iMyanmarHouse.com - Best Property Website for Myanmar
×


ျပည္သူတဦးအား ေသနတ္ဒင္ျဖင့္ ထုႏွက္ခဲ့သည့္ ရဲတပ္သားကို အေရးယူမည္

လူမႈကြန္ရက္အင္တာနက္ စာမ်က္ႏွာမွာပ်ံ႔ႏွံ႔ေနတဲ့ ရဲတပ္သားတဦးက ျပည္သူတဦးရဲ႕ နားထင္ကို ေသနတ္္ဒင္နဲ႔ ထုႏွက္ၿပီး ေသနတ္ေျပာင္းနဲ႔ ေနာက္ေစ့ကို ေစာင့္ခဲ့တဲ့အတြက္ အေရးယူသြားမယ္လို႔ ပန္းဘဲတန္းရဲစခန္းက ဒီဗီြဘီကို ေျပာပါတယ္။

အရပ္သားတေယာက္အား ရဲစခန္းေခၚၿပီး ေသနတ္နဲ႔႐ိုက္ႏွက္ခဲ့တာကို ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္မွာ တိုက္႐ိုက္ထုတ္လႊင့္ခဲ့ၿပီးေနာက္ပိုင္း က်ဴးလြန္သူကို စစ္ေဆးအေရးယူမယ္လို႔ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔ကလည္း ထုတ္ျပန္ပါတယ္။

ၾသဂုတ္ ၁၁ ရက္ မနက္အေစာပိုင္း ၂ နာရီခြဲအခ်ိန္က ပန္းဘဲတန္းၿမိဳ႕နယ္၊ ကုန္ေဈးတန္း လမ္းေထာင့္ ထမင္းေၾကာ္ဆိုင္မွာ မစႏၵာ၀င္းေအာင္နဲ႔ ကိုစည္သူေအာင္တို႔ လင္မယားထမင္းေၾကာ္ စားေနတုန္း တကၠစီသမားတေယာက္က မစႏၵာ၀င္းေအာင္ကို စ,ေနာက္ခဲ့လို႔ မစႏၵာေအာင္က ေရေႏြးၾကမ္းပန္ကန္နဲ႔ ပစ္ေပါက္ခဲ့ပါတယ္။

အဲဒီဆိုင္ကေန ထြက္လာခ်ိန္မွာေတာ့ ကိုစည္သူေအာင္က ေငြရွင္းေနလို႔ က်န္ခဲ့ၿပီး ပန္းပဲတန္းရဲစခန္းက ရဲေတြက ကိုစည္သူေအာင္ကို ေခၚသြားတာပါ။

မစႏၵာ၀င္းေအာင္က “ကိုစည္သူက က်မကို ဖုန္းေခၚတယ္။ က်မကလည္း လိုက္ခဲ့လို႔ ေျပာၿပီး ဆက္သြားတယ္။ ေနာက္တႀကိမ္ဖုန္းေခၚတဲ့အခ်ိန္မွာ က်မက (၂၂ လမ္းက) အိမ္ေရွ႕ ေရာက္ေနၿပီ။ ဖုန္းထဲကေန ေဟ့ေကာင္၊ မင္းဘယ္ကိုဖုန္းေခၚတာလဲဆိုၿပီး ေျဖာင္း ေျဖာင္း ဆို ႐ိုက္တဲ့ အသံၾကားရတယ္။ ကိုစည္သူက ဘာျဖစ္လို႔ ႐ိုက္တာလဲေမးတာၾကားတယ္။ ဒါနဲ႔ပဲ ေမးစမ္းၿပီးေတာ့ ပန္းပဲတန္းရဲစခန္းကို လုိက္သြားတာ” လို႔ ေျပာပါတယ္။

ရဲစခန္းကို ေရာက္ခ်ိန္မွာေတာ့ ကိုစည္သူေအာင္ရဲ႕ ဦးေခါင္းေနာက္ဘက္မွာ ကြဲတဲ့ဒဏ္ရာနဲ႔ ေသြးေတြ ထြက္ေနတာေတြ႔တယ္လို႔ သူက ဆိုပါတယ္။

“ဘာမွမလုပ္ခဲ့တဲ့ သူတေယာက္ကို ယူနီေဖာင္းဝတ္ရဲေတြအမ်ားႀကီးက ေခၚသြားတယ္။ ၾကည္ၾကည္ျဖဴျဖဴလိုက္သြားတာကိုပဲ စခန္းေရာက္ေတာ့ ေသနတ္ဒင္နဲ႔၊ ေျပာင္းနဲ႔ ႐ိုက္တယ္။ ဘယ္သူလုပ္တာလဲ ေမးေတာ့ တေယာက္မွ မေျဖၾကဘူး။ က်မေရာက္သြားခ်ိန္မွာ ႀကိဳႀကိဳဆိုဆို လုပ္တာေတာင္မရွိဘူး။ ေနာက္မွ တာဝန္မႉးေရာက္လာတယ္” လို႔ သူက ဆက္ေျပာပါတယ္။

ရဲစခန္းေရာက္ခ်ိန္မွာ ႀကံဳေတြ႔ ေျပာဆိုေနတာေတြကို မစႏၵာ၀င္းေအာင္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အေကာင့္ကေန တိုက္႐ိုက္လႊင့္တင္ေနၿပီး အဲဒီဗီြဒီယိုမွာ ဘယ္သူ႐ိုက္တာလဲဆိုတာ ကို တေယာက္မွ မေျဖၾကတာကို ေတြ႔ရပါတယ္။

“ေနာက္ေတာ့ စခန္းမႉးလည္း ေရာက္လာတယ္။ ႐ိုက္ခဲ့တဲ့ ရဲတပ္သား ႏိုင္လင္းထြန္းကို နဘန္က်င္းတယ္။ က်မေယာက်္ားက ေတာင္းပန္ခိုင္းတာ မေတာင္းပန္ဘူး။ ၿပီးေတာ့ အဲဒီရဲကို အခ်ဳပ္ထဲ ထည့္လိုက္တယ္။ စခန္းက ရဲႏွစ္ေယာက္နဲ႔ပဲ ေဆး႐ံုကိုသြားတယ္။ ႏွစ္ခ်က္ ခ်ဳပ္ရတယ္။ ေခါင္းမွာျဖစ္တာဆိုေတာ့ တလေစာင့္ၾကည့္ရမယ္လို႔ ေျပာတယ္။ အဲကေန စခန္းကို ျပန္ေရာက္ေတာ့ အခ်ဳပ္ခန္းကို ႐ုိက္တဲ့ စီစီတီဗီြကိုၾကည့္ေတာ့ ဟိုရဲကို ခ်ဳပ္ထားတာမေတြ႔ေတာ့ဘူး” လို႔ မစႏၵာ၀င္းေအာင္က ေျပာပါတယ္။

အဲဒီေနာက္ ၿမိဳ႕နယ္မႉးေရာက္လာရာမွာလည္း ရဲက မွားရင္လည္း အေရယူဖို႔၊ သူတုိ႔လင္မယားက တာဝန္ခ်ိန္ကို ေႏွာင့္ယွက္ရင္လည္း အေရးယူဖို႔ ေျပာတယ္လို႔ မစႏၵာေအာင္က ဆိုပါတယ္။

သူ႔ရဲ႕ ဗီြဒီယိုကို လူေပါင္း ၇ ေထာင္က ထပ္ဆင့္ျဖန္႔ေဝၿပီး ၁၃၀၀၀၀ ေလာက္ ၾကည့္႐ႈထားတာကို ေတြ႔ရပါတယ္။

ဒါေၾကာင့္ မေန႔ညက ပန္းပဲတန္းရဲစခန္းက ေခၚယူေတြ႔ဆံုၿပီး ေတာင္းပန္ခဲ့သလို လုပ္ရပ္ရဲ႕အေပၚမွာ တာဝန္ယူေစဖို႔ က်ဴးလြန္တဲ့ ရဲတပ္သားရဲ႕ လစာ ၄ လစာကို ေတာင္းလိုက္တယ္လို႔ မစႏၵာ၀င္းေအာင္က ေျပာပါတယ္။

ရန္ကုန္တိုင္းရဲတပ္ဖြဲ႔ကေတာ့ ဒီျဖစ္စဥ္မွာ ပါဝင္တဲ့ တပ္ဖြဲ႔ဝင္ေတြကို စံုစမ္းစစ္ေဆးၿပီး ေပၚေပါက္ရင္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ ထိထိေရာက္ အေရးယူေဆာင္ရြက္ သြားမယ္လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVD

#Unicode Version#
ပြည်သူတဦးအား သေနတ်ဒင်ဖြင့် ထုနှက်ခဲ့သည့် ရဲတပ်သားကို အရေးယူမည်

လူမှုကွန်ရက်အင်တာနက် စာမျက်နှာမှာပျံ့နှံ့နေတဲ့ ရဲတပ်သားတဦးက ပြည်သူတဦးရဲ့ နားထင်ကို သေနတ်ဒင်နဲ့ ထုနှက်ပြီး သေနတ်ပြောင်းနဲ့ နောက်စေ့ကို စောင့်ခဲ့တဲ့အတွက် အရေးယူသွားမယ်လို့ ပန်းဘဲတန်းရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

အရပ်သားတယောက်အား ရဲစခန်းခေါ်ပြီး သေနတ်နဲ့ရိုက်နှက်ခဲ့တာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်း ကျူးလွန်သူကို စစ်ဆေးအရေးယူမယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၁ ရက် မနက်အစောပိုင်း ၂ နာရီခွဲအချိန်က ပန်းဘဲတန်းမြို့နယ်၊ ကုန်ဈေးတန်း လမ်းထောင့် ထမင်းကြော်ဆိုင်မှာ မစန္ဒာဝင်းအောင်နဲ့ ကိုစည်သူအောင်တို့ လင်မယားထမင်းကြော် စားနေတုန်း တက္ကစီသမားတယောက်က မစန္ဒာဝင်းအောင်ကို စ,နောက်ခဲ့လို့ မစန္ဒာအောင်က ရေနွေးကြမ်းပန်ကန်နဲ့ ပစ်ပေါက်ခဲ့ပါတယ်။

အဲဒီဆိုင်ကနေ ထွက်လာချိန်မှာတော့ ကိုစည်သူအောင်က ငွေရှင်းနေလို့ ကျန်ခဲ့ပြီး ပန်းပဲတန်းရဲစခန်းက ရဲတွေက ကိုစည်သူအောင်ကို ခေါ်သွားတာပါ။

မစန္ဒာဝင်းအောင်က “ကိုစည်သူက ကျမကို ဖုန်းခေါ်တယ်။ ကျမကလည်း လိုက်ခဲ့လို့ ပြောပြီး ဆက်သွားတယ်။ နောက်တကြိမ်ဖုန်းခေါ်တဲ့အချိန်မှာ ကျမက (၂၂ လမ်းက) အိမ်ရှေ့ ရောက်နေပြီ။ ဖုန်းထဲကနေ ဟေ့ကောင်၊ မင်းဘယ်ကိုဖုန်းခေါ်တာလဲဆိုပြီး ဖြောင်း ဖြောင်း ဆို ရိုက်တဲ့ အသံကြားရတယ်။ ကိုစည်သူက ဘာဖြစ်လို့ ရိုက်တာလဲမေးတာကြားတယ်။ ဒါနဲ့ပဲ မေးစမ်းပြီးတော့ ပန်းပဲတန်းရဲစခန်းကို လိုက်သွားတာ” လို့ ပြောပါတယ်။

ရဲစခန်းကို ရောက်ချိန်မှာတော့ ကိုစည်သူအောင်ရဲ့ ဦးခေါင်းနောက်ဘက်မှာ ကွဲတဲ့ဒဏ်ရာနဲ့ သွေးတွေ ထွက်နေတာတွေ့တယ်လို့ သူက ဆိုပါတယ်။

“ဘာမှမလုပ်ခဲ့တဲ့ သူတယောက်ကို ယူနီဖောင်းဝတ်ရဲတွေအများကြီးက ခေါ်သွားတယ်။ ကြည်ကြည်ဖြူဖြူလိုက်သွားတာကိုပဲ စခန်းရောက်တော့ သေနတ်ဒင်နဲ့၊ ပြောင်းနဲ့ ရိုက်တယ်။ ဘယ်သူလုပ်တာလဲ မေးတော့ တယောက်မှ မဖြေကြဘူး။ ကျမရောက်သွားချိန်မှာ ကြိုကြိုဆိုဆို လုပ်တာတောင်မရှိဘူး။ နောက်မှ တာဝန်မှူးရောက်လာတယ်” လို့ သူက ဆက်ပြောပါတယ်။

ရဲစခန်းရောက်ချိန်မှာ ကြုံတွေ့ ပြောဆိုနေတာတွေကို မစန္ဒာဝင်းအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေ တိုက်ရိုက်လွှင့်တင်နေပြီး အဲဒီဗွီဒီယိုမှာ ဘယ်သူရိုက်တာလဲဆိုတာ ကို တယောက်မှ မဖြေကြတာကို တွေ့ရပါတယ်။

“နောက်တော့ စခန်းမှူးလည်း ရောက်လာတယ်။ ရိုက်ခဲ့တဲ့ ရဲတပ်သား နိုင်လင်းထွန်းကို နဘန်ကျင်းတယ်။ ကျမယောကျ်ားက တောင်းပန်ခိုင်းတာ မတောင်းပန်ဘူး။ ပြီးတော့ အဲဒီရဲကို အချုပ်ထဲ ထည့်လိုက်တယ်။ စခန်းက ရဲနှစ်ယောက်နဲ့ပဲ ဆေးရုံကိုသွားတယ်။ နှစ်ချက် ချုပ်ရတယ်။ ခေါင်းမှာဖြစ်တာဆိုတော့ တလစောင့်ကြည့်ရမယ်လို့ ပြောတယ်။ အဲကနေ စခန်းကို ပြန်ရောက်တော့ အချုပ်ခန်းကို ရိုက်တဲ့ စီစီတီဗွီကိုကြည့်တော့ ဟိုရဲကို ချုပ်ထားတာမတွေ့တော့ဘူး” လို့ မစန္ဒာဝင်းအောင်က ပြောပါတယ်။

အဲဒီနောက် မြို့နယ်မှူးရောက်လာရာမှာလည်း ရဲက မှားရင်လည်း အရေယူဖို့၊ သူတို့လင်မယားက တာဝန်ချိန်ကို နှောင့်ယှက်ရင်လည်း အရေးယူဖို့ ပြောတယ်လို့ မစန္ဒာအောင်က ဆိုပါတယ်။

သူ့ရဲ့ ဗွီဒီယိုကို လူပေါင်း ၇ ထောင်က ထပ်ဆင့်ဖြန့်ဝေပြီး ၁၃၀၀၀၀ လောက် ကြည့်ရှုထားတာကို တွေ့ရပါတယ်။

ဒါကြောင့် မနေ့ညက ပန်းပဲတန်းရဲစခန်းက ခေါ်ယူတွေ့ဆုံပြီး တောင်းပန်ခဲ့သလို လုပ်ရပ်ရဲ့အပေါ်မှာ တာဝန်ယူစေဖို့ ကျူးလွန်တဲ့ ရဲတပ်သားရဲ့ လစာ ၄ လစာကို တောင်းလိုက်တယ်လို့ မစန္ဒာဝင်းအောင်က ပြောပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်မှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးပြီး ပေါ်ပေါက်ရင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထိထိရောက် အရေးယူဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVD
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top