ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်ကြီးရေ အနုပညာရပ်ဝန်းမှာ ကိုယ်စီအောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားကြတဲ့ ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့ ၂ယောက်က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူမတို့၂ဦးဟာ ကျောင်းသူဘဝထဲက အတန်းဖော်တွေဖြစ်ခဲ့ကြသလို အခုလို အနုပညာလောကမှာလည်း ပြန်လည်ဆုံတွေ့ပြီး ခင်မင်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။ အမြဲအတူ သွားလာ စားသောက်လေ့ရှိကြတဲ့ သူမတို့၂ဦးဟာ ပွဲအခမ်းအနားတွေဆိုရင်လည်း အတူတက်ရောက်လေ့ရှိပါတယ်။

သြဂုတ်လ ၉ရက်နေ့ Pioneer Club မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “honor phone 9 Lite and 7S launch” မိတ်ဆက်ပွဲအခမ်းအနားကို သူမတို့၂ယောက်အတူ တက်ရောက်ခဲ့ကြပါတယ်။ ဒီ “Honor Myanmar Official Launch” ပွဲလေးမှာ အဆိုတော် ဝိုင်းလေးက Theme Song ဖြင့် သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ မင်းသမီးလေး ခင်ဝင့်ဝါက မီးခိုးရောင်အမိုက်စားဖက်ရှင်လေးနဲ့ အပြတ်အသတ်လန်းနေခဲ့သလို ဝိုင်းလေးကလည်း တစ်လက်လက်တောက်ပနေတဲ့ ဝတ်စုံလှလှလေးနဲအတူ ပေါ်လွင်လှပနေတာ တွေ့ရပါတယ်။

ပရိသတ်တွေ ရွေးချယ်ရခက်လောက်အောင် တစ်ယောက်တစ်မျိုးစီလှနေကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမတို့ ၂ဦးဟာ တစ်ဦးကိုတစ်ဦး ဖေးမကူညီကြသလို အမြဲတွဲတွေ့ရလောက်အောင် ရင်းနှီးကြတဲ့ ဆက်ဆံရေးရှိကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်ချစ်ခင်ခင်နဲ့ တွေ့ရတတ်တဲ့ အလှမိမယ်လေး၂ဦးကို ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခိုင်မြဲစွာ ရင်းနှီးခင်မင်နေကြတဲ့ ဝိုင်းလေးနဲ့ ခင်ဝင့်ဝါတို့ရဲ့ပွဲတက်ဖက်ရှင်အလှပုံလေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wine lay & Khin Wint Wah;

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top