







#Unicode Version#


မုံရွာမြို့ဆေးရုံကြီး../အ.ထ.က(၂) နားက ရှေးဟောင်းမြန်မာစာပေရေးရာဌာနဘေးမှာပါ..

ဒီဖိနပ်တေရောင်းနေတာ အခုဆို (၆)နှစ်ရှိပါပီတဲ့..အရင်ကတော့ ဘဘတို့လင်မယားနှစ်ယောက်ရောင်းတာကိုတွေ့ရပေမဲ့ အခုတော့ ဘဘတစ်ယောက်တည်းရောင်းနေရပါတယ်…အဖွားဆုံးပါးသွားတာ တစ်နှစ်နီးပါးရှိပါပီ…

အခု ဘဘရဲ့ အသက် (၈၂)နှစ် ရှိပါပီ…“ဘဘရဲ့ဖိနပ်တေက ခိုင်တယ် ရေထဲမိုးထဲစီးရင်တောင်တော်တော်နဲ့ မပြတ်ဘူး ဒါက လက်လုပ်ဖိနပ်တေလေအခု ဘဘရဲ့ ကျန်းမာရေးက အရင်လိုမကောင်းတော့ဘူး”ဖိနပ်ဝယ်ရင်းနဲ့ ဘဘကပြောပြတယ်…

သူများတေလို စာတေဖွဲ့နွဲ့ပီး မရေးတတ်ပါဘူး…မလှူချင်နေပါ ဖိနပ်ကလေးတေဝယ်ခြင်းဖြင့်သက်ကြီးရွယ်အိုတေကို ကူညီရာရောက်သလိုကုသိုလ်လည်းရတယ်…

ကိုယ်လည်းဖိနပ်ဝယ်ရင်းနဲ့ ကူညီပီးရောင်းပေးခဲ့ရလို့ပီတိလည်းဖြစ်ရပါတယ်…

ဖိနပ်ရဲ့တန်ဖိုးက သင်တို့ရဲ့ မုန့်ဖိုးသာသာပဲရှိပါတယ်..ဖိနပ်လေးတေကခိုင်လည်းခိုင်သလို…ဈေးလည်းချိုသာပါတယ်…Orderမှာရင်တော့ တစ်ပတ်အကြာမှာ ရပါတယ်…မနက်7နာရီကနေ 11နာရီထိ ဖွင့်ပါတယ်…

သူငယ်ချင်းတို့်လည်း လမ်းကြုံရင်အားပေးလိုက်ကြပါဦး..အဆုံးထိဖတ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်…Poppingလုပ်တာမဟုတ်ပါဘူး ကုသိုလ်ယူစေချင်တဲ့စိတ်နဲ့ပါ…


ဖိုးသူတော် (www.phothutaw.com)
Credit:  original witter
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top