iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ့လက္ေဝွ႔ကို ကမာၻ႔အဆင့္မီျပဳလုပ္မႈေတြျပဳလုပ္လွ်က္ရွိၿပီး လက္ရွိျပည္တြင္းသာမက အာရွႏိုင္ငံမ်ားစြာတြင္လည္း ျမန္မာ့လက္ေဝွ႔အစြမ္းကို အားလုံးေလးစားလွ်က္ရွိတာေတြ႕ရပါတယ္။ အဆိုပါ ေလးစားေနသူေတြထဲမွာ ဂ်ပန္ႏိုင္ငံလက္ေဝွ႔ခ်စ္ ဂ်ပန္လူမ်ိဳးပရိသတ္မ်ားစြာလည္း ပါဝင္လွ်က္ရွိတာေတြ႕ရပါတယ္။

၁၉ရက္ေန႔ ေန႔လည္၂နာရီမွာက်င္းပျပဳလုပ္ခဲ့တဲ့ ျမန္မာ့လက္ေဝွ႔ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲကို ျမန္မာ့-ဂ်ပန္ပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး ႏွစ္ႏိုင္ငံကိုယ္စားျပဳ ဖိုက္တာမ်ားစြာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာ ေတြ႕ရပါတယ္။ လက္ရွိဂ်ပန္ႏိုင္ငံတြင္လည္း မၾကာခနျမန္မာ့လက္ေဝွ႔ပြဲမ်ား ျပဳလုပ္က်င္းပေပးလွ်က္ရွိၿပီး ကမာၻ႔အဆင့္မီၿပိဳင္ပြဲေတြအျဖစ္ ျပဳလုပ္ေဆာင္႐ြက္ေပးလွ်က္ရွိတာ ေတြ႕ရပါတယ္။

၁၉ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ (LETHWEI WORLD CHAMPIONSHIP 3)73 Kg လက္ေဝွ႔ပြဲတြင္ ေ႐ႊရာမာဥ္(ျမန္မာ)ႏွင့္ ခိုဟီဟိုခဲရွီ(ဂ်ပန္)တို႔ထိုးသတ္ခဲ့ၾကၿပီး ျမန္မာ့လက္ေဝွ႔ပညာကို ဂ်ပန္လူမ်ိဳးေတြေလးစားေလာက္ေအာင္ျပသႏိုင္ခဲ့တာေတြ႕ရပါတယ္။ အဆိုပါၿပိဳင္ပြဲတြင္ ေ႐ႊရာမာဥ္(ျမန္မာ)က ခိုဟီဟိုခဲရွီကိုအေကာင္းဆုံးတိုက္ကြက္ေတြျဖစ္ ထိုးသတ္ႏိုင္ခဲ့ၿပီး အသာစီးသေရရလဒ္ျဖစ္ပြဲၿပီးခဲ့ေၾကာင္း သိရပါတယ္။ လာေရာက္ၾကည့္ရႈသူေတြအတြက္ အေကာင္းဆုံးပြဲအျဖစ္သုံးသပ္ျခင္းခံထားရတဲ့ အဆိုပါပြဲပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။

Photos – Martial Art Page Myanmar

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာ့လက်ဝှေ့ကို ကမ္ဘာ့အဆင့်မီပြုလုပ်မှုတွေပြုလုပ်လျှက်ရှိပြီး လက်ရှိပြည်တွင်းသာမက အာရှနိုင်ငံများစွာတွင်လည်း မြန်မာ့လက်ဝှေ့အစွမ်းကိုအားလုံးလေးစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ လေးစားနေသူတွေထဲမှာ ဂျပန်နိုင်ငံလက်ဝှေ့ချစ် ဂျပန်လူမျိုးပရိသတ်များစွာလည်းပါဝင်လျှက်ရှိတာတွေ့ရပါတယ်။

၁၉ရက်နေ့ နေ့လည်၂နာရီမှာကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို မြန်မာ့-ဂျပန်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံကိုယ်စားပြု ဖိုက်တာများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ တွေ့ရပါတယ်။ လက်ရှိဂျပန်နိုင်ငံတွင်လည်း မကြာခနမြန်မာ့လက်ဝှေ့ပွဲများ ပြုလုပ်ကျင်းပပေးလျှက်ရှိပြီး ကမ္ဘာ့အဆင့်မီပြိုင်ပွဲတွေအဖြစ် ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိတာ တွေ့ရပါတယ်။

၁၉ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ (LETHWEI WORLD CHAMPIONSHIP 3)73 Kg လက်ဝှေ့ပွဲတွင် ရွှေရာမာဉ်(မြန်မာ)နှင့် ခိုဟီဟိုခဲရှီ(ဂျပန်)တို့ထိုးသတ်ခဲ့ကြပြီး မြန်မာ့လက်ဝှေ့ပညာကို ဂျပန်လူမျိုးတွေလေးစားလောက်အောင်ပြသနိုင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါပြိုင်ပွဲတွင် ရွှေရာမာဉ်(မြန်မာ)က ခိုဟီဟိုခဲရှီကိုအကောင်းဆုံးတိုက်ကွက်တွေဖြစ် ထိုးသတ်နိုင်ခဲ့ပြီး အသာစီးသရေရလဒ်ဖြစ်ပွဲပြီးခဲ့ကြောင်း သိရပါတယ်။ လာရောက်ကြည့်ရှုသူတွေအတွက် အကောင်းဆုံးပွဲအဖြစ်သုံးသပ်ခြင်းခံထားရတဲ့ အဆိုပါပွဲပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos – Martial Art Page Myanmar

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top