ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ပရိသတ္ႀကီးေရ အဆိုေတာ္၊သ႐ုပ္ေဆာင္ ရဲေလးကေတာ့ ပရိသတ္ေတြရဲ႕ ရင္ထဲေရာက္ေစမယ့္ သီခ်င္းေကာင္းေလးေတြကို အၿမဲေရးစပ္ဖန္တီးေလ့ရွိပါတယ္။ သူ႕ရဲ႕သီခ်င္းေလးေတြကို ပရိသတ္ေတြက သေဘာက်ႏွစ္ၿခိဳက္ၾကသလို ခန႔္ညားတဲ့ ႐ုပ္ရည္ရွိတဲ့ ရဲေလးကိုလည္း အားလုံးက အားေပးခ်စ္ခင္ၾကတာ ျဖစ္ပါတယ္။ ရဲေလးက သီခ်င္းေလးေတြနဲ႕ နားဆင္သူေတြရဲ႕စိတ္ကိုညို႔ယူတတ္သလို သီခ်င္းဗီဒီယိုေတြကိုလည္း အေကာင္းဆုံးျဖစ္ေအာင္ ကိုယ္တိုင္ပုံေဖာ္တတ္သူ ျဖစ္ပါတယ္။

အခုလည္း ရဲေလးက Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကေန ေအာင္ျမင္လာခဲ့တဲ့ အဆိုေတာ္မေလး နင္ဇီေမနဲ႕အတူ သီခ်င္းေကာင္းေလးတစ္ပုဒ္ကို ဖန္တီးခဲ့ပါတယ္။ “နင္မရွိတဲ့ေနာက္” ဆိုၿပီး အမည္ေပးထားတဲ့ ဒီသီခ်င္းေလးရဲ႕ Official ဗီဒီယိုကိုေတာ့ ၾသဂုတ္လ ၄ရက္ေန႕မွာ စတင္ထြက္ရွိခဲ့ပါတယ္။ ဒီသီခ်င္းေလးဟာ အလြမ္းအေဆြးသီခ်င္းေလးတစ္ပုဒ္ျဖစ္ၿပီး ပရိသတ္ေတြ မ်က္ရည္က်ရေလာက္တဲ့အထိ ေအာင္ျမင္ေနတဲ့ သီခ်င္းေလး ျဖစ္ပါတယ္။

ဒီသီခ်င္းေလးက စာသားေလးေတြနဲ႕တင္ တကယ့္အႏွစ္အသာရ အျပည့္အဝခံစားေစရမယ့္ သီခ်င္းေလးျဖစ္သလို MTV ေလးကိုလည္း ဇာတ္လမ္းဇာတ္အိမ္ေကာင္းေကာင္းျဖင့္ ပုံေဖာ္ထားတာေၾကာင့္ ပရိသတ္ၾကည့္ရႈမႈအမ်ားဆုံးျဖစ္ေနတာ ေတြ႕ရပါတယ္။
 
ရဲေလးက “နင္ဘယ္လို ေတြးလဲေတာ့ငါမသိဘူး …ငါကေတာ့နင့္ကိုခ်စ္တယ္ …ေနာက္လည္းအၿမဲခ်စ္ေနအုံးမွာဘဲ..” ဆိုတဲ့ စာသားေလးနဲ႕အတူ သီခ်င္းဗီဒီယိုေလးေတြကို မွ်ေဝထားတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ႀကီးအတြက္ ပရိသတ္ေတြ မ်က္ရည္က်ခဲ့ရတဲ့ ရဲေလးနဲ႕ နင္ဇီေမတို႔ရဲ႕ “နင္မရွိတဲ့ေနာက္” ဆိုတဲ့သီခ်င္းေလးကို ၾကည့္ရႈဖို႔ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  swelsonenews.net

#Unicode Version#

ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင် ရဲလေးကတော့ ပရိသတ်တွေရဲ့ ရင်ထဲရောက်စေမယ့် သီချင်းကောင်းလေးတွေကို အမြဲရေးစပ်ဖန်တီးလေ့ရှိပါတယ်။ သူ့ရဲ့သီချင်းလေးတွေကို ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြသလို ခန့်ညားတဲ့ ရုပ်ရည်ရှိတဲ့ ရဲလေးကိုလည်း အားလုံးက အားပေးချစ်ခင်ကြတာ ဖြစ်ပါတယ်။ ရဲလေးက သီချင်းလေးတွေနဲ့ နားဆင်သူတွေရဲ့စိတ်ကိုညို့ယူတတ်သလို သီချင်းဗီဒီယိုတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်ပုံဖော်တတ်သူ ဖြစ်ပါတယ်။

အခုလည်း ရဲလေးက Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ အောင်မြင်လာခဲ့တဲ့ အဆိုတော်မလေး နင်ဇီမေနဲ့အတူ သီချင်းကောင်းလေးတစ်ပုဒ်ကို ဖန်တီးခဲ့ပါတယ်။ “နင်မရှိတဲ့နောက်” ဆိုပြီး အမည်ပေးထားတဲ့ ဒီသီချင်းလေးရဲ့ Official ဗီဒီယိုကိုတော့ သြဂုတ်လ ၄ရက်နေ့မှာ စတင်ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းလေးဟာ အလွမ်းအဆွေးသီချင်းလေးတစ်ပုဒ်ဖြစ်ပြီး ပရိသတ်တွေ မျက်ရည်ကျရလောက်တဲ့အထိ အောင်မြင်နေတဲ့ သီချင်းလေး ဖြစ်ပါတယ်။

ဒီသီချင်းလေးက စာသားလေးတွေနဲ့တင် တကယ့်အနှစ်အသာရ အပြည့်အဝခံစားစေရမယ့် သီချင်းလေးဖြစ်သလို MTV လေးကိုလည်း ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဖြင့် ပုံဖော်ထားတာကြောင့် ပရိသတ်ကြည့်ရှုမှုအများဆုံးဖြစ်နေတာ တွေ့ရပါတယ်။

ရဲလေးက “နင်ဘယ်လို တွေးလဲတော့ငါမသိဘူး …ငါကတော့နင့်ကိုချစ်တယ် …နောက်လည်းအမြဲချစ်နေအုံးမှာဘဲ..” ဆိုတဲ့ စာသားလေးနဲ့အတူ သီချင်းဗီဒီယိုလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးအတွက် ပရိသတ်တွေ မျက်ရည်ကျခဲ့ရတဲ့ ရဲလေးနဲ့ နင်ဇီမေတို့ရဲ့ “နင်မရှိတဲ့နောက်” ဆိုတဲ့သီချင်းလေးကို ကြည့်ရှုဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:  swelsonenews.net

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top