ျမန္မာ့ဂုဏ္ေဆာင္ အားကစားသမားၾကီးတစ္ဦးျဖစ္တဲ့ ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ကေတာ့ လတ္တေလာမွာ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိေနတာျဖစ္ျပီး ျမန္မာ့ၾသဘာနဲ႔အတူ ေက်ာက္ဆည္ဘက္က ကုလဆိုတဲ့ရြာေလးသို႔ ေရာက္ရွိေနတာပဲျဖစ္ပါတယ္။

ေအာင္လအန္ဆန္ကေတာ့ အဆိုပါကုလရြာက ေဒသခံေတြကို သရုပ္ျပေဖ်ာ္ေျဖမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ျပီး လက္ေဝွ႔ဝါသနာပါတဲ့ ေဒသခံအေဒၚၾကီးတစ္ဦးကို လက္သီးဘယ္လိုထိုးရလဲဆိုတာ သင္ေပးခဲ့တာပဲ ျဖစ္ပါတယ္ ခ်စ္ပရိသတ္ေတြအတြက္ ေဒသခံအေဒၚၾကီးကို အားရပါးရလက္သီးထိုးနည္း သင္ေပးေနတဲ့ ေအာင္လအန္ဆန္ရဲ႕ ဗီဒီယိုေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အားရပါးရ လက္သီးထိုးေလ့က်င့္ေနတဲ့ အေဒၚၾကီးကလည္း ခ်စ္စရာၾကီးပါေနာ္။

ေအာင္လအန္ဆန္ကေတာ့ “ဒီေန႔ေက်ာက္ဆည္ဖက္ကကုလဆိုတဲ့ရြာေရာက္ေတာ့အဲ့ဒီကေဒသခံေတြကို သရုပ္ျပေဖ်ာ္ေျဖရင္း အဲ့ဒီကေဒသခံအေဒၚၾကီးတစ္ေယာက္က စိတ္ဝင္စားလို႔လက္သီး ဘယ္လိုထိုးရလဲ သင္ေပးခဲ့တယ္။ ရုိးသားျပီး ေပ်ာ္တတ္တဲ့ အဲ့ဒီအန္တီၾကီးရဲ႕ video ကို မိတ္ေဆြေတြအတြက္ ေဝမွ်လိုက္ပါတယ္။” ဆိုျပီး သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေဝမွ်ေပးထားတာပါ။

ထပ္ျပီးေတာ့လည္း ေအာင္လကေတာ့ “ျမန္မာနိုင္ငံအေရြ႕အတြက္ သူတို႔ရဲ႕စိုက္ပ်ိဴးသီးႏွံေတြနဲ႔ပံ့ပိုးေပးေနတဲ့ေတာင္သူေတြနဲ႔ေတြ႔ဖို႔ ၾသဘာနဲ႔အတူ ေက်ာက္ဆည္နဲ႔ ဖက္က ကုလရြာမွာကြ်န္ေတာ္ေရာက္ေနပါတယ္။စပါးကြင္းေတြက ကြ်န္ေတာ့္အတြက္ေပ်ာ္စရာေကာင္းတယ္။” ဆိုျပီးလည္း ေရးသားထားပါေသးတယ္။

ေအာင္လအန္ဆန္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ အေဒၚၾကီးတို႔ရဲ႕ ခ်စ္စရာဗီဒီယိုေလး

ခ်စ္ပရိသတ္ေတြေရာ ဒီဗီဒီယိုေလးကိုၾကည့္ျပီး ေအာင္လနဲ႔အတူ လက္ေဝွ႔ထိုး မသင္ခ်င္ၾကဘူးလား?

Source;Aung La Nsang’s Facebook

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myint Myat
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာ့ဂုဏ်ဆောင် အားကစားသမားကြီးတစ်ဦးဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကတော့ လတ်တလောမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး မြန်မာ့သြဘာနဲ့အတူ ကျောက်ဆည်ဘက်က ကုလဆိုတဲ့ရွာလေးသို့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ အဆိုပါကုလရွာက ဒေသခံတွေကို သရုပ်ပြဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ဝှေ့ဝါသနာပါတဲ့ ဒေသခံအဒေါ်ကြီးတစ်ဦးကို လက်သီးဘယ်လိုထိုးရလဲဆိုတာ သင်ပေးခဲ့တာပဲ ဖြစ်ပါတယ် ချစ်ပရိသတ်တွေအတွက် ဒေသခံအဒေါ်ကြီးကို အားရပါးရလက်သီးထိုးနည်း သင်ပေးနေတဲ့ အောင်လအန်ဆန်ရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အားရပါးရ လက်သီးထိုးလေ့ကျင့်နေတဲ့ အဒေါ်ကြီးကလည်း ချစ်စရာကြီးပါနော်။

အောင်လအန်ဆန်ကတော့ “ဒီနေ့ကျောက်ဆည်ဖက်ကကုလဆိုတဲ့ရွာရောက်တော့အဲ့ဒီကဒေသခံတွေကို သရုပ်ပြဖျော်ဖြေရင်း အဲ့ဒီကဒေသခံအဒေါ်ကြီးတစ်ယောက်က စိတ်ဝင်စားလို့လက်သီး ဘယ်လိုထိုးရလဲ သင်ပေးခဲ့တယ်။ ရိုးသားပြီး ပျော်တတ်တဲ့ အဲ့ဒီအန်တီကြီးရဲ့ video ကို မိတ်ဆွေတွေအတွက် ဝေမျှလိုက်ပါတယ်။” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာပါ။

ထပ်ပြီးတော့လည်း အောင်လကတော့ “မြန်မာနိုင်ငံအရွေ့အတွက် သူတို့ရဲ့စိုက်ပျိူးသီးနှံတွေနဲ့ပံ့ပိုးပေးနေတဲ့တောင်သူတွေနဲ့တွေ့ဖို့ သြဘာနဲ့အတူ ကျောက်ဆည်နဲ့ ဖက်က ကုလရွာမှာကျွန်တော်ရောက်နေပါတယ်။စပါးကွင်းတွေက ကျွန်တော့်အတွက်ပျော်စရာကောင်းတယ်။” ဆိုပြီးလည်း ရေးသားထားပါသေးတယ်။

အောင်လအန်ဆန်နဲ့ ပျော်ပျော်နေတတ်တဲ့ အဒေါ်ကြီးတို့ရဲ့ ချစ်စရာဗီဒီယိုလေး

ချစ်ပရိသတ်တွေရော ဒီဗီဒီယိုလေးကိုကြည့်ပြီး အောင်လနဲ့အတူ လက်ဝှေ့ထိုး မသင်ချင်ကြဘူးလား?

Source;Aung La Nsang’s Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top