ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကာဂ်စၥတန္ကုိ႐ႈံးနိမ့္ၿပီးေနာက္ အာ႐ွဖလားေျခစစ္ပြဲမေအာင္ခဲ့တဲ့ပြဲစဥ္မွာ အရန္အျဖစ္သာ ပြဲထြက္ခြင့္ရခဲ့တဲ့ေက်ာ္ကုိကုိဟာ မကာအုိနဲ႔ပြဲစဥ္မွာေတာ့ အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ျခင္းခံရၿပီး ပြဲထြက္ခြင့္ရခဲ့သည္။

မကာအုိနဲ႔ပြဲမွာ ေက်ာ္ကုိကုိဟာ အသင္းေခါင္းေဆာင္တစ္ေယာက္ပီပီ အသင္းကုိဦးေဆာင္ကစားႏုိင္ခဲ့ၿပီး ဂုိးမသြင္းႏုိင္ေပမယ့္ အေကာင္းဆုံးေျခစြမ္းျပကစားႏုိင္ခဲ့လုိ႔ ထုိပြဲစဥ္ရဲ႕ အေကာင္းဆုံးေဘာလုံးသမားအျဖစ္လည္း ေရြးခ်ယ္ခံခဲ့ရသည္။

ေက်ာ္ကုိကုိဟာ ျမန္မာ့လက္ေရြးစင္အသင္းကုိ အာ႐ွဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္ မစြမ္းေဆာင္ႏုိင္ခဲ့ေပမယ့္ ေျခစစ္ပြဲ ပြဲစဥ္တုိင္းမွာေျခစြမ္းျပကစားႏုိင္ခဲ့တဲ့ ကစားသမားျဖစ္သည္။

အိႏၵိယႏွင့္ေျခစစ္ပြဲအဖြင့္ပြဲစဥ္ျဖစ္တဲ့ အိမ္ကြင္းပြဲစဥ္တစ္ပြဲသာဂုိးမသြင္းႏုိင္ခဲ့ဘဲ ေျခစစ္ပြဲေနာက္ပြဲစဥ္ေလးပြဲဆက္ ဂုိးသြင္းယူႏုိင္ခဲ့တဲ့ ကစားသမားျဖစ္သည္။

ထုိအျပင္ ေက်ာ္ကုိကုိဟာ လက္ေရြးစင္အသင္းရဲ႕ ႏုိင္ငံတကာပြဲစဥ္ေတြမွာ ေလးပြဲဆက္ဂုိးသြင္းယူႏုိင္ခဲ့တဲ့ ကစားသမားအျဖစ္ ယခုျမန္မာ့လက္ေရြးစင္အသင္းရဲ႕ ကစားသမားေတြထဲမွာ တစ္ဦးတည္းေသာကစားသမားအျဖစ္  မွတ္တမ္းဝင္ခဲ့ၿပီျဖစ္သည္။

ျမန္မာ့လက္ေရြးစင္အသင္းမွာ ျပသေနတဲ့ေျခစြမ္းေတြ အေကာင္းဆုံးႀကိဳးစား ကစားဟန္ေတြေၾကာင့္ ယခုအခ်ိန္မွာ ျမန္မာပရိသတ္ေတြရဲ႕ အားေပးမႈခ်စ္ခင္ႏွစ္သက္မႈေတြကုိ ျပန္လည္ရ႐ွိေနတဲ့ေက်ာ္ကုိကုိဟာ သူရဲ႕ေဘာလုံးသမားဘဝျဖတ္သန္းမႈ တစ္ေလ်ွာက္မွာေတာ့ အဆုိးအေကာင္းမ်ားစြာနဲ႔အတူ ထင္ေပၚေက်ာ္ၾကားမႈမ်ားစြာအျပင္ ျမန္မာေဘာလုံးပရိသတ္ေတြရဲ႕ ေဝဖန္ျပစ္တင္ေျပာဆုိမႈေတြကုိလည္း အမ်ားဆုံးခံခဲ့ရတဲ့ ကစားသမားတစ္ဦးျဖစ္ခဲ့သည္။

လက္ေရြးစင္အသင္းရဲ႕ အထင္ေပၚဆုံး ကစားသမားတစ္ဦးျဖစ္သလုိ သူရဲ႕ ပုံရိပ္ႀကီးစုိးမႈေတြေၾကာင့္ ခ်ီးက်ဴးဂုဏ္ျပဳမႈေတြနဲ႔အတူ ေဝဖန္ျပစ္တင္မႈေတြကုိလည္း အမ်ားဆုံးခံခဲ့ရတဲ့ ကစားသမားတစ္ဦးျဖစ္သည္။

ေက်ာ္ကုိကုိပါဝင္ကစားခဲ့တဲ့ လက္ေရြးစင္အသင္းေတြ ႐ႈံးနိမ့္မႈေတြၾကံဳရတုိင္း ေက်ာ္ကုိကုိဟာ က်န္တဲ့ကစားသမားေတြထက္ ေခါင္းစဥ္တပ္ အေဝဖန္ခံရဆုံးကစားသမားျဖစ္ခဲ့သည္။

သူဘယ္ေလာက္ပဲ ႀကိဳးစားကစားေနေနသူ ပါဝင္ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ျမန္မာအသင္း႐ႈံးနိမ့္ၿပီဆုိတာနဲ႔ ျမန္မာေဘာလုံးပရိသတ္မ်ားစြာရဲ႕ ေဝဖန္ျပစ္တင္လက္ညိဳးထုိးမႈေတြကုိ အခံရဆုံးကစားသမားတစ္ဦး ျဖစ္ခဲ့သည္။

၂၀၁၃ ဆီးဂိမ္းမွာ ပတ္ေဆာင္ဟြာနဲ႔ျဖစ္ခဲ့တဲ့ျပႆနာေတြ။

၂၀၁၆ ဆူဇူးကီးဖလားၿပိဳင္ပြဲမတုိင္ခင္မွာ ဂတ္ဇီနဲ႔ျဖစ္ခဲ့တဲ့ျပႆနာတစ္ခ်ိဳ႕ေၾကာင့္ လက္ေရြးစင္အသင္းကေန ထုတ္ပယ္ခံရတဲ့ျဖစ္စဥ္ေတြက ေက်ာ္ကုိကုိအေပၚ ျမန္မာေဘာလုံးပရိသတ္ေတြအေနနဲ႔ ပုိၿပီးေဝဖန္ခ်င္စရာေတြျဖစ္ခဲ့သည္။

ဒါေပမယ့္ ေက်ာ္ကုိကုိဟာ ဘယ္ေလာက္ပဲ ျပစ္တင္ေဂဖန္ေျပာဆုိမႈေတြ ခံရ ခံရ ဘယ္တုန္းကမွပရိသတ္ကုိ တုန္႔ျပန္ေျပာဆုိျခင္းမ႐ွိဘဲ ကြင္းအတြင္းအေကာင္းဆုံး ေျခစြမ္းေတြျဖစ္သာ ပရိသတ္ေမတၱာျပန္ရေအာင္ႀကိဳးစားခဲ့သည္။

သူမွားမွား မွန္မွန္ ဘယ္တုန္းကမွပရိသတ္ကုိ ျပန္ၿပီးမတုန္႔ျပန္ခဲ့။ ဘယ္ေလာက္ပဲ ေဝဖန္ခံရ ခံရ။

အေျပာခံရ ခံရ ေက်ာ္ကုိကုိဟာ ဘာတစ္ခုကုိမွတုန္႔ျပန္ေျပာဆုိျခင္းမ႐ွိဘဲ ေဘာလုံးတစ္ခုတည္းသာ အာ႐ုံစုိက္ကစားခဲ့သည္။ ေက်ာ္ကုိကုိဆီက အမ်ားဆုံးၾကားရတဲ့စကားက ”က်ေနာ္ မွားသြားပါတယ္။ ေတာင္းပန္ပါတယ္ “ ထုိစကားေတြသာျဖစ္သည္။

ယခုျမန္မာကစားေတြထဲမွာ ေက်ာ္ကုိကုိဟာ ပ႐ုိအပီသဆုံးကစားသမားတစ္ဦးျဖစ္သည္။ပ႐ုိပီပီသသ ျပဳမႈေျပာဆုိေနထုိင္တတ္ေသာ ကစားသမားျဖစ္သည္။

ကြင္းျပင္ကိစၥေတြကုိ သိပ့္စိတ္ဝင္စားေလ့မ႐ွိ အေနအထုိင္႐ုိး႐ုိးေအးေအးနဲ႔ ကြင္းအတြင္းအေကာင္းဆုံး ေျခစြမ္းေတြျပသႏုိင္ဖုိ႔သာ အာ႐ုံစုိက္ကစားေလ့႐ွိသည္။

ေက်ာ္ကုိကုိဟာ ေဘာလုံးကုိသာ အာ႐ုံစုိက္ကစားေလ့႐ွိတဲ့ ကစားသမားတစ္ဦး ၾကံ ့ခုိင္မႈေတြ အေကာင္းဆုံးျဖစ္ေနေအာင္ အျမဲေလ့က်င့္ေနတတ္တဲ့ ကစားသမားတစ္ဦး။

ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အပုိေလ့က်င့္ခန္းေတြ တစ္ဦးတည္းျပဳလုပ္ေလ့႐ွိတဲ့ ကစားသမားတစ္ဦး။ၿပိဳင္ပြဲေတြအတြက္ အျမဲအသင့္႐ွိေနတတ္တဲ့ လက္ေရြးစင္ကစားသမားတစ္ဦး။

ျမန္မာေဘာလုံးေလာကရဲ႕ ပ႐ုိလိဂ္မွာ ေက်ာ္ကုိကုိလ ုိပ႐ုိပီပီသသေနထုိင္တတ္တဲ့ ကစားသမားေတြမ်ားစြာ လုိအပ္ေနတာအမွန္ပင္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ko Moe Khar
# Unicode Version ျဖင့္ ဖတ္ပါ #
ကာဂျစ္စတန်ကိုရှုံးနိမ့်ပြီးနောက် အာရှဖလားခြေစစ်ပွဲမအောင်ခဲ့တဲ့ပွဲစဉ်မှာ အရန်အဖြစ်သာ ပွဲထွက်ခွင့်ရခဲ့တဲ့ကျော်ကိုကိုဟာ မကာအိုနဲ့ပွဲစဉ်မှာတော့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံရပြီး ပွဲထွက်ခွင့်ရခဲ့သည်။

မကာအိုနဲ့ပွဲမှာ ကျော်ကိုကိုဟာ အသင်းခေါင်းဆောင်တစ်ယောက်ပီပီ အသင်းကိုဦးဆောင်ကစားနိုင်ခဲ့ပြီးဂိုးမသွင်းနိုင်ပေမယ့် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့လို့ ထိုပွဲစဉ်ရဲ့ အကောင်းဆုံးဘောလုံးသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။

ကျော်ကိုကိုဟာ မြန်မာ့လက်ရွေးစင်အသင်းကို အာရှဖလားခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ခြေစစ်ပွဲ ပွဲစဉ်တိုင်းမှာခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကစားသမားဖြစ်သည်။

အိန္ဒိယနှင့်ခြေစစ်ပွဲအဖွင့်ပွဲစဉ်ဖြစ်တဲ့ အိမ်ကွင်းပွဲစဉ်တစ်ပွဲသာဂိုးမသွင်းနိုင်ခဲ့ဘဲ ခြေစစ်ပွဲနောက်ပွဲစဉ်လေးပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်သည်။

ထိုအပြင် ကျော်ကိုကိုဟာ လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ လေးပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ယခုမြန်မာ့လက်ရွေးစင်အသင်းရဲ့ ကစားသမားတွေထဲမှာ တစ်ဦးတည်းသောကစားသမားအဖြစ်  မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းမှာ ပြသနေတဲ့ခြေစွမ်းတွေ အကောင်းဆုံးကြိုးစား ကစားဟန်တွေကြောင့် ယခုအချိန်မှာ မြန်မာပရိသတ်တွေရဲ့ အားပေးမှုချစ်ခင်နှစ်သက်မှုတွေကို ပြန်လည်ရရှိနေတဲ့ကျော်ကိုကိုဟာ သူရဲ့ဘောလုံးသမားဘဝဖြတ်သန်းမှု တစ်လျှောက်မှာတော့ အဆိုးအကောင်းများစွာနဲ့အတူ ထင်ပေါ်ကျော်ကြားမှုများစွာအပြင် မြန်မာဘောလုံးပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်ပြောဆိုမှုတွေကိုလည်း အများဆုံးခံခဲ့ရတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့သည်။

လက်ရွေးစင်အသင်းရဲ့ အထင်ပေါ်ဆုံး ကစားသမားတစ်ဦးဖြစ်သလို သူရဲ့ ပုံရိပ်ကြီးစိုးမှုတွေကြောင့် ချီးကျူးဂုဏ်ပြုမှုတွေနဲ့အတူ ဝေဖန်ပြစ်တင်မှုတွေကိုလည်း အများဆုံးခံခဲ့ရတဲ့ ကစားသမားတစ်ဦးဖြစ်သည်။

ကျော်ကိုကိုပါဝင်ကစားခဲ့တဲ့ လက်ရွေးစင်အသင်းတွေ ရှုံးနိမ့်မှုတွေကြုံရတိုင်း ကျော်ကိုကိုဟာ ကျန်တဲ့ကစားသမားတွေထက် ခေါင်းစဉ်တပ် အဝေဖန်ခံရဆုံးကစားသမားဖြစ်ခဲ့သည်။

သူဘယ်လောက်ပဲ ကြိုးစားကစားနေနေသူ ပါဝင်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မြန်မာအသင်းရှုံးနိမ့်ပြီဆိုတာနဲ့ မြန်မာဘောလုံးပရိသတ်များစွာရဲ့ ဝေဖန်ပြစ်တင်လက်ညိုးထိုးမှုတွေကို အခံရဆုံးကစားသမားတစ်ဦး ဖြစ်ခဲ့သည်။

၂၀၁၃ ဆီးဂိမ်းမှာ ပတ်ဆောင်ဟွာနဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေ။

၂၀၁၆ ဆူဇူးကီးဖလားပြိုင်ပွဲမတိုင်ခင်မှာ ဂတ်ဇီနဲ့ဖြစ်ခဲ့တဲ့ပြဿနာတစ်ချို့ကြောင့် လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံရတဲ့ဖြစ်စဉ်တွေက ကျော်ကိုကိုအပေါ် မြန်မာဘောလုံးပရိသတ်တွေအနေနဲ့ ပိုပြီးဝေဖန်ချင်စရာတွေဖြစ်ခဲ့သည်။

ဒါပေမယ့် ကျော်ကိုကိုဟာ ဘယ်လောက်ပဲ ပြစ်တင်ဂေဖန်ပြောဆိုမှုတွေ ခံရ ခံရ ဘယ်တုန်းကမှပရိသတ်ကို တုန့်ပြန်ပြောဆိုခြင်းမရှိဘဲ ကွင်းအတွင်းအကောင်းဆုံး ခြေစွမ်းတွေဖြစ်သာ ပရိသတ်မေတ္တာပြန်ရအောင်ကြိုးစားခဲ့သည်။

သူမှားမှား မှန်မှန် ဘယ်တုန်းကမှပရိသတ်ကို ပြန်ပြီးမတုန့်ပြန်ခဲ့။ ဘယ်လောက်ပဲ ဝေဖန်ခံရ ခံရ။

အပြောခံရ ခံရ ကျော်ကိုကိုဟာ ဘာတစ်ခုကိုမှတုန့်ပြန်ပြောဆိုခြင်းမရှိဘဲ ဘောလုံးတစ်ခုတည်းသာ အာရုံစိုက်ကစားခဲ့သည်။ ကျော်ကိုကိုဆီက အများဆုံးကြားရတဲ့စကားက ”ကျနော် မှားသွားပါတယ်။ တောင်းပန်ပါတယ် “ ထိုစကားတွေသာဖြစ်သည်။

ယခုမြန်မာကစားတွေထဲမှာ ကျော်ကိုကိုဟာ ပရိုအပီသဆုံးကစားသမားတစ်ဦးဖြစ်သည်။ပရိုပီပီသသ ပြုမှုပြောဆိုနေထိုင်တတ်သော ကစားသမားဖြစ်သည်။

ကွင်းပြင်ကိစ္စတွေကို သိပ့်စိတ်ဝင်စားလေ့မရှိ အနေအထိုင်ရိုးရိုးအေးအေးနဲ့ ကွင်းအတွင်းအကောင်းဆုံး ခြေစွမ်းတွေပြသနိုင်ဖို့သာ အာရုံစိုက်ကစားလေ့ရှိသည်။

ကျော်ကိုကိုဟာ ဘောလုံးကိုသာ အာရုံစိုက်ကစားလေ့ရှိတဲ့ ကစားသမားတစ်ဦး ကြံ့ခိုင်မှုတွေ အကောင်းဆုံးဖြစ်နေအောင် အမြဲလေ့ကျင့်နေတတ်တဲ့ ကစားသမားတစ်ဦး။

လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အပိုလေ့ကျင့်ခန်းတွေ တစ်ဦးတည်းပြုလုပ်လေ့ရှိတဲ့ ကစားသမားတစ်ဦး။ပြိုင်ပွဲတွေအတွက် အမြဲအသင့်ရှိနေတတ်တဲ့ လက်ရွေးစင်ကစားသမားတစ်ဦး။

မြန်မာဘောလုံးလောကရဲ့ ပရိုလိဂ်မှာ ကျော်ကိုကိုလ ိုပရိုပီပီသသနေထိုင်တတ်တဲ့ ကစားသမားတွေများစွာ လိုအပ်နေတာအမှန်ပင်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ko Moe Khar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top