ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စကားအရာႂကြယ္ၿပီး အေမးေကာင္းတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တဦးရဲ႕ ဗီြဒီယို ႐ုပ္သံဖိုင္တခု လူမႈကြန္ရက္မွာ ရွယ္သူမ်ားၿပီး ပ်႔ံႏွ႔ံေနပါတယ္။

ၾသဂုတ္ ၆ ရက္က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ မင္းတပ္ မဲဆႏၵနယ္က လႊတ္ေတာ္အမတ္ ဦးေနလင္းေအာင္က သူ႔မဲဆႏၵနယ္ထဲ တံတားတစင္း တည္ေဆာက္ေပးဖို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

ခ်င္းအမ်ိဳးသားဝတ္စံု ဝတ္ဆင္ထားတဲ့ ဦးေနလင္းေအာင္က လႊတ္ေတာ္ထဲ ပါဝါပိြဳင့္သုံးကာ တင္ျပခဲ့ရာမွာ တံတားေရထဲပါသြားလို႔ က်န္ရစ္တဲ့ ႀကိဳးႏွစ္ေခ်ာင္းကေန ေဒသခံရြာသားေတြ ခက္ခက္ခဲခဲ အသက္ကိုရင္း ကူးသန္းေနရတယ္လို႔ ေျပာပါတယ္။

ဂ်ိမ္းစ္ဘြန္းကားေတြက စြန္႔စားခန္းေတြက သ႐ုပ္ေဆာင္ျပတာျဖစ္လို႔ ၾကည့္လို႔ေကာင္းေပမယ့္ ေဒသခံေတြ အခုလို စြန္႔စားၿပီး ကူးသန္းသြားလာေနရတာကေတာ့ ၾကည့္လို႔မေကာင္းဘူးလို႔ သူက ေျပာပါတယ္။

သူ တင္ျပထားတဲ့ မုန္းေခ်ာင္းကူးတံတားကိစၥကို ဆိုင္ရာဝန္ႀကီးဌာနအေနနဲ႔ တည္ေဆာက္ေပးလိမ့္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာဆိုရာမွာလည္း ဦးေနလင္းေအာင္က “မဆြတ္ခင္က ညႊတ္၊ မတိမ္းခင္က ယိမ္း၊ မေႁခြခင္က ေႂကြ ဆုိသလိုပဲ ဆိုင္ရာဌာနက ေပးလိမ့္မယ္” လို႔ စကားအလကၤာသံုး ေျပာခဲ့လို႔ လႊတ္ေတာ္ထဲက ကိုယ္စားလွယ္ေတြ သေဘာက် ၿပံဳးေနတာ ေတြ႔ရပါတယ္။

သူ႔ရဲ႕ေမးခြန္းနဲ႔စပ္လ်ဥ္းၿပီး ေဆာက္လုပ္ေရး ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက မုန္းေခ်ာင္းကူး တံတား တည္ေဆာက္ဖို႔အတြက္ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္မွာ ပါဝင္ျခင္း မရွိေသးလို႔ ၂၀၁၉-၂၀ ဘ႑ာေရးႏွစ္မွာမွ ထည့္သြင္းလ်ာထားသြားမယ္လို႔ ေျဖၾကားခဲ့တဲ့အတြက္ ဦးေနလင္းေအာင္ လိုခ်င္တဲ့အေျဖေတာ့ ရမသြားပါဘူး။

Ebenezer Chan ဆိုသူက လႊတ္​​ေတာ္​မွာ အထာက်က် တင္​ျပမယ္​ ဆိုၿပီး အမတ္ရဲ႕ ဗြီဒီယိုဖိုင္ကို အြန္လိုင္းမွာ တင္ထားရာ ဒီကေန႔ထိ ၾကည့္႐ႈသူေပါင္း ၂၄,၀၀၀၊ ႀကဳိက္လို႔ လိုက္ခ္လုပ္သူ ၂၀,၀၀၀ ေက်ာ္နဲ႔ မၽွေဝရွယ္တဲ့သူ ၁,၇၀၀ ေလာက္ ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVD

#Unicode Version#
စကားအရာကြွယ်ပြီး အမေးကောင်းတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ဗွီဒီယို ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ရှယ်သူများပြီး ပျံ့နှံ့နေပါတယ်။

သြဂုတ် ၆ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မင်းတပ် မဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးနေလင်းအောင်က သူ့မဲဆန္ဒနယ်ထဲ တံတားတစင်း တည်ဆောက်ပေးဖို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ချင်းအမျိုးသားဝတ်စုံ ဝတ်ဆင်ထားတဲ့ ဦးနေလင်းအောင်က လွှတ်တော်ထဲ ပါဝါပွိုင့်သုံးကာ တင်ပြခဲ့ရာမှာ တံတားရေထဲပါသွားလို့ ကျန်ရစ်တဲ့ ကြိုးနှစ်ချောင်းကနေ ဒေသခံရွာသားတွေ ခက်ခက်ခဲခဲ အသက်ကိုရင်း ကူးသန်းနေရတယ်လို့ ပြောပါတယ်။

ဂျိမ်းစ်ဘွန်းကားတွေက စွန့်စားခန်းတွေက သရုပ်ဆောင်ပြတာဖြစ်လို့ ကြည့်လို့ကောင်းပေမယ့် ဒေသခံတွေ အခုလို စွန့်စားပြီး ကူးသန်းသွားလာနေရတာကတော့ ကြည့်လို့မကောင်းဘူးလို့ သူက ပြောပါတယ်။

သူ တင်ပြထားတဲ့ မုန်းချောင်းကူးတံတားကိစ္စကို ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ တည်ဆောက်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုရာမှာလည်း ဦးနေလင်းအောင်က “မဆွတ်ခင်က ညွှတ်၊ မတိမ်းခင်က ယိမ်း၊ မခြွေခင်က ကြွေ ဆိုသလိုပဲ ဆိုင်ရာဌာနက ပေးလိမ့်မယ်” လို့ စကားအလင်္ကာသုံး ပြောခဲ့လို့ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေ သဘောကျ ပြုံးနေတာ တွေ့ရပါတယ်။

သူ့ရဲ့မေးခွန်းနဲ့စပ်လျဉ်းပြီး ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက မုန်းချောင်းကူး တံတား တည်ဆောက်ဖို့အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ ပါဝင်ခြင်း မရှိသေးလို့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာမှ ထည့်သွင်းလျာထားသွားမယ်လို့ ဖြေကြားခဲ့တဲ့အတွက် ဦးနေလင်းအောင် လိုချင်တဲ့အဖြေတော့ ရမသွားပါဘူး။

Ebenezer Chan ဆိုသူက လွှတ်တော်မှာ အထာကျကျ တင်ပြမယ် ဆိုပြီး အမတ်ရဲ့ ဗွီဒီယိုဖိုင်ကို အွန်လိုင်းမှာ တင်ထားရာ ဒီကနေ့ထိ ကြည့်ရှုသူပေါင်း ၂၄,၀၀၀၊ ကြိုက်လို့ လိုက်ခ်လုပ်သူ ၂၀,၀၀၀ ကျော်နဲ့ မျှဝေရှယ်တဲ့သူ ၁,၇၀၀ လောက် ရှိနေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: DVD
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top