(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ၿဗိတိန္တြင္ေနထိုင္သည့္ အသက္ ၁၁ ႏွစ္အ႐ြယ္ အႁမႊာသည္ ဉာဏ္ရည္ စစ္ေဆးသည့္စာေမးပြဲတြင္ ၁၆၂ မွတ္ ရ ကာ အဆိုပါရမွတ္သည္ အိုင္းစတိုင္း ထက္ပင္၊ စတီဖင္ေဟာ့ကင္းထက္ပင္ ျမင့္ ေနသည္။ အႁမႊာဆိုေသာ္လည္း ၎တို႔ သည္ ကိုယ္ရည္ကိုယ္ေသြး တစ္မ်ိဳးစီရွိၾက ၿပီး တူညီသည့္အခ်က္မ်ားလည္း ရွိသည္။

အထူးသျဖင့္ ဉာဏ္ရည္စစ္စာေမးပြဲတြင္ ရမွတ္ တူေနၾကျခင္းျဖစ္သည္။

၎တို႔ ၏ရမွတ္သည္ အျမင့္ဆုံးျဖစ္သျဖင့္ ၿဗိ တိန္တြင္ ဉာဏ္ရည္အျမင့္ဆုံး တစ္ရာ ခိုင္ႏႈန္းလူမ်ားအုပ္စုထဲတြင္ ပါသြားသည္။ ထို႔ေၾကာင့္ ရမွတ္အားျဖင့္ဆိုလၽွင္ ၎တို႔ သည္ ရမွတ္ ၁၆၀ ရသည့္ အိုင္းစတိုင္း ထက္ပင္ ဉာဏ္ရည္ျမင့္ေနေတာ့သည္။ မၾကာမီကမွ အသက္ ၁၁ ႏွစ္ျပည့္သြား သည့္ ၎တို႔သည္ ယင္းစာေမးပြဲဝင္ၿပိဳင္ ရန္ ဖိတ္ၾကားခံရသည့္ အသက္အငယ္ ဆုံးသူမ်ားလည္းျဖစ္ၾကသည္။ ယင္းစာ ေမးပြဲကို အသက္ ၁၀ ႏွစ္ခြဲက်မွသာ ဝင္ ၿပိဳင္ခြင့္ရွိသည္။ မိမိတို႔သမီးမ်ားသည္ ေမြးရာပါ သခ်ၤာပညာရွင္မ်ားျဖစ္ေၾကာင္း မိဘမ်ားက ဂုဏ္ယူဝင့္ႂကြားစြာဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခ်ယ္ရီ
# Unicode Version ျဖင့္ ဖတ္ပါ #
ဗြိတိန်တွင်နေထိုင်သည့် အသက် ၁၁ နှစ်အရွယ် အမြွှာသည် ဉာဏ်ရည် စစ်ဆေးသည့်စာမေးပွဲတွင် ၁၆၂ မှတ် ရ ကာ အဆိုပါရမှတ်သည် အိုင်းစတိုင်း ထက်ပင်၊ စတီဖင်ဟော့ကင်းထက်ပင် မြင့် နေသည်။ အမြွှာဆိုသော်လည်း ၎င်းတို့ သည် ကိုယ်ရည်ကိုယ်သွေး တစ်မျိုးစီရှိကြ ပြီး တူညီသည့်အချက်များလည်း ရှိသည်။

အထူးသဖြင့် ဉာဏ်ရည်စစ်စာမေးပွဲတွင် ရမှတ် တူနေကြခြင်းဖြစ်သည်။

၎င်းတို့ ၏ရမှတ်သည် အမြင့်ဆုံးဖြစ်သဖြင့် ဗြိ တိန်တွင် ဉာဏ်ရည်အမြင့်ဆုံး တစ်ရာ ခိုင်နှုန်းလူများအုပ်စုထဲတွင် ပါသွားသည်။ ထို့ကြောင့် ရမှတ်အားဖြင့်ဆိုလျှင် ၎င်းတို့ သည် ရမှတ် ၁၆၀ ရသည့် အိုင်းစတိုင်း ထက်ပင် ဉာဏ်ရည်မြင့်နေတော့သည်။ မကြာမီကမှ အသက် ၁၁ နှစ်ပြည့်သွား သည့် ၎င်းတို့သည် ယင်းစာမေးပွဲဝင်ပြိုင် ရန် ဖိတ်ကြားခံရသည့် အသက်အငယ် ဆုံးသူများလည်းဖြစ်ကြသည်။ ယင်းစာ မေးပွဲကို အသက် ၁၀ နှစ်ခွဲကျမှသာ ဝင် ပြိုင်ခွင့်ရှိသည်။ မိမိတို့သမီးများသည် မွေးရာပါ သင်္ချာပညာရှင်များဖြစ်ကြောင်း မိဘများက ဂုဏ်ယူဝင့်ကြွားစွာဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ချယ်ရီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top