(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ယေန႔ၾသဂုတ္လ(၁၀)ရက္ေန႔ေလးကေတာ့ အားလုံးရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ဝတ္မႈံေ႐ႊရည္ရဲ႕ အသက္(၃၀)ျပည္ ေမြးေန႔ရက္ေလးပဲ ျဖစ္ပါတယ္..။

ျပည္သူ႔အသည္းေက်ာ္ မင္းသမီးေခ်ာေလး ေ႐ႊကစ္ကေတာ့ သူမရဲ႕အသက္(၃၀)ျပည့္ေမြးေန႔ေလးမွာ ေမြးေန႔မနက္ပိုင္းမွာ ကုသိုလ္ယူလႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့ၿပီး ေန႔လည္ပိုင္းမွာေတာ့ ပရိသတ္ေတြနဲ႔အတူ ေမြးေန႔ကိတ္ခြဲၿပီး ေမြးေန႔ေလးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းေနတာ ေတြ႕ရပါတယ္..။

ေ႐ႊကစ္ေလးကေတာ့ သူမရဲ႕ေမြးေန႔အလႉေလးအျဖစ္ ေမွာ္ဘီရွိ ေအာင္ဇမၼဴေတာရဓမၼရိပ္သာေက်ာင္းမွာ သံဃာေတာ္မ်ားကို ေန႔ဆြမ္းကပ္လႉဒါန္းခဲ့ၿပီး စိတ္ကိန္းမာေရးေဆး႐ုံကို အလႉေငြ(၁၀)သိန္းနဲ႔ ေရေဘးသင့္ျပည္သူေတြအတြက္ အလႉေငြ(၁၀)သိန္းတို႔ကို ေပးအပ္လႉဒါန္းကာ ကုသိုလ္ယူခဲ့ပါတယ္..။

သာဓုေခၚခ်င္စရာေကာင္းၿပီး မြန္ျမတ္တဲ့သူမရဲ႕ေမြးေန႔အလႉေလးကို ပရိသတ္ေတြကလည္း သာဓုေခၚဆုေတာင္းစကားေလးေတြနဲ႔ ေမြးေန႔ဆုေတာင္းစကားေလးေတြလည္း ေျပာေပးထားၾကတာ ေတြ႕ရပါတယ္..။

ေ႐ႊကစ္ေလးကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ေမြးေန႔အႀကိဳအလႉေလးေတြ ျပဳလုပ္ခဲ့ၿပီး ေကာင္းမႈျပဳကုသိုလ္ေလးေတြလည္း ျပဳလုပ္ခဲ့တာ ေတြ႕ရပါေသးတယ္..။

ခ်စ္စရာေကာင္းတဲ့ မင္းသမီးေခ်ာေလးဝတ္မႈံေ႐ႊရည္ကေတာ့ ေမြးေန႔ရက္ေလးမွာလည္း ႐ိုး႐ိုးယဥ္ယဥ္ေလးနဲ႔ ေအးခ်မ္းစြာ ေကာင္းမႈေတြျပဳလုပ္ရင္း သူမရဲ႕ေမြးေန႔ေလးကို ျဖတ္သန္းေနတာေတြ႕ရၿပီး ပရိသတ္ေတြကလည္း သေဘာက်အခ်စ္ပိုေနၾကပါတယ္..။

Photo – Ria Bo Vich၊ Kit Fan Club

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ယနေ့သြဂုတ်လ(၁၀)ရက်နေ့လေးကတော့ အားလုံးရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ရဲ့ အသက်(၃၀)ပြည် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

ပြည်သူ့အသည်းကျော် မင်းသမီးချောလေး ရွှေကစ်ကတော့ သူမရဲ့အသက်(၃၀)ပြည့်မွေးနေ့လေးမှာ မွေးနေ့မနက်ပိုင်းမှာ ကုသိုလ်ယူလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်ခွဲပြီး မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

ရွှေကစ်လေးကတော့ သူမရဲ့မွေးနေ့အလှူလေးအဖြစ် မှော်ဘီရှိ အောင်ဇမ္မူတောရဓမ္မရိပ်သာကျောင်းမှာ သံဃာတော်များကို နေ့ဆွမ်းကပ်လှူဒါန်းခဲ့ပြီး စိတ်ကိန်းမာရေးဆေးရုံကို အလှူငွေ(၁၀)သိန်းနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေ(၁၀)သိန်းတို့ကို ပေးအပ်လှူဒါန်းကာ ကုသိုလ်ယူခဲ့ပါတယ်..။

သာဓုခေါ်ချင်စရာကောင်းပြီး မွန်မြတ်တဲ့သူမရဲ့မွေးနေ့အလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေနဲ့ မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးထားကြတာ တွေ့ရပါတယ်..။

ရွှေကစ်လေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မွေးနေ့အကြိုအလှူလေးတွေ ပြုလုပ်ခဲ့ပြီး ကောင်းမှုပြုကုသိုလ်လေးတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါသေးတယ်..။

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ မွေးနေ့ရက်လေးမှာလည်း ရိုးရိုးယဉ်ယဉ်လေးနဲ့ အေးချမ်းစွာ ကောင်းမှုတွေပြုလုပ်ရင်း သူမရဲ့မွေးနေ့လေးကို ဖြတ်သန်းနေတာတွေ့ရပြီး ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြပါတယ်..။

Photo – Ria Bo Vich၊ Kit Fan Club

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top