×

ရုရွားႏုိင္ငံ၊ ေမာ္စကုိၿမိဳ႕က နာတာလီယာ ဘုိရီေဆာ့ဗ္နာ ဆိုတဲ့ အမ်ိဳးသမီးဟာ အရက္အမူးလြန္ခဲ့ၿပီး သူမရဲ႕ သူငယ္ခ်င္းေမာင္းႏွင္ေနတဲ့ ကားျပတင္းေပါက္ကေန အျပင္ကုိ ကုိယ္တစ္ပုိင္းထုတ္ထားခဲ့ပါတယ္။ အသက္ (၃၅) ႏွစ္အရြယ္ အမ်ိဳးသမီးဟာ လုံး၀ကုိ မူးေနတာျဖစ္ၿပီး သူ႕ခႏၶာကုိယ္ေအာက္ပုိင္းမွာ ၀တ္ထားတဲ့ အတြင္းခံေလးတစ္ထည္ကလြဲလုိ႔ အေပၚပုိင္းအ၀တ္ဗလာနဲ႔ပါ။

သူမက သူမရဲ႕ ခႏၶာကုိယ္ကုိ ကားျပတင္းေပါက္ကေန အျပင္ကုိ ထုတ္ၿပီး ေပ်ာ္ရႊင္စြာနဲ႔ ေအာ္ဟစ္ေနခဲ့တာပါ။ သူမရဲ႕သူငယ္ခ်င္းျဖစ္သူက ကားေမာင္းေနရင္းနဲ႔ သူမကုိ ဗီဒီယုိ ရုိက္ေပးေနခဲ့ၿပီး မူးေနတဲ့ နာတာလီယာ ဟာ သူမရဲ႕ ဟန္ခ်က္ကုိ ႀကိဳးစားထိန္းေနခဲ့ရပါတယ္။

နာတာလီယာ ဟာ ကေလးတစ္ေယာက္ရဲ႕ မိခင္ျဖစ္ၿပီး သူမရဲ႕ သူငယ္ခ်င္းျဖစ္တဲ့ အုိင္ဗန္နာ နဲ႔အတူ မူးေအာင္ေသာက္ခဲ့ၾကတာပါ။

အုိင္ဗန္္နာ ရုိက္ေပးထားတဲ့ ဗီဒီယုိ ဖုိင္ထဲမွာေတာ့ နာတာလီယာ ဟာ ကားေရွ႕ခန္း ျပတင္းေပါက္ကေန ေခါင္းထုတ္ဖုိ႔ ႀကိဳးစားခဲ့ၿပီး အဲဒီေနာက္မွာေတာ့ ကားျပတင္းေပါက္ေဘာင္ေပၚ တက္ထုိင္လုိ႔ ခႏၶာကုိယ္အေပၚပုိင္းတစ္ခုလုံးကုိ အျပင္ထုတ္ထားခဲ့တာကုိ ေတြ႕ရပါတယ္။

အျပင္ဖက္မွာ မုိးစက္ေတြက်ေနတာမုိ႔ ကားမွန္ေရာ၊ ကားေပၚမွာပါ ေရေတြရွိေနၿပီး နာတာလီယာ ဟာ သူ႕ရဲ႕လက္ကုိ ခက္ခက္ခဲခဲ ကုိင္ထားခဲ့ရတာပါ။ အဲဒီေနာက္မွာေတာ့ နာတာလီယာက ခႏၶာကုိယ္တစ္ပုိင္းကုိ အေနာက္ဖက္ဆီ လွန္ခ်လုိက္ၿပီး လက္ကုိ ဆန္႔လုိက္ခ်ိန္မွာေတာ့ သူ႕အေလးခ်ိန္ကုိ သူမထိန္းႏုိင္ေတာ့ပဲ ကားေပၚက ျပဳတ္က်သြားခဲ့တာပါ။

အုိင္ဗန္နာ က သူငယ္ခ်င္းျဖစ္သူကုိ ေဆးရုံပုိ႔ေပးခဲ့ေပမယ့္ ဒဏ္ရာေတြအမ်ားႀကီး ရရွိခဲ့တဲ့ နာတာလီယာ ကေတာ့ ေဆးရုံေရာက္တဲ့အခ်ိန္မွာပဲ ေသဆုံးသြားခ့ဲရပါတယ္။

တာ၀န္ရွိတဲ့သူေတြကေတာ့ ဒီအျဖစ္အပ်က္အတြက္ စစ္ေဆးေနၾကဆဲျဖစ္ၿပီး ပြန္တာကာနာ အေ၀းေျပးလမ္းေပၚမွာ တပ္ထားတဲ့ ကင္မရာေတြကေန တစ္ဆင့္ အျဖစ္အပ်က္ကုိ ျပန္လည္ၾကည့္ရႈခဲ့ၾကတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BuremeseAsia

#Unicode Version#
ရုရှားနိုင်ငံ၊ မော်စကိုမြို့က နာတာလီယာ ဘိုရီဆော့ဗ်နာ ဆိုတဲ့ အမျိုးသမီးဟာ အရက်အမူးလွန်ခဲ့ပြီး သူမရဲ့ သူငယ်ချင်းမောင်းနှင်နေတဲ့ ကားပြတင်းပေါက်ကနေ အပြင်ကို ကိုယ်တစ်ပိုင်းထုတ်ထားခဲ့ပါတယ်။ အသက် (၃၅) နှစ်အရွယ် အမျိုးသမီးဟာ လုံးဝကို မူးနေတာဖြစ်ပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ ဝတ်ထားတဲ့ အတွင်းခံလေးတစ်ထည်ကလွဲလို့ အပေါ်ပိုင်းအဝတ်ဗလာနဲ့ပါ။

သူမက သူမရဲ့ ခန္ဓာကိုယ်ကို ကားပြတင်းပေါက်ကနေ အပြင်ကို ထုတ်ပြီး ပျော်ရွှင်စွာနဲ့ အော်ဟစ်နေခဲ့တာပါ။ သူမရဲ့သူငယ်ချင်းဖြစ်သူက ကားမောင်းနေရင်းနဲ့ သူမကို ဗီဒီယို ရိုက်ပေးနေခဲ့ပြီး မူးနေတဲ့ နာတာလီယာ ဟာ သူမရဲ့ ဟန်ချက်ကို ကြိုးစားထိန်းနေခဲ့ရပါတယ်။

နာတာလီယာ ဟာ ကလေးတစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး သူမရဲ့ သူငယ်ချင်းဖြစ်တဲ့ အိုင်ဗန်နာ နဲ့အတူ မူးအောင်သောက်ခဲ့ကြတာပါ။

အိုင်ဗန်နာ ရိုက်ပေးထားတဲ့ ဗီဒီယို ဖိုင်ထဲမှာတော့ နာတာလီယာ ဟာ ကားရှေ့ခန်း ပြတင်းပေါက်ကနေ ခေါင်းထုတ်ဖို့ ကြိုးစားခဲ့ပြီး အဲဒီနောက်မှာတော့ ကားပြတင်းပေါက်ဘောင်ပေါ် တက်ထိုင်လို့ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို အပြင်ထုတ်ထားခဲ့တာကို တွေ့ရပါတယ်။

အပြင်ဖက်မှာ မိုးစက်တွေကျနေတာမို့ ကားမှန်ရော၊ ကားပေါ်မှာပါ ရေတွေရှိနေပြီး နာတာလီယာ ဟာ သူ့ရဲ့လက်ကို ခက်ခက်ခဲခဲ ကိုင်ထားခဲ့ရတာပါ။ အဲဒီနောက်မှာတော့ နာတာလီယာက ခန္ဓာကိုယ်တစ်ပိုင်းကို အနောက်ဖက်ဆီ လှန်ချလိုက်ပြီး လက်ကို ဆန့်လိုက်ချိန်မှာတော့ သူ့အလေးချိန်ကို သူမထိန်းနိုင်တော့ပဲ ကားပေါ်က ပြုတ်ကျသွားခဲ့တာပါ။

အိုင်ဗန်နာ က သူငယ်ချင်းဖြစ်သူကို ဆေးရုံပို့ပေးခဲ့ပေမယ့် ဒဏ်ရာတွေအများကြီး ရရှိခဲ့တဲ့ နာတာလီယာ ကတော့ ဆေးရုံရောက်တဲ့အချိန်မှာပဲ သေဆုံးသွားခဲ့ရပါတယ်။

တာဝန်ရှိတဲ့သူတွေကတော့ ဒီအဖြစ်အပျက်အတွက် စစ်ဆေးနေကြဆဲဖြစ်ပြီး ပွန်တာကာနာ အဝေးပြေးလမ်းပေါ်မှာ တပ်ထားတဲ့ ကင်မရာတွေကနေ တစ်ဆင့် အဖြစ်အပျက်ကို ပြန်လည်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: BuremeseAsia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top