ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ၾသစေတးလ်ႏိုင္ငံက အမ်ိဳးသမီးငယ္တစ္ဦးရဲ႕ အျဖစ္ကေတာ့ သူတြဲေနတဲ့ အမ်ိဳးသားနဲ႔ ပထမဆံုးဒိတ္မွာတင္ မီးသတ္သမားေတြ လာေရာက္ကယ္ဆယ္ခဲ့ရတဲ့အထိ ကံမေကာင္းတဲ့ အျဖစ္အပ်က္ေတြ ႀကံဳခဲ့ရရွာပါတယ္။ (၂၃) ႏွစ္အရြယ္ ဆာရာဝီလီဆိုတဲ့ အမ်ိဳးသမီးဟာ ၾသစေတးလ်ႏုိင္ငံ ကြင္းစ္လန္းၿမိဳ႕မွာ သူမနဲ႔ တြဲေနတဲ့ အမ်ိဳးသားတစ္ဦးနဲ႔ ေတာင္တက္ခရီးထြက္ရင္း ဒိတ္လုပ္ေနခဲ့ၾကပါတယ္။

ဆာရာနဲ႔ သူမရဲ႕ မိတ္ေဆြအမ်ိဳးသားတုိ႔ ခရီးဆက္ေနခဲ့ၾကစဥ္မွာပဲ ဆာရာဟာ ေတာင္ေပၚကေန ေျခေခ်ာ္က်ခဲ့ၿပီး သစ္ကိုင္းတစ္ခုကို ဆုပ္ကိုင္မိကာ လက္မွာ ျပတ္ရွရာႀကီးတစ္ခု ရခဲ့ပါတယ္။ ရွရာက ႀကီးလြန္းလို႔ ခြဲစိတ္ၿပီး ခ်ဳပ္ဖို႔ေတာင္ လိုအပ္တဲ့အထိပါပဲ။ ဒီလိုအေျခအေနမ်ိဳးေရာက္ေနတာေတာင္ သူမအတြက္ ထပ္စိတ္မေကာင္းစရာ ႀကံဳခဲ့ရပါေသးတယ္။ ဒဏ္ရာဗရပြနဲ႔ ေတာင္တက္ခရီးစဥ္ မေခ်ာေမြ႔တဲ့အျပင္ အတူဒိတ္ေနခဲ့တဲ့ အမ်ိဳးသားက အလုပ္ေနာက္က်ေနၿပီ ျဖစ္လို႔ဆိုကာ သူမကို ေတာင္ေပၚမွာ ဒီအတုိင္း ထားခဲ့ပါေတာ့တယ္။

ဇာတ္လမ္းကေတာ့ ဒီေနရာမွာတင္ မၿပီးေသးပါဘူး။ ဆာရာကို လာေရာက္ ကူညီတဲ့ ကယ္ဆယ္ေရးသမားအဖြဲ႔ထဲက တစ္ဦးက ေတာင္ေပၚက ထပ္ၿပီး ေျခေခ်ာ္ျပဳတ္က်ကာ အခက္အခဲေတြ ထပ္ျဖစ္ခဲ့ပါတယ္။ အခင္းျဖစ္ရာကေန ထြက္သြားခဲ့တဲ့ အမ်ိဳးသားကိုလည္း ကယ္ဆယ္ေရးသမားေတြက သကၤာမကင္းျဖစ္ခဲ့ၾကပါတယ္။ ဆာရာ ေတာင္ေပၚက ျပဳတ္က်ခဲ့တာက ေသြး႐ိုးသား႐ိုး ျဖစ္ႏုိင္ရဲ႕လားဆိုၿပီးေတာ့ပါ။ “သူမက အဲ့လူနဲ႔ ပထမဆံုးဒိတ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ သူမဒဏ္ရာကို ကုေပးေနတုန္း အဲ့လူက အလုပ္ရိွလို႔ဆိုၿပီး ျပန္သြားပါတယ္” လို႔ ကယ္ဆယ္ေရးသမားေတြက ေျပာပါတယ္။

ဆာရာကလည္း “ဒီလိုပဲ လူႏွစ္ေယာက္အတူတူ အခ်ိန္ကုန္ဆံုးေနခဲ့ၾကတာပါ။ သူ မျပန္ခင္ ကၽြန္မကို ေသခ်ာၾကည့္ေပးသြားၿပီး ကၽြန္မ အိုေကတယ္ဆိုေတာ့မွ ျပန္သြားတာပါ” လို႔ သံသယရိွေနသူေတြကို ျပန္လည္ေျဖရွင္းခဲ့ပါတယ္။ သူမက ထုိေတာင္တက္ျခင္းကလည္း သူမ စိတ္ဆႏၵအတုိင္း လုပ္ခဲ့ၾကတာျဖစ္ေၾကာင္း ဆုိပါတယ္။ အျဖစ္အပ်က္ကေတာ့ ၾသစေတးလ်ႏုိင္ငံက Glass House Mountains အမ်ိဳးသားဥယ်ာဥ္အတြင္းရိွ Tibrogargan ေတာင္ေပၚမွာ ျဖစ္ပြားခဲ့တာပါ။ အခ်က္အလက္မ်ားအရ အဆိုပါေတာင္ဟာ အလြန္မတ္ေစာက္ၿပီး ေတာင္ထပ္ေရာက္ဖို႔ (၃၆၄) မီတာ ခရီးတက္ဖို႔လိုေၾကာင္း သိရပါတယ္။

Ref: The Sun

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Moment RF
# Unicode Version ျဖင့္ ဖတ္ပါ #
သြစတေးလျနိုင်ငံက အမျိုးသမီးငယ်တစ်ဦးရဲ့ အဖြစ်ကတော့ သူတွဲနေတဲ့ အမျိုးသားနဲ့ ပထမဆုံးဒိတ်မှာတင် မီးသတ်သမားတွေ လာရောက်ကယ်ဆယ်ခဲ့ရတဲ့အထိ ကံမကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရရှာပါတယ်။ (၂၃) နှစ်အရွယ် ဆာရာဝီလီဆိုတဲ့ အမျိုးသမီးဟာ သြစတေးလျနိုင်ငံ ကွင်းစ်လန်းမြို့မှာ သူမနဲ့ တွဲနေတဲ့ အမျိုးသားတစ်ဦးနဲ့ တောင်တက်ခရီးထွက်ရင်း ဒိတ်လုပ်နေခဲ့ကြပါတယ်။

ဆာရာနဲ့ သူမရဲ့ မိတ်ဆွေအမျိုးသားတို့ ခရီးဆက်နေခဲ့ကြစဉ်မှာပဲ ဆာရာဟာ တောင်ပေါ်ကနေ ခြေချော်ကျခဲ့ပြီး သစ်ကိုင်းတစ်ခုကို ဆုပ်ကိုင်မိကာ လက်မှာ ပြတ်ရှရာကြီးတစ်ခု ရခဲ့ပါတယ်။ ရှရာက ကြီးလွန်းလို့ ခွဲစိတ်ပြီး ချုပ်ဖို့တောင် လိုအပ်တဲ့အထိပါပဲ။ ဒီလိုအခြေအနေမျိုးရောက်နေတာတောင် သူမအတွက် ထပ်စိတ်မကောင်းစရာ ကြုံခဲ့ရပါသေးတယ်။ ဒဏ်ရာဗရပွနဲ့ တောင်တက်ခရီးစဉ် မချောမွေ့တဲ့အပြင် အတူဒိတ်နေခဲ့တဲ့ အမျိုးသားက အလုပ်နောက်ကျနေပြီ ဖြစ်လို့ဆိုကာ သူမကို တောင်ပေါ်မှာ ဒီအတိုင်း ထားခဲ့ပါတော့တယ်။

ဇာတ်လမ်းကတော့ ဒီနေရာမှာတင် မပြီးသေးပါဘူး။ ဆာရာကို လာရောက် ကူညီတဲ့ ကယ်ဆယ်ရေးသမားအဖွဲ့ထဲက တစ်ဦးက တောင်ပေါ်က ထပ်ပြီး ခြေချော်ပြုတ်ကျကာ အခက်အခဲတွေ ထပ်ဖြစ်ခဲ့ပါတယ်။ အခင်းဖြစ်ရာကနေ ထွက်သွားခဲ့တဲ့ အမျိုးသားကိုလည်း ကယ်ဆယ်ရေးသမားတွေက သင်္ကာမကင်းဖြစ်ခဲ့ကြပါတယ်။ ဆာရာ တောင်ပေါ်က ပြုတ်ကျခဲ့တာက သွေးရိုးသားရိုး ဖြစ်နိုင်ရဲ့လားဆိုပြီးတော့ပါ။ “သူမက အဲ့လူနဲ့ ပထမဆုံးဒိတ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူမဒဏ်ရာကို ကုပေးနေတုန်း အဲ့လူက အလုပ်ရှိလို့ဆိုပြီး ပြန်သွားပါတယ်” လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဆာရာကလည်း “ဒီလိုပဲ လူနှစ်ယောက်အတူတူ အချိန်ကုန်ဆုံးနေခဲ့ကြတာပါ။ သူ မပြန်ခင် ကျွန်မကို သေချာကြည့်ပေးသွားပြီး ကျွန်မ အိုကေတယ်ဆိုတော့မှ ပြန်သွားတာပါ” လို့ သံသယရှိနေသူတွေကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ သူမက ထိုတောင်တက်ခြင်းကလည်း သူမ စိတ်ဆန္ဒအတိုင်း လုပ်ခဲ့ကြတာဖြစ်ကြောင်း ဆိုပါတယ်။ အဖြစ်အပျက်ကတော့ သြစတေးလျနိုင်ငံက Glass House Mountains အမျိုးသားဥယျာဉ်အတွင်းရှိ Tibrogargan တောင်ပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အချက်အလက်များအရ အဆိုပါတောင်ဟာ အလွန်မတ်စောက်ပြီး တောင်ထပ်ရောက်ဖို့ (၃၆၄) မီတာ ခရီးတက်ဖို့လိုကြောင်း သိရပါတယ်။

Ref: The Sun

ဖိုးသူတော် (www.phothutaw.com)
Credit: Moment RF
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top