ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မ်က္ဝန္းႏွစ္ဆ ရွိသူမ်ား ေတြးေခၚနိုင္စြမ္း အသိပညာ ဉာဏ္ရည္မွာလည္း ႏွစ္ဆသာေၾကာင္း သုေတသနပညာရွင္မ်ားက စမ္းသပ္ေတြ႕ရွိခဲ့သည္။ ဆိုလိုသည္မွာ ဉာဏ္ရည္သာသူအမ်ားစုမွာ ပါဝါမ်က္မွန္တပ္သူမ်ားျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

စေကာ့တလန္နိုင္ငံ အီဒင္ဘရာ့ခ်္တကၠသိုလ္ (Edinburgh University) မွ သုေတသနပညာရွင္မ်ားက အသက္ ၁၆ ႏွစ္မွ ၁၀၂ ႏွစ္ထိ အရြယ္စုံ ဥေရာပႏြယ္ဖြား လူေပါင္း ၃၀၀,၄၈၆ ကို မွတ္ဉာဏ္၊ ဘာသာစကားစြမ္းရည္၊ ျပန္လည္တုံ႔ျပန္မွုနဲ႔ အာ႐ုံစိုက္မွု တို႔ကို အေျခခံထားသည့္ အေတြးေခၚဉာဏ္ရည္စစ္ေဆးမွုမ်ား ျပဳလုပ္ခဲ့ၾကသည္။

စမ္းသပ္မွုရလာဒ္မ်ားအရ အျမင့္ဆုံးအမွတ္ ရရွိသူအမ်ားစုမွာ ပါဝါမ်က္မွန္တပ္ဆင္ရသူမ်ား ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့သည္။
သို႔ေသာ္ ပါဝါမ်က္မွန္တပ္သူအားလုံးဟာ အျမင့္ဆုံး ရလာဒ္ရရွိသူၾကမ်ားမဟုတ္ပဲ အေဝးမွုန္ (အေဝးၾကည့္ပါဝါ)တပ္ဆင္သူမ်ားကသာ ရမွတ္ျမင့္ၿပီး  အေတြးအေခၚ သာလြန္သူမ်ားျဖစ္ကာ အနီးၾကည့္ပါဝါတပ္သူမ်ားက ရလာဒ္အမွတ္ နိမ့္ေနေၾကာင္း ေတြ႕ရွိရသည္။

မည္သို႔ပင္ ဆိုေစကာမူ ပါဝါမ်က္မွန္တပ္ဆင္ရတာနဲ႔ ဉာဏ္ရည္ဘာေၾကာင့္ သာေနရတာလဲဆိုတဲ့ ပိုမိုတိက်သည့္ အေျဖတစ္ခုကို ေပးနိုင္ဖို႔ ပညာရွင္မ်ားအေနနဲ႔ ဆက္လက္ရွာေဖြစူးစမ္းၾကဖို႔ လိုေနပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay
Unicode Version
 မျက်ဝန်းနှစ်ဆ ရှိသူများ တွေးခေါ်နိုင်စွမ်း အသိပညာ ဉာဏ်ရည်မှာလည်း နှစ်ဆသာကြောင်း သုတေသနပညာရှင်များက စမ်းသပ်တွေ့ရှိခဲ့သည်။ ဆိုလိုသည်မှာ ဉာဏ်ရည်သာသူအများစုမှာ ပါဝါမျက်မှန်တပ်သူများဖြစ်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စကော့တလန်နိုင်ငံ အီဒင်ဘရာ့ချ်တက္ကသိုလ် (Edinburgh University) မှ သုတေသနပညာရှင်များက အသက် ၁၆ နှစ်မှ ၁၀၂ နှစ်ထိ အရွယ်စုံ ဥရောပနွယ်ဖွား လူပေါင်း ၃၀၀,၄၈၆ ကို မှတ်ဉာဏ်၊ ဘာသာစကားစွမ်းရည်၊ ပြန်လည်တုံ့ပြန်မှုနဲ့ အာရုံစိုက်မှု တို့ကို အခြေခံထားသည့် အတွေးခေါ်ဉာဏ်ရည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

စမ်းသပ်မှုရလာဒ်များအရ အမြင့်ဆုံးအမှတ် ရရှိသူအများစုမှာ ပါဝါမျက်မှန်တပ်ဆင်ရသူများ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သို့သော် ပါဝါမျက်မှန်တပ်သူအားလုံးဟာ အမြင့်ဆုံး ရလာဒ်ရရှိသူကြများမဟုတ်ပဲ အဝေးမှုန် (အဝေးကြည့်ပါဝါ)တပ်ဆင်သူများကသာ ရမှတ်မြင့်ပြီး  အတွေးအခေါ် သာလွန်သူများဖြစ်ကာ အနီးကြည့်ပါဝါတပ်သူများက ရလာဒ်အမှတ် နိမ့်နေကြောင်း တွေ့ရှိရသည်။

မည်သို့ပင် ဆိုစေကာမူ ပါဝါမျက်မှန်တပ်ဆင်ရတာနဲ့ ဉာဏ်ရည်ဘာကြောင့် သာနေရတာလဲဆိုတဲ့ ပိုမိုတိကျသည့် အဖြေတစ်ခုကို ပေးနိုင်ဖို့ ပညာရှင်များအနေနဲ့ ဆက်လက်ရှာဖွေစူးစမ်းကြဖို့ လိုနေပါသေးတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top