ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဖင္ဘဝင္ျမင့္တဲ့ျပႆနာ…

က်ေနာ္ခရီးထြက္တိုင္း ဆုတစ္ခုေတာင္းတယ္ ဘာလဲဆိုေတာ့ လမ္းခရီးမွာ ဗိုက္မနာပါေစနဲ႔ေပါ့ဗိုက္နာခဲ့ရင္လည္း အိမ္သာေကာင္းေကာင္းနဲ႔ပက္ပင္းတိုးရပါေစလို၏ေပါ့…

ဘာလို႔လဲဆိုေတာ့ က်ေနာ့္မွာကဖင္ဘဝျမင့္တဲ့ျပႆနာ နည္းနည္းရွိတယ္ဘယ္ေလာက္ပဲ အိမ္သာတက္ခ်င္ တက္ခ်င္မတက္ခင္ တစ္ခ်က္႐ွိဳးတယ္…

၁- အိမ္သာက သန္႔သလားေပါ့

သန္႔သလားဆိုတာ ၾကယ္ငါးပြင့္ဟိုတယ္ကအိမ္သာမ်ိဳးကို မဆိုလိုပါဘူး၊ ေမႊးႀကိဳင္ေနဖို႔ မလိုဘူး႐ြံ႐ွာစက္ဆုပ္ဖြယ္ရာ ေအာ့ေအာ့ေတြ မရွိရင္ လက္ခံလို႔ရၿပီ…

၂- ေရရွိရဲ႕လားေပါ့

စကၠဴသံုးရမယ့္ေနရာဆိုရင္ေတာင္ ေရနဲ႔ေတာ့ေဆးခ်ခ်င္ေသးတယ္၊ တခ်ိဳ႕နယ္ကအိမ္သာေတြအခုထိ သစ္ကိုင္းေျခာက္ေလးေတြကို ထည့္ထားတုန္းဆိုလိုတာကေတာ့ သစ္ကိုင္းေျခာက္နဲ႔ကုန္းလိုက္ေပါ့က်ေနာ္ေတြးၾကည့္တယ္ အဲ့သစ္ကိုင္းေျခာက္ကမညီမညာနဲ႔ မေတာ္လို႔ ဖင္ကိုမ်ားရွသြားခဲ့ရင္ေဆးထည့္ဖို႔ေတာင္ မလြယ္ပါလားေပါ့ၿပီးေတာ့ သံုးပံုသံုးနည္းကိုလည္း သိပ္နားမလည္ဘူးလိပ္ယူလိုက္ရမွာလား ေကာ္ထုတ္ရမွာလား ဘာလားေပ့ါေျပာင္ေရာ ေျပာင္ပ့ါမလား သံသယရွိစရာေလ…

၃- အရွက္လံုရဲ႕လားေပါ့

အဓိကက တံခါးပိတ္လို႔မွ ရရဲ႕လားကိုယ္တက္ေနတုန္း တစ္ေယာက္ေယာက္ကတံခါးမေခါက္ဘဲ ဝုန္းဆို ဆြဲဖြင့္လိုက္ရင္ကိုယ္အီးပါေနတဲ့ပံုႀကီးကို မျမင္ေစခ်င္တာ အမွန္ပဲအကုန္ေဟာင္းေလာင္းျဖစ္ေနတာမလားတခ်ိဳ႕တံခါးေတြဆို ဂ်က္မရွိဘူးဂ်က္ရွိတဲ့တံခါးက် ထိုးမရဘူးတခ်ိဳ႕တံခါးက်ေတာ့ အမယ္ ႀကိဳးနဲ႔ ခ်ည္ပိတ္ရတာတခ်ိဳ႕တံခါးက် ဂံုနီအိတ္နဲ႔တင္ ကာထားတာတခ်ိဳ႕တံခါးက် ပိတ္လို႔ေတာ့ရပါရဲ႕ဒါေပမဲ့ သူ႔ေနာက္က ေဟာင္းေလာင္းႀကီးပြင့္ေနတာ…

၄- အလင္းေရာင္ရရဲ႕လားေပါ့

ဘာမွမျမင္ရေတာ့ ဘာလုပ္လို႔ လုပ္ရမွန္းမသိဘူးကိုယ္ထိုင္ေနတာ ဖစ္တင္မွက်ရဲ႕လားေရခြက္မွ စမ္းမိပါ့မလားမေတာ္တာေတြ သြားစမ္းမိမလား ဘာလားေပါ့…

အဲ့ဒီအခ်က္ေလးေတြ ျပည့္စံုမွပဲကိုယ့္ဖင္ရဲ႕လယ္ဗယ္နဲ႔ ညီတယ္လို႔ သတ္မွတ္ၿပီးကိစၥရွင္းပါတယ္ ေခ်တယ္လို႔ ထင္ခ်င္လည္းထင္မတတ္ႏိုင္ဘူး…

ေဟာ တစ္ခ်က္ခ်က္နဲ႔ၿငိၾကည့္ဘယ္ေလာက္ရစ္ရစ္ ဘယ္ေလာက္နာနာႀကိတ္မွိတ္ခံေနတာ ဖ်စ္ညႇစ္ၿပီးေအာင့္ထားတာကိုယ့္အိမ္ကို မေရာက္ေရာက္ေအာင္ ျပန္တာ…

တခ်ိဳ႕နယ္က အိမ္သာေတြဆိုတစ္ခ်က္ခုတ္ သံုးေလးခ်က္ျပတ္ေအာင္ လုပ္ထားတာအိမ္သာကို က်င္းမတူးထားဘူးဘာလုပ္လဲဆိုေတာ့ ငါးကန္အေပၚမွာထားတယ္ဝက္ျခံအေပၚမွာ ေဆာက္ထားတယ္ကိုယ္ကအေပၚကပါ ေအာက္မွာ ပြဲေတာ္တည္ေတြးၾကည့္ရင္ကို ၾကက္သီးထစရာ…

ေက်ာင္းတက္တုန္းကဆို သိပ္ဒုကၡေရာက္တာပဲအေျခခံပညာေက်ာင္းပဲျဖစ္ျဖစ္ တကၠသိုလ္ပဲျဖစ္ျဖစ္အိမ္သာေတြ အရမ္းစုတ္ပဲ့တယ္ဗိုက္နာၿပီဆို ေသၿပီပဲ တစ္ေနကုန္…

ေက်ာင္းႀကီးက မ်က္ႏွာစာေတြကိုသာစြတ္စက္ၿပီး ႐ႊိဳင္းေနၾကတာအိမ္သာေတြကိုေတာ့ အခုထိ ပစ္ထားၾကတုန္းသို႔ေသာ္ ေက်ာင္းနဲ႔ႀကီးပဲလည္း ဆိုင္တာေတာ့မဟုတ္ေက်ာင္းသားတစ္ေယာက္ခ်င္းစီရဲ႕အျပဳအမူ အဆင့္အတန္း စည္းကမ္းနဲ႔လည္းဆိုင္တယ္…

က်ေနာ္စိတ္အပ်က္ဆံုးအိမ္သာစာရင္းမွာေက်ာင္းအိမ္သာေတြက နံပါတ္တစ္ အစုတ္ျပတ္ဆံုးပဲဒုတိယက လမ္းခရီးက အိမ္သာေတြဟိုတစ္ေလာကမ်ားဆို လမ္းမွာနားတုန္းအေပါ့အပါးသြားၾကတယ္ ကိုယ္ကသိေနတယ္ကိုယ့္ဆီက အိမ္သာေတြရဲ႕အဆင့္ကိုဒီေတာ့ အေပါ့ေလာက္ပဲ မတတ္သာလို႔ စြန္႔တယ္…

အားနာဖို႔ေကာင္းတာက ႏိုင္ငံျခားသားေတြသူတို႔က အိမ္သာနဲ႔ေတြ႕တုန္း ပါခ်လိုက္မယ္ဟဲ့ဆိုၿပီးေမွ်ာ္လင့္ခ်က္နဲ႔ဝင္သြား တေအာင့္လည္းေနေရာစက္ဆုပ္႐ြံရွာတဲ့ မ်က္ႏွာထားေတြနဲ႔ ျပန္ထြက္လာသူတို႔ၾကည့္ၿပီး ကိုယ္မွာ ၾကားေခ်ာင္ မ်က္ႏွာပူရတယ္…

တစ္ခါကမ်ားဆို ေတာ္ေတာ္ေကာင္းတဲ့ဆိုင္တစ္ဆိုင္ကိုယ္က ဆိုင္ကိုၾကည့္ၿပီး ဒီဆိုင္ေတာ့အိမ္သာကရွယ္ပဲေနမွာဆိုၿပီး ဝင္သြားတယ္တကယ္လည္း ရွယ္ပါပဲ ေမႊးႀကိဳင္သန္႔ျပန္႔လို႔ပစၥည္းေတြကလည္း ႏိုင္ငံျခားျဖစ္ေတြဖက္စလက္တီလည္းေတာ္ေတာ္စံုတယ္…

ဒါေပမဲ့ ဘာသြားျဖစ္လဲဆိုေတာ့အားရပါးရတက္ၿပီးေတာ့ ေရပန္းနဲ႔ေဆးမယ္ေပါ့ေရပန္းကို ကိုယ့္ဖင္မေဆးခင္ အရင္ဖ်န္းၾကည့္တယ္ဘယ္ေလာက္အားရွိလဲသိခ်င္တာ အားပါးပါးက်ေနာ္ျမင္ဖူးသမွ် ဖင္ေဆးပိုက္ေတြထဲမွာသူအားအျပင္းဆံုးထင္တာပဲမီးသတ္ပိုက္အရွိန္ေလာက္ကို ျပင္းတယ္ဒါေပမဲ့လည္း မတတ္ႏိုင္ဘူးေလထိုးရတာေပါ့ ဒါရွိတာကို…

ၿပီးလည္းၿပီးေရာ ေရဆြဲခ်တယ္အဲ့မွာ ျပႆနာတက္ေတာ့တာပဲေရကဆြဲေတာ့ဆြဲတယ္ ဒါေပမဲ့ မက်ဘူးတဝဲလည္လည္နဲ႔ျဖစ္ေနတာ ေသၿပီဆရာပဲခပ္တည္တည္နဲ႔ ထြက္လာမယ္ဆိုရင္ေတာ့ရတယ္ဒါေပမဲ့ ကိုယ္က အိမ္သာတက္တာေတာင္Responsibility နဲ႔ Accountability ရွိခ်င္တယ္…

ဒီေတာ့ ေနာက္တစ္ႀကိမ္ က်သြားဖို႔ ေရကိုထပ္ဆြဲခ်တယ္ ခုနကလိုပဲ တဝဲလည္လည္နဲ႔ စိတ္ဓာတ္ကက်လာတယ္ ေနာက္ေတာ့မွ ခုနက မီးသတ္ပိုက္အားေလာက္ျပင္းတဲ့ ဖင္ေဆးပိုက္ကို သြားသတိရတယ္ အဲ့ဒါနဲ႔သာ ဒီခြက္ကို ထိုးထည့္လိုက္ရင္ အကုန္က်သြားမွာပဲဆိုၿပီး ထိုးထည့္လိုက္တယ္ ေတာ္ေသးတယ္ အကုန္က်သြားတယ္…

ဒီေတာ့မွ သက္ျပင္းခ်ရတယ္

ပိုကံေကာင္းတာ တစ္ခုက ကိုယ္ထြက္လာေတာ့တစ္ေယာက္က ဝင္ဖို႔ အျပင္မွာေစာင့္ေနၿပီေစာင့္ေနသူက ႏိုင္ငံျခားသား သူကရယ္ျပတယ္ကိုယ္လည္း လိပ္ျပာလံုလံုနဲ႔ ျပန္ရယ္ျပခဲ့တယ္ခက္တာက သူလည္း အိမ္သာတက္မွာဆိုရင္ကိုယ့္လိုျပႆနာနဲ႔ ၾကံဳေတာ့မယ္ဆိုတာပဲ…

ဟူး…ကိုယ့္လူတို႔ေရ

ဧည့္ခန္းေတြ မ်က္ႏွာစာေတြပဲ ႐ႊိဳင္းမေနၾကနဲ႔ဗ်ာ အိမ္သာေလးေတြလည္း ၾကည့္က်က္လုပ္ေပးၾကပါဦး ဘိုလိုပဲထိုင္ထိုင္ ဗမာလိုပဲထိုင္ထိုင္ေပါ့ ဘယ္ႏွယ့္ အိမ္သာတစ္ခါတက္ဖို႔အေရး တိုက္ပြဲဝင္သလိုျဖစ္ေနရတာက မဟုတ္ေသးဘူးေလ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wai Phyo Maung
# Unicode Version ျဖင့္ ဖတ္ပါ #
ဖင်ဘဝင်မြင့်တဲ့ပြဿနာ…

ကျနော်ခရီးထွက်တိုင်း ဆုတစ်ခုတောင်းတယ် ဘာလဲဆိုတော့ လမ်းခရီးမှာ ဗိုက်မနာပါစေနဲ့ပေါ့ဗိုက်နာခဲ့ရင်လည်း အိမ်သာကောင်းကောင်းနဲ့ပက်ပင်းတိုးရပါစေလို၏ပေါ့…

ဘာလို့လဲဆိုတော့ ကျနော့်မှာကဖင်ဘဝမြင့်တဲ့ပြဿနာ နည်းနည်းရှိတယ်ဘယ်လောက်ပဲ အိမ်သာတက်ချင် တက်ချင်မတက်ခင် တစ်ချက်ရှိုးတယ်…

၁- အိမ်သာက သန့်သလားပေါ့

သန့်သလားဆိုတာ ကြယ်ငါးပွင့်ဟိုတယ်ကအိမ်သာမျိုးကို မဆိုလိုပါဘူး၊ မွှေးကြိုင်နေဖို့ မလိုဘူးရွံရှာစက်ဆုပ်ဖွယ်ရာ အော့အော့တွေ မရှိရင် လက်ခံလို့ရပြီ…

၂- ရေရှိရဲ့လားပေါ့

စက္ကူသုံးရမယ့်နေရာဆိုရင်တောင် ရေနဲ့တော့ဆေးချချင်သေးတယ်၊ တချို့နယ်ကအိမ်သာတွေအခုထိ သစ်ကိုင်းခြောက်လေးတွေကို ထည့်ထားတုန်းဆိုလိုတာကတော့ သစ်ကိုင်းခြောက်နဲ့ကုန်းလိုက်ပေါ့ကျနော်တွေးကြည့်တယ် အဲ့သစ်ကိုင်းခြောက်ကမညီမညာနဲ့ မတော်လို့ ဖင်ကိုများရှသွားခဲ့ရင်ဆေးထည့်ဖို့တောင် မလွယ်ပါလားပေါ့ပြီးတော့ သုံးပုံသုံးနည်းကိုလည်း သိပ်နားမလည်ဘူးလိပ်ယူလိုက်ရမှာလား ကော်ထုတ်ရမှာလား ဘာလားပေ့ါပြောင်ရော ပြောင်ပ့ါမလား သံသယရှိစရာလေ…

၃- အရှက်လုံရဲ့လားပေါ့

အဓိကက တံခါးပိတ်လို့မှ ရရဲ့လားကိုယ်တက်နေတုန်း တစ်ယောက်ယောက်ကတံခါးမခေါက်ဘဲ ဝုန်းဆို ဆွဲဖွင့်လိုက်ရင်ကိုယ်အီးပါနေတဲ့ပုံကြီးကို မမြင်စေချင်တာ အမှန်ပဲအကုန်ဟောင်းလောင်းဖြစ်နေတာမလားတချို့တံခါးတွေဆို ဂျက်မရှိဘူးဂျက်ရှိတဲ့တံခါးကျ ထိုးမရဘူးတချို့တံခါးကျတော့ အမယ် ကြိုးနဲ့ ချည်ပိတ်ရတာတချို့တံခါးကျ ဂုံနီအိတ်နဲ့တင် ကာထားတာတချို့တံခါးကျ ပိတ်လို့တော့ရပါရဲ့ဒါပေမဲ့ သူ့နောက်က ဟောင်းလောင်းကြီးပွင့်နေတာ…

၄- အလင်းရောင်ရရဲ့လားပေါ့

ဘာမှမမြင်ရတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူးကိုယ်ထိုင်နေတာ ဖစ်တင်မှကျရဲ့လားရေခွက်မှ စမ်းမိပါ့မလားမတော်တာတွေ သွားစမ်းမိမလား ဘာလားပေါ့…

အဲ့ဒီအချက်လေးတွေ ပြည့်စုံမှပဲကိုယ့်ဖင်ရဲ့လယ်ဗယ်နဲ့ ညီတယ်လို့ သတ်မှတ်ပြီးကိစ္စရှင်းပါတယ် ချေတယ်လို့ ထင်ချင်လည်းထင်မတတ်နိုင်ဘူး…

ဟော တစ်ချက်ချက်နဲ့ငြိကြည့်ဘယ်လောက်ရစ်ရစ် ဘယ်လောက်နာနာကြိတ်မှိတ်ခံနေတာ ဖျစ်ညှစ်ပြီးအောင့်ထားတာကိုယ့်အိမ်ကို မရောက်ရောက်အောင် ပြန်တာ…

တချို့နယ်က အိမ်သာတွေဆိုတစ်ချက်ခုတ် သုံးလေးချက်ပြတ်အောင် လုပ်ထားတာအိမ်သာကို ကျင်းမတူးထားဘူးဘာလုပ်လဲဆိုတော့ ငါးကန်အပေါ်မှာထားတယ်ဝက်ခြံအပေါ်မှာ ဆောက်ထားတယ်ကိုယ်ကအပေါ်ကပါ အောက်မှာ ပွဲတော်တည်တွေးကြည့်ရင်ကို ကြက်သီးထစရာ…

ကျောင်းတက်တုန်းကဆို သိပ်ဒုက္ခရောက်တာပဲအခြေခံပညာကျောင်းပဲဖြစ်ဖြစ် တက္ကသိုလ်ပဲဖြစ်ဖြစ်အိမ်သာတွေ အရမ်းစုတ်ပဲ့တယ်ဗိုက်နာပြီဆို သေပြီပဲ တစ်နေကုန်…

ကျောင်းကြီးက မျက်နှာစာတွေကိုသာစွတ်စက်ပြီး ရွှိုင်းနေကြတာအိမ်သာတွေကိုတော့ အခုထိ ပစ်ထားကြတုန်းသို့သော် ကျောင်းနဲ့ကြီးပဲလည်း ဆိုင်တာတော့မဟုတ်ကျောင်းသားတစ်ယောက်ချင်းစီရဲ့အပြုအမူ အဆင့်အတန်း စည်းကမ်းနဲ့လည်းဆိုင်တယ်…

ကျနော်စိတ်အပျက်ဆုံးအိမ်သာစာရင်းမှာကျောင်းအိမ်သာတွေက နံပါတ်တစ် အစုတ်ပြတ်ဆုံးပဲဒုတိယက လမ်းခရီးက အိမ်သာတွေဟိုတစ်လောကများဆို လမ်းမှာနားတုန်းအပေါ့အပါးသွားကြတယ် ကိုယ်ကသိနေတယ်ကိုယ့်ဆီက အိမ်သာတွေရဲ့အဆင့်ကိုဒီတော့ အပေါ့လောက်ပဲ မတတ်သာလို့ စွန့်တယ်…

အားနာဖို့ကောင်းတာက နိုင်ငံခြားသားတွေသူတို့က အိမ်သာနဲ့တွေ့တုန်း ပါချလိုက်မယ်ဟဲ့ဆိုပြီးမျှော်လင့်ချက်နဲ့ဝင်သွား တအောင့်လည်းနေရောစက်ဆုပ်ရွံရှာတဲ့ မျက်နှာထားတွေနဲ့ ပြန်ထွက်လာသူတို့ကြည့်ပြီး ကိုယ်မှာ ကြားချောင် မျက်နှာပူရတယ်…

တစ်ခါကများဆို တော်တော်ကောင်းတဲ့ဆိုင်တစ်ဆိုင်ကိုယ်က ဆိုင်ကိုကြည့်ပြီး ဒီဆိုင်တော့အိမ်သာကရှယ်ပဲနေမှာဆိုပြီး ဝင်သွားတယ်တကယ်လည်း ရှယ်ပါပဲ မွှေးကြိုင်သန့်ပြန့်လို့ပစ္စည်းတွေကလည်း နိုင်ငံခြားဖြစ်တွေဖက်စလက်တီလည်းတော်တော်စုံတယ်…

ဒါပေမဲ့ ဘာသွားဖြစ်လဲဆိုတော့အားရပါးရတက်ပြီးတော့ ရေပန်းနဲ့ဆေးမယ်ပေါ့ရေပန်းကို ကိုယ့်ဖင်မဆေးခင် အရင်ဖျန်းကြည့်တယ်ဘယ်လောက်အားရှိလဲသိချင်တာ အားပါးပါးကျနော်မြင်ဖူးသမျှ ဖင်ဆေးပိုက်တွေထဲမှာသူအားအပြင်းဆုံးထင်တာပဲမီးသတ်ပိုက်အရှိန်လောက်ကို ပြင်းတယ်ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေထိုးရတာပေါ့ ဒါရှိတာကို…

ပြီးလည်းပြီးရော ရေဆွဲချတယ်အဲ့မှာ ပြဿနာတက်တော့တာပဲရေကဆွဲတော့ဆွဲတယ် ဒါပေမဲ့ မကျဘူးတဝဲလည်လည်နဲ့ဖြစ်နေတာ သေပြီဆရာပဲခပ်တည်တည်နဲ့ ထွက်လာမယ်ဆိုရင်တော့ရတယ်ဒါပေမဲ့ ကိုယ်က အိမ်သာတက်တာတောင်Responsibility နဲ့ Accountability ရှိချင်တယ်…

ဒီတော့ နောက်တစ်ကြိမ် ကျသွားဖို့ ရေကိုထပ်ဆွဲချတယ် ခုနကလိုပဲ တဝဲလည်လည်နဲ့ စိတ်ဓာတ်ကကျလာတယ် နောက်တော့မှ ခုနက မီးသတ်ပိုက်အားလောက်ပြင်းတဲ့ ဖင်ဆေးပိုက်ကို သွားသတိရတယ် အဲ့ဒါနဲ့သာ ဒီခွက်ကို ထိုးထည့်လိုက်ရင် အကုန်ကျသွားမှာပဲဆိုပြီး ထိုးထည့်လိုက်တယ် တော်သေးတယ် အကုန်ကျသွားတယ်…

ဒီတော့မှ သက်ပြင်းချရတယ်

ပိုကံကောင်းတာ တစ်ခုက ကိုယ်ထွက်လာတော့တစ်ယောက်က ဝင်ဖို့ အပြင်မှာစောင့်နေပြီစောင့်နေသူက နိုင်ငံခြားသား သူကရယ်ပြတယ်ကိုယ်လည်း လိပ်ပြာလုံလုံနဲ့ ပြန်ရယ်ပြခဲ့တယ်ခက်တာက သူလည်း အိမ်သာတက်မှာဆိုရင်ကိုယ့်လိုပြဿနာနဲ့ ကြုံတော့မယ်ဆိုတာပဲ…

ဟူး…ကိုယ့်လူတို့ရေ

ဧည့်ခန်းတွေ မျက်နှာစာတွေပဲ ရွှိုင်းမနေကြနဲ့ဗျာ အိမ်သာလေးတွေလည်း ကြည့်ကျက်လုပ်ပေးကြပါဦး ဘိုလိုပဲထိုင်ထိုင် ဗမာလိုပဲထိုင်ထိုင်ပေါ့ ဘယ်နှယ့် အိမ်သာတစ်ခါတက်ဖို့အရေး တိုက်ပွဲဝင်သလိုဖြစ်နေရတာက မဟုတ်သေးဘူးလေ…

ဖိုးသူတော် (www.phothutaw.com)
Credit: Wai Phyo Maung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top