ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးတိုင္းေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ သာဂရၿမိဳ႕(အထက) ေက်ာင္းေရွ႕ ရန္ကုန္-မႏၲေလးကား လမ္းတြင္ ၾသဂုတ္ ၈ ရက္ နံနက္ ၅ နာရီခြဲအခ်ိန္ခန္႔က ဝန္ထမ္းႀကိဳပို႔ရပ္တန္႔ထားေသာ ေရနီစကၠဴ စက္ဝန္ထမ္းႀကိဳပို႔ဖယ္ရီယာဥ္အား ၁၈ ဘီးကုန္တင္ယာဥ္မွ အရွိန္လြန္ဝင္တိုက္မိခဲ့ရာ ကုန္တင္ယာဥ္ ေမာင္း(စိုးရိမ္ရ)ဒဏ္ရာရရွိ သြားခဲ့ေၾကာင္းသိရသည္။

 ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္းသတင္းအရ သာဂရ နယ္ေျမရဲစခန္းမွ တာဝန္မွဴး ဒုရဲအုပ္ ဘိုဘိုေဆြ ႏွင့္အဖြဲ႕ကသြားေရာက္စစ္ေဆးခဲ့ရာ သာဂရၿမိဳ႕ ငါးခံုးမေခ်ာင္း အေနာက္ပိုင္းရပ္ကြက္၊(အထက)ေက်ာင္းေရွ႕ ရန္ကုန္မႏၲေလး ကားလမ္း မိုင္တိုင္ ၂ဝ၅ တြင္ ေရနီ စကၠဴစက္ရံုမွဝန္ထမ္းမ်ားႀကိဳပို႔ရန္ ရပ္တန္႔ထားသည့္ 5B/------NISSAN ၁ဝ ဘီးယာဥ္၏ေနာက္ဝဲဘက္ ျခမ္းအား ကားလမ္းအတုိင္း ေျမာက္မွေတာင္သို႔ ေနထြန္းေဇာ္(၄၄)ႏွစ္၊ ရပ္ကြက္ႀကီး(၁၂)၊ ျပင္ဦးလြင္ၿမိဳ႕ ေနသူေမာင္းႏွင္လာေသာ 1M/-------FUSO ၁၈ ဘီးယာဥ္သည္အခင္းျဖစ္ေနရာအေရာက္ ယာဥ္ေမာင္း ႏွင္သူ အိပ္ငိုက္သြားရာမွ ဝင္ေရာက္တိုက္မိ ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ေနထြန္းေဇာ္ တြင္(စိုးရိမ္ရ)ဒဏ္ရာမ်ားရရွိခဲ့ၿပီး ယာဥ္၏ဦးေခါင္းခန္းအတြင္ ညပ္ပိေနသည့္အတြက္ ၿမိဳ႕ခံမ်ားက ဝိုင္းဝန္းဆြဲထုတ္ေပးခဲ့ရၿပီး ျဖစ္စဥ္ႏွင့္ပါတ္သက္၍ သာဂရနယ္ေျမရဲစခန္း၌ အမႈဖြင့္စစ္ေဆးလ်က္ ရွိေၾကာင္းသိရသည္။

ကုိလြင္(ဆြာ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmaalinn
# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့(အထက) ကျောင်းရှေ့ ရန်ကုန်-မန္တလေးကား လမ်းတွင် သြဂုတ် ၈ ရက် နံနက် ၅ နာရီခွဲအချိန်ခန့်က ဝန်ထမ်းကြိုပို့ရပ်တန့်ထားသော ရေနီစက္ကူ စက်ဝန်ထမ်းကြိုပို့ဖယ်ရီယာဉ်အား ၁၈ ဘီးကုန်တင်ယာဉ်မှ အရှိန်လွန်ဝင်တိုက်မိခဲ့ရာ ကုန်တင်ယာဉ် မောင်း(စိုးရိမ်ရ)ဒဏ်ရာရရှိ သွားခဲ့ကြောင်းသိရသည်။

 ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရ နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ဘိုဘိုဆွေ နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ သာဂရမြို့ ငါးခုံးမချောင်း အနောက်ပိုင်းရပ်ကွက်၊(အထက)ကျောင်းရှေ့ ရန်ကုန်မန္တလေး ကားလမ်း မိုင်တိုင် ၂ဝ၅ တွင် ရေနီ စက္ကူစက်ရုံမှဝန်ထမ်းများကြိုပို့ရန် ရပ်တန့်ထားသည့် 5B/------NISSAN ၁ဝ ဘီးယာဉ်၏နောက်ဝဲဘက် ခြမ်းအား ကားလမ်းအတိုင်း မြောက်မှတောင်သို့ နေထွန်းဇော်(၄၄)နှစ်၊ ရပ်ကွက်ကြီး(၁၂)၊ ပြင်ဦးလွင်မြို့ နေသူမောင်းနှင်လာသော 1M/-------FUSO ၁၈ ဘီးယာဉ်သည်အခင်းဖြစ်နေရာအရောက် ယာဉ်မောင်း နှင်သူ အိပ်ငိုက်သွားရာမှ ဝင်ရောက်တိုက်မိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုကြောင့် နေထွန်းဇော် တွင်(စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်၏ဦးခေါင်းခန်းအတွင် ညပ်ပိနေသည့်အတွက် မြို့ခံများက ဝိုင်းဝန်းဆွဲထုတ်ပေးခဲ့ရပြီး ဖြစ်စဉ်နှင့်ပါတ်သက်၍ သာဂရနယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmaalinn
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top