iMyanmarHouse.com - Best Property Website for Myanmar
×

အေကာက္ခြန္အရာရွိမ်ားအားရန္ကုန္တုိင္းတရားလႊတ္ေတာ္သို႔ ႐ံုးထုတ္လာစဥ္ ( ဓာတ္ပံု -ေကဇြန္ေႏြး/Myanmar Now)

(ရန္ကုန္) – ေမာ္ေတာ္ယာဥ္မ်ား တင္သြင္းမႈတြင္ ေငြက်ပ္ သိန္းေသာင္းႏွင့္ခ်ီကာ ရယူခဲ့သည့္ဟု စြပ္စြဲခံရၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ တရားစြဲဆိုခံထားရသည့္ အေကာက္ခြန္အရာရွိ ၁၂ ဦးကို ယေန႔ (ၾသဂုတ္ ၇) တြင္ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္တြင္ ပထမဆံုးအႀကိမ္ ရံုးထုတ္ခဲ့ရာတြင္ တရားစြဲဆိုသူကုိ စတင္စစ္ေဆးခဲ့သည္။

တရားလိုျဖစ္သူ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္မွ ဦးစိုးသန္းကို စတင္စစ္ေဆးစဥ္ ဥပေဒအရာရွိႏွင့္ တရားသူႀကီးတုိ႔က တိုင္ၾကားသူ၏ အမည္ကို ထည့္သြင္းရန္ ေျပာဆိုရန္ေတာင္းဆိုခဲ့ေသာ္လည္း ေကာ္မရွင္က အရာရွိကျငင္းဆန္ခဲ့သည္။

“ကၽြန္ေတာ္တုိ႔  ေကာ္မရွင္အေနနဲ႔ တိုင္ၾကားတဲ့သူကို ဘယ္သူဘယ္၀ါက တိုင္ၾကားတယ္ဆိုတာ ေျပာလုိ႔မရပါဘူး။ တိုင္ၾကားစာအရ ကၽြန္ေတာ္တုိ႔ ေကာ္မရွင္အေနနဲ႔ အဖြဲ႕၀င္ ၇ ဦးဖြဲ႕ကာ စံုစမ္းစစ္ေဆးတယ္။ စစ္ေဆးခ်က္အရ အဂတိလိုက္စားတယ္ဆိုတာ ေပၚေပါက္လာလုိ႔ အမႈဖြင့္တယ္” ဟု သူက တရားခြင္အတြင္း ထြက္ဆိုခဲ့သည္။

ေမာ္ေတာ္ယာဥ္မ်ားကို တင္သြင္းရာတြင္ ေငြေတာင္းယူသည့္အျပင္ အစိုးရ ေမာ္ေတာ္ယာဥ္တင္သြင္းမႈ ႀကီးၾကပ္ေရး ေကာ္မရွင္မွ ပိတ္ပင္ထားသည့္ ယာဥ္အမ်ိဳးအစားမ်ားကို တင္သြင္းခြင့္ျပဳခဲ့ေၾကာင္း၊ အဆိုပါကိစၥ စိစစ္ေပၚေပါက္ခ်က္အရ အေကာက္ခြန္အရာရွိ ၁၂ ဦးလံုးကို  ၂၀၁၃ ခုႏွစ္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ ႏွင့္ ၆၃ တုိ႔ျဖင့္ အမႈဖြင့္တရားစြဲဆိုခဲ့ေၾကာင္း ေကာ္မရွင္က ဇူလိုင္ ၂၅ ရက္ေန႔က ထုတ္ျပန္ခဲ့သည္။

တရားစြဲဆိုခံရသူမ်ားမွာ အေကာက္ခြန္ဌာနမွ ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္ေထြးေဆြ၊ ဦး၀င္းလိႈင္ႏွင့္ ဦးေက်ာ္ညြန္႔ေအာင္၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးမ်ိဳးျမတ္ေက်ာ္၊ ဦးစီးအရာရွိ ဦးမလန္းရွရြယ္၊ ေဒၚနန္းသဥၨာ၊ ဦးဗိုလ္ဗိုလ္၊ အေကာက္ခြန္မွဴး ဦးဟန္၀င္းေအာင္၊ ဒုတိယအေကာက္ခြန္မွဴး ဦးေဇာ္၀င္းဟိန္းႏွင့္ ဦးေနမင္းထက္၊ လက္ေထာက္အေကာက္ခြန္မွဴး ဦးသန္းေအးႏွင့္ ဒုတိယလက္ေထာက္ အေကာက္ခြန္မွဴး ဦးသိန္း၀င္းတုိ႔ ျဖစ္ၾကသည္။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ တြင္ ႏိုင္ငံေရးရာထူး လက္ရွိျဖစ္သူမွအပ အျခားလုပ္ပိုင္ခြင့္အာဏာရွိသူ သို႔မဟုတ္ လုပ္ပိုင္ခြင့္အာဏာရွိစဥ္က မည္သူမဆို အဂတိလုိက္စားမႈက်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို ၁၀ ႏွစ္ထက္မပိုေသာ ျပစ္ဒဏ္ကို ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွန္ႏိုင္သည္ဟု ျပဌာန္းထားသည္။

ထို႔အျပင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၆၃ တြင္ မည္သူမဆို ဥပေဒပါျပစ္မႈတရပ္ရပ္ကို က်ဴးလြန္ရန္ လံႈ႕ေဆာ္ျခင္း၊ အားထုတ္ျခင္း၊ ပူးေပါင္းႀကံစည္ျခင္း သို႔မဟုတ္ စီမံခန္႔ခြဲျခင္း ျပဳလွ်င္ျဖစ္ေစ၊ ျပစ္မႈက်ဴးလြန္ရာတြင္ အားေပးကူညီလွ်င္ျဖစ္ေစ ယင္းျပစ္မႈအတြက္ ျပစ္ဒဏ္ကိုခ်မွတ္ျခင္းခံရမည္ဟု ျပဌာန္းထားသည္။

“ဒီအမႈက ၂၀၁၈ ခုႏွစ္အတြင္းမွာ အဂတိတိုက္ဖ်က္ေရးနဲ႔ ပတ္သက္တဲ့ ပထမဆံုးအမႈေတြပဲ” ဟု ရန္ကုန္တိုင္းတရားလႊတ္ေတာ္မွ သတင္းႏွင့္ျပန္ၾကားေရးအရာရွိ၊ လက္ေထာက္ညႊန္ၾကားေရးမွဴးျဖစ္သူ ေဒၚႏြဲ႕ႏြဲ႕ဦးက ေျပာသည္။

ယေန႔ရံုးခ်ိန္းတြင္ တရားစြဲဆိုသူကို စတင္စစ္ေမးေနျခင္းသာျဖစ္ၿပီး စြပ္စြဲထားသည့္အမႈမ်ားႏွင့္ ပတ္သက္ၿပီး မိမိတုိ႔ဘက္က ျပန္လွန္ေမးခြန္းမ်ား ေမးျမန္းျခင္းမရွိေသးသည့္အတြက္ အမႈႏွင့္ပတ္သက္သည့္ အလံုးစံုမပါေသးေၾကာင္း၊ အမႈကိစၥ အလံုးစံု ၿပီးစီးမွသာ မည္သူက မည္သုိ႔ျပစ္မႈက်ဴးလြန္သည္ကို သိရမွာျဖစ္ေၾကာင္း စြပ္စြဲခံထားရသည္ အေကာက္ခြန္ဦးစီးအရာရွိ ေဒၚနန္းသဥၨာ၏ ေရွ႕ေန ဦးဝဏၰေဇာ္က တရားခြင္အၿပီးတြင္ ေျပာသည္။

“လက္ရွိအခ်ိန္မွာ ကားတင္သြင္းတာကေနမွ အဂတိလုိက္စားပါတယ္ဆိုၿပီး စြပ္စြဲၿပီးေတာ့လုပ္တာ။ ဘယ္သူက ဘယ္ပုဒ္မဆိုတာ အကုန္လံုးေျပာလုိ႔မရေသးဘူး။ တိုင္စာမွာပါေပမယ့္ စြပ္စြဲခ်က္အဆင့္ပဲရွိေသးတယ္။ အမႈဖြင့္တာကလည္း တႏွစ္ေက်ာ္ၾကာၿပီးေတာ့မွ ဖြင့္တာ” ဟု သူက ဆိုသည္။

စြပ္စြဲခံရသူမ်ားသည္ အင္းစိန္ေထာင္မွ တိုင္းတရားလႊတ္ေတာ္သုိ႔ ေရာက္လာသည့္အခ်ိန္တြင္ မ်က္ႏွာဖံုးမ်ားကို တပ္ထားၿပီး တရားခြင္အတြင္းသို႔၀င္ေရာက္လာခဲ့ၾကသည္။

တရားခြင္အၿပီးအျပန္တြင္ စြပ္စြဲခံရသူဘက္မွ အမ်ိဳးသမီးတစ္ဦးက တရားရံုးပရ၀ုဏ္အတြင္းတြင္ပင္ ဖုန္းကိုဖြင့္ကာ သတင္းလာယူေသာ သတင္းေထာက္မ်ားဘက္သုိ႔လွည့္ၿပီး  ဓာတ္ပံုရိုက္ကူးမည့္ သူမ်ားကိုတရားစြဲမည္ဟု ခ်ိန္းေျခာက္ေျပာဆိုခဲ့သျဖင့္ သတင္းေထာက္တခ်ိဳ႕ႏွင့္ စကားမ်ားခဲ့ၾကသည္။

တရားရံုး ပရ၀ုဏ္အတြင္းမွ ဓာတ္ပံုႏွင့္ ရုပ္သံမွတ္တမ္းမ်ားရိုက္ကူးခြင့္ကိုတားျမစ္ထားေသာ္လည္း အဆိုပါ အမ်ိဳးသမီးသည္ ဓာတ္ပံု(သို႔မဟုတ္) ရုပ္သံ ရိုက္ကူးျခင္းရွိမရွိကို စစ္ေဆးေပးရန္ သတင္းေထာက္မ်ားက တရားရံုးရွိ တာ၀န္ရွိသူ မ်ားအားအသိေပးအေၾကာင္းၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မႈခင္သတင္းဂ်ာနယ္

#Unicode Version#



အကောက်ခွန်အရာရှိများအားရန်ကုန်တိုင်းတရားလွှတ်တော်သို့ ရုံးထုတ်လာစဉ် ( ဓာတ်ပုံ -ကေဇွန်နွေး/Myanmar Now)

(ရန်ကုန်) – မော်တော်ယာဉ်များ တင်သွင်းမှုတွင် ငွေကျပ် သိန်းသောင်းနှင့်ချီကာ ရယူခဲ့သည့်ဟု စွပ်စွဲခံရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် အကောက်ခွန်အရာရှိ ၁၂ ဦးကို ယနေ့ (သြဂုတ် ၇) တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ရာတွင် တရားစွဲဆိုသူကို စတင်စစ်ဆေးခဲ့သည်။

တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးစိုးသန်းကို စတင်စစ်ဆေးစဉ် ဥပဒေအရာရှိနှင့် တရားသူကြီးတို့က တိုင်ကြားသူ၏ အမည်ကို ထည့်သွင်းရန် ပြောဆိုရန်တောင်းဆိုခဲ့သော်လည်း ကော်မရှင်က အရာရှိကငြင်းဆန်ခဲ့သည်။

“ကျွန်တော်တို့  ကော်မရှင်အနေနဲ့ တိုင်ကြားတဲ့သူကို ဘယ်သူဘယ်ဝါက တိုင်ကြားတယ်ဆိုတာ ပြောလို့မရပါဘူး။ တိုင်ကြားစာအရ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ အဖွဲ့ဝင် ၇ ဦးဖွဲ့ကာ စုံစမ်းစစ်ဆေးတယ်။ စစ်ဆေးချက်အရ အဂတိလိုက်စားတယ်ဆိုတာ ပေါ်ပေါက်လာလို့ အမှုဖွင့်တယ်” ဟု သူက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

မော်တော်ယာဉ်များကို တင်သွင်းရာတွင် ငွေတောင်းယူသည့်အပြင် အစိုးရ မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေး ကော်မရှင်မှ ပိတ်ပင်ထားသည့် ယာဉ်အမျိုးအစားများကို တင်သွင်းခွင့်ပြုခဲ့ကြောင်း၊ အဆိုပါကိစ္စ စိစစ်ပေါ်ပေါက်ချက်အရ အကောက်ခွန်အရာရှိ ၁၂ ဦးလုံးကို  ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နှင့် ၆၃ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း ကော်မရှင်က ဇူလိုင် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

တရားစွဲဆိုခံရသူများမှာ အကောက်ခွန်ဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ဦးဝင်းလှိုင်နှင့် ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်းရှရွယ်၊ ဒေါ်နန်းသဉ္ဇာ၊ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်းနှင့် ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေးနှင့် ဒုတိယလက်ထောက် အကောက်ခွန်မှူး ဦးသိန်းဝင်းတို့ ဖြစ်ကြသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက်မပိုသော ပြစ်ဒဏ်ကို ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှန်နိုင်သည်ဟု ပြဌာန်းထားသည်။

ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ တွင် မည်သူမဆို ဥပဒေပါပြစ်မှုတရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြစ်ဒဏ်ကိုချမှတ်ခြင်းခံရမည်ဟု ပြဌာန်းထားသည်။

“ဒီအမှုက ၂၀၁၈ ခုနှစ်အတွင်းမှာ အဂတိတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ပထမဆုံးအမှုတွေပဲ” ဟု ရန်ကုန်တိုင်းတရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

ယနေ့ရုံးချိန်းတွင် တရားစွဲဆိုသူကို စတင်စစ်မေးနေခြင်းသာဖြစ်ပြီး စွပ်စွဲထားသည့်အမှုများနှင့် ပတ်သက်ပြီး မိမိတို့ဘက်က ပြန်လှန်မေးခွန်းများ မေးမြန်းခြင်းမရှိသေးသည့်အတွက် အမှုနှင့်ပတ်သက်သည့် အလုံးစုံမပါသေးကြောင်း၊ အမှုကိစ္စ အလုံးစုံ ပြီးစီးမှသာ မည်သူက မည်သို့ပြစ်မှုကျူးလွန်သည်ကို သိရမှာဖြစ်ကြောင်း စွပ်စွဲခံထားရသည် အကောက်ခွန်ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၏ ရှေ့နေ ဦးဝဏ္ဏဇော်က တရားခွင်အပြီးတွင် ပြောသည်။

“လက်ရှိအချိန်မှာ ကားတင်သွင်းတာကနေမှ အဂတိလိုက်စားပါတယ်ဆိုပြီး စွပ်စွဲပြီးတော့လုပ်တာ။ ဘယ်သူက ဘယ်ပုဒ်မဆိုတာ အကုန်လုံးပြောလို့မရသေးဘူး။ တိုင်စာမှာပါပေမယ့် စွပ်စွဲချက်အဆင့်ပဲရှိသေးတယ်။ အမှုဖွင့်တာကလည်း တနှစ်ကျော်ကြာပြီးတော့မှ ဖွင့်တာ” ဟု သူက ဆိုသည်။

စွပ်စွဲခံရသူများသည် အင်းစိန်ထောင်မှ တိုင်းတရားလွှတ်တော်သို့ ရောက်လာသည့်အချိန်တွင် မျက်နှာဖုံးများကို တပ်ထားပြီး တရားခွင်အတွင်းသို့ဝင်ရောက်လာခဲ့ကြသည်။

တရားခွင်အပြီးအပြန်တွင် စွပ်စွဲခံရသူဘက်မှ အမျိုးသမီးတစ်ဦးက တရားရုံးပရဝုဏ်အတွင်းတွင်ပင် ဖုန်းကိုဖွင့်ကာ သတင်းလာယူသော သတင်းထောက်များဘက်သို့လှည့်ပြီး  ဓာတ်ပုံရိုက်ကူးမည့် သူများကိုတရားစွဲမည်ဟု ချိန်းခြောက်ပြောဆိုခဲ့သဖြင့် သတင်းထောက်တချို့နှင့် စကားများခဲ့ကြသည်။

တရားရုံး ပရဝုဏ်အတွင်းမှ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများရိုက်ကူးခွင့်ကိုတားမြစ်ထားသော်လည်း အဆိုပါ အမျိုးသမီးသည် ဓာတ်ပုံ(သို့မဟုတ်) ရုပ်သံ ရိုက်ကူးခြင်းရှိမရှိကို စစ်ဆေးပေးရန် သတင်းထောက်များက တရားရုံးရှိ တာဝန်ရှိသူ များအားအသိပေးအကြောင်းကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: မှုခင်သတင်းဂျာနယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top