iMyanmarHouse.com - Best Property Website for Myanmar
×
# Unicode Version ဖြင့် ဖတ်ပါ #
ရုရှားနိုင်ငံသူအမျိုးသမီးတစ်ယောက်ဟာ သူမသူငယ်ချင်းရဲ့ အသက်မပြည့်သေးတဲ့ ကောင်မလေးရဲ့ အပျိုစင်ဘဝကို အရပ်ဝတ်ရဲသားတစ်ယောက်ထံရောင်းချခဲ့မိလို့ အဖမ်းခံခဲ့ရပါတယ်။ Alina Kukanova ဟာ သူမသူငယ်ချင်းရဲ့ ၁၃နှစ်အရွယ်ကောင်မလေးရဲ့အပျိုစင်ဘဝကိုရောင်းမိလို့ ထောင် ၃နှစ်ခွဲပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။
ကောင်မလေးရဲ့မိခင် Irina Gladkikh ကိုယ်တိုင်က Alina ကို သူ့သမီးအတွက် ဖောက်သည်အရှာခိုင်းခဲ့တာပါ လို့ ထွက်ဆိုခဲ့ပါတယ်။ အစပိုင်းကြော်ငြာမှုတွေအတွင်း UAE နိုင်ငံသားတစ်ယောက်က ပေါင် ၁၈၀၀၀ နဲ့ဝယ်ယူမယ်ဆိုပီးဈေးတည်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ Alina က အဝေးကြီးသွားဖို့မလိုကြောင်း ၊ မော်စကိုမှာတင် ဖောက်သည်ရှာတွေ့ပီဖြစ်ကြောင်း ပြောခဲ့ပါတယ်တဲ့။ ဖြစ်ချင်တော့ ထိုလူဟာ စုံစမ်းအဖွဲ့ဝင်ရဲအရာရှိတစ်ယောက်ဖြစ်နေပါတော့တယ်။
ထိုအရပ်ဝတ်ရဲသားဟာ online ကထိုကြော်ငြာကို တွေ့တွေ့ချင်းအမှုမှန်ကိုဖော်ထုတ်ဖို့ လက်ခံခဲ့ပါတယ်။ ထို့နောက် စားသောက်ဆိုင်တစ်ဆိုင်မှာ တွေ့ဖို့ချိန်းဆိုခဲ့ပါတယ်။ ဈေးစကားပြောအပီး စရံကို အယောင်ပြထုတ်ပေးခဲ့ပီး နောက် စားသောက်ဆိုင်ကအထွက်မှာ ထိုအမျိုးသမီးနှစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ကောင်မလေးကို ဆေးရုံမှာအရင် ဆေးသွားစစ်စေပီးမှ သူမရဲ့အခြားအမျိုးတွေဆီ လက်လွှဲပေးခဲ့ရပါတယ်။ ကလေးအမေ ကိုတော့ ထိန်းသိမ်းထားဆဲဖြစ်ကာ အနည်းဆုံးထောင် ၁၀နှစ် ကျခံရဖွယ်ရှိပါတယ်။
ယခုခေတ်မှာ အမျိုးသမီးတော်တော်များများဟာ အလုပ်လက်မဲ့ဖြစ်နေကာ စားဝတ်နေရေးအတွက် အလွယ်လမ်းကို လိုက်တတ်ကြပါတယ်။ ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ?????
ဖိုးသူတော် (www.phothutaw.com)
Credit: စပွန့် (Daily Hot News)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top