ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ယေန႔ေခတ္ဟာ နည္းပညာအသစ္အဆန္းေတြမ်ားစြာ
တိုးတက္လာသလို ေရာဂါအသစ္အဆန္းေတြလဲ မၾကာခဏ
ျဖစ္ပြားလာပါတယ္။ တစ္ခ်ိဳ႕ေရာဂါေတြဟာဆိုရင္ ကူးစက္မႈက
လည္း လြယ္ကူလွ်င္ျမန္ၿပီး ေသေစႏိုင္ေလာက္တဲ့အထိ ျပင္း
ထန္ၾကပါတယ္။ ေရာဂါအသစ္ ဗိုင္းရပ္အသစ္ေတြ ျဖစ္တဲ့အတြက္
ကာကြယ္ေဆး၊ကုသေဆးေတြ အဆင္သင့္႐ွိမေနပါဘူး။ကမၻာ
တစ္ဝွမ္း လူဦးေရမ်ားစြာကိုေသဆံုးေစပါတယ္။

လြန္ခဲ့တဲ့ ေသာၾကာေန႔ကMasachusetts Medical Society နဲ႔ New
England Journal Of Medicineတို႔ က်င္းပျပဳလုပ္ခဲ့တဲ့
ကူးစက္ေရာဂါအေၾကာင္း ေဆြေႏြးပြဲမွာေတာ့ ကမၠာတစ္ဝွမ္းမွ
လူဦးေရ သန္း၃၀ခန္႔ ေျခာက္လအတြင္းေသဆံုးႏိုင္တဲ့ ေရာဂါသစ္
တစ္ခု ျဖစ္ပြားလာႏိုင္ေၾကာင္း ဘီလ္ဂိတ္က ေျပာၾကားခဲ့ ပါတယ္။
အဲ့ဒီအတြက္ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ထားသင့္ေၾကာင္းလဲ
ထည့္သြင္းေျပာ ၾကားခဲ့ပါတယ္။

ဘီဂိတ္ဆိုတာကေတာ့ Microsoft ကုမၸဏီ ရဲ႕ ထူေထာင္သူျဖစ္ၿပီး
ကမၻာ့အခ်မ္းသာဆံုးပုဂိၢဳလ္လည္း ျဖစ္ခဲ့ဖူးပါတယ္။ ဘီလ္ဟာ
အမ်ားအားျဖင့္ အေကာင္းျမင္ဝါဒီ တစ္ဦးျဖစ္ပါတယ္။ ေဆြးေႏြမႈ
ေတြမွာလည္း အဆိုးေတြကိုတတ္ႏိုင္သမွ်ေ႐ွာင္ဖယ္ေျပာတတ္သူ
လည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ယခုအခါမွာေတာ့ကမၻာ့လူသားေတြ
အတြက္ အေရးႀကီးလြန္းလုိ႔ သတိေပးလိုက္တာ ျဖစ္ပါလိမ့္မယ္။

၁၉၁၈ခုႏွစ္ကလည္း ကူးစက္ေရာဂါတစ္ခုေၾကာင့္ ေျခာက္လအတြင္း
ကမၻာတစ္ဝွမ္းမွ လူသန္း ၃၀ေက်ာ္ေသဆံုးခဲ့ရဖူးပါတယ္။အဲ့ဒီေရာဂါ
ဟာဆိုရင္ စုစုေပါင္းလူသန္း၅၀ ေက်ာ္ကို ေသဆံုးေစခဲ့ပါတယ္။
အဲ့ဒီလိုမ်ိဳးျပင္းထန္တဲ့ ေရာဂါအသစ္တစ္ခုဟာ လာမယ့္ဆယ္စုႏွစ္
တစ္ခုအတြင္း ျဖစ္ပြားလာႏိုင္တယ္လို႔ ဆိုပါတယ္။ ဘီလ္ဟာ Gate
ေဖာင္ေဒး႐ွင္းကိုလည္းထူေထာင္ထားၿပီး ပိုလီယိုေရာဂါ၊ငွက္
​ဖ်ားေရာဂါကာ ကြယ္ေရးေတြကိုလည္း လုပ္ေဆာင္ေနပါတယ္။

ယခုျဖစ္ပြားလာႏိုင္တဲ့ ကူစက္ေရာဂါ မ်ိဳးေတြကို အၾကမ္းဖက္အဖြဲ႔
အစည္း ေတြကေနၿပီးလက္နက္တစ္ခုသဖြယ္ အသံုးျပဳလာႏိုင္
ၾကာင္းလည္းေျပာၾကားခဲ့ပါတယ္။ အဲ့ဒီလို တိုက္ခိုက္မႈေတြသာ
ျပဳလုပ္လာခဲ့ရင္နာရီအနည္းငယ္အတြင္းမွာတင္ ႏိုင္ငံအမ်ားအျပား
ဆီပ်ံ့ႏွံ႔သြားႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ဒါ့ေၾကာင့္မို႔ ကမၻာ့အစိုးရ
ေတြက ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ထားသင့္တယ္လို႔ ဆိုပါတယ္။

ဘီလ္ဟာ ဘယ္လိုအခ်က္အလက္ေတြေၾကာင့္ ဒီလိုေရာဂါ
ျဖစ္ပြားလာႏိုင္တယ္ဆိုတာ ခန္႔မွန္းလို႔ရခဲ့ေၾကာင္းကိုေတာ့
ထည့္သြင္းေျပာၾကားျခင္း မ႐ွိခဲ့ပါဘူး။ ဒီေရာဂါဟာ ေရာဂါအသစ္
ကူးစက္ေရာဂါမ်ိဳးျဖစ္ၿပီး အခ်ိန္တိုအတြင္းမွာ မထိန္းခ်ဳပ္ႏိုင္ရင္
အႏၱာရယ္ႀကီးမား လာမွာျဖစ္ေၾကာင္းကိုသာ ေသခ်ာသတိေပး
ခဲ့ပါတယ္။ ဘီလ္ရဲ႕ ဇနီး မီလီဒါဂိတ္ကလည္း ဒါဟာ ကမၻာႀကီး
အတြက္ ၿခိမ္းေျခာက္မႈႀကီးတစ္ခု ျဖစ္လာႏိုင္တယ္လို႔ ေျပာၾကား
ခဲ့ပါတယ္။

Ref;Business Insider

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Si Thu Aung(Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
ယနေ့ခေတ်ဟာ နည်းပညာအသစ်အဆန်းတွေများစွာ
တိုးတက်လာသလို ရောဂါအသစ်အဆန်းတွေလဲ မကြာခဏ
ဖြစ်ပွားလာပါတယ်။ တစ်ချို့ရောဂါတွေဟာဆိုရင် ကူးစက်မှုက
လည်း လွယ်ကူလျှင်မြန်ပြီး သေစေနိုင်လောက်တဲ့အထိ ပြင်း
ထန်ကြပါတယ်။ ရောဂါအသစ် ဗိုင်းရပ်အသစ်တွေ ဖြစ်တဲ့အတွက်
ကာကွယ်ဆေး၊ကုသဆေးတွေ အဆင်သင့်ရှိမနေပါဘူး။ကမ္ဘာ
တစ်ဝှမ်း လူဦးရေများစွာကိုသေဆုံးစေပါတယ်။

လွန်ခဲ့တဲ့ သောကြာနေ့ကMasachusetts Medical Society နဲ့ New
England Journal Of Medicineတို့ ကျင်းပပြုလုပ်ခဲ့တဲ့
ကူးစက်ရောဂါအကြောင်း ဆွေနွေးပွဲမှာတော့ ကမ္ကာတစ်ဝှမ်းမှ
လူဦးရေ သန်း၃၀ခန့် ခြောက်လအတွင်းသေဆုံးနိုင်တဲ့ ရောဂါသစ်
တစ်ခု ဖြစ်ပွားလာနိုင်ကြောင်း ဘီလ်ဂိတ်က ပြောကြားခဲ့ ပါတယ်။
အဲ့ဒီအတွက်ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်ကြောင်းလဲ
ထည့်သွင်းပြော ကြားခဲ့ပါတယ်။

ဘီဂိတ်ဆိုတာကတော့ Microsoft ကုမ္ပဏီ ရဲ့ ထူထောင်သူဖြစ်ပြီး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့ဖူးပါတယ်။ ဘီလ်ဟာ
အများအားဖြင့် အကောင်းမြင်ဝါဒီ တစ်ဦးဖြစ်ပါတယ်။ ဆွေးနွေမှု
တွေမှာလည်း အဆိုးတွေကိုတတ်နိုင်သမျှရှောင်ဖယ်ပြောတတ်သူ
လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ကမ္ဘာ့လူသားတွေ
အတွက် အရေးကြီးလွန်းလို့ သတိပေးလိုက်တာ ဖြစ်ပါလိမ့်မယ်။

၁၉၁၈ခုနှစ်ကလည်း ကူးစက်ရောဂါတစ်ခုကြောင့် ခြောက်လအတွင်း
ကမ္ဘာတစ်ဝှမ်းမှ လူသန်း ၃၀ကျော်သေဆုံးခဲ့ရဖူးပါတယ်။အဲ့ဒီရောဂါ
ဟာဆိုရင် စုစုပေါင်းလူသန်း၅၀ ကျော်ကို သေဆုံးစေခဲ့ပါတယ်။
အဲ့ဒီလိုမျိုးပြင်းထန်တဲ့ ရောဂါအသစ်တစ်ခုဟာ လာမယ့်ဆယ်စုနှစ်
တစ်ခုအတွင်း ဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။ ဘီလ်ဟာ Gate
ဖောင်ဒေးရှင်းကိုလည်းထူထောင်ထားပြီး ပိုလီယိုရောဂါ၊ငှက်
ဖျားရောဂါကာ ကွယ်ရေးတွေကိုလည်း လုပ်ဆောင်နေပါတယ်။

ယခုဖြစ်ပွားလာနိုင်တဲ့ ကူစက်ရောဂါ မျိုးတွေကို အကြမ်းဖက်အဖွဲ့
အစည်း တွေကနေပြီးလက်နက်တစ်ခုသဖွယ် အသုံးပြုလာနိုင်
ကြာင်းလည်းပြောကြားခဲ့ပါတယ်။ အဲ့ဒီလို တိုက်ခိုက်မှုတွေသာ
ပြုလုပ်လာခဲ့ရင်နာရီအနည်းငယ်အတွင်းမှာတင် နိုင်ငံအများအပြား
ဆီပျံ့နှံ့သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ဒါ့ကြောင့်မို့ ကမ္ဘာ့အစိုးရ
တွေက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားသင့်တယ်လို့ ဆိုပါတယ်။

ဘီလ်ဟာ ဘယ်လိုအချက်အလက်တွေကြောင့် ဒီလိုရောဂါ
ဖြစ်ပွားလာနိုင်တယ်ဆိုတာ ခန့်မှန်းလို့ရခဲ့ကြောင်းကိုတော့
ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါဘူး။ ဒီရောဂါဟာ ရောဂါအသစ်
ကူးစက်ရောဂါမျိုးဖြစ်ပြီး အချိန်တိုအတွင်းမှာ မထိန်းချုပ်နိုင်ရင်
အန္တာရယ်ကြီးမား လာမှာဖြစ်ကြောင်းကိုသာ သေချာသတိပေး
ခဲ့ပါတယ်။ ဘီလ်ရဲ့ ဇနီး မီလီဒါဂိတ်ကလည်း ဒါဟာ ကမ္ဘာကြီး
အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောကြား
ခဲ့ပါတယ်။

Ref;Business Insider

ဖိုးသူတော် (www.phothutaw.com)
Credit: Si Thu Aung(Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top