ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တစ္ေယာက္တည္း ကိုယ့္ဘာသာစကားေျပာျခင္း။ လူတိုင္းမဟုတ္ေတာင္ အမ်ားစုကေတာ့ တစ္ေယာက္တည္း ကိုယ့္ဘာသာ စကားေျပာတာေတြ လုပ္ဖူးၾကမွာပါ။ တခ်ိဳ႕ေတြေျပာၾကတာရွိတယ္။ တစ္ေယာက္တည္း စကားေျပာေနတယ္။ ရူးသြားျပီလားေပါ့။ အဲလို အေျပာခံရတာေတြ ၾကံဳဖူးမွာပါ။ အဲဒါက လူၾကားထဲ အဲလို ေျပာမိလို႔ပါ။ လူေတြအမ်ားၾကီးရွိေနခ်ိန္ေတာ့ မေျပာနဲ႔ေလေနာ္။ စိတ္လည္းေကာင္းတယ္ ရူးလည္းမရူးဘူးဆိုတဲ့ သူေတြက ေတာ့ လူၾကားထဲ တစ္ေယာက္တည္း စကားေျပာမေနတတ္ပါဘူး။ အိမ္မွာတစ္ေယာက္တည္းရွိတဲ့ အခ်ိန္၊ အိမ္သာတက္ေနတ့ဲအခ်ိန္၊ လူေတြအိပ္ေနတဲ့ အခ်ိန္ ကိုယ့္အခန္းထဲ အိပ္ရာေပၚမွာ တစ္ေယာက္တည္း ကိုယ့္ဘာသာ စကားေျပာေနတဲ့ အခိုက္အတန္႔ေတြ ရွိဖူးမွာပါ။ တစ္ခ်ိဳ႔ဆုိ အဲလို တစ္ေယ့ာက္တည္းေျပာေနတတ္တာ အက်င့္လိုကိုျဖစ္ေနတာ။ သူမ်ားေတြ ေျပာသလိုပဲ တစ္ေယာက္တည္း စကားေျပာတဲ့သူေတြက စိတ္ေရာဂါေဝဒနာရွင္လား။
ေလ့လာခ်က္ေတြအရ တစ္ေယာက္တည္းစကားေျပာေနတတ္တဲ့ အက်င့္ရွိသူေတြဟာ စိတ္္ေရာဂါသည္ေတြမဟုတ္( ယဥ္ယဥ္ေလးရူးေနတဲ့သူေတြ မဟုတ္)ပဲ ညဏ္ၾကီးရွင္ေတြပါတဲ့။ ကိုယ္လည္း အဲ့အထဲ ပါေနရင္ ဝမ္းသာလိုက္ေတာ့။ ကမ ၻာပၚက အေက်ာ္အေမာ္ သိပၸံညာရွင္ျဖစ္တဲ့ အိုင္းစတိုင္းဆိုရင္ လည္း တစ္ေယာက္တည္းစကားတိုးတိုးေလး ေျပာေနတတ္တဲ့ သူပါတဲ့။ ကဲ အေဖာ္ေတြ႔ျပီဆိုေတာ့ ဝမ္းသာလိုက္ေတာ့။ သူငယ္ခ်င္းေတြထဲမွာလညး္ ဖြင့္မေျပာၾကတာသာရွိမယ္။ က်ိတ္ျပီးေျပာေနတတ္တဲ့ သူေတြရွိရင္ရိွမွာ။ သူတို႕ေတြက ရူးေနတဲ့သူေတြ မဟုတ္္ဘူးေနာ္။ ညဏ္ၾကီးရွင္ေတြ။
ခုေျပာခ်င္တာက တစ္ေယာက္တည္း စကားေျပာျခင္းရဲ့ အက်ိဳးေက်းဇူး (၅) ခ်က္ေျပာျပေပးမယ္ေနာ္။
၁ ။ တစ္ေယာက္တည္းစကားေျပာျခင္းျဖင့္ ကိုယ့္ကိုကိုယ္ ျပန္ျပီးအားေပးရာေရာက္တယ္။
ၾကံဳဖူးၾကမွာပါ။ အခက္အခဲေတြၾကံဳေနရတဲ့ အခ်ိန္၊ အားေပးမယ့္ သူေတြမရိွတဲ့အခ်ိန္၊ တစ္ေယာက္တည္းရွိေနခ်ိန္မွာ “ငါလုပ္ႏိုင္တယ္ ငါေက်ာ္ျဖတ္ႏိုင္တယ္ ေအးေဆးပဲ” ဆိုျပီး စိတ္ထဲမွာတင္ေျပာတာမဟုတ္ဘဲ ပါးစပ္ကပါ ထုတ္ေျပာလိုက္ေတာ့  ကိုယ့္အသံကိုယ္ျပန္ၾကားျပီး အားတက္သြားတယ္ဟုတ္။
၂ ။ ဦးေႏွာက္ကိုလည္း အဆက္မျပတ္ အလုပ္ေပးေနတယ္။
သင္ ေစ်းသြားဝယ္တဲ့အခါမွာ ဝယ္ရမယ့္ ပစၥည္း၊ လုပ္စရာရွိတဲ့ ကိစၥေတြကို ထပ္တလဲလဲ ရြတ္ျဖစ္တာမ်ိဳး ၾကံဳဖူးမွာပါ။ ေျပာတတ္တဲ့  ပံုစံေတြကေတာ့ “ေပါင္မုန့္ ေပါင္မုန္႔ ဘယ္နားမွာလဲ ေဟာ ေတြ႔ျပီ” “ ဆပ္ျပာမႈန္႔လည္း ဝယ္ရဦးမယ္ ေတ္ာေသးလို႔ ေမ့ေတာ့မလို႔” ဆိုျပီး တစ္ကိုယ္တည္းၾကားရံု တိုးတိုးေျပာလိုက္တာက ဦးေႏွာက္ကို အဆက္မျပတ္ အလုပ္ေပးရာေရာက္တယ္။ ေမ့လညး္မေမ့ေတာ့ဖူးေပါ့။
၃ ။ မေက်နပ္ခ်က္မ်ားကို ဖြင့္ခ်ႏိုင္။
တစ္ေယာက္ေယာက္က ကိုယ့္အေပၚ အနိုင္က်င့္ ဆူဆဲတယ္ဆိုပါစို႔။ အဲ့ဒီလူက ကိုယ္ျပန္ခံေျပာလို႔မရတဲ့ လူတစ္ေယာက္လဲ ျဖစ္ေနမယ္ဆိုရင္ ကိုယ္ကတစ္ေနရာကိုသြားျပီး အဲ့လူအေပၚ မေက်နပ္ခ်က္ေတြကို တစ္ေယာက္တည္း ပြစိပြစိ ေျပာပစ္လိုက္တာမ်ိဳး လုပ္ဖူးၾကတယ္မလား။ အဲလို လုပ္လိုက္တာက    ခံစားေနရတဲ့ မေက်နပ္ခ်က္ေတြ ေလ်ာ့သြားႏိုင္ပါတယ္။
၄ ။ ကိုယ့္ေခါင္းထဲက အေတြးေတြကို ျပန္ၾကားႏိုင္တယ္။
တစ္ခါတစ္ေလ ေခါင္းေတြရႈပ္ျပီး ဘာလုပ္ရမွန္း မသိတဲ့ အခ်ိန္ေတြ ရွိခ့ဲဖူးမွာပါ။ အဲ့ အခ်ိန္ဆို တစ္ေယာက္တည္းစကားေျပာတတ္သူေတြက “ ငါ ဘာေတြလုပ္ေနတာပါလိမ့္။  ကဲေခါင္းေအးေအးထား၊ ဒီလိုလုပ္ၾကည့္၊ အဆင္မေျပရင္လည္း ေနာက္တစ္မ်ိဳးေျပာင္းေပါ့။” အဲလိုေျပာလိုက္တာက ကိုယ္ဘာေတြးေနတယ္ ကိုယ္ဘာလုပ္ခ်င္တယ္ဆိုတဲ့ လမ္းစျပန္ေပၚလာတာယ္။ ေခါင္းကို ရွင္းေပးဖို႕ ကိုယ့္ဘာသာ သတိေပးလိုက္သလို ျဖစ္သြားတယ္။
၅ ။ ေျပာရမည့္ စကားေတြ အဆင္ေခ်ာသြားတယ္။ မွတ္ညဏ္ေကာင္းေစတယ္။
ပြဲတစ္ခုမွာ ကိုယ္ကေျပာရမယ့္သူဆုိရင္ “ ပြဲမဝင္ခင္ အျပင္ကက်င္းပ” ဆိုတဲ့အတိုင္း  ကိုယ္ေျပာေနရမည့္စကားေတြကို တစ္ေယာက္တည္း တစ္တြတ္တြတ္ရြတ္ေနရင္ စင္ေပၚက်ရင္ အဆင္ေခ်ာသြားေရာ။ စာအသံထြက္က်က္တာလည္း ဒီသေဘာပဲေပါ့။ အာရံုစူးစိုက္ရတာလည္း ပိုေကာင္းသြားတယ္။ ကိုယ့္အသံကို ျပန္ၾကားေနရေတာ့ အာရံုမျပန္႔ေတာ့ဘူးေပါ့။
ခုေျပာခဲ့တာေတြကေတာ့ တစ္ေယာက္တည္း စကားေျပာတတ္ျခင္းရဲ႔ ေကာင္းက်ိဳးေတြ ျဖစ္တယ္။ ကိုယ္ကလည္း တစ္ေယာက္တည္း စကားေျပာတတ္တဲ့ အထဲ ပါေနရင္ ေတာ့ ဝမ္းသာလိုက္ေနာ္။ ယဥ္ယဥ္ေလးရူးေနတာ မဟုတ္ဘူး ညဏ္ၾကီးရွင္ ေလးေတြပါလို႕။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mizzima
#Unicode Version #
တစ်ယောက်တည်း ကိုယ့်ဘာသာစကားပြောခြင်း။ လူတိုင်းမဟုတ်တောင် အများစုကတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောတာတွေ လုပ်ဖူးကြမှာပါ။ တချို့တွေပြောကြတာရှိတယ်။ တစ်ယောက်တည်း စကားပြောနေတယ်။ ရူးသွားပြီလားပေါ့။ အဲလို အပြောခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါက လူကြားထဲ အဲလို ပြောမိလို့ပါ။ လူတွေအများကြီးရှိနေချိန်တော့ မပြောနဲ့လေနော်။ စိတ်လည်းကောင်းတယ် ရူးလည်းမရူးဘူးဆိုတဲ့ သူတွေက တော့ လူကြားထဲ တစ်ယောက်တည်း စကားပြောမနေတတ်ပါဘူး။ အိမ်မှာတစ်ယောက်တည်းရှိတဲ့ အချိန်၊ အိမ်သာတက်နေတဲ့အချိန်၊ လူတွေအိပ်နေတဲ့ အချိန် ကိုယ့်အခန်းထဲ အိပ်ရာပေါ်မှာ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောနေတဲ့ အခိုက်အတန့်တွေ ရှိဖူးမှာပါ။ တစ်ချို့ဆို အဲလို တစ်ယေ့ာက်တည်းပြောနေတတ်တာ အကျင့်လိုကိုဖြစ်နေတာ။ သူများတွေ ပြောသလိုပဲ တစ်ယောက်တည်း စကားပြောတဲ့သူတွေက စိတ်ရောဂါဝေဒနာရှင်လား။

လေ့လာချက်တွေအရ တစ်ယောက်တည်းစကားပြောနေတတ်တဲ့ အကျင့်ရှိသူတွေဟာ စိတ််ရောဂါသည်တွေမဟုတ်( ယဉ်ယဉ်လေးရူးနေတဲ့သူတွေ မဟုတ်)ပဲ ညဏ်ကြီးရှင်တွေပါတဲ့။ ကိုယ်လည်း အဲ့အထဲ ပါနေရင် ဝမ်းသာလိုက်တော့။ ကမ ္ဘာပါ်က အကျော်အမော် သိပ္ပံညာရှင်ဖြစ်တဲ့ အိုင်းစတိုင်းဆိုရင် လည်း တစ်ယောက်တည်းစကားတိုးတိုးလေး ပြောနေတတ်တဲ့ သူပါတဲ့။ ကဲ အဖော်တွေ့ပြီဆိုတော့ ဝမ်းသာလိုက်တော့။ သူငယ်ချင်းတွေထဲမှာလညး် ဖွင့်မပြောကြတာသာရှိမယ်။ ကျိတ်ပြီးပြောနေတတ်တဲ့ သူတွေရှိရင်ရှိမှာ။ သူတို့တွေက ရူးနေတဲ့သူတွေ မဟုတ််ဘူးနော်။ ညဏ်ကြီးရှင်တွေ။

ခုပြောချင်တာက တစ်ယောက်တည်း စကားပြောခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်ပြောပြပေးမယ်နော်။

၁ ။ တစ်ယောက်တည်းစကားပြောခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြန်ပြီးအားပေးရာရောက်တယ်။

ကြံုဖူးကြမှာပါ။ အခက်အခဲတွေကြံုနေရတဲ့ အချိန်၊ အားပေးမယ့် သူတွေမရှိတဲ့အချိန်၊ တစ်ယောက်တည်းရှိနေချိန်မှာ “ငါလုပ်နိုင်တယ် ငါကျော်ဖြတ်နိုင်တယ် အေးဆေးပဲ” ဆိုပြီး စိတ်ထဲမှာတင်ပြောတာမဟုတ်ဘဲ ပါးစပ်ကပါ ထုတ်ပြောလိုက်တော့  ကိုယ့်အသံကိုယ်ပြန်ကြားပြီး အားတက်သွားတယ်ဟုတ်။

၂ ။ ဦးနှောက်ကိုလည်း အဆက်မပြတ် အလုပ်ပေးနေတယ်။

သင် စျေးသွားဝယ်တဲ့အခါမှာ ဝယ်ရမယ့် ပစ္စည်း၊ လုပ်စရာရှိတဲ့ ကိစ္စတွေကို ထပ်တလဲလဲ ရွတ်ဖြစ်တာမျိုး ကြံုဖူးမှာပါ။ ပြောတတ်တဲ့  ပုံစံတွေကတော့ “ပေါင်မုန့် ပေါင်မုန့် ဘယ်နားမှာလဲ ဟော တွေ့ပြီ” “ ဆပ်ပြာမှုန့်လည်း ဝယ်ရဦးမယ် တေ်ာသေးလို့ မေ့တော့မလို့” ဆိုပြီး တစ်ကိုယ်တည်းကြားရုံ တိုးတိုးပြောလိုက်တာက ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးရာရောက်တယ်။ မေ့လညး်မမေ့တော့ဖူးပေါ့။

၃ ။ မကျေနပ်ချက်များကို ဖွင့်ချနိုင်။

တစ်ယောက်ယောက်က ကိုယ့်အပေါ် အနိုင်ကျင့် ဆူဆဲတယ်ဆိုပါစို့။ အဲ့ဒီလူက ကိုယ်ပြန်ခံပြောလို့မရတဲ့ လူတစ်ယောက်လဲ ဖြစ်နေမယ်ဆိုရင် ကိုယ်ကတစ်နေရာကိုသွားပြီး အဲ့လူအပေါ် မကျေနပ်ချက်တွေကို တစ်ယောက်တည်း ပွစိပွစိ ပြောပစ်လိုက်တာမျိုး လုပ်ဖူးကြတယ်မလား။ အဲလို လုပ်လိုက်တာက    ခံစားနေရတဲ့ မကျေနပ်ချက်တွေ လျော့သွားနိုင်ပါတယ်။

၄ ။ ကိုယ့်ခေါင်းထဲက အတွေးတွေကို ပြန်ကြားနိုင်တယ်။

တစ်ခါတစ်လေ ခေါင်းတွေရှုပ်ပြီး ဘာလုပ်ရမှန်း မသိတဲ့ အချိန်တွေ ရှိခဲ့ဖူးမှာပါ။ အဲ့ အချိန်ဆို တစ်ယောက်တည်းစကားပြောတတ်သူတွေက “ ငါ ဘာတွေလုပ်နေတာပါလိမ့်။  ကဲခေါင်းအေးအေးထား၊ ဒီလိုလုပ်ကြည့်၊ အဆင်မပြေရင်လည်း နောက်တစ်မျိုးပြောင်းပေါ့။” အဲလိုပြောလိုက်တာက ကိုယ်ဘာတွေးနေတယ် ကိုယ်ဘာလုပ်ချင်တယ်ဆိုတဲ့ လမ်းစပြန်ပေါ်လာတာယ်။ ခေါင်းကို ရှင်းပေးဖို့ ကိုယ့်ဘာသာ သတိပေးလိုက်သလို ဖြစ်သွားတယ်။

၅ ။ ပြောရမည့် စကားတွေ အဆင်ချောသွားတယ်။ မှတ်ညဏ်ကောင်းစေတယ်။

ပွဲတစ်ခုမှာ ကိုယ်ကပြောရမယ့်သူဆိုရင် “ ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့အတိုင်း  ကိုယ်ပြောနေရမည့်စကားတွေကို တစ်ယောက်တည်း တစ်တွတ်တွတ်ရွတ်နေရင် စင်ပေါ်ကျရင် အဆင်ချောသွားရော။ စာအသံထွက်ကျက်တာလည်း ဒီသဘောပဲပေါ့။ အာရုံစူးစိုက်ရတာလည်း ပိုကောင်းသွားတယ်။ ကိုယ့်အသံကို ပြန်ကြားနေရတော့ အာရုံမပြန့်တော့ဘူးပေါ့။

ခုပြောခဲ့တာတွေကတော့ တစ်ယောက်တည်း စကားပြောတတ်ခြင်းရဲ့ ကောင်းကျိုးတွေ ဖြစ်တယ်။ ကိုယ်ကလည်း တစ်ယောက်တည်း စကားပြောတတ်တဲ့ အထဲ ပါနေရင် တော့ ဝမ်းသာလိုက်နော်။ ယဉ်ယဉ်လေးရူးနေတာ မဟုတ်ဘူး ညဏ်ကြီးရှင် လေးတွေပါလို့။

ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top