iMyanmarHouse.com - Best Property Website for Myanmar
×















ကိုင်တွယ်နည်းတွေ





တင်၍ ဆေးရုံပို့ပါ။






Unicode Version
အရေးပေါ်ဖုန်းဝင်လာတယ် ဆိုင်ကယ် အက်ဆီးဒင့်တဲ့ ဆေးရုံ ရှေ့နားမှာဖြစ်တော့ ကျွန်တော့် Ambulance Rescue ကားက နောက်ကြမှ ရောက်သွား ခဲ့တယ် ဖြစ်တဲ့နေရာကနေ ဂရုဏာနဲ့ ကူညီလိုတဲ့ လူတွေက ဖြစ်ဖြစ်ချင်း မှာ မှောက်ရက်လဲနေတဲ့ လူနာကို အားခြင်း ကောက်အပွေ့ မှာ အင့် ဆိုသော အသံတစ်သံပဲကြားလိုက်ရတယ်လို့ဆိုတယ် ထို့နောက်ေ ဆးရုံသို့ ပွေ့ချီအပြေး ဆေးရုံးလဲရောက် အသက်လဲပြောက်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု

ကျွန်တော်ရောက်သွားတော့ အသက်မဲ့ခန္ဓာနဲ့ ပတ်လက် အနေအထား အမြင်အားဖြင့် စီစစ်ကြည့်တော့ ပြင်ပ ဒဏ်ရာ ကြီးကြီးမားမား မရှိခဲ့ပါ။

“”သူဘာကြောင့်သေသွားသလဲ ကျွန်တော် သိလိုက်ရပြီ””

ဝမ်းနည်းစရာ သိပ်ကောင်းတာပဲလို့ ရင်ကျိုးမရဖြစ်ခဲ့ရတယ် သူ ဆိုင်ကယ်တိုက်လို့ သေခဲ့တာ မဟုပ်ခဲ့ပါဘူး

ကျွန်တော်ထင်ထားတာနဲ့ တစ်ထပ်တည်းဖြစ်လိမ့်မည်ဟု ခန့်မှန်းတွေးတောရင်း သူ့ရဲ့ ရုပ်အလောင်းကို ကျွန်တော့် Ambulance ယာဉ်နဲ့သယ်သွားပြီး မြို့ရင်ခွဲရုံ ဆေးရုံတွင် ရင်ခွဲ စစ်ဆေးလိုက်တဲ့အခါ ကျွန်တော်တွေးထားတာနဲ့ တစ်ထပ်တည်းဖြစ်ခဲ့ရတယ် ဆေးရုံနဲ့အဝေး မှာသာ မင်း ယာဉ်တိုက်မှုဖြစ်ခဲ့ရင်

မင်းကို ကူညီလိုတဲ့ လူတွေက ငါ့ရဲ့ ယာဉ်အလာကို စောင့်ခဲ့ရင် မင်းသေမှာ မဟုပ်ဘူးလို့ ရင်ထဲက ရင်ကျိုးမရ ပြောပြဖြစ်ခဲ့တယ်



ဆေးရုံနဲ့ အနီးမှာဆိုတော့ ကားအလာ မစောင့်တော့ဘူး ကြာမယ်ထင်ပြီး အားခြင်းကောက်အပွေ့မှာ

အင့် ဆိုတဲ့ အသံဟာ ကျိုးနေတဲ့ ရင်ညွန့်ရိုးက နှလုံးကို ဓါးနဲ့ တေ့ထိုးလိုက်သ လိုဖြစ်ခဲ့ရပြီး အဲဒီနေရာမှာပဲ အသက်ပျောက်ခဲ့ရှာတာပါပဲ

တိုက်မိချိန်မှာ အရိုးကျိုးသွားတာမှန်ပေမယ့် လူခန္ဓာကိုယ်ဟာ မြေပြင်မှာဆန့်ဆန့်ဖြစ်နေချိန်အရေးတကြီး စေတနာဂရုဏာတွေနဲ့ စိုးရိမ်ပူပန်မှုနဲ့ဆေးရုံ အမြန်ရောက်ဖို့ စိတ်ဆန္ဒဇောနဲ့ ကောက်ချီပွေ့လိုက်တော့ လူက ကွေးသွားပြီး ကျိုးနေတဲ့ အရိုးက ငေါပီးနှလုံးကို သွားစိုက်ခဲ့တာ ဘယ်သူမှ မသိခဲ့ကြပါဘူး

ထိုဖြစ်စဉ်ကို ဖေးမကူညီခဲ့တဲ့ ကူညီသူတွေလဲ မသိခဲ့ကြပါဘူး

ကျွန်တော်သိခဲ့ပါတယ် ဘာကြောင့်လဲ ကျွန်တော် ပရဟိတ ကယ်ဆယ်ရေးအလုပ်ကို လုပ်တော့ မယ်လို့ရည်ရွယ်ထဲက ကယ်ဆယ်ရေး ပညာရပ်တွေ ရှေ့ဦးသူနာပြုစုနည်းတွေကို လေ့လာ သင်ယူခဲ့ပါတယ်

စေတနာဟာ ဝေဒနာမဖြစ်ဖို့ ကယ်ဆယ်လိုတဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ကယ်ဆယ်ရေး သးမားမဖြစ်ပဲ ကိုယ်မသိ သူမသိ လူသတ်သမားအဖြစ်ကိုမဖြစ်စေဖို့ လူနာတစ်ဦးကို

ကိုင်တွယ်နည်းတွေ

ကားပေါ် လူနာပါလာရင် ဘယ်လို ကီလိုနှုန်းနဲ့ လမ်းအခြေအနေကို ကြည်ပြီး မောင်းရမလဲဆိုတာတွေ ဆောင်ရန် ရှောင်ရန်တွေကို နည်းစနစ်တကျ သင်ယူခဲ့ပြီး မှ ဒီလောကထဲဝင်ခဲ့ပါတယ် အလွန်အရေးကြီးပါတယ်ဗျာ

ဒီဖြစ်စဉ်မှာ ဆိုင်ကယ်တိုက်လို့ သေခဲ့တာမဟုပ်ဘူးလို့ပြောလိုပြီး လူနာကောက်ယူတဲ့အခါ ဆောင်ရန်ရှောင်ရန်မသိခဲ့တဲ့အတွက် လူနာကောက်စဉ်မှာ သေခဲ့ရတဲ့အဖြစ်တွေ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် အများကြီးရှိနေနိုင်ပါတယ်

ဒါကြောင့် ဒီဖြစ်စဉ်မျိုးတွေ မိမိအရှေ့ မှာတွေ့ကြုံခဲ့မယ် ဆိုရင် ကူညီလိုတဲ့ စေတနာ စိတ်ဆန္ဒမလောပါနဲ့

လူနာရဲ့ ဘေးကို လူနာတင်ကပ် ချပီး မှ လူနာကိုခေါင်းပိုင်းတစ်ယောက် ခါးပိုင်းတစ်ယောက်ခြေထောက်ပိုင်းတစ်ယောက် အဖြောင့်ကိုင်ပြီးမှ ကပ်ပေါ်

တင်၍ ဆေးရုံပို့ပါ။

ကပ်မရှိက အနီးဆုံး ယာဉ်ပေါ်တင်မယ်ဆိုလည်းပဲလူနာကို မကွေးစေပဲ အဖြောင့်တင်ဖို့ လိုအပ်ပါကြောင်း

သူသေတာဘာကြောင့်လဲဆိုတာ ကျွန်တော်သိခဲ့တာဟာ

လူမှုကူညီရေးအတွေ့အကြုံနဲ့ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းများမှ လူ့အသက်တွေကယ်တင်ဖို့ဆောင်ရန် ရှောင်ရန်များ၏အတွေ့အကြုံများမှ သိရှိခဲ့ရပါကြောင်း

ဒီဖြစ်စဉ်က 2017 ခုနှစ်ထဲက ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မျိုးဆက်(လူမှုကူညီရေး-ချောင်းကြီး)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top