iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာအိုက္ဒယ္အဆိုျပိဳင္ပြဲ ေနာက္ဆံုးအဆင့္ထိ တက္လွမ္းခြင့္ရရွိထားသည့္ ျပိဳင္ပြဲ၀င္အမွတ္ ၁၁ ခ်မ္းေျမ့ေမာင္ခ်ိဳသည္ အာသီးေရာင္ျခင္း၊ တုတ္ေကြးေရာဂါျဖစ္ျခင္းတို႔အျပင္ ေလးဖက္နာ (ASO) တက္ျခင္းတို႔ေၾကာင့္ သုခကမၻာေဆးရံုတြင္ ၾသဂုတ္ ၉ ရက္မွစတင္၍ ေဆးကုသမႈခံယူလ်က္ရွိရာ ဆက္လက္ယွဥ္ျပိဳင္ျဖစ္၊ မျပိဳင္ျဖစ္ကို မဆံုးျဖတ္ရေသးေၾကာင္း၊ ျပိဳင္ပြဲက်င္းပသူမ်ားဘက္က အစီအစဥ္ကို တရား၀င္ေၾကညာမည္ျဖစ္ေၾကာင္း ခ်မ္းေျမ႕ေမာင္ခ်ဳိ၏မိခင္ ေဒၚအိအိက ေျပာသည္။

ခ်မ္းေျမ႕ေမာင္ခ်ဳိ ကုသမႈခံယူေနရာ သုခကမၻာေဆး႐ုံသို႔ News Watch က ယေန႔ (ၾသဂုတ္ ၁၀) ရက္တြင္ သြားေရာက္ေတြ႔ဆံုစဥ္ ေဒၚအိအိက “အာသီးေရာင္တာကေတာ့ မက်ေသးဘူး။ ဒီေန႔အထိကေတာ့ ပုလင္းႀကီး ၅ ပုလင္းခ်ိတ္ေပးထားလို႔ ထူထူေထာင္ေထာင္ေတာ့ ျဖစ္ေနပါတယ္။ ဆရာဝန္ေတြကလည္း ဂရုစိုက္ျပီး ကုေပးေနပါတယ္။ ျပိဳင္ပြဲ ဆက္ျပိဳင္ျဖစ္ မျပိဳင္ျဖစ္ဆိုတာက ေသခ်ာမေျပာႏိုင္ေသးပါဘူး။ သီခ်င္းဆိုျပိဳင္တာေလ သူ ျဖစ္တာကလည္း အာသီးေရာင္တာဆိုေတာ့ ဘာေတြဆက္ျဖစ္မလဲ မသိေသးပါဘူး။ အစ္မရဲ႕ သေဘာကိုေျပာရရင္ေတာ့ သမီးရဲ႕ ဆႏၵပါပဲလို႔။ သူက ေပတာေလ။

အေမနဲ႔ကလည္း တခါမွခြဲမေနဘူးေတာ့ သူစားခ်င္တာစား သူေန တတ္သလိုေနေနေတာ့ ျဖစ္သြားတာပါ။ အေမနဲ႔ေနရင္ေတာ့ အေမက အျမဲဂရုစိုက္ေနရတာေလ။ ျပိဳင္ပြဲကေတာ့ ဆက္လုပ္မွာပါ။ သမီးျဖစ္လို႔ ျပိဳင္ပြဲရက္ေရႊ႕လိုက္ရင္လည္း ပိုျပီး ေျပာစရာျဖစ္လာဦးမွာေလ။ ျပိဳင္ပြဲနဲ႔ပက္သတ္တာကေတာ့ အစ္မတို႔က ေသေသခ်ာခ်ာ မေျပာတတ္ပါဘူး။ သူတို႔ဘက္က တရားဝင္ ေၾကျငာမယ္လို႔ေတာ့ ေျပာပါတယ္။ အဲဒါကို ခဏေစာင့္လိုက္ေပါ့ေနာ္”ဟု ေျပာသည္။

မူလအစီအစဥ္အရ ျမန္မာအိုက္ဒယ္ ေနာက္ဆံုးအဆင့္ျပိဳင္ပြဲကို ခ်မ္းေျမ႕ေမာင္ခ်ဳိႏွင့္ ျဖိဳးျမတ္ေအာင္တို႔ ၾသဂုတ္ ၁၁ ရက္ စေနေန႔ညတြင္ သီဆိုယွဥ္ျပိဳင္ရမည္ျဖစ္ေသာ္လည္း ၾသဂုတ္ ၁၀ ရက္ ေန႔လယ္ပိုင္းအခ်ိန္အထိ အစီအစဥ္ အေျပာင္းအလဲႏွင့္ပက္သတ္၍ တရား၀င္ထုတ္ျပန္ေၾကညာျခင္းမရွိေသးေခ်။

ကလ်ာေဆြ
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  News Watch

#Unicode Version#
မြန်မာအိုက်ဒယ်အဆိုပြိုင်ပွဲ နောက်ဆုံးအဆင့်ထိ တက်လှမ်းခွင့်ရရှိထားသည့် ပြိုင်ပွဲဝင်အမှတ် ၁၁ ချမ်းမြေ့မောင်ချိုသည် အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်းတို့အပြင် လေးဖက်နာ (ASO) တက်ခြင်းတို့ကြောင့် သုခကမ္ဘာဆေးရုံတွင် သြဂုတ် ၉ ရက်မှစတင်၍ ဆေးကုသမှုခံယူလျက်ရှိရာ ဆက်လက်ယှဉ်ပြိုင်ဖြစ်၊ မပြိုင်ဖြစ်ကို မဆုံးဖြတ်ရသေးကြောင်း၊ ပြိုင်ပွဲကျင်းပသူများဘက်က အစီအစဉ်ကို တရားဝင်ကြေညာမည်ဖြစ်ကြောင်း ချမ်းမြေ့မောင်ချို၏မိခင် ဒေါ်အိအိက ပြောသည်။

ချမ်းမြေ့မောင်ချို ကုသမှုခံယူနေရာ သုခကမ္ဘာဆေးရုံသို့ News Watch က ယနေ့ (သြဂုတ် ၁၀) ရက်တွင် သွားရောက်တွေ့ဆုံစဉ် ဒေါ်အိအိက “အာသီးရောင်တာကတော့ မကျသေးဘူး။ ဒီနေ့အထိကတော့ ပုလင်းကြီး ၅ ပုလင်းချိတ်ပေးထားလို့ ထူထူထောင်ထောင်တော့ ဖြစ်နေပါတယ်။ ဆရာဝန်တွေကလည်း ဂရုစိုက်ပြီး ကုပေးနေပါတယ်။ ပြိုင်ပွဲ ဆက်ပြိုင်ဖြစ် မပြိုင်ဖြစ်ဆိုတာက သေချာမပြောနိုင်သေးပါဘူး။ သီချင်းဆိုပြိုင်တာလေ သူ ဖြစ်တာကလည်း အာသီးရောင်တာဆိုတော့ ဘာတွေဆက်ဖြစ်မလဲ မသိသေးပါဘူး။ အစ်မရဲ့ သဘောကိုပြောရရင်တော့ သမီးရဲ့ ဆန္ဒပါပဲလို့။ သူက ပေတာလေ။

အမေနဲ့ကလည်း တခါမှခွဲမနေဘူးတော့ သူစားချင်တာစား သူနေ တတ်သလိုနေနေတော့ ဖြစ်သွားတာပါ။ အမေနဲ့နေရင်တော့ အမေက အမြဲဂရုစိုက်နေရတာလေ။ ပြိုင်ပွဲကတော့ ဆက်လုပ်မှာပါ။ သမီးဖြစ်လို့ ပြိုင်ပွဲရက်ရွှေ့လိုက်ရင်လည်း ပိုပြီး ပြောစရာဖြစ်လာဦးမှာလေ။ ပြိုင်ပွဲနဲ့ပက်သတ်တာကတော့ အစ်မတို့က သေသေချာချာ မပြောတတ်ပါဘူး။ သူတို့ဘက်က တရားဝင် ကြေငြာမယ်လို့တော့ ပြောပါတယ်။ အဲဒါကို ခဏစောင့်လိုက်ပေါ့နော်”ဟု ပြောသည်။

မူလအစီအစဉ်အရ မြန်မာအိုက်ဒယ် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ချမ်းမြေ့မောင်ချိုနှင့် ဖြိုးမြတ်အောင်တို့ သြဂုတ် ၁၁ ရက် စနေနေ့ညတွင် သီဆိုယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်းအချိန်အထိ အစီအစဉ် အပြောင်းအလဲနှင့်ပက်သတ်၍ တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးချေ။

ကလျာဆွေ
ဖိုးသူတော် (www.phothutaw.com)
Credit:  News Watch


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top