မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ၿမန္မာႏိုင္ငံမွ ရုပ္ရွင္ခ်စ္သူ ပရိသတ္မ်ားအေနနဲ႔ ႏိုင္ငံတကာမွ ရုပ္ရွင္ဇာတ္ကားေကာင္းမ်ားစြာကို ၾကည့္ရႈ႕ခံစားဖူးၾကမွာပါ။ ဒီလိုရုပ္ရွင္ဇာတ္ကားေကာင္းေတြထဲမွာ မိမိတို႕ ၿမန္မာႏိုင္ငံကို ဇာတ္အိမ္တည္ၿပီး ရိုက္ကူးထားခဲ့တဲ့ ရုပ္ရွင္ေတြဟာလည္း ေရွ႕ယခင္ကတည္း ရိွခဲ့ဖူးပါတယ္။ ဒီလိုရိွခဲ့ၾကတဲ့ ရုပ္ရွင္ေတြထဲမွ ၿမန္မာႏုိင္ငံ ေခတ္အဆက္ဆက္ အစိုးရမ်ားမွ ပိတ္ပင္ထားခဲ့တဲ့ ၿမန္မာႏိုင္ငံမွာ ၿပသခြင့္မရရိွထားခဲ့တဲ့ ၿမန္မာႏုိင္ငံအေၾကာင္း ရုပ္ရွင္မ်ားကို မသိရိွေသးတဲ့ ပရိသတ္ေတြအတြက္ ေဖာ္ၿပေပးလုိက္ရပါတယ္။

(၁) The Lady

၂၀၁၁ခုနွစ္မွ ရံုတင္ၿပသခဲ့တဲ့ ဒီရုပ္ရွင္ကားဟာ ႏိုင္ငံတကာ ရုပ္ရွင္စံညြန္း သတ္မွတ္ခ်က္အရ ၇.၁ ရရိွထားခဲ့တဲ့ ဇာတ္ကားၿဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ၿမန္မာႏိုင္ငံမွ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၏ ငယ္ဘဝနွင့္ သူၾကံဳေတြ႕ခဲ့ရတဲ့ ခက္ခဲၾကမ္းတမ္းတဲ့ ဘဝအေတြ႕အၾကံဳမ်ားကို ရိုက္ကူးထားတဲ့ ဇာတ္လမ္းတခုၿဖစ္ပါတယ္။ ဒီကားမွာ မင္းသမီး မီရွဲယို ေဒၚေအာင္ဆန္းစုၾကည္ေနရာမွာ ပါဝင္သရုပ္ေဆာင္ထားခဲ့ပါတယ္။ ဒီဇာတ္လမ္းထြက္ရိွခဲ့တဲ့ အခ်ိန္မွာ ၿမန္မာႏိုင္ငံမွာ ၿပသခြင့္မရရိွခဲ့ပါဘူး။

(၂) The Call it Myanmar ; Lifting the curtain

ဒီဇာတ္ကားကေတာ့ ၿမန္မာနိုင္ငံရဲ႕ တကယ့္ၿဖစ္ရပ္မွန္ ပံုရိပ္ေတြနဲ႔ လူထုရဲ႕ ခံစားခ်က္ေတြကို ေဖာ္က်ဴးရိုက္ကူးထားတဲ့ မွတ္တမ္းရုပ္ရွင္ပဲၿဖစ္ပါတယ္။ ႏိုင္ငံတကာ ရုပ္ရွင္စံညြန္းသတ္မွတ္ခ်က္အရ ၇ ရရိွထားခဲ့တဲ့ မွတ္တမ္းရုပ္ရွင္ၿဖစ္ပါတယ္။ ႏိုင္ငံတကာမွ ၿမန္မာနိုင္ငံရဲ႕ ႏိုင္ငံေရးနွင့္ ယဥ္ေက်းမႈမ်ားကို သတိၿပဳမိေစခဲ့တဲ့ မွတ္တမ္းရုပ္ရွင္တခုလို႕လည္း ဆိုရမွာ ၿဖစ္ပါတယ္။ ဒီမွတ္တမ္းရုပ္ရွင္ကေတာ့ ၿမန္မာႏိုင္ငံမွာ ၿပသခြင့္မရိွခဲ့တဲ့ ၿမန္မာနိုင္ငံအေၾကာင္း ရုပ္ရွင္ေတြထဲက တခုအပါအဝင္ၿဖစ္ပါတယ္။

(၃) Burma Soldier

Burma Soldier ဇာတ္ကားဟာ ႏိုင္ငံတကာရုပ္ရွင္ စံညြန္းေတြမွာ Rating 8.1 ထိရရိွထားခဲ့တဲ့ ဇာတ္လမ္းတခုၿဖစ္ပါတယ္။ ဒီကားမွာ ၿမန္မာႏိုင္ငံရဲ႕ စစ္သားမ်ားဘဝအေၾကာင္းကို ရိုက္ကူးပံုေဖာ္ထားတဲ့ ဇာတ္လမ္းတခုၿဖစ္ပါတယ္။ ဒီဇာတ္လမ္းကို HBO ရုပ္သံမွ ထုတ္လႊင့္ၿပသခဲ့ေပမယ့္ ၿမန္မာႏိုင္ငံမွာေတာ့ ၿပသခြင့္မရရိွခဲ့တဲ့ ၿမန္မာနိုင္ငံအေၾကာင္း ရုပ္ရွင္ေတြထဲ တခုအပါအဝင္ၿဖစ္ပါတယ္။

(၄)Rambo 4

Rambo ရုပ္ရွင္ဇာတ္လမ္းတြဲမ်ား၏ အဆက္၄ကားေၿမာက္ ရုပ္ရွင္ကားၿဖစ္တဲ့ Rambo 4ဟာ ၿမန္မာႏိုင္ငံအေၾကာင္း ရိုက္ကူးထားခဲ့ေပမယ့္ ၿမန္မာႏိုင္ငံမွာ ၿပင္းၿပင္းထန္ထန္ ပိတ္ပင္ထားခဲ့တဲ့ ရုပ္ရွင္ေတြထဲမွာ ထိပ္ဆံုးကပါဝင္ပါတယ္။ စစ္အက္ရွင္ဇာတ္ၾကမ္းကား ၿဖစ္ၿပီး ထိုင္းၿမန္မာနယ္စပ္မွာ ရိုက္ကူးထားခဲ့တာလည္း ၿဖစ္ပါတယ္။ ဒီဇာတ္လမ္းမွာ နာမည္ေက်ာ္မင္းသားၾကီး စတားလံုး ပါဝင္သရုပ္ေဆာင္ထားခဲ့ကာ အေမရိကန္ေဒၚလာ သန္း ၅၀ ကုန္က်ခံရိုက္ကူးထားခဲ့တာလည္း ၿဖစ္ပါတယ္။

(၅) City of Jade

ေက်ာက္စိမ္းၿမိဳ႕ေတာ္လုိ႔ အမည္တြင္တဲ့ ဒီဇာတ္လမ္းဟာ ၿမန္မာႏိုင္ငံ ကခ်င္ၿပည္နယ္က ေက်ာက္စိမ္းလုပ္သားမ်ားဘဝကို ပံုေဖာ္ရိုက္ကူးထားတဲ့ ရုပ္ရွင္တခုၿဖစ္ပါတယ္။ IMDB ၇.၃ ရရိွထားတဲ့ ဒီဇာတ္ကားဟာ ၿမန္မာႏိုင္ငံမွာ ၿပသခြင့္မရိွခဲ့တဲ့ ရုပ္ရွင္ေတြထဲက တခုအပါအဝင္ၿဖစ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version#

မြန်မာနိုင်ငံမှ ရုပ်ရှင်ချစ်သူ ပရိသတ်များအနေနဲ့ နိုင်ငံတကာမှ ရုပ်ရှင်ဇာတ်ကားကောင်းများစွာကို ကြည့်ရှု့ခံစားဖူးကြမှာပါ။ ဒီလိုရုပ်ရှင်ဇာတ်ကားကောင်းတွေထဲမှာ မိမိတို့ မြန်မာနိုင်ငံကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်တွေဟာလည်း ရှေ့ယခင်ကတည်း ရှိခဲ့ဖူးပါတယ်။ ဒီလိုရှိခဲ့ကြတဲ့ ရုပ်ရှင်တွေထဲမှ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် အစိုးရများမှ ပိတ်ပင်ထားခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြသခွင့်မရရှိထားခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း ရုပ်ရှင်များကို မသိရှိသေးတဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

(၁) The Lady

၂၀၁၁ခုနှစ်မှ ရုံတင်ပြသခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ နိုင်ငံတကာ ရုပ်ရှင်စံညွန်း သတ်မှတ်ချက်အရ ၇.၁ ရရှိထားခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ငယ်ဘဝနှင့် သူကြုံတွေ့ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝအတွေ့အကြုံများကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ ဒီကားမှာ မင်းသမီး မီရှဲယို ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ဒီဇာတ်လမ်းထွက်ရှိခဲ့တဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ ပြသခွင့်မရရှိခဲ့ပါဘူး။

(၂) The Call it Myanmar ; Lifting the curtain

ဒီဇာတ်ကားကတော့ မြန်မာနိုင်ငံရဲ့ တကယ့်ဖြစ်ရပ်မှန် ပုံရိပ်တွေနဲ့ လူထုရဲ့ ခံစားချက်တွေကို ဖော်ကျူးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ နိုင်ငံတကာ ရုပ်ရှင်စံညွန်းသတ်မှတ်ချက်အရ ၇ ရရှိထားခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ နိုင်ငံတကာမှ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနှင့် ယဉ်ကျေးမှုများကို သတိပြုမိစေခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကတော့ မြန်မာနိုင်ငံမှာ ပြသခွင့်မရှိခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း ရုပ်ရှင်တွေထဲက တခုအပါအဝင်ဖြစ်ပါတယ်။

(၃) Burma Soldier

Burma Soldier ဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင် စံညွန်းတွေမှာ Rating 8.1 ထိရရှိထားခဲ့တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ ဒီကားမှာ မြန်မာနိုင်ငံရဲ့ စစ်သားများဘဝအကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို HBO ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြသခွင့်မရရှိခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း ရုပ်ရှင်တွေထဲ တခုအပါအဝင်ဖြစ်ပါတယ်။

(၄)Rambo 4

Rambo ရုပ်ရှင်ဇာတ်လမ်းတွဲများ၏ အဆက်၄ကားမြောက် ရုပ်ရှင်ကားဖြစ်တဲ့ Rambo 4ဟာ မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ပြင်းပြင်းထန်ထန် ပိတ်ပင်ထားခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ စစ်အက်ရှင်ဇာတ်ကြမ်းကား ဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်မှာ ရိုက်ကူးထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ နာမည်ကျော်မင်းသားကြီး စတားလုံး ပါဝင်သရုပ်ဆောင်ထားခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၅၀ ကုန်ကျခံရိုက်ကူးထားခဲ့တာလည်း ဖြစ်ပါတယ်။

(၅) City of Jade

ကျောက်စိမ်းမြို့တော်လို့ အမည်တွင်တဲ့ ဒီဇာတ်လမ်းဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်သားများဘဝကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်တခုဖြစ်ပါတယ်။ IMDB ၇.၃ ရရှိထားတဲ့ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံမှာ ပြသခွင့်မရှိခဲ့တဲ့ ရုပ်ရှင်တွေထဲက တခုအပါအဝင်ဖြစ်ခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top