ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

မိန္းမေခ်ာေလးတစ္ဦးဟာ လမ္းေလွ်ာက္ေနစဥ္ ထင္မွတ္မထားဘဲ ေရေျမာင္းကို ကာဗာလုပ္ထားတဲ့ (သံေခ်ာင္းနဲ႔ျပဳလုပ္ထားတဲ့) အကာအရံၾကားမွာ ေျခေထာက္လွ်ိဳက်ၿပီး ညပ္ေနခဲ့ပါတယ္။ သူမဟာ ကနဦးတုန္းကေတာ့ အနည္းငယ္ ႐ုန္းကန္ၿပီး ျပန္ႏႈတ္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ နာက်င္တာကလြဲၿပီး ဘာမွ မထူးျခားပါဘူး။

ေကာင္မေလးကေတာ့ အသက္(၁၆)ႏွစ္သာ ရွိေသးၿပီး တ႐ုတ္ႏုိင္ငံ အေနာက္ေတာင္ပုိင္း Guizhou စီရင္စု Zunyi ၿမိဳ႕မွာ ေနထုိင္ပါတယ္။ သူမဟာ ေက်ာင္း Gym ႐ုံကေန ျပန္အလာမွာ အခုလုိ ေျမာင္းေပါက္ထဲကို ကၽြံက်ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ကာဗာအျဖစ္ အသုံးျပဳထားတဲ့ သံေခ်ာင္းတစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္း အကြာအေဝးဟာ (၈)စင္တီမီတာသာ ရွိတာေၾကာင့္၊ သူမေျခေထာက္ဟာ ေတာ္ေတာ္ေလး ပိန္လုိ႔သာ ဒီေလာက္က်ဥ္းတဲ့အေပါက္ကုိ ေျခေခ်ာ္က်ခဲ့တာလုိ႔ ဆုိရမွာပါ။ ယင္းေနာက္ မီးသတ္သမားေတြကို အကူအညီေတာင္းခဲ့ရပါတယ္။

အဆုိပါေကာင္မေလးရဲ႕ ညပ္ေနတဲ့ေျခေထာက္ကို ေရစုိအဝတ္ပတ္ၿပီး မီးသတ္သမားေတြက သံေခ်ာင္းကို သံျဖတ္လႊနဲ႔ျဖတ္ေတာက္ကာ ကယ္ဆယ္ခဲ့ရပါတယ္။ သူမဟာ (၁၀)မိနစ္ေလာက္အတြင္းမွာပင္ လြတ္ေျမာက္ခဲ့ၿပီး ပြန္းပဲ့ဒဏ္ရာအခ်ိဳ႕သာ ရရွိခဲ့လုိ႔ ေဆး႐ုံေတာ့ သြားစရာမလုိခဲ့ဘူးလုိ႔ သိရပါတယ္။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းမချောလေးတစ်ဦးဟာ လမ်းလျှောက်နေစဉ် ထင်မှတ်မထားဘဲ ရေမြောင်းကို ကာဗာလုပ်ထားတဲ့ (သံချောင်းနဲ့ပြုလုပ်ထားတဲ့) အကာအရံကြားမှာ ခြေထောက်လျှိုကျပြီး ညပ်နေခဲ့ပါတယ်။ သူမဟာ ကနဦးတုန်းကတော့ အနည်းငယ် ရုန်းကန်ပြီး ပြန်နှုတ်ဖို့ ကြိုးစားခဲ့ပေမယ့် နာကျင်တာကလွဲပြီး ဘာမှ မထူးခြားပါဘူး။

ကောင်မလေးကတော့ အသက်(၁၆)နှစ်သာ ရှိသေးပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou စီရင်စု Zunyi မြို့မှာ နေထိုင်ပါတယ်။ သူမဟာ ကျောင်း Gym ရုံကနေ ပြန်အလာမှာ အခုလို မြောင်းပေါက်ထဲကို ကျွံကျခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကာဗာအဖြစ် အသုံးပြုထားတဲ့ သံချောင်းတစ်ချောင်းနဲ့တစ်ချောင်း အကွာအဝေးဟာ (၈)စင်တီမီတာသာ ရှိတာကြောင့်၊ သူမခြေထောက်ဟာ တော်တော်လေး ပိန်လို့သာ ဒီလောက်ကျဉ်းတဲ့အပေါက်ကို ခြေချော်ကျခဲ့တာလို့ ဆိုရမှာပါ။ ယင်းနောက် မီးသတ်သမားတွေကို အကူအညီတောင်းခဲ့ရပါတယ်။

အဆိုပါကောင်မလေးရဲ့ ညပ်နေတဲ့ခြေထောက်ကို ရေစိုအဝတ်ပတ်ပြီး မီးသတ်သမားတွေက သံချောင်းကို သံဖြတ်လွှနဲ့ဖြတ်တောက်ကာ ကယ်ဆယ်ခဲ့ရပါတယ်။ သူမဟာ (၁၀)မိနစ်လောက်အတွင်းမှာပင် လွတ်မြောက်ခဲ့ပြီး ပွန်းပဲ့ဒဏ်ရာအချို့သာ ရရှိခဲ့လို့ ဆေးရုံတော့ သွားစရာမလိုခဲ့ဘူးလို့ သိရပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top