အေကာက္ခြန္မွဴး (၂)ဦး က ယာဥ္(၇)စီးအတြက္ ေငြက်ပ္သိန္း(၇၀)ကိုလည္းေကာင္း၊ EO အေကာက္ခြန္မွဴးက ယာဥ္(၁)စီးအတြက္ ေငြက်ပ္ (၁၀)သိန္းကို လည္းေကာင္း၊ ဒု-အေကာက္ခြန္မွဴးက ယာဥ္(၃)စီးအတြက္ ေငြက်ပ္ သိန္း(၃၀)ကိုလည္းေကာင္း လက္ခံရယူခဲ့ျခင္း တို့သည္ ရာထူးတာဝန္အရ ေပးအပ္ထားေသာလုပ္ပိုင္ခြင့္ကို အလြဲသံုးစားျပဳ၍ အဂတိလိုက္စားျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ EO အေကာက္ခြန္မွဴး ဦးေက်ာ္ခိုင္မင္း၊ ဒုတိယအေကာက္ခြန္မွဴး ဦးေနမင္းထက္၊ ထုတ္/သြင္း ဌာနခြဲမွ Appraiser အေကာက္ခြန္မွဴး ဦးဟန္ဝင္းေအာင္၊ အေကာက္ခြန္မွဴး ဦးမ်ိဳးေဝ၊ ဦးစီးအရာရွိ ဦးဗိုလ္ဗိုလ္၊ လက္ေထာက္အေကာက္ခြန္မွဴး ဦးသန္းေအး-၆၊ ဦးစီးအရာရွိ ဦးမလန္ရွရြယ္၊ ဒု-အေကာက္ခြန္မွဴး ဦးေဇာ္နိုင္ဦး၊ ဒု-အေကာက္ခြန္မွဴး ဦးစိုးမင္းသန္းနွင့္ ဒု-အေကာက္ခြန္မွဴး ဦးသန္းထိုက္ေအာင္ တို့အေပၚ ၂၀၁၃ ခုနွစ္၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရလည္းေကာင္း၊ ႀကီး/ေကာ္ မူဝါဒမ်ားနွင့္ ကိုက္ညီမႈမရွိဘဲ တင္သြင္းလာသည့္ Delivery Van ယာဥ္မ်ားကို ဆိပ္ကမ္းမွ ထုတ္ယူရာတြင္ ဆိပ္ကမ္း တာဝန္က် ဝန္ထမ္းမ်ားက လာဘ္ေငြမ်ား လက္ခံ ရယူခဲ့သည့္ ျဖစ္စဥ္နွင့္စပ္လ်ဥ္း၍ ကြင္းဆင္း ႀကီးၾကပ္ စစ္ေဆးျခင္း၊ အေရးယူ ေဆာင္ရြက္ျခင္း မရွိဘဲ ယင္းသို့ ေဆာင္ရြက္နိုင္ရန္ မ်က္ကြယ္ျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္နိုင္ရန္ ပူးေပါင္းႀကံစည္ျခင္း (သို့မဟုတ္) အားေပးကူညီျခင္းျဖစ္ျခင္းေၾကာင့္ ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္ေထြးေဆြ၊ ညႊန္ၾကားေရးမွဴး ဦးဝင္းလႈိင္၊ ညႊန္ၾကားေရးမွဴး ဦးေက်ာ္ညြန္႔ေအာင္၊ MIPL ဆိပ္ကမ္းကာကြယ္ေရးအဖြဲ႔ ေခါင္းေဆာင္ ဦးစီးအရာရွိ ဦးမလန္ရွရြယ္တို႕အေပၚ ၂၀၁၃ ခုနွစ္၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၆/၆၃ အရလည္းေကာင္း အေရးယူေဆာင္ရြက္ရန္ ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တန္းျမိဳ႕နယ္၊ သီလဝါနယ္ေျမျမိဳ႕မရဲစခန္းတြင္ ၂၄-၈-၂၀၁၈ ရက္ေန႔က ပထမသတင္းေပး တိုင္ၾကားခ်က္ ဖြင့္လွစ္၍ တရားစြဲဆို အေရးယူနိုင္ေရး ေဆာင္ရြက္လ်က္ရွိေႀကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
#Unicode Version#
မော်တော်ယာဉ်များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ကြီး/ကော်မူဝါဒနှင့် ကိုက်ညီမှုမရှိသော ယာဉ်များအား ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်အတွက် Custom Agent မှတစ်ဆင့် ငွေပေးဆောင်ရခြင်းနှင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းမှ ပစ္စည်းများ ထုတ်ယူရာတွင် Custom Agent မှတစ်ဆင့် ငွေေကြေးပေး၍ ထုတ်ယူနေရသည့် အစဉ်အလာဖြစ်နေခြင်းတို့အား စုံစမ်း ဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ကြီး/ကော် မူဝါဒနှင့် ကိုက်ညီမှုမရှိသော Delivery Van မော်တော်ယာဉ်များ ထုတ်ယူရာတွင် Shinning Star Agency ၏ Agent ထံမှ EO အကောက်ခွန်ဝန်ထမ်း (၂)ဦးက ငွေကျပ် (၄၄)သိန်းကို လည်းကောင်း၊ Appraiser အကောက်ခွန်မှူး (၂)ဦးက ငွေကျပ် (၁၁)သိန်းကို လည်းကောင်း၊ ဦးစီးအရာရှိက ငွေကျပ် (၁၁)သိန်းကိုလည်းကောင်း၊ Metal Seal တပ်ဆင်ပေးသည့် PC လက်ထောက်အကောက်ခွန်မှူးက ငွေကျပ် (၅၅၀ဝဝဝိ/-)ကို လည်းကောင်း လာဘ်ငွေများအဖြစ် ရယူခဲ့ခြင်း၊ ကြီး/ကော် မူဝါဒနှင့် ကိုက်ညီမှုမရှိသော Delivery Van ယာဉ်(၁၁)စီး MIPL ဆိပ်ကမ်းမှ ထုတ်ယူရာတွင် လင်းယုန် Agency ၏ Agent ထံမှ တစ်စီးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် EO ဒု-အကောက်ခွန်မှူး (၂)ဦး က ယာဉ်(၇)စီးအတွက် ငွေကျပ်သိန်း(၇၀)ကိုလည်းကောင်း၊ EO အကောက်ခွန်မှူးက ယာဉ်(၁)စီးအတွက် ငွေကျပ် (၁၀)သိန်းကို လည်းကောင်း၊ ဒု-အကောက်ခွန်မှူးက ယာဉ်(၃)စီးအတွက် ငွေကျပ် သိန်း(၃၀)ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်း တို့သည် ရာထူးတာဝန်အရ ပေးအပ်ထားသောလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် EO အကောက်ခွန်မှူး ဦးကျော်ခိုင်မင်း၊ ဒုတိယအကောက်ခွန်မှူး ဦးနေမင်းထက်၊ ထုတ်/သွင်း ဌာနခွဲမှ Appraiser အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ အကောက်ခွန်မှူး ဦးမျိုးဝေ၊ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်၊ ဒု-အကောက်ခွန်မှူး ဦးဇော်နိုင်ဦး၊ ဒု-အကောက်ခွန်မှူး ဦးစိုးမင်းသန်းနှင့် ဒု-အကောက်ခွန်မှူး ဦးသန်းထိုက်အောင် တို့အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ကြီး/ကော် မူဝါဒများနှင့် ကိုက်ညီမှုမရှိဘဲ တင်သွင်းလာသည့် Delivery Van ယာဉ်များကို ဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်း တာဝန်ကျ ဝန်ထမ်းများက လာဘ်ငွေများ လက်ခံ ရယူခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကွင်းဆင်း ကြီးကြပ် စစ်ဆေးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ယင်းသို့ ဆောင်ရွက်နိုင်ရန် မျက်ကွယ်ပြု၍ အဂတိလိုက်စားမှု ကျူးလွန်နိုင်ရန် ပူးပေါင်းကြံစည်ခြင်း (သို့မဟုတ်) အားပေးကူညီခြင်းဖြစ်ခြင်းကြောင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ MIPL ဆိပ်ကမ်းကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း အရေးယူဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေမြို့မရဲစခန်းတွင် ၂၄-၈-၂၀၁၈ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top