iMyanmarHouse.com - Best Property Website for Myanmar
×







Credit: ApannPyay

#Unicode Version#
ရားထီးတင်မယ့် အချိန်ကို ပြောပြလာတဲ့ မြန်မာအိုင်ဒေါ Winner ဆုရှင် ဖြိုးမြတ်အောင်

မြန်မာတစ်နိုင်ငံလုံး ပွဲဆူသွားလောက်အောင် နာမည်ကြီးခဲ့တဲ့ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့ နောက်တစ်နေ့ မှာပဲ Winner ဆုရှင်ဖြိုးမြတ်အောင် ဟာ သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ တိုက်ရိုက် Live ဗွီဒီယိုဖိုင်တစ်ခု လွှင့်တင်ပြီး ပရိသတ်များနဲ့ စကားပြောခဲ့ပါတယ်..။

အခုလိုစကားပြောတဲ့ အခါမှာလည်း ပရိသတ်များကို ချစ်ခင်လေးစားတဲ့ အကြောင်း ကျေးဇူးရှင်များအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂါရဝပြုကြောင်း အပြင် မူးယစ်ဆေးဝါးကိုလည်း ဘယ်တော့မှ မသုံးစွဲပဲ အနုပညာကို ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောပြ ကတိပေးခဲ့ပါတယ်..။

ပရိသတ်တစ်ယောက်ရဲ့နာမည်ကိုခေါ်ပြီး ဆံပင်အရှည်လေးကို ပြန်ထားပါရစေလို့လည်း တောင်းဆိုခဲ့ပါတယ်..။ ဆေးလိပ်လည်း အတတ်နိုင်ဆုံး ဖြတ်နိုင်အောင် ကြိုးစားပါ့မယ်လို့လည်း ကတိပေးခဲ့ပါတယ်..။

ဖြိုးမြတ်အောင်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဘုရားထီးတင်ခြင်းကိုလည်း အခုက မိုးတွင်းမို့လို့ သီတင်းကျွတ် တန်ဆောင်မုန်းလလောက်မှာ ဘုရားထီးတင်ပါမည် ဖြစ်ကြောင်း ဘုရားမှာ အခြားပြင်ဆင်စရာတွေရှိနေသေးကြောင်း အဲ့ဒါတွေ အားလုံးကိုလည်း ပြင်ဆင်မည်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်..။

ကဲ… ဖြိုးမြတ်အောင် အတွက်အားပေးကြတဲ့ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင် ဘုရားထီးတင်ပြီး ရေစက်ချ အမျှဝေတဲ့ အခါ သာဓုခေါ်ဆိုကြမယ်လို့ မျှော်လင့်ပါတယ်…။


ဖိုးသူတော် (www.phothutaw.com)
Credit: ApannPyay


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top