iMyanmarHouse.com - Best Property Website for Myanmar
×

“ကြ်န္ေတာ္တို႔ ဖမ္းရမယ့္ အမ်ိဳးသမီးကို ျမင္လိုက္ရေတာ့ အရမ္းအံ့ၾသသြားတယ္။ အမ်ိဳးသမီးၾကည့္ရတာ သံုးဆယ္၀န္းက်င္ပဲ ရိွဦးမယ္။ ကြ်န္ေတာ္တို႔ဆီမွာ ရွိေနတဲ့ ဓာတ္ပံုေတြထဲက ရုပ္နဲ႔ ေတာ္ေတာ္ကြာေနတယ္။” လို႔ ရဲအရာရွိတစ္ဦးက ရွင္ဟြာသတင္းဌာနကို ဆိုလိုက္ပါတယ္။

ထိုရဲအရာရွိညႊန္းဆိုတဲ့ အမ်ိဳးသမီးကေတာ့ အသက္(၅၉)ႏွစ္အရြယ္ရွိတဲ့ က်ဴးနာယြမ္ဆိုသူျဖစ္ပါတယ္။ သူမဟာ ယူထားတဲ့ အေၾကြးေဒၚလာ(၃.၇)သန္းကို မေပးႏိုင္တာေၾကာင့္ ဥပေဒကို လက္တလံုးျခားလုပ္ႏိုင္မယ့္ နည္းလမ္းကို စဥ္းစားခဲ့ပါတယ္။ က်ဴးနာယြမ္ဟာ ေနာက္ဆံုးမွာ သူမမ်က္ႏွာကို ခြဲစိတ္ျပဳျပင္ဖို႔ စိတ္ကူးရလာခဲ့ၿပီး ဆာဂ်ရီလုပ္ၿပီးသြားတဲ့အခါက်ရင္ အရာအားလံုးဟာ အဆင္ေျပသြားလိမ့္မယ္လို႔ ယူဆထားခဲ့ပါတယ္။

က်ဴးနာယြမ္ဟာ ယြမ္(၂၅)သန္း ကန္ေဒၚလာ(၃.၇၁)သန္းပမာဏရွိတဲ့ ေငြေၾကးေတြေခ်းယူထားခဲ့ပါတယ္။ သူမဟာ အေၾကြးကိစၥနဲ႔ ပတ္သက္လို႔ ကနဦးတုန္းက ဟူးေပးျပည္နယ္ ၀ူဟန္ၿမိဳ႕တရားရံုးမွာ အမႈရင္ဆိုင္ေနခဲ့ရပါတယ္။ က်ဴးနာယြမ္ဟာ အေၾကြးကိစၥကိုေရွာင္ခ်င္တာေၾကာင့္ ကြမ္တံုးျပည္နယ္ ရွမ္းက်န္းၿမိဳ႕ကိုထြက္ေျပးၿပီး မ်က္ႏွာခြဲစိတ္ျပဳျပင္ကာ နာမည္ေျပာင္းရုပ္ဖ်က္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရွန္းက်န္းရဲေတြဟာ သူမကို ေျခရာခံမိၿပီး ရွမ္းက်န္းၿမိဳ႕ သူမေနအိမ္မွာပဲ ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမိၿပီးေနာက္မွာ က်ဴးနာယြမ္ဟာ တျခားသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို အသံုးျပဳၿပီး ႏိုင္ငံတစ္၀ွမ္းကို ရထားနဲ႔ ခရီးလွည့္လည္သြားလာခဲ့ေၾကာင္း ေဖာ္ထုတ္ခဲ့ပါတယ္။ သူမရဲ႕ မ်က္ႏွာခြဲစိတ္ျပဳျပင္ဖို႔ ကုန္က်စရိတ္ကိုေတာ့ အမည္မေဖာ္လိုသူ တစ္ေယာက္ဆီကေန ဘဏ္ကဒ္ေခ်းၿပီး ျပဳလုပ္ခဲ့ေၾကာင္း ၀န္ခံခဲ့ပါတယ္။ အခုဆိုရင္ေတာ့ က်ဴးနာယြမ္ဟာ သူမရဲ႕နဂိုမူလ ေခ်းေငြမႈအျပင္ လိမ္လည္မႈနဲ႔ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ခိုးယူမႈေတြနဲ႔ပါ အမႈရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

လြန္ခဲ့တဲ့ (၂၀၁၄)ခုႏွစ္မွာ တရုတ္ႏိုင္ငံဟာ ပုဂၢလိကေငြေခ်းစနစ္ကို ခြင့္ျပဳၿပီးကတည္းက တရုတ္ႏုိင္ငံသားအမ်ားအျပားဟာ အဆင္အျခင္မဲ့ ေငြေခ်းၾကရာကေန အေၾကြးေတြ သန္းနဲ႔ခ်ီၿပီး တင္ရွိလာၾကတာျဖစ္ပါတယ္။ သတင္းဌာနေတြအရေတာ့ အခ်ိဳ႕တရုတ္ႏိုင္ငံသားေတြဟာ အေၾကြးေရွာင္ဖို႔အတြက္ ထူးထူးဆန္းဆန္း အရာေတြ ေလွွ်ာက္ၿပီး ျပဳလုပ္ေလ့ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ အခုဆိုရင္ တရုတ္ႏိုင္ငံက ရဲေတြဟာ ေခ်းေငြကုမၸဏီေတြဆီက ေငြေၾကးေခ်းငွားထားၾကတဲ့ လူအေယာက္စီတိုင္းကို လိုက္လံေစာင့္ၾကည့္ေနေၾကာင္း သိရပါတယ္။

Ref: elitereaders

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
“ကျွန်တော်တို့ ဖမ်းရမယ့် အမျိုးသမီးကို မြင်လိုက်ရတော့ အရမ်းအံ့သြသွားတယ်။ အမျိုးသမီးကြည့်ရတာ သုံးဆယ်ဝန်းကျင်ပဲ ရှိဦးမယ်။ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ ဓာတ်ပုံတွေထဲက ရုပ်နဲ့ တော်တော်ကွာနေတယ်။” လို့ ရဲအရာရှိတစ်ဦးက ရှင်ဟွာသတင်းဌာနကို ဆိုလိုက်ပါတယ်။

ထိုရဲအရာရှိညွှန်းဆိုတဲ့ အမျိုးသမီးကတော့ အသက်(၅၉)နှစ်အရွယ်ရှိတဲ့ ကျူးနာယွမ်ဆိုသူဖြစ်ပါတယ်။ သူမဟာ ယူထားတဲ့ အကြွေးဒေါ်လာ(၃.၇)သန်းကို မပေးနိုင်တာကြောင့် ဥပဒေကို လက်တလုံးခြားလုပ်နိုင်မယ့် နည်းလမ်းကို စဉ်းစားခဲ့ပါတယ်။ ကျူးနာယွမ်ဟာ နောက်ဆုံးမှာ သူမမျက်နှာကို ခွဲစိတ်ပြုပြင်ဖို့ စိတ်ကူးရလာခဲ့ပြီး ဆာဂျရီလုပ်ပြီးသွားတဲ့အခါကျရင် အရာအားလုံးဟာ အဆင်ပြေသွားလိမ့်မယ်လို့ ယူဆထားခဲ့ပါတယ်။

ကျူးနာယွမ်ဟာ ယွမ်(၂၅)သန်း ကန်ဒေါ်လာ(၃.၇၁)သန်းပမာဏရှိတဲ့ ငွေကြေးတွေချေးယူထားခဲ့ပါတယ်။ သူမဟာ အကြွေးကိစ္စနဲ့ ပတ်သက်လို့ ကနဦးတုန်းက ဟူးပေးပြည်နယ် ဝူဟန်မြို့တရားရုံးမှာ အမှုရင်ဆိုင်နေခဲ့ရပါတယ်။ ကျူးနာယွမ်ဟာ အကြွေးကိစ္စကိုရှောင်ချင်တာကြောင့် ကွမ်တုံးပြည်နယ် ရှမ်းကျန်းမြို့ကိုထွက်ပြေးပြီး မျက်နှာခွဲစိတ်ပြုပြင်ကာ နာမည်ပြောင်းရုပ်ဖျက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှန်းကျန်းရဲတွေဟာ သူမကို ခြေရာခံမိပြီး ရှမ်းကျန်းမြို့ သူမနေအိမ်မှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိပြီးနောက်မှာ ကျူးနာယွမ်ဟာ တခြားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုပြီး နိုင်ငံတစ်ဝှမ်းကို ရထားနဲ့ ခရီးလှည့်လည်သွားလာခဲ့ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ သူမရဲ့ မျက်နှာခွဲစိတ်ပြုပြင်ဖို့ ကုန်ကျစရိတ်ကိုတော့ အမည်မဖော်လိုသူ တစ်ယောက်ဆီကနေ ဘဏ်ကဒ်ချေးပြီး ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အခုဆိုရင်တော့ ကျူးနာယွမ်ဟာ သူမရဲ့နဂိုမူလ ချေးငွေမှုအပြင် လိမ်လည်မှုနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ခိုးယူမှုတွေနဲ့ပါ အမှုရင်ဆိုင်နေရပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၂၀၁၄)ခုနှစ်မှာ တရုတ်နိုင်ငံဟာ ပုဂ္ဂလိကငွေချေးစနစ်ကို ခွင့်ပြုပြီးကတည်းက တရုတ်နိုင်ငံသားအများအပြားဟာ အဆင်အခြင်မဲ့ ငွေချေးကြရာကနေ အကြွေးတွေ သန်းနဲ့ချီပြီး တင်ရှိလာကြတာဖြစ်ပါတယ်။ သတင်းဌာနတွေအရတော့ အချို့တရုတ်နိုင်ငံသားတွေဟာ အကြွေးရှောင်ဖို့အတွက် ထူးထူးဆန်းဆန်း အရာတွေ လျှောက်ပြီး ပြုလုပ်လေ့ရှိကြောင်း ဖော်ပြထားပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံက ရဲတွေဟာ ချေးငွေကုမ္ပဏီတွေဆီက ငွေကြေးချေးငှားထားကြတဲ့ လူအယောက်စီတိုင်းကို လိုက်လံစောင့်ကြည့်နေကြောင်း သိရပါတယ်။

Ref: elitereaders

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top