iMyanmarHouse.com - Best Property Website for Myanmar
×

 ျမန္မာ့သစ္လုပ္ငန္းအတြက္ သစ္ဆဲြဖို႔ ေတာထဲကဖမ္းဆီးလာၿပီး ခိုင္းေစခံရတဲ့ဆင္ေတြဟာ ဆင္စခန္းေတြမွာ ေမြးဖြားတဲ့ဆင္ေတြထက္ ပွ်မ္းမွ်အသက္ ၅ ႏွစ္ တိုတယ္လို႔ Finland နိုင္ငံ Turku တကၠသိုလ္က သုေတသီေတြက မေန႔က ေျပာၾကားလိုက္ပါတယ္။

ေတာဆင္ရိုင္းကို ဖမ္းမိခ်ိန္က အသက္ရေနၿပီဆိုရင္ အဲဒီဆင္ဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ ပိုလို႔ ေသဆံုးဖြယ္ရွိတယ္လို႔ဆိုပါတယ္။ ၁၉၅၁ ခုႏွစ္ကေန ၂၀၀၀ ျပည့္ႏွစ္အတြင္း သစ္လုပ္ငန္းမွာ ခိုင္းေစတဲ့ ဆင္ေကာင္ေရ ၅၁၅၀ ကို ေလ့လာတာပါ။ ဒီထဲက ဆင္ ငါးပံုႏွစ္ပံုဟာ ေတာဆင္ရိုင္းေတြျဖစ္ပါတယ္။

ဆင္စခန္းေတြမွာ သစ္ဆြဲရင္း ေမြးဖြားတဲ့ ဆင္ထီးဆိုရင္ ပွ်မ္းမွ် သက္တမ္း ႏွစ္ ၃ဝ ရွိၿပီး ဆင္မဆိုရင္ ၄၅ ႏွစ္ရွိေပမဲ့ ေတာထဲက အရိုင္းသက္သက္ဖမ္းဆီးလာတဲ့ ဆင္ထီးေရာ ဆင္မပါ စခန္းမွာေမြးတဲ့ ဆင္ေတြထက္ အသက္ ၅ ႏွစ္ တိုတယ္လို႔ ေဖာ္ျပပါတယ္။

ဆင္ရိုင္းေတြဖမ္းလာခ်ိန္မွာ ၿငိမ္ေဆးေကၽြးတာ ဒါမွမဟုတ္ ႀကိဳးကြင္းစြပ္ခံရတာ၊ မိသားစုနဲ႔ခြဲတာေတြဟာ ဆင္ေတြစိတ္ကိုဖိစီးေစၿပီး အသက္တိုရဖြယ္ရွိတယ္လို႔ သုေတသီေတြက မွန္းဆပါတယ္။
ေလာေလာဆယ္မွာ ျမန္မာနိုင္ငံမွာ သစ္ဆြဲဆင္ေကာင္ေရ ၅၀၀၀ ေလာက္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: RFA Burmese
# Unicode Version ျဖင့္ ဖတ္ပါ #
 မြန်မာ့သစ်လုပ်ငန်းအတွက် သစ်ဆွဲဖို့ တောထဲကဖမ်းဆီးလာပြီး ခိုင်းစေခံရတဲ့ဆင်တွေဟာ ဆင်စခန်းတွေမှာ မွေးဖွားတဲ့ဆင်တွေထက် ပျှမ်းမျှအသက် ၅ နှစ် တိုတယ်လို့ Finland နိုင်ငံ Turku တက္ကသိုလ်က သုတေသီတွေက မနေ့က ပြောကြားလိုက်ပါတယ်။

တောဆင်ရိုင်းကို ဖမ်းမိချိန်က အသက်ရနေပြီဆိုရင် အဲဒီဆင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုလို့ သေဆုံးဖွယ်ရှိတယ်လို့ဆိုပါတယ်။ ၁၉၅၁ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း သစ်လုပ်ငန်းမှာ ခိုင်းစေတဲ့ ဆင်ကောင်ရေ ၅၁၅၀ ကို လေ့လာတာပါ။ ဒီထဲက ဆင် ငါးပုံနှစ်ပုံဟာ တောဆင်ရိုင်းတွေဖြစ်ပါတယ်။

ဆင်စခန်းတွေမှာ သစ်ဆွဲရင်း မွေးဖွားတဲ့ ဆင်ထီးဆိုရင် ပျှမ်းမျှ သက်တမ်း နှစ် ၃ဝ ရှိပြီး ဆင်မဆိုရင် ၄၅ နှစ်ရှိပေမဲ့ တောထဲက အရိုင်းသက်သက်ဖမ်းဆီးလာတဲ့ ဆင်ထီးရော ဆင်မပါ စခန်းမှာမွေးတဲ့ ဆင်တွေထက် အသက် ၅ နှစ် တိုတယ်လို့ ဖော်ပြပါတယ်။

ဆင်ရိုင်းတွေဖမ်းလာချိန်မှာ ငြိမ်ဆေးကျွေးတာ ဒါမှမဟုတ် ကြိုးကွင်းစွပ်ခံရတာ၊ မိသားစုနဲ့ခွဲတာတွေဟာ ဆင်တွေစိတ်ကိုဖိစီးစေပြီး အသက်တိုရဖွယ်ရှိတယ်လို့ သုတေသီတွေက မှန်းဆပါတယ်။
လောလောဆယ်မှာ မြန်မာနိုင်ငံမှာ သစ်ဆွဲဆင်ကောင်ရေ ၅၀၀၀ လောက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top