ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒုတိယကမၻာစစ္အတြင္းမွာ လူေတြအေပၚ မေရမတြက္ႏုိင္တဲ့ စမ္းသပ္ခ်က္ေတြကုိ လုပ္ေဆာင္ခဲ့ၾကတယ္။ နာဇီေတြရဲ႕ေခါင္းေဆာင္ ဟစ္တလာဟာ ထာဝရအသက္ရွင္သန္သူတစ္ေယာက္ ျဖစ္ခ်င္ခဲ့ျပီးေတာ့ ဖန္ဆင္းရွင္နဲ႕ေတြ႕ခ်င္ခဲ့တယ္။ ဒီေတာ့ သူဟာ သူ႕ရဲ႕သိပၸံပညာရွင္ေတြကုိ ထာဝရအသက္ရွင္ေစမယ့္ နည္းလမ္းရွာခိုင္းခဲ့တယ္။

ထုိအခ်ိန္တုန္းက နာဇီအဖြဲ႕အစည္းထဲမွာ ထာဝရအသက္ရွင္သန္ေစမယ့္ေဆးကို ဖန္တီးေနခဲ့တဲ့ သိပၸံပညာရွင္ ငါးဦးရွိခဲ့တယ္။ သူတုိ႕ဟာ ဒီနယ္ပယ္မွာအေတာ္ဆံုးလူေတြပဲျဖစ္ၾကျပီး လူေတြမသိၾကတဲ့ လ်ိဳ႕ဝွက္နည္းစနစ္ေတြကုိ နားလည္ထားၾကတဲ့ သူေတြပဲျဖစ္ပါတယ္။
သိပၸံပညာရွင္ေတြဟာလည္း ဟစ္တလာရဲ႕အမိန္႕ကုိလြန္ဆန္ႏုိင္ခြင့္မရွိတဲ့အတြက္ နာဇီေတြဖမ္းမိထားတဲ့ MI6 ရဲ႕ေအးဂ်င့္တစ္ေယာက္ျဖစ္တဲ့ အက္ဝပ္ ကုိ စမ္းသပ္ခံအျဖစ္အတင္းအၾကပ္အသံုးျပဳခဲ့ၾကပါတယ္။

သိပၸံပညာရွင္ေတြဟာ အက္ဝပ္ကုိ သူတုိ႕ဖန္တီးထားတဲ့ ေဆးရည္တစ္မ်ိဳးထုိးေပးျပီး ေစာင့္ၾကည့္ေနခဲ့ပါတယ္။ ႏွစ္ပတ္ၾကာတဲ့အခ်ိန္မွာ အက္ဝပ္ဟာ တုန္ရီေနျပီး အသက္ရွဴရခက္ခဲတဲ့ အရိပ္အေယာင္ေတြ ေတြ႕ရပါတယ္။ ႏွစ္ပတ္ေက်ာ္သြားတဲ့ ေနာက္မွာေတာ့ သူဟာ လံုးဝတိတ္ဆိတ္ေနခဲ့တယ္ ။ ဒါေပမယ့္ သူ႕မ်က္ႏွာမွာထူးဆန္းတဲ့ အရိပ္အေယာင္ေတြေပၚေနခဲ့တယ္။
ေနာက္ေတာ့သူဟာအခန္းထဲမွာ တစ္ေယာက္ေယာက္ရွိေနသလုိ မ်ိဳးစကားျပန္ေျပာေနတာကုိေတြ႕ခဲ့ရပါတယ္။

သူေျပာေနတဲ့စကားေတြကေတာ့ “ငါက အႏၱရာယ္မရွိပါဘူး ၊ မင္းကုိအႏၱရာယ္မျပဳပါဘူး ၊ မလုပ္ပါနဲ႕ ၊ ငါက လူေကာင္းတစ္ေယာက္ပါ” အစရွိတဲ့စကားေတြျဖစ္ျပီးေတာ့
ဘာလုိ႕သူဒီလုိေျပာေနလဲဆိုတာကို သိပၸံပညာရွင္ေတြနားမလည္ခဲ့ပါဘူး။
အက္ဝပ္ဟာ တစ္ခ်ိန္လံုးတစ္ေယာက္ထဲ စကားေျပာေနတဲ့အတြက္ ရူးသြားျပီလုိ႕ ထင္ခဲ့ၾကပါေသးတယ္။ သူတုိ႕ဟာ အက္ဝက္ရဲ႕လက္ကုိ ဓါးနဲ႕လွီးလိုက္တဲ့အခ်ိန္မွာ ဒဏ္ရာဟာခ်က္ခ်င္းျပန္ေကာင္းသြားတာကုိ ေတြ႕ခဲ့ရတာေၾကာင့္ သူတို႕ဖန္တီးခဲ့တဲ့ ထာဝရရွင္သန္မႈေဆး ေအာင္ျမင္ျပီဆိုျပီး ဟစ္တလာကိုသြားေျပာေတာ့မယ့္အခ်ိန္မွာပဲ ေအာ္သံတစ္ခုၾကားလုိက္ရပါတယ္။

အက္ဝပ္ဟာ “မလုပ္ပါနဲ႕ ၊ ေဒါသကုိထိန္းပါ ၊ ကြ်န္ေတာ္ စိတ္နဲ႕ကြ်န္ေတာ္လုပ္တာမဟုတ္ပါဘူး ” အစရွိတဲ့စကားေတြကိုေျပာေနတာကုိၾကားရတဲ့ေနာက္မွာ သိပၸံပညာရွင္ေတြဟာ ေဝခြဲမရျဖစ္လာတာနဲ႕ အက္ဝပ္ကုိ ဓါတ္ပံုရိုက္ယူလုိက္တဲ့အခ်ိန္မွာေတာ့ အက္ဝပ္ရဲ႕ေဘးမွာ ဦးခ်ိဳနဲ႕ေတာင္ပ်ံပါတဲ့ လူဆန္ဆန္သတၱဝါတစ္ေကာင္ကို ေတြ႕ခဲ့ရပါေတာ့တယ္။

လူေတြဟာ မေသမ်ိဳးျဖစ္သြားတဲ့အခါမွာ ေစတန္ တို႕ နတ္ဘုရားတုိ႕နဲ႕တန္းတူျဖစ္သြားတယ္။ဒီအခ်က္ဟာ ကမၻာေပၚက မဟုတ္တဲ့ သူေတြရဲ႕မာနကုိထိခိုက္ေစတယ္။
ဒီေတာ့ သူတုိ႕ဟာ မေသမ်ိဳးတစ္ေယာက္ကုိ စိန္ေခၚယွဥ္ျပိဳင္လာမွာအမွန္ပါပဲ။

ဒါကိုနားလည္သြားတဲ့ သိပၸံပညာရွင္ေတြဟာ ထာဝရအသက္ရွင္မႈကုိ ျပန္ႏုတ္ယူဖုိ႕ၾကိဳုးစားခဲ့ေပမယ့္ ဘယ္လုိမွမျဖစ္ႏုိင္ခဲ့တဲ့အတြက္ ဒီသိပၸံပညာရွင္ေတြဟာ အက္ဝပ္ကို အေခါင္းတစ္ခုထဲပိတ္ထည့္ျပီးေတာ့ ကမၻာေပၚကတစ္ေနရာက နက္ရွိဳင္းတဲ့ေနရာတစ္ခုမွာ ထာဝရျမွဳပ္ႏွံခဲ့ၾကပါတယ္။ ဒီအေၾကာင္းေတြကုိ ဟစ္တလာကုိသတင္းပို႕ခဲ့တဲ့အခါမွာေတာ့ သိပ္ေတာ့မဆိုးဘူးပဲ လုိ႕ ဟစ္တလာက သူတုိ႕ကိုျပန္ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေအပေါ် မရေမတွက်နိုင်တဲ့ စမ်းသပ်ချက်တွေကို လုပ်ဆောင်ခဲ့ကြတယ်။ နာဇီတွေရဲ့ခေါင်းဆောင် ဟစ်တလာဟာ ထာဝရအသက်ရှင်သန်သူတစ်ယောက် ဖြစ်ချင်ခဲ့ပြီးတော့ ဖန်ဆင်းရှင်နဲ့တွေ့ချင်ခဲ့တယ်။
ဒီတော့ သူဟာ သူ့ရဲ့သိပ္ပံပညာရှင်တွေကို ထာဝရအသက်ရှင်စေမယ့် နည်းလမ်းရှာခိုင်းခဲ့တယ်။

ထိုအချိန်တုန်းက နာဇီအဖွဲ့အစည်းထဲမှာ ထာဝရအသက်ရှင်သန်စေမယ့်ဆေးကို ဖန်တီးနေခဲ့တဲ့ သိပ္ပံပညာရှင် ငါးဦးရှိခဲ့တယ်။ သူတို့ဟာ ဒီနယ်ပယ်မှာအတော်ဆုံးလူတွေပဲဖြစ်ကြပြီး လူတွေမသိကြတဲ့ လျို့ဝှက်နည်းစနစ်တွေကို နားလည်ထားကြတဲ့ သူတွေပဲဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာလည်း ဟစ်တလာရဲ့အမိန့်ကိုလွန်ဆန်နိုင်ခွင့်မရှိတဲ့အတွက် နာဇီတွေဖမ်းမိထားတဲ့ MI6 ရဲ့အေးဂျင့်တစ်ယောက်ဖြစ်တဲ့ အက်ဝပ် ကို စမ်းသပ်ခံအဖြစ်အတင်းအကြပ်အသုံးပြုခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေဟာ အက်ဝပ်ကို သူတို့ဖန်တီးထားတဲ့ ဆေးရည်တစ်မျိုးထိုးပေးပြီး စောင့်ကြည့်နေခဲ့ပါတယ်။ နှစ်ပတ်ကြာတဲ့အချိန်မှာ အက်ဝပ်ဟာ တုန်ရီနေပြီး အသက်ရှူရခက်ခဲတဲ့ အရိပ်အယောင်တွေ တွေ့ရပါတယ်။ နှစ်ပတ်ကျော်သွားတဲ့ နောက်မှာတော့ သူဟာ လုံးဝတိတ်ဆိတ်နေခဲ့တယ် ။ ဒါပေမယ့် သူ့မျက်နှာမှာထူးဆန်းတဲ့ အရိပ်အယောင်တွေပေါ်နေခဲ့တယ်။
နောက်တော့သူဟာအခန်းထဲမှာ တစ်ယောက်ယောက်ရှိနေသလို မျိုးစကားပြန်ပြောနေတာကိုတွေ့ခဲ့ရပါတယ်။

သူပြောနေတဲ့စကားတွေကတော့ “ငါက အန္တရာယ်မရှိပါဘူး ၊ မင်းကိုအန္တရာယ်မပြုပါဘူး ၊ မလုပ်ပါနဲ့ ၊ ငါက လူကောင်းတစ်ယောက်ပါ” အစရှိတဲ့စကားတွေဖြစ်ပြီးတော့
ဘာလို့သူဒီလိုပြောနေလဲဆိုတာကို သိပ္ပံပညာရှင်တွေနားမလည်ခဲ့ပါဘူး။
အက်ဝပ်ဟာ တစ်ချိန်လုံးတစ်ယောက်ထဲ စကားပြောနေတဲ့အတွက် ရူးသွားပြီလို့ ထင်ခဲ့ကြပါသေးတယ်။ သူတို့ဟာ အက်ဝက်ရဲ့လက်ကို ဓါးနဲ့လှီးလိုက်တဲ့အချိန်မှာ ဒဏ်ရာဟာချက်ချင်းပြန်ကောင်းသွားတာကို တွေ့ခဲ့ရတာကြောင့် သူတို့ဖန်တီးခဲ့တဲ့ ထာဝရရှင်သန်မှုဆေး အောင်မြင်ပြီဆိုပြီး ဟစ်တလာကိုသွားပြောတော့မယ့်အချိန်မှာပဲ အော်သံတစ်ခုကြားလိုက်ရပါတယ်။

အက်ဝပ်ဟာ “မလုပ်ပါနဲ့ ၊ ဒေါသကိုထိန်းပါ ၊ ကျွန်တော် စိတ်နဲ့ကျွန်တော်လုပ်တာမဟုတ်ပါဘူး ” အစရှိတဲ့စကားတွေကိုပြောနေတာကိုကြားရတဲ့နောက်မှာ သိပ္ပံပညာရှင်တွေဟာ ဝေခွဲမရဖြစ်လာတာနဲ့ အက်ဝပ်ကို ဓါတ်ပုံရိုက်ယူလိုက်တဲ့အချိန်မှာတော့ အက်ဝပ်ရဲ့ဘေးမှာ ဦးချိုနဲ့တောင်ပျံပါတဲ့ လူဆန်ဆန်သတ္တဝါတစ်ကောင်ကို တွေ့ခဲ့ရပါတော့တယ်။

လူတွေဟာ မသေမျိုးဖြစ်သွားတဲ့အခါမှာ စေတန် တို့ နတ်ဘုရားတို့နဲ့တန်းတူဖြစ်သွားတယ်။ဒီအချက်ဟာ ကမ္ဘာပေါ်က မဟုတ်တဲ့ သူတွေရဲ့မာနကိုထိခိုက်စေတယ်။
ဒီတော့ သူတို့ဟာ မသေမျိုးတစ်ယောက်ကို စိန်ခေါ်ယှဉ်ပြိုင်လာမှာအမှန်ပါပဲ။

ဒါကိုနားလည်သွားတဲ့ သိပ္ပံပညာရှင်တွေဟာ ထာဝရအသက်ရှင်မှုကို ပြန်နုတ်ယူဖို့ကြိုုးစားခဲ့ပေမယ့် ဘယ်လိုမှမဖြစ်နိုင်ခဲ့တဲ့အတွက် ဒီသိပ္ပံပညာရှင်တွေဟာ အက်ဝပ်ကို အခေါင်းတစ်ခုထဲပိတ်ထည့်ပြီးတော့ ကမ္ဘာပေါ်ကတစ်နေရာက နက်ရှိုင်းတဲ့နေရာတစ်ခုမှာ ထာဝရမြှုပ်နှံခဲ့ကြပါတယ်။ ဒီအကြောင်းတွေကို ဟစ်တလာကိုသတင်းပို့ခဲ့တဲ့အခါမှာတော့ သိပ်တော့မဆိုးဘူးပဲ လို့ ဟစ်တလာက သူတို့ကိုပြန်ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top