(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×



သူမဟာ ဖက္ရွင္နဲ႕ ပတ္သက္ၿပီး ကိုယ္ကိုတိုင္ တီထြင္ၿပီး ဝတ္စားတတ္သလို သူမအတြက္ Comfortable လည္း ျဖစ္မယ္ Stylish လည္း ျဖစ္မယ့္ ဟာေလးေတြကိုလည္း ေရြးၿပီး ဝတ္ျဖစ္တယ္လို႕ ဆုိပါတယ္။ သူမဝတ္တဲ့ ဖက္ရွင္ဒီဇိုင္းေတြနဲ႕ ပတ္ သက္ၿပီး မိခင္ေျပာေနက် စကားေလး တစ္ခြန္းကိုလည္း ယခုုလို ေျပာျပခဲ့ပါေသးတယ္။

ျပည္သူ႕အခ်စ္ေတာ္ သရုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ရဲ႕ တူမေလး ျဖစ္တဲ့ ေမတိုးခိုင္ဟာ အခုဆိုရင္ အႏုပညာအလုပ္ေတြ စလုပ္ေနၿပီျဖစ္ ပါတယ္။ ငယ္ရြယ္ၿပီး ခ်စ္ဖို႕ေကာင္းလွတဲ့ ေမတိုးခိုင္ဟာ ဖက္ရွင္နဲ႕ ပတ္သက္ရင္လည္း ငယ္ရြယ္သူပီပီ သူ႕ေနရာနဲ႕သူ လိုက္ဖက္စြာ ဝတ္စားတတ္သူဆိုလည္း မမွားပါဘူး။

သူမဟာ ဖက္ရွင္နဲ႕ ပတ္သက္ၿပီး ကိုယ္ကိုတိုင္ တီထြင္ၿပီး ဝတ္စားတတ္သလို သူမအတြက္ Comfortable လည္း ျဖစ္မယ္ Stylist လည္း ျဖစ္မယ့္ ဟာေလးေတြကိုလည္း ေရြးၿပီး ဝတ္ျဖစ္တယ္လို႕ ဆုိပါတယ္။

"ပြဲတစ္ပြဲ တက္မယ္ဆိုရင္ တစ္ခ်ိဳ႕ ပြဲေတြက သူ႕ Theme နဲ႕သူရွိတယ္။ အဲ့က်ရင္ေတာ့ သူ႕ Theme နဲ႕ အလိုက္ဝတ္ျဖစ္တယ္။ ဒါေပမယ့္ Theme မရွိတဲ့ ပြဲေတြဆိုရင္ေတာ့ ကိုယ့္ဘာသာကိုယ္ စဥ္းစား ၿပီးေတာ့ Comfortable လည္း ျဖစ္မယ္။ Stylist လည္း ျဖစ္တယ့္ ဟာေလး ေတြကို ေရြးၿပီး ဝတ္ျဖစ္တယ္" လို႕ သူမက   ၾသဂုတ္လ(၁၇) ရက္ေန႕က ျပဳလုပ္တဲ့ left & Right Fashion ဆုိင္သစ္ဖြင့္ပြဲသို႕ တက္ေရာက္ရင္း Duwun Media မွာ ေျဖဆိုေပးခဲ့တာျဖစ္ပါတယ္။

တစ္ခါတေလမွာ သူမဝတ္တဲ့ ဖက္ရွင္နဲ႕ ပတ္သက္ၿပီး တခ်ိဳ႕ေသာ သူမ်ားရဲ႕ ေဝဖန္မႈေတြကို ခံရတာေတြလည္း ရွိခဲ့ပါတယ္။ သူမဝတ္တဲ့ ဖက္ရွင္ဒီဇိုင္းေတြနဲ႕ ပတ္သက္ၿပီး မိခင္ေျပာေနက် စကားေလး တစ္ခြန္းကိုလည္း ယခုုလို ေျပာျပခဲ့ပါေသးတယ္။

"ေမေမက ေျပာတယ္။တစ္ခါတေလ လူနားလည္ေအာင္ဝတ္လို႕ အၿမဲေျပာပါတယ္။ ဒါေပမယ့္ သူလည္း ေျပာရင္း ေျပာရင္းနဲ႕ ေျပာလို႕မရ ေတာ့ မေျပာေတာ့ဘူးေနာက္ပိုင္းက်ေတာ့ေမေမက ဖူးရဲ႕ ဖက္ရွင္ကို သူလည္း နားလည္တယ္။ ႀကိဳက္တယ္။ အကုန္လံုးသိၿပီး နားလည္ဖို႕ အတြက္က်ေတာ့ ဖူးက နည္းနည္းေလး မ်ားေနတယ္လို႕ ေျပာတယ္။အဲ့ဒါေၾကာင့္ ေမေမက နားလည္ေအာင္ ဝတ္ဆိုၿပီး ေျပာတာပါ။ ကိုယ္ႀကိဳက္တာပဲ ကိုယ္ဝတ္တာမ်ားတယ္။တစ္ေလတေလ မစဥ္းစားခ်င္ေတာ့ဘူးဆိုရင္ေမေမတို႕ တီဝဲတို႕ကို အကူအညီေတာင္းၿပိးေတာ့ တီဝဲတို႕ စီစဥ္လိုက္ေတာ့ဆိုၿပီး ေျပာတယ္"ဆိုၿပီး ဆက္လက္ေျပာျပထားပါတယ္

ဒီဇုိင္းေတြနဲ႕ ပတ္သက္ၿပီး စိတ္ဝင္စားတဲ့ ေမတိုးခိုင္ဟာ ေနာက္ပိုင္းမွာ ဒီဇိုင္နာ လုပ္ဖို႕ အစီအစဥ္ရွိသလို ကုိယ္ပိုင္ Brand ေလး တစ္ခုကို လုပ္ခ်င္တယ္လို႕ ဆုိပါတယ္။အကယ္ဒမီ သရုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ရဲ႕ တူမေလး ေမတိုးခိုင္က ေယာက်္ာေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသူေလးပါ။

သူ႔ရဲ႕ခပ္မိမိစတိုင္ကို သေဘာက်တဲ့ မိန္းကေလးပရိသတ္ေတြလည္း မနည္းလွပါဘူး။ အခုဆိုရင္ သူမကို ဇာတ္ကားေတြ ရိုက္ကူးဖို႕ ကမ္းလွမ္းထားတာေတြေတာင္ရွိေနပါၿပီျဖစ္သလုိ ဇာတ္ကားေတြလည္း ရိုက္ကူးေနရပါၿပီ။

၂၀၁၈ခုႏွစ္ ေမလအတြင္းမွာပဲ အသက္(၂၃)ႏွစ္ျပည့္သြားတဲ့ ေမတိုးခိုင္ေလးဟာ အေဒၚနဲ႔ ႐ုပ္ခ်င္းဆင္ၿပီး ႏုနယ္တဲ့ ႐ုပ္ရည္ရွိၿပီး စကားေျပာရင္လည္း ပြင့္လင္းလွတာေၾကာင့္ လူခ်စ္လူခင္မ်ားပါတယ္။  အႏုပညာအလုပ္ေတြ စလုပ္ျဖစ္ေနတဲ့ သူမကအႏုပညာပိုင္းနဲ႕ ပတ္သက္လို႕ အေဒၚျဖစ္သူ အိျႏၵာေက်ာ္ဇင္ဆီက ၁၀၀ရာခိုင္ႏႈန္း ေထာက္ပ့ံမႈေတြ ရတယ္လို႕ အင္တာဗ်ဴးေတြမွာ ေျဖဖူးပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
သူမဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး ကိုယ်ကိုတိုင် တီထွင်ပြီး ဝတ်စားတတ်သလို သူမအတွက် Comfortable လည်း ဖြစ်မယ် Stylish လည်း ဖြစ်မယ့် ဟာလေးတွေကိုလည်း ရွေးပြီး ဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။ သူမဝတ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပတ် သက်ပြီး မိခင်ပြောနေကျ စကားလေး တစ်ခွန်းကိုလည်း ယခုုလို ပြောပြခဲ့ပါသေးတယ်။

ပြည်သူ့အချစ်တော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေး ဖြစ်တဲ့ မေတိုးခိုင်ဟာ အခုဆိုရင် အနုပညာအလုပ်တွေ စလုပ်နေပြီဖြစ် ပါတယ်။ ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းလှတဲ့ မေတိုးခိုင်ဟာ ဖက်ရှင်နဲ့ ပတ်သက်ရင်လည်း ငယ်ရွယ်သူပီပီ သူ့နေရာနဲ့သူ လိုက်ဖက်စွာ ဝတ်စားတတ်သူဆိုလည်း မမှားပါဘူး။

သူမဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး ကိုယ်ကိုတိုင် တီထွင်ပြီး ဝတ်စားတတ်သလို သူမအတွက် Comfortable လည်း ဖြစ်မယ် Stylist လည်း ဖြစ်မယ့် ဟာလေးတွေကိုလည်း ရွေးပြီး ဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။

"ပွဲတစ်ပွဲ တက်မယ်ဆိုရင် တစ်ချို့ ပွဲတွေက သူ့ Theme နဲ့သူရှိတယ်။ အဲ့ကျရင်တော့ သူ့ Theme နဲ့ အလိုက်ဝတ်ဖြစ်တယ်။ ဒါပေမယ့် Theme မရှိတဲ့ ပွဲတွေဆိုရင်တော့ ကိုယ့်ဘာသာကိုယ် စဉ်းစား ပြီးတော့ Comfortable လည်း ဖြစ်မယ်။ Stylist လည်း ဖြစ်တယ့် ဟာလေး တွေကို ရွေးပြီး ဝတ်ဖြစ်တယ်" လို့ သူမက   သြဂုတ်လ(၁၇) ရက်နေ့က ပြုလုပ်တဲ့ left & Right Fashion ဆိုင်သစ်ဖွင့်ပွဲသို့ တက်ရောက်ရင်း Duwun Media မှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

တစ်ခါတလေမှာ သူမဝတ်တဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး တချို့သော သူများရဲ့ ဝေဖန်မှုတွေကို ခံရတာတွေလည်း ရှိခဲ့ပါတယ်။ သူမဝတ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး မိခင်ပြောနေကျ စကားလေး တစ်ခွန်းကိုလည်း ယခုုလို ပြောပြခဲ့ပါသေးတယ်။

"မေမေက ပြောတယ်။တစ်ခါတလေ လူနားလည်အောင်ဝတ်လို့ အမြဲပြောပါတယ်။ ဒါပေမယ့် သူလည်း ပြောရင်း ပြောရင်းနဲ့ ပြောလို့မရ တော့ မပြောတော့ဘူးနောက်ပိုင်းကျတော့မေမေက ဖူးရဲ့ ဖက်ရှင်ကို သူလည်း နားလည်တယ်။ ကြိုက်တယ်။ အကုန်လုံးသိပြီး နားလည်ဖို့ အတွက်ကျတော့ ဖူးက နည်းနည်းလေး များနေတယ်လို့ ပြောတယ်။အဲ့ဒါကြောင့် မေမေက နားလည်အောင် ဝတ်ဆိုပြီး ပြောတာပါ။ ကိုယ်ကြိုက်တာပဲ ကိုယ်ဝတ်တာများတယ်။တစ်လေတလေ မစဉ်းစားချင်တော့ဘူးဆိုရင်မေမေတို့ တီဝဲတို့ကို အကူအညီတောင်းပြိးတော့ တီဝဲတို့ စီစဉ်လိုက်တော့ဆိုပြီး ပြောတယ်"ဆိုပြီး ဆက်လက်ပြောပြထားပါတယ်

ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ မေတိုးခိုင်ဟာ နောက်ပိုင်းမှာ ဒီဇိုင်နာ လုပ်ဖို့ အစီအစဉ်ရှိသလို ကိုယ်ပိုင် Brand လေး တစ်ခုကို လုပ်ချင်တယ်လို့ ဆိုပါတယ်။အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေး မေတိုးခိုင်က ယောကျ်ာလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလေးပါ။

သူ့ရဲ့ခပ်မိမိစတိုင်ကို သဘောကျတဲ့ မိန်းကလေးပရိသတ်တွေလည်း မနည်းလှပါဘူး။ အခုဆိုရင် သူမကို ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေတောင်ရှိနေပါပြီဖြစ်သလို ဇာတ်ကားတွေလည်း ရိုက်ကူးနေရပါပြီ။

၂၀၁၈ခုနှစ် မေလအတွင်းမှာပဲ အသက်(၂၃)နှစ်ပြည့်သွားတဲ့ မေတိုးခိုင်လေးဟာ အဒေါ်နဲ့ ရုပ်ချင်းဆင်ပြီး နုနယ်တဲ့ ရုပ်ရည်ရှိပြီး စကားပြောရင်လည်း ပွင့်လင်းလှတာကြောင့် လူချစ်လူခင်များပါတယ်။  အနုပညာအလုပ်တွေ စလုပ်ဖြစ်နေတဲ့ သူမကအနုပညာပိုင်းနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ဆီက ၁၀၀ရာခိုင်နှုန်း ထောက်ပ့ံမှုတွေ ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top