ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


အတန္းပညာနည္းေလသူ

သမီးနံမည္ တင္မာဦးပါ။ သမီးအသက္ကအခု(၁၃)နွစ္ေက်ာ္ပါျပီ သမီးကတစ္ဦးတည္းသမီးပါ။ေနတာက သနပ္ပင္ျမိ့ဳနယ္ ဇီးပင္ေက်းရြာကပါ။ အေဖက သူရင္းငွားလုပ္ပါတယ္။ သမီး ေက်ာင္းကို တစ္တန္းဘဲတက္ဘူးပါတယ္။သမီးငယ္ငယ္နွွစ္နွစ္အရြယ္ထဲကသမီးအေဖန့ဲအေမကြဲသြားပါတယ္။

သိတ္မၾကာဘူး သမီးအေမ ေနာက္အိမ္ေထာင္ျပဳပါတယ္။ ဒုတိယအိမ္ေထာင္န့ဲ သမီးေလးတစ္ေယာက္ေမြးပါတယ္။ သမီးမွာညီမေလးတစ္ေယာက္ရလို့ ေပ်ာ္ပါတယ္။ ဒါေပမယ့္သမီး ၈နွစ္ သမီးအရြယ္မွာ အေမကဒုတိယအိမ္ေထာင္နဲ့ ကြဲပါတယ္။ သမီးရဲ့ ညီမေလးလည္း အေမ့ဒုတိယအိမ္ေထာင္န့ဲ ပါသြားပါတယ္။

သိတ္မၾကာပါဘူး။အေမ တတိယအိမ္ေထာင္ျပဳ ပါတယ္။ သူရင္းငွားပါဘဲ။သမီးမိန္းခေလးနွစ္ေယာက္ေမြးပါတယ္။ ဘာဘဲျဖစ္ျဖစ္သမီးမွာညီမေလးနွစ္ေယာက္ျပန္ရွိသြားတယ္ဆိုေတာ့သမီးေပ်ာ္တာေပါ့။သမီးဘဝအထီးက်န္မဆန္ေတာ့ဘူးေပါ့။

သမီးကေတာ့ အေမ့ရဲ့ အေမ အဖြားန့ဲဘဲ ေနပါတယ္။ အဖြားန့ဲအတူ လယ္ေတာထဲမွာ ဖါးရွာငါးရွာ ကဇြန္းရြက္ ခူးေရာင္းပါတယ္။တစ္ခါတရံ အေမတို့ေနတ့ဲ ဆီသြားလည္ပါတယ္။

အေမကေမြးတ့ဲ သမီးညီမေလးနွစ္ေယာက္ကိုသမီးခ်စ္ပါတယ္။သမီး ၁၃နွစ္အရြယ္မွာ ညီမေလး နွစ္ေယာက္န့ဲသူ့ေယာက္က်ားန့ဲ လယ္တဲမွာေနတ့ဲ အေမဟာ ဒူးနာလို့ဆိုျပီး သမီးကို သူတို့ လယ္တဲဆီလႊတ္ဘို့ေျပာပါတယ္။ အဖြားေနတ့ဲ ေနရာန့ဲ အေမတို့လယ္တဲန့ဲက ေလွန့ဲဆို အခ်ိန္ နာရီဝက္ေလာက္ၾကာေအာင္သြားရပါတယ္။ ဘာဘဲျဖစ္ျဖစ္ သမီးကေတာ့ ညီမေလးနွစ္ေယာက္န့ဲ အတူေနရမယ္ဆိုေတာ့ အရမ္းဝမ္းသာပါတယ္။ဒီလိုန့ဲ ၂၀၁၈သၾကၤန္က်ခါနီး အခ်ိန္မွာ သမီးအေမတို့ဆီေရာက္သြားပါတယ္။သမီးေပ်ာ္ပါတယ္။

အေပ်ာ္ေတြေပ်ာက္တ့ဲေန့

အ့ဲေန့က သမီးအေပ်ာ္ေတြေပ်ာက္သြားပါတယ္။သမီး စိုးရိမ္ထိတ္လန့္မႈ႕န့ဲေၾကာက္ရြံတုန္လႈပ္စိတ္ ၊ေဝခြဲမရမႈ႕ေတြ စေတြ့ၾကံဳခ့ဲရပါတယ္။ရက္ကိုေတာ့ ေသခ်ာမမွတ္မိပါဘူး။သၾကၤန္က်ေနတယ္ဆိုတာေတာ့ သိပါတယ္။

အ့ဲေန့က သမီးတစ္ေယာက္ထဲအိပ္ေနတ့ဲ ျခင္ေထာင္ထဲကိုသူဝင္လာပါတယ္။သမီးကို မေအာ္န့ဲလို့ေျပာျပီး သမီးကို– ပါတယ္။ အေမ့ကို ျပန္ေျပာရင္ သတ္ပစ္မယ္လို့ေျပာပါတယ္။သူဆိုတာ သမီးအေမရဲ့ တတိယေယာက္က်ား၊သမီးရဲ့ ပေထြးပါ။သမီးလည္း အတူေနမိသားစုဘဝေလးထိခိုက္မွာစိုးလို့ မေျပာရဲပါဘူး။ အေမကလည္း ဘာမွမလုပ္တတ္ဘူး။သူေယာက္က်ားကိုဘဲအားကိုးေနရတာ သမီးသိေနပါတယ္။

ႏွစ္လေလာက္အၾကာ သမီးကိုသူ ၅ခါေလာက္ –အျပီးမွာသူက လူအမ်ားေရွ့မွာေတာင္ ရဲတင္းလာေတာ့အလည္လာတ့ဲအဖြားကရိပ္မိျပီး သမီးကို ေမးပါေတာ့တယ္။သမီးလည္းအဖြားကို အျဖစ္မွန္ကို ေျပာလိုက္ပါတယ္။

သမီးသူ့မ်က္နွာကို ၾကည့္ကို မၾကည့္ရဲပါဘူး။သမီးတို့မိသားစု တစ္ကြဲတစ္ျပားေနရမွာဆိုးလို့သမီးဘယ္သူ့ကိုမွမေျပာခ့ဲဘူး။အခုေတာ့ သူယုတ္မာလို့ သမီးတို့ မိသားစု တစ္ကြဲတစ္ျပားျဖစ္ရျပီ။

သမီးကို သမီးအေမကစိတ္ဆိုးတယ္။

အခုေတာ့ သူပဲခူးအခ်ဴပ္ေထာင္မွာပါ။ သမီးထင္တ့ဲ အတိုင္းပါဘဲ။ အခုသမီးကို သမီးအေမစိတ္ဆိုးေနပါတယ္။ သမီးေၾကာင့္ သူ့ေယာက္က်ားေထာင္က်ေနတယ္ ဆိုျပီးေတာ့ေပါ့။ သူကိုလုပ္ေက်ြးမယ့္ လူမရွိလို့ သူဒုကၡေရာက္ရျပီ။ အားကိုးမ့ဲရျပီေပါ့။ သမီးကို တစ္စိမ္းတစ္ေယာက္လိုဆက္ဆံတယ္။ေခၚတခြန္းေမးတစ္ခြန္းဘဲစကားေျပာတယ္။သမီးက အေဖလည္းမရွိေတာ့ မိခင္ေမတၱာလိုခ်င္တယ္။မိခင္ကလည္း ေမတၲာ အျပည့္မေပးဘူး။အဖြားဆီက ေမတၱာေတာ့ အျပည့္ရပါတယ္။

ဒီခေလးကို သမီးမလိုခ်င္ဘူး။

အခုသမီးကိုယ္ဝန္ ၅လရွိျပီ။ ခေလးမေမြးနိူင္လို့ ေသသြားလည္းေကာင္းတယ္။သမီးဒီခေလးကိုလည္း မလိုခ်င္ဘူး။အခုလို သမီးကိုခေလးေမြးဘို့ ကူညီေပးတ့ဲသူေတြရွိတ့ဲအတြက္ သမီးဝမ္းသာတယ္။သမီးတို့အေပၚယုတ္မာတ့ဲသူရွိသလို ေကာင္းတ့ဲ လူလည္းရွိတယ္ဆိုတာ သမီးခံစားရတယ္။

အဖြားတစ္ေယာက္ရဲ့ ခံစားခ်က္။

က်မက ေျမးေလးရဲ့ အဖြား ေဒၚခင္စိုးဝင္းပါ။ ဒီညီမ(ေဒၚသင္ဇာေမာင္ေမာင္)က ေျမးေလးကိုခေလးေမြးဘို့ ကူညီေပးမယ္ေျပာလို့ ေခၚလာတာပါ။ သူက ကိုယ္ဝန္ေဆာင္မိခင္ေတြ အတြက္လိုအပ္တ့ဲ ေဆးဝါးေတြ ေသာက္ဘို့လိုတယ္လို့ေျပာပါတယ္။ က်မတို့ကေတာ့ ဒါေတြနားမလည္ပါဘူး။ ရြာမွာက ဗိုက္ၾကီးရင္ ခေလးေမြးတယ္ဒါဘဲသိတယ္။ ပဲခူးကို တစ္ခါတစ္ခါလာဘို့ေတာင္ မလြယ္ပါဘူး။က်မေယာက္က်ားကလူမမာသည္ပါ။

ေျမးေလးအေမက အခု က်န္တ့ဲ ညီအစ္ကိုေမာင္နွမ (က်မသားသမီးေတြ)အိမ္မွာ တလွည့္ဆီ အဆင္ေျပသလိုေနေနပါတယ္။ သူ့ေယာက္က်ားန့ဲ ပါတ္သက္ျပီး ေလ်ာ့ထြက္ေပးဘို့ေျပာပါတယ္။က်မက တရားရုံးမွာ က်န္းက်ိန္ထားတာပါ။က်မ သိသေလာက္ကို ေျပာမွာပါ။ ပိုလည္းမေျပာပါဘူး။ဝဋ္ေၾကြးေတြ ဆပ္ေနရတယ္လို့ဘဲႏွလံုးသြင္းပါတယ္။

ဘဘၾကည္

ဒီသမီးငယ္ေလးခေလးေမြးဖြားဘို့ ေဒၚသင္ဇာေမာင္ေမာင္က ၾသဂုတ္လ ၂၀ရက္ေန့က ပဲခူးေဆးရုံၾကီးကို ေခၚသြားတ့ဲ အခါမွာ ေဆးရုံအုပ္ၾကီးန့ဲ မႈ႕ခင္းဆရာဝန္တို့က သမီးငယ္ေလးခေလးေမြးဖြားဘို့ အစစ အရာရာ ကူညီမယ့္အေၾကာင္းေျပာလိုက္တယ္လို့ သိရတ့ဲအတြက္ အထူးေက်းဇူးတင္တ့ဲ အေၾကာင္းကာယကံရွင္မ်ားကိုယ္စားဘၾကည္ေျပာပါရေစ။

ေနာက္ထပ္ မျဖစ္မေနလိုအပ္တာကေတာ့အသိဥာဏ္နည္းပါးတ့ဲ မိခင္ျဖစ္သူရဲ့ ဆက္ဆံတုန့္ျပန္မႈ႕ေၾကာင့္သမီးေလးမွာ အရြယ္န့ဲ မမ်ွေအာင္ခံစားေတြ့ၾကံု ခ့ဲရတ့ဲ စိတ္ေဝဒနာေတြရွိေနတယ္လို့ ထင္ပါတယ္။ ဒီအတြက္သမီးငယ္ေလးကိုစိတ္ဓါတ္ခြန္အားမ်ားျဖည့္ဆည္းကုစားေပးရန္လိုအပ္ေနမည္ဟု ထင္ပါသည္။ ထို့အတြက္ေၾကာင့္ သမီးငယ္ေလးကိုစိတ္ဓါတ္ခြန္အားျဖည့္ဆည္းရန္ ကူညီလိုသူမ်ား ဖံုးနံပါတ္ 09 428140602/ 09 400316816သို့ ဆက္သြယ္ေမးျမန္းကူညီနိူင္ပါရန္ ဖိတ္ေခၚပါရေစ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဘဘၾကည္

#Unicode Version#
အတန်းပညာနည်းလေသူ

သမီးနံမည် တင်မာဦးပါ။ သမီးအသက်ကအခု(၁၃)နှစ်ကျော်ပါပြီ သမီးကတစ်ဦးတည်းသမီးပါ။နေတာက သနပ်ပင်မြိ့ုနယ် ဇီးပင်ကျေးရွာကပါ။ အဖေက သူရင်းငှားလုပ်ပါတယ်။ သမီး ကျောင်းကို တစ်တန်းဘဲတက်ဘူးပါတယ်။သမီးငယ်ငယ်နှစ်နှစ်အရွယ်ထဲကသမီးအဖေနဲ့အမေကွဲသွားပါတယ်။

သိတ်မကြာဘူး သမီးအမေ နောက်အိမ်ထောင်ပြုပါတယ်။ ဒုတိယအိမ်ထောင်နဲ့ သမီးလေးတစ်ယောက်မွေးပါတယ်။ သမီးမှာညီမလေးတစ်ယောက်ရလို့ ပျော်ပါတယ်။ ဒါပေမယ့်သမီး ၈နှစ် သမီးအရွယ်မှာ အမေကဒုတိယအိမ်ထောင်နဲ့ ကွဲပါတယ်။ သမီးရဲ့ ညီမလေးလည်း အမေ့ဒုတိယအိမ်ထောင်နဲ့ ပါသွားပါတယ်။

သိတ်မကြာပါဘူး။အမေ တတိယအိမ်ထောင်ပြု ပါတယ်။ သူရင်းငှားပါဘဲ။သမီးမိန်းခလေးနှစ်ယောက်မွေးပါတယ်။ ဘာဘဲဖြစ်ဖြစ်သမီးမှာညီမလေးနှစ်ယောက်ပြန်ရှိသွားတယ်ဆိုတော့သမီးပျော်တာပေါ့။သမီးဘဝအထီးကျန်မဆန်တော့ဘူးပေါ့။

သမီးကတော့ အမေ့ရဲ့ အမေ အဖွားနဲ့ဘဲ နေပါတယ်။ အဖွားနဲ့အတူ လယ်တောထဲမှာ ဖါးရှာငါးရှာ ကဇွန်းရွက် ခူးရောင်းပါတယ်။တစ်ခါတရံ အမေတို့နေတဲ့ ဆီသွားလည်ပါတယ်။

အမေကမွေးတဲ့ သမီးညီမလေးနှစ်ယောက်ကိုသမီးချစ်ပါတယ်။သမီး ၁၃နှစ်အရွယ်မှာ ညီမလေး နှစ်ယောက်နဲ့သူ့ယောက်ကျားနဲ့ လယ်တဲမှာနေတဲ့ အမေဟာ ဒူးနာလို့ဆိုပြီး သမီးကို သူတို့ လယ်တဲဆီလွှတ်ဘို့ပြောပါတယ်။ အဖွားနေတဲ့ နေရာနဲ့ အမေတို့လယ်တဲနဲ့က လှေနဲ့ဆို အချိန် နာရီဝက်လောက်ကြာအောင်သွားရပါတယ်။ ဘာဘဲဖြစ်ဖြစ် သမီးကတော့ ညီမလေးနှစ်ယောက်နဲ့ အတူနေရမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ဒီလိုနဲ့ ၂၀၁၈သြင်္ကန်ကျခါနီး အချိန်မှာ သမီးအမေတို့ဆီရောက်သွားပါတယ်။သမီးပျော်ပါတယ်။

အပျော်တွေပျောက်တဲ့နေ့

အဲ့နေ့က သမီးအပျော်တွေပျောက်သွားပါတယ်။သမီး စိုးရိမ်ထိတ်လန့်မှု့နဲ့ကြောက်ရွံတုန်လှုပ်စိတ် ၊ဝေခွဲမရမှု့တွေ စတွေ့ကြုံခဲ့ရပါတယ်။ရက်ကိုတော့ သေချာမမှတ်မိပါဘူး။သြင်္ကန်ကျနေတယ်ဆိုတာတော့ သိပါတယ်။

အဲ့နေ့က သမီးတစ်ယောက်ထဲအိပ်နေတဲ့ ခြင်ထောင်ထဲကိုသူဝင်လာပါတယ်။သမီးကို မအော်နဲ့လို့ပြောပြီး သမီးကို– ပါတယ်။ အမေ့ကို ပြန်ပြောရင် သတ်ပစ်မယ်လို့ပြောပါတယ်။သူဆိုတာ သမီးအမေရဲ့ တတိယယောက်ကျား၊သမီးရဲ့ ပထွေးပါ။သမီးလည်း အတူနေမိသားစုဘဝလေးထိခိုက်မှာစိုးလို့ မပြောရဲပါဘူး။ အမေကလည်း ဘာမှမလုပ်တတ်ဘူး။သူယောက်ကျားကိုဘဲအားကိုးနေရတာ သမီးသိနေပါတယ်။



နှစ်လလောက်အကြာ သမီးကိုသူ ၅ခါလောက် –အပြီးမှာသူက လူအများရှေ့မှာတောင် ရဲတင်းလာတော့အလည်လာတဲ့အဖွားကရိပ်မိပြီး သမီးကို မေးပါတော့တယ်။သမီးလည်းအဖွားကို အဖြစ်မှန်ကို ပြောလိုက်ပါတယ်။

သမီးသူ့မျက်နှာကို ကြည့်ကို မကြည့်ရဲပါဘူး။သမီးတို့မိသားစု တစ်ကွဲတစ်ပြားနေရမှာဆိုးလို့သမီးဘယ်သူ့ကိုမှမပြောခဲ့ဘူး။အခုတော့ သူယုတ်မာလို့ သမီးတို့ မိသားစု တစ်ကွဲတစ်ပြားဖြစ်ရပြီ။

သမီးကို သမီးအမေကစိတ်ဆိုးတယ်။

အခုတော့ သူပဲခူးအချူပ်ထောင်မှာပါ။ သမီးထင်တဲ့ အတိုင်းပါဘဲ။ အခုသမီးကို သမီးအမေစိတ်ဆိုးနေပါတယ်။ သမီးကြောင့် သူ့ယောက်ကျားထောင်ကျနေတယ် ဆိုပြီးတော့ပေါ့။ သူကိုလုပ်ကျွေးမယ့် လူမရှိလို့ သူဒုက္ခရောက်ရပြီ။ အားကိုးမဲ့ရပြီပေါ့။ သမီးကို တစ်စိမ်းတစ်ယောက်လိုဆက်ဆံတယ်။ခေါ်တခွန်းမေးတစ်ခွန်းဘဲစကားပြောတယ်။သမီးက အဖေလည်းမရှိတော့ မိခင်မေတ္တာလိုချင်တယ်။မိခင်ကလည်း မေတ္တာ အပြည့်မပေးဘူး။အဖွားဆီက မေတ္တာတော့ အပြည့်ရပါတယ်။

ဒီခလေးကို သမီးမလိုချင်ဘူး။

အခုသမီးကိုယ်ဝန် ၅လရှိပြီ။ ခလေးမမွေးနိူင်လို့ သေသွားလည်းကောင်းတယ်။သမီးဒီခလေးကိုလည်း မလိုချင်ဘူး။အခုလို သမီးကိုခလေးမွေးဘို့ ကူညီပေးတဲ့သူတွေရှိတဲ့အတွက် သမီးဝမ်းသာတယ်။သမီးတို့အပေါ်ယုတ်မာတဲ့သူရှိသလို ကောင်းတဲ့ လူလည်းရှိတယ်ဆိုတာ သမီးခံစားရတယ်။

အဖွားတစ်ယောက်ရဲ့ ခံစားချက်။

ကျမက မြေးလေးရဲ့ အဖွား ဒေါ်ခင်စိုးဝင်းပါ။ ဒီညီမ(ဒေါ်သင်ဇာမောင်မောင်)က မြေးလေးကိုခလေးမွေးဘို့ ကူညီပေးမယ်ပြောလို့ ခေါ်လာတာပါ။ သူက ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်လိုအပ်တဲ့ ဆေးဝါးတွေ သောက်ဘို့လိုတယ်လို့ပြောပါတယ်။ ကျမတို့ကတော့ ဒါတွေနားမလည်ပါဘူး။ ရွာမှာက ဗိုက်ကြီးရင် ခလေးမွေးတယ်ဒါဘဲသိတယ်။ ပဲခူးကို တစ်ခါတစ်ခါလာဘို့တောင် မလွယ်ပါဘူး။ကျမယောက်ကျားကလူမမာသည်ပါ။

မြေးလေးအမေက အခု ကျန်တဲ့ ညီအစ်ကိုမောင်နှမ (ကျမသားသမီးတွေ)အိမ်မှာ တလှည့်ဆီ အဆင်ပြေသလိုနေနေပါတယ်။ သူ့ယောက်ကျားနဲ့ ပါတ်သက်ပြီး လျော့ထွက်ပေးဘို့ပြောပါတယ်။ကျမက တရားရုံးမှာ ကျန်းကျိန်ထားတာပါ။ကျမ သိသလောက်ကို ပြောမှာပါ။ ပိုလည်းမပြောပါဘူး။ဝဋ်ကြွေးတွေ ဆပ်နေရတယ်လို့ဘဲနှလုံးသွင်းပါတယ်။

ဘဘကြည်

ဒီသမီးငယ်လေးခလေးမွေးဖွားဘို့ ဒေါ်သင်ဇာမောင်မောင်က သြဂုတ်လ ၂၀ရက်နေ့က ပဲခူးဆေးရုံကြီးကို ခေါ်သွားတဲ့ အခါမှာ ဆေးရုံအုပ်ကြီးနဲ့ မှု့ခင်းဆရာဝန်တို့က သမီးငယ်လေးခလေးမွေးဖွားဘို့ အစစ အရာရာ ကူညီမယ့်အကြောင်းပြောလိုက်တယ်လို့ သိရတဲ့အတွက် အထူးကျေးဇူးတင်တဲ့ အကြောင်းကာယကံရှင်များကိုယ်စားဘကြည်ပြောပါရစေ။

နောက်ထပ် မဖြစ်မနေလိုအပ်တာကတော့အသိဉာဏ်နည်းပါးတဲ့ မိခင်ဖြစ်သူရဲ့ ဆက်ဆံတုန့်ပြန်မှု့ကြောင့်သမီးလေးမှာ အရွယ်နဲ့ မမျှအောင်ခံစားတွေ့ကြုံ ခဲ့ရတဲ့ စိတ်ဝေဒနာတွေရှိနေတယ်လို့ ထင်ပါတယ်။ ဒီအတွက်သမီးငယ်လေးကိုစိတ်ဓါတ်ခွန်အားများဖြည့်ဆည်းကုစားပေးရန်လိုအပ်နေမည်ဟု ထင်ပါသည်။ ထို့အတွက်ကြောင့် သမီးငယ်လေးကိုစိတ်ဓါတ်ခွန်အားဖြည့်ဆည်းရန် ကူညီလိုသူများ ဖုံးနံပါတ် 09 428140602/ 09 400316816သို့ ဆက်သွယ်မေးမြန်းကူညီနိူင်ပါရန် ဖိတ်ခေါ်ပါရစေ။


ဖိုးသူတော် (www.phothutaw.com)
Credit:ဘဘကြည်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top