ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

(၁၉၈၇ ခုႏွစ္)
.
ၾသဂုတ္လ ၁၀ရက္
ဦးေန၀င္း တစ္ႏိုင္ငံလံုးသို႕ ေျပာၾကားေသာ မိန္႕ခြန္းတြင္၊ သူ အုပ္ခ်ဳပ္ခဲ့သည့္
၂၅ႏွစ္တာ ကာလ အတြင္းတြင္ အမွားမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ အခ်ိန္အခါ အား ေလ်ာ္စြာ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း
တိုင္းျပည္သုိ႕ ၀န္ခံလိုက္သည္။

စက္တင္ဘာ ၅ရက္
၂၅က်ပ္၊ ၃၅က်ပ္ ႏွင့္ ၇၅ က်ပ္တန္ ေငြစကၠဴတို႕ကို တရားမ၀င္ေတာ့ေၾကာင္း
နိုင္ငံေတာ္ေကာင္စီ အတြင္းေရးမွဴး ဦးစိန္လြင္ လက္မွတ္ေရးထိုးထားသည့္
ေၾကျငာခ်က္ကို ထုတ္ျပန္လိုက္သည္။ ႏိုင္ငံေတာ္၏ ေငြေၾကးလည္ပတ္မႈ
၈၀ ရာခိုင္ႏႈန္း ရပ္တန္႕သြားခဲ့သည္။ တရားမ၀င္ေၾကျငာခဲ့ေသာ
ေငြစကၠဴမ်ားအား ျပန္လဲလွယ္ခြင့္ မေပးခဲ့ေခ်။

စက္တင္ဘာ ၆ရက္
အစိုးရက တကၠသိုလ္ႏွင့္ ေကာလိပ္အားလံုးကို ပိတ္လိုက္သည္။ အနယ္နယ္ အရပ္ရပ္မွ ေက်ာင္းသားမ်ားကို ေနရပ္အသီးသီးသို႕ ျပန္ပို႕လိုက္သည္။

ေအာက္တိုဘာ ၁၄ရက္
ျပည္သူ႕လႊတ္ေတာ္က ေငြစကၠဴတန္ဖိုးခ်ခဲ့မႈကို ဘေဘာတူ
အတည္ျပဳလိုက္ျပီး ဖ်က္သိမ္းခဲ့ေသာ ေငြစကၠဴမ်ားအစား ၄၅က်ပ္ ၉၀ က်ပ္
တန္တို႕ျဖင့္ အစားထိုးလိုက္သည္။

ေအာက္တိုဘာ ၂၆ရက္
တကၠသိုလ္မ်ား ေကာလိပ္မ်ားကို ျပန္လည္ဖြင့္ေပးလိုက္သည္။

ေအာက္တိုဘာ ၂၈ရက္
နံနက္ ၄နာရီခြဲခန္႕၌ ရန္ကုန္ျမိဳ႕သမၼတ ရုပ္ရွင္ရံုတြင္ ဗံုးေပါက္ကြဲခဲ့သည္။

ႏို၀င္ဘာ ၂ – ၃ရက္
စစ္ေတြေဒသ ေကာလိပ္မွ ေက်ာင္းသားမ်ား အစိုးရ ဆန္႕က်င္ေရး
ဆႏၵျပပြဲမ်ား ျပဳလုပ္ခဲ့ၾကသည္။

ႏို၀င္ဘာ ၇ရက္
ပ်ဥ္းမနား ေရဆင္း စိုက္ပ်ိဳးေရး တကၠသိုလ္ႏွင့္ တိရစာၦန္ေမြးျမဴေရးႏွင့္
ေဆးကုသေရး တကၠသိုလ္မွ ေက်ာင္းသားမ်ားက ဦးေန၀င္း ဓာတ္ပံုကို
မီးရႈိ႕၍ ဆႏၵျပၾကသည္။

ဒီဇင္ဘာ ၁၁ရက္
ကုလသမဂၢ အေထြေထြ ညီလာခံၾကီးက ဖြံ႕ျဖိဳးတိုးတက္မႈ အနည္းဆံုး ႏိုင္
ငံမ်ား စာရင္းတြင္ ျမန္မာႏုိင္ငံပါ၀င္ေၾကာင္း အတည္ျပဳေၾကညာလိုက္သည္။

(၁၉၈၈ ခုႏွစ္)

မတ္လ ၇ရက္
ျပည္လမ္းေပၚရွိ ခ်က္သံရံုး အျပင္၌ ည၉နာရီခြဲခန္႕တြင္ ဗံုးေပါက္ကြဲသည္။
ဗိုလ္မွဴးခ်ဳပ္ေဟာင္း ဦးေအာင္ၾကီးက စီးပြားေရး ျပဳျပင္ ေျပာင္းလဲရန္ႏွင့္
အစိုးရ အသစ္ ဖြဲ႕စည္းရန္ အၾကံဳျပဳထားသည့္ အိတ္ဖြင့္စာကို
ဦးေန၀င္းထံ ေပးပို႕ခဲ့သည္။

မတ္လ ၁၂ရက္
ရန္ကုန္ျမိဳ႕ ၾကိဳ႕ကုန္း အေနာက္ပုိင္း စႏၵာ၀င္း လဘၻရည္ဆိုင္တြင္ စက္မႈ
တကၠသိုလ္ေက်ာင္းသား အခ်ိဳ႕ႏွင့္ အရပ္သားမ်ား ခိုက္ရန္ ျဖစ္ပြားၾကသည္။
ေက်ာင္းသားတစ္ခ်ိဳ႕ ဒဏ္ရာရျပီး က်န္လူမ်ားႏွင့္ ေက်ာင္းသားမ်ားကို
သက္ဆိုင္ရာက ထိန္းသိမ္းလိုက္သည္။

မတ္လ ၁၃ရက္
ေက်ာင္းသားအား ရိုက္ႏွက္ခဲ့သူ တရားခံအား သက္ဆိုင္ရာက လႊတ္ေပးလိုက္ သျဖင့္ ေက်ာင္းသား ၂၀၀ခန္႕ ရပ္ကြက္ ျပည္သူ႕ေကာင္စီရံုးသို႕ သြားကာ ကန္႕ကြက္ၾကသည္။ ေက်ာင္းသားမ်ားႏွင့္ လံုထိန္းမ်ား အဓိကရုဏ္း
ျဖစ္ပြားၾကျပီး လံုထိန္းမ်ား၏ ပစ္ခတ္မႈေၾကာင့္ ရန္ကုန္စက္မႈ တကၠသိုလ္
ေက်ာင္းသား ကိုဖုန္းေမာ္ ေသဆံုးခဲ့သည္။ ရက္အနညး္ငယ္ၾကာတြင္
ေနာက္ထပ္ ၆ေယာက္ခန္႕ ပစ္ခတ္ဒဏ္ရာေၾကာင့္ ေသဆံုးသြားခဲ့သည္။
(မွတ္ခ်က္ – ကိုဖုန္းေမာ္ ေသဆံုးသြားေသာ မတ္လ ၁၃ရက္ကို ျမန္မာႏိုင္ငံ၏ လူ႕အခြင့္အေရးေန႕ဟု သတ္မွတ္ထားခဲ့သည္။)

မတ္လ ၁၄ရက္
စက္မႈတကၠသိုလ္ေက်ာင္းသားမ်ားက အျခား တကၠသိုလ္မ်ားသို႕
လံုထိန္းမ်ား၏ ေက်ာင္းသား မ်ားအေပၚ ရက္စက္စြာ သတ္ျဖတ္ျခင္းနဲ႕
ေငြစကၠဴဖ်က္သိမ္းျခင္း ကို ရႈတ္ခ်သည့္ လက္ကမ္းစာေစာင္မ်ား ျဖန္႕ေ၀ခဲ့သည္။

မတ္လ ၁၅ရက္
စစ္တပ္ မွ ရန္ကုန္ စက္မႈ တကၠသို္ေက်ာင္း၀င္းကို ၀င္စီးလိုက္သည္။
အစိုးရမွ ေက်ာင္းသားမ်ား အေပၚ အျပစ္ ပံုခ်ထားသည့္ ေၾကညာခ်က္
တစ္ေစာင္ကို ထုတ္ျပန္ေၾကညာလိုက္သည္။ ေက်ာင္းသား အမ်ားအျပားကို
ဖမ္းဆီးလိုက္သည္။

မတ္လ ၁၆ရက္
ရန္ကုန္တကၠသိုလ္မ်ား ေက်ာင္းသားမ်ား လႈိင္ေကာလိပ္နွင့္ စက္မႈ
တကၠသို္လ္သို႕ ျပည္လမ္းမ အတိုင္း ဆႏၵျပ ခ်ီတက္လာသည္။ အင္းလ်ားကန္အနီးသို႕ ေရာက္ေသာအခါ လံုထိန္းမ်ားႏွင့္ စစ္တပ္က
ပစ္ခတ္ပိတ္ဆို႕ကာ တားဆီးခဲ့သည္။ ေက်ာင္းသားမ်ားစြာ ပစ္သတ္ခံ
ရသည္။ ရန္ကုန္ တကၠသိုလ္ ေက်ာင္း၀င္းအတြင္းသို႕ လံုထိန္းတပ္ဖြဲ႕မ်ား
၀င္ေရာက္ လာၾကသည္။

မတ္လ ၁၇ရက္
ကိုဖုန္းေမာ္၏ အသုဘသို႕ ပို႕ေဆာင္ သျဂိဳလ္ရန္ ေထာင္ေပါင္းမ်ားစြာေသာ
ေက်ာင္းသား လူထုက ၾကံေတာ သခ်ၤိဳင္းအျပင္ဘက္တြင္ ေစာင့္ဆိုင္း
ေနခဲ့ၾကသည္။ သို႕ေသာ္ ကိုဖုန္းေမာ္၏ အေလာင္းကို အျခား တစ္ေနရာတြင္
တိတ္ဆိတ္စြာ သျဂိဳလ္လိုက္ေၾကာင္း သိရသည္။ ကိုဖုန္းေမာ္ ေသဆံုးသည့္
ကိစၥႏွင့္ပတ္သက္ျပီး စံုစမ္းရန္ ေကာ္မရွင္ တစ္ရပ္ဖြဲ႕လိုက္ေၾကာင္း အစိုးရက ေျကညာလိုက္သည္။ ရန္ကုန္ တကၠသိုလ္အတြင္း ျပဳလုပ္ေသာ အစည္းအေ၀းတစ္ခုတြင္ ေက်ာင္းသား သမဂၢကို ဖြဲ႕စည္းလိုက္သည္။
ေက်ာင္းသား တစ္ေထာင္ခန္႕ကို အင္းစိန္ေထာင္သို႕ ပို႕လိုက္သည္။

မတ္လ ၁၈ရက္
ေထာင္ေပါင္းမ်ားစြာေသာ ေက်ာင္းသားမ်ား ရန္ကုန္ ျမိဳ႕လယ္ ဆူးေလ
ဘုရားသို႕ ခ်ီတက္လာျပီး အျခား ေက်ာင္းသားမ်ားႏွင့္ ပူးေပါင္းလိုက္သည္။
အစိုးရက တပ္မ ၂၂၊ ၆၆၊ ၇၇ တို႕ကို ေခၚယူလိုက္ျပီး ဆႏၵျပသူမ်ားကို
ေထာင္ေပါင္းမ်ားစြာ ရိုက္ႏွက္ဖမ္းဆီး ခဲ့သည္။ ထိုေန႕ကို ေသြးစြန္းေသာ
ေသာၾကာေန႕ ဟု လူအမ်ား သတ္မွတ္ျပီး တပ္မွဴးဗိုလ္ခ်ဳပ္ စိန္လြင္မွာ
ရန္ကုန္ျမိဳ႕၏ လူသတ္သမား ဟု အမည္တြင္ခဲ့သည္။ ေက်ာင္းမ်ား၊
တကၠသိုလ္မ်ား အားလံုးကို ပိတ္လိုက္သည္။

ဧျပီလ ၉ရက္
အစိုးရ ဖြဲ႕စည္းထားေသာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္က မတ္လတြင္
ျဖစ္ပြားခဲ့ေသာ အဓိကရုဏ္း၌ ေက်ာင္းသား ၃ေယာက္ေသဆံုးျပီး
၆၂၅ေယာက္ အဖမ္းခံရကာ ၁၄၁ ေယာက္ကို ဆက္လက္ ထိန္းသိမ္းထား
သည္ဟု ေၾကျငာသည္။

ေမလ ၁၀ရက္
ျမန္မာ့တပ္မေတာ္သည္ နယ္စပ္ေဒသမ်ားတြင္ ညွဥ္းပန္းမႈ၊ ဖမ္းဆီး
သတ္ျဖတ္မႈ၊ အမ်ိဳးသမီးမ်ားအား အဓမျပဳက်င့္မႈ၊ ရြာသားမ်ား ေပၚတာအျဖစ္
အတင္းေစခိုင္းကာ လူမ်ိုးစု သူပုန္မ်ားကို တိုက္ခိုက္ရာတြင္ လူသားမိုင္းရွင္း
ကိရိယာျဖင့္ အသံုးျပဳမႈမ်ားအတြက္ တာ၀န္ရွိေၾကာင္း အျပည္ျပည္ဆိုင္ရာ
လြတ္ျငိမ္းခ်မ္းသာခြင့္ အဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့သည္။

ေမလ ၃၀ရက္
ေက်ာင္းမ်ား ျပန္ဖြင့္ခဲ့ေသာ္လည္း ေက်ာင္းတက္ေသာ ေက်ာင္းသားဦးေရမွာ
၃၀ရာခိုင္ႏႈန္းသာ ရွိခဲ့သည္။အစိုးရဆန္႕က်င္ေသာစာရြက္စာတမ္းမ်ား ျပန္လည္
ျဖန္႕ေ၀ၾကသည္။ ဖမ္းဆီးခံခဲ့ရသည့္ ေက်ာင္းသားမ်ား၏ ေထာင္တြင္း
ညွဥ္းပန္းႏွိပ္စက္ခံ အေတြ႕အၾကံဳမ်ားႏွင့္ ေက်ာင္းသူမ်ား အား လံုထိန္းမ်ား၏
အဓမၼက်င့္မႈ သတင္းမ်ား ပ်ံ႕ႏွံ႕သြားခဲ့သည္။

ဇြန္လ ၈ရက္
ဦးေအာင္ၾကီးမွ ေနာက္ထပ္ အိပ္ဖြင့္ ေပးစာကို ဦးေန၀င္းထံ ပို႕ခဲ့သည္။
ယခုစာတြင္ စီးပြားေရး ႏိုင္ငံေရး ျပႆနာမ်ားအျပင္ လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကိုလည္း ေဖာ္ျပထားသည္။

ဖြန္လ ၁၃ရက္
မတ္လတြင္ အသတ္ခံရသူမ်ားအတြက္ ေအာက္ေမ့ဘြယ္ အခမ္းအနား
က်င္းပရန္ ၾကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။ မတ္လ၏ ျဖစ္ရပ္မွန္မ်ား
ကို ဇြန္လ ၁၇ရက္ ေနာက္ဆံုးထားျပီး မထုတ္ျပန္ပါက ျပႆနာမ်ား ပိုမိုၾကီးထြား လာလိမ့္မည္ဟု ေက်ာင္းသားမ်ားက ရာဇသံေပးလိုက္သည္။

ဇြန္လ ၁၅ရက္
ရန္ကုန္ တကၠသိုလ္ ေက်ာင္း၀င္းအတြင္း၌ အစည္းအေ၀းပြဲမ်ား ဆႏၵျပ ပြဲမ်ား စတင္ေပၚေပါက္လာသည္။

ဇြန္လ ၁၆ရက္
ကိုေမာင္ေမာင္ေက်ာ္၊ ကိုမိုးသီးဇြန္တို႕၏ ေဟာေျပာပြဲမ်ား တကၠသိုလ္ ေက်ာင္း၀င္း
မ်ား အတြင္း ေပၚေပါက္လာသည္။

ဇြန္လ ၁၇ရက္
ရန္ကုန္ တကၠသိုလ္ အတြင္းမွ သင္တန္းမ်ား အားလံုး ရပ္စဲလိုက္သည္။ ဆႏၵျပပြဲႏွင့္ ေဟာေျပာပြဲမ်ား ျပည္လမ္း ေဆးတကၠသိုလ္သို႕ ေရာက္သြားခဲ့သည္။

ဇြန္လ ၂၀ရက္ ရန္ကုန္ျမိဳ႕ရွိ ေထာင္ေပါင္းမ်ားစြာေသာ ေက်ာင္းသားမ်ားႏွင့္ ျပည္သူမ်ား ျငိမ္းခ်မ္းစြာ ဆႏၵျပၾကသည္။ ရန္ကုန္တကၠသိုလ္ရွိ စည္းေ၀းပြဲမ်ားသို႕ သံဃာေတာ္မ်ားပါ
တက္ေရာက္သည္။အစည္းေ၀းမွ ေက်ာင္းထုတ္ခံရေသာ ေက်ာင္းသားမ်ားကို
ေက်ာင္းျပန္တက္ခြင့္ ေပးရန္ႏွင့္ မတ္လအတြင္း သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူမ်ား ကို ေဖာ္ထုတ္အျပစ္ေပးရန္ ေတာင္းဆိုၾကသည္။ ရန္ကုန္ တကၠသိုလ္ကို
ရဲႏွင့္ စစ္တပ္က ညေန ၆နာရီတြင္ ၀ိုင္းရံပိတ္ဆို႕လိုက္သည္။

ဇြန္လ ၂၁ ရက္
ေထာင္ေပါင္းမ်ားစြာေသာ ေက်ာင္းသားမ်ားက ျပည္လမ္းရွိ ေဆးတကၠသိုလ္မွ ရန္ကုန္ျမိဳ႕လယ္သို႕ ေၾကြးေၾကာ္သံမ်ားျဖင့္ ခ်ီတက္ဆႏၵျပၾကသည္။
ဟံသာ၀တီ လမ္းဆံု အေရာက္တြင္ လံုထိန္းမ်ားက မ်က္ရည္ယုိ ဗံုးမ်ား၊
ေသနတ္မ်ားျဖင့္ စတင္ပစ္ခတ္ၾကသည္။ ေက်ာင္းသားမ်ားကလည္း ဂ်င္ကလိမ်ားျဖင့္ ျပန္လည္ပစ္ခတ္ၾကသည္။အဓိကရုဏ္းမ်ား ျဖစ္ပြားခဲ့သည္။
ေက်ာင္းသား ျပည္သူ ၈၀ခန္႕ႏွင့္ လံုထိန္း ၂၀ခန္႕ ေသဆံုးၾကသည္။ အစိုးရ
အာဏာပိုင္မ်ားက ဇြန္လ ၂၁ရက္ေန႕မွ ၿသဂုတ္ ၁၉ရက္ေန႕အထိ လူစုလူေ၀း
မျပဳလုပ္ရန္ ႏွင့္ ညေန၆နာရီမွ နံနက္ ၆နာရီထိ ညမထြက္ရ အမိန္႕ကို ထုတ္ျပန္လိုက္သည္။ ေဆးတကၠသိုလ္မ်ားႏွင့္ သြားဘက္ဆိုင္ရာ
တကၠသိုလ္မ်ား အားလံုးကို ပိတ္လိုက္သည္။

ဇူလိုင္ ၁ရက္
အစိုးရမွ ညမထြက္ရအမိန္႕ကို ည၈နာရီ မွ နံနက္ ၄နာရီသို႕ ျပင္ဆင္လိုက္သည္။

ဇူလိုင္ ၇ရက္
မဆလ ပါတီ၏ အေရးေပၚ ညီလာခံကို ဇူလိုင္လ ၂၃ရက္ေန႕တြင္က်င္းပ ျပဳလုပ္မည္ဟု
ေၾကညာခဲ့သည္။ မတ္အတြင္း ဖမ္းဆီးထားခဲ့ေသာ ေက်ာင္းသားမ်ားကို ျပန္လႊတ္ေပး
မည္ဟု ေၾကညာခဲ့သည္။

ဇူလိုင္ ၉ရက္
ညမထြက္ရ အမိန္႕ကို ျပန္လည္ ရုတ္သိမ္းသည္။ ေက်ာင္းထုတ္ခံရေသာ ေက်ာင္းသား
မ်ားလည္း သက္ဆိုင္ရာတကၠသိုလ္အသီးသီးတြင္ ေက်ာင္းျပန္တက္ခြင့္
ကို ျပန္လည္ ေလွ်ာက္ထားႏို္င္ေၾကာင္း ေၾကညာခဲ့သည္။

ဇူလိုင္ ၁၈ရက္
မတ္လအတြင္း ျဖစ္ခဲ့ေသာ အဓိကရုဏ္းတြင္ ဖမ္းဆီးခဲ့ေသာ ဆႏၹျပသူမ်ား၄၁ဦးသည္
ေထာင္ကားေပၚတြင္ အသက္ရႈက်ပ္ကာ ေသဆံုးခဲ့မႈ အတြက္ တာ၀န္ရွိသည္
ဟု ျပည္ထဲေရး ၀န္ၾကီးဦးမင္းေခါင္က ၀န္ခံေျပာၾကားျပီး ရာထူးမွ ႏႈတ္ထြက္သြားသည္။

ဇူလိုင္ ၂၂ရက္
ျပည္ျမိဳ႕၌ အေရးေပၚ အေျခအေနေၾကညာျပီး အုပ္ခ်ဳပ္ေရး တာ၀န္အားလံုးကို
တပ္မေတာ္သို႕ လႊဲေပးလိုက္သည္။

ဇူလိုင္ ၂၃ရက္
မဆလ ပါတီ အေရးေပၚ ညီလာခံကို က်င္းပသည္။ ဥကၠဌ ဦးေန၀င္းက မိန္႕ခြန္းေျပာျပီး သူႏွင့္အတူ မဆလပါတီ ဒုဥကၠဌ ဦးစန္းယု၊ အေထြေထြ အတြင္းေရးမွဴး ဦးေအးကို၊
တြဲဖက္ အေထြေထြ အတြင္းေရးမွဴး ဦးစိန္လြင္၊ ဗဟုိေကာ္မတီအလုပ္အမႈေဆာင္၀င္
မ်ား ျဖစ္သည့္ ဦးေက်ာ္ထင္ႏွင့္ ဦးထြန္းတင္တို႕ အနားယူေတာ့မည္ဟု ေၾကညာသည္။ တစ္ပါတီစနစ္ သုိ႕မဟုတ္ ပါတီစံုစနစ္ က်င့္သံုးရန္ တင္သြင္းခဲ့သည္။

ဇူလိုင္ ၂၆ရက္
မဆလပါတီ ဗဟို ေကာ္မတီ အစည္းအေ၀းက်င္းပျပီး ဦးစိန္လြင္အား ပါတီဥကၠဌသစ္
အျဖစ္ တင္ေျမွာက္လိုက္သည္။ ဦးစန္းယုအား ႏႈတ္ထြက္ခြင့္ျပဳေသာ္လည္း ဦးေက်ာ္ထင္၊ ဦးေအးႏွင့္ ဦးထြန္းတင္တုိ႕ကို ျပန္လည္ ေ၇ြးေကာက္တင္ေျမွာက္ၾကသည္။ ၀န္ၾကီးခ်ဳပ္ ဦးေမာင္ေမာင္ခႏွင့္ ျပည္သူ႕ အက်ိဳးေဆာင္အဖြဲ႕ ဥကၠဌ ဦးျမင့္ေမာင္တို႕ကို ရာထူးမွ ပယ္ရွားလိုက္သည္။

ဇူလိုင္ ၂၇ရက္
ျပည္သူ႕ လႊတ္ေတာ္ အစည္းအေ၀းက်င္းပျပီး ႏုိင္ငံေတာ္ ေကာင္စီဥကၠဌႏွင့္ ႏိုင္ငံေတာ္
သမၼတ အျဖစ္ ဦးစိန္လြင္ကို တင္ေျမွာက္သည္။ ဦးထြန္းတင္အား ၀န္ၾကီးခ်ဳပ္၊ ဦးေက်ာ္တင္အား ႏိုင္ငံေတာ္ ေကာင္စီ အေထြေထြ အတြင္းေရးမွဴး၊ ေဒါက္တာ
ေမာင္ေမာင္ အား ႏုိင္ငံေတာ္ ျပည္သူ႕ ဥပေဒ အက်ိဳးေဆာင္ ဥကၠဌ အျဖစ္ ေရြးခ်ယ္တင္ေျမာက္လိုက္သည္။

ဇူလိုင္ ၂၈ရက္
ေရြတိဂံုေစတီေတာ္တြင္ ေက်ာင္းသားမ်ားႏွင့္ ျပည္သူလူထုမ်ား ဆန္႕က်င္ ဆႏၵျပ စုရ့ုံးၾကသည္။ ေျမထဲျမိဳ႕ တြင္ ညမထြက္ရ အမိန္႕ထုတ္လိုက္သည္။

ၾသဂုတ္ ၁ရက္
ဗမာ ႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား သမဂၢ အဖြဲ႕ခ်ဳပ္က ၾသဂုတ္ ၈ရက္ ေန႕တြင္
ဗမာႏိုင္ငံလံုး အေထြေထြ သပိတ္ၾကီး ဆင္ႏႊဲရန္ လႈံ႕ေဆာ္သည့္ စာရြက္ စာတမ္းမ်ား ျဖန္႕ေ၀ၾကသည္။

ၾသဂုတ္ ၂ရက္
ေရႊတိဂံုေစတီေတာ္၌ ေက်ာင္းသားမ်ား အစည္းအေ၀းက်င္းပကာ ေဟာေျပာပြဲမ်ား ျပဳလုပ္ၾကသည္။

ၾသဂုတ္ ၃ရက္
ရန္ကုန္ျမိဳ႕တြင္ မာရွယ္ေလာ စစ္ဥပေဒကို ညေန၆နာရီ ထုတ္ျပန္ ေၾကညာခဲ့သည္။
ထိုအမိန္႕ကို ဖီဆန္၍ လူတစ္ေသာင္း ျမိဳ႕တြင္းသို႕ လွည့္လည္ဆႏၵျပၾကသည္။

ၾသဂုတ္လ ၅ရက္
ဆႏၵျပပြဲမ်ား ဆက္လက္ ျဖစ္ပြားသည္။ စစ္ဥပေဒကို ဖီဆန္မႈျဖင့္ ျပည္သူလူထု
ရာေပါင္းမ်ားစြာကို ဖမ္းဆီးခဲ့သည္။

ၾသဂုတ္လ ၆ရက္
အထက္ ျမန္မာႏိုင္ငံေတာင္ရွိ ျမိဳ႕မ်ားတြင္လည္း ဆႏၵျပပြဲမ်ား
ဆက္လက္ ျဖစ္ပြားခဲ့သည္။ ေရနံေခ်ာင္း သနပၸင္ႏွင့္ ပဲခူးျမိဳ႕နယ္တို႕တြင္လည္း
ညမထြက္ရ အမိန္႕မ်ား ထုတ္ျပန္လိုက္သည္။

ၾသဂုတ္ ၈ရက္
ရန္ကုန္ျမိဳ႕ လမ္းမေပၚ ေနရာတိုင္း၌ လူတန္းစား ေပါင္းစံုပါ၀င္ေသာ အေထြေထြ
သပိတ္ၾကီးကို ဆင္ႏႊဲၾကသည္။ တႏိုင္ငံလံုးရွိ ဆႏၵျပ လူထုၾကီးက ဒီမိုကေရစီႏွင့္
လူ႕အခြင့္အေရး ရရွိေရး၊ မဆလ ပါတီႏႈတ္ထြက္ေရး ႏွင့္ ဆိုရွယ္လစ္ စီးပြားေရး
စနစ္ကို အဆံုးသတ္ရန္ ေတာင္းဆိုၾကသည္။ တစ္ႏုိင္ငံလံုး အနယ္နယ္ အရပ္ရပ္တြင္ ဆႏၵျပပြဲမ်ား တျပိဳင္တည္း က်င္းပၾကသည္။

ၾသဂုတ္ ၉ရက္
ဆႏၵျပပြဲမ်ား ဆက္လက္ ျဖစ္ပြားခဲ့သည္။ တပ္မ ၂၂မွ စစ္သားမ်ား ရန္ကုန္ျမိဳ႕တြင္
လူထုကို ပစ္ခတ္ၾကသည္။ ရာေပါင္းမ်ားစြာ ေသဆံုးခဲ့ျပီး ေထာင္ေပါင္းမ်ားစြာ အဖမ္းခံရသည္။ ေက်ာင္းမ်ားအားလံုး ပိတ္လိုက္သည္။ ဆႏၵျပပြဲမ်ား
ဆက္လက္ ျဖစ္ပြားခဲ့သည္။

ၾသဂုတ္ ၁၀ရက္
ရန္ကုန္ျမိဳ႕ ဆႏၵျပသူမ်ားအား စစ္သားမ်ားက ဘရင္း ကယ္ရီယာမ်ား ေပၚမွ
ပစ္ခတ္သျဖင့္ အေျမာက္အျမား ေသဆံုးခဲ့ျပန္သည္။ ရန္ကုန္ ေဆးရံုၾကီး အတြင္းသို႕ စတင္ပစ္ခတ္ခဲ့သည္။ ေျမာက္ဥကၠလာပတြင္ ေဒါသထြက္ေနေသာ လူအုပ္ၾကီးက ရဲအခ်ိဳ႕အား ေခါင္းျဖတ္သတ္လိုက္သည္။

ၾသဂုတ္လ ၁၂ရက္
ဥိးစိန္လြင္ ရာထူးမွ ဆင္းသည္။ ျပည္သူမ်ား သံပံုမ်ား တီးကာ ကခုန္ၾကသည္။ ရန္ကုန္ေဆးရံုၾကီးအတြင္းတြင္ ေသနတ္ဒဏ္ရာ ရသူမ်ားျဖင့္ ျပည့္ႏွက္လွ်က္ရွိသည္။

ၾသဂုတ္ ၁၉ရက္
ေဒါက္တာေမာင္ေမာင္အား မဆလ၏ ဥကၠဌ အသစ္အျဖစ္ ခန္႕လိုက္သည္။ ျပည္သူ႕ တရားသူၾကီးအဖြဲ႕ ဥကၠဌ ဦးတင္ေအာင္ဟိန္းဦးေဆာင္သည့္ ျပည္သူ႕ဆႏၵေလ့လာေရး
ေကာ္မရွင္ကို ျပည္သူ႕လႊတ္ေတာ္က ဖြဲ႕စည္းလိုက္သည္။

ၾသဂုတ္ ၂၀ ရက္
ဆႏၵျပသူမ်ားက ေဒါက္တာ ေမာင္ေမာင္၏ အစိုးရသစ္ ႏႈတ္ထြက္ေပး၇န္၊ အေထြေထြ ေရြးေကာက္ပြဲမ်းာ ျပဳလုပ္ေပးရန္ ၾကားျဖတ္အစိုးရ ဖြဲ႕စည္းေပးရန္ ေတာင္းဆိုၾကသည္။

ၾသဂုတ္ ၂၄ရက္
မာရွယ္ေလာ စစ္ဥပေဒကို ရုတ္သိမ္းလိုက္သည္။ ေဒါက္တာေမာင္ေမာင္က
တစ္ပါတီစနစ္ သို႕ ပါတီစံုစနစ္ က်င့္သံုးရန္ ျပည္သူ႕ဆႏၵယူပြဲျပဳလုပ္ေပးရန္
ကတိျပဳလိုက္သည္။

ၾသဂုတ္ ၂၆ရက္
ေရႊတိဂံုေစတီ အေနာက္မုဒ္တြင္ ေဒၚေအာင္ဆန္းစုၾကည္က ေထာင္ေပါင္းမ်ားစြာေသာ လူထုၾကီးအား မိန္႕ခြန္းေျပာၾကားခဲ့သည္။ အေထြေထြ သပိတ္ၾကီးေၾကာင့္
သယ္ယူပို႕ေဆာင္ေရး လုပ္ငန္းမ်ား အားလံုးရပ္ဆိုင္းသြားခဲ့သည္။

အင္းစိန္ေထာင္တြင္ အဓိကရုဏ္းျဖစ္ပြားခဲ့သည္။ တစ္ႏုိင္ငံလံုးရွိ ေထာင္အသီးသီးတြင္ အဓိကရုဏ္းမ်ား ျဖစ္ပြားခဲ့ျပီး အက်ဥ္းသား ၉၀၀၀ ခန္႕ လြတ္ေျမာက္သြားခဲ့သည္။

ၾသဂုတ္လ ၂၇ရက္
ကာကြယ္ေရး ၀န္ၾကီးခ်ဳပ္ စစ္ဦးခ်ဳပ္ေဟာင္း ဦးတင္ဦး ရန္ကုန္ေဆးရံုေရွ႕တြင္ မိန္႕ခြန္းေျပာၾကားခဲ့သည္။

ၾသဂုတ္ ၂၈ရက္
ဗမာလံုးဆိုင္ရာ ေက်ာင္းသားမ်ား သမဂၢကို ဖြဲ႕စည္းတည္ေထာင္လိုက္သည္။
မင္းကိုႏိုင္အား ဥကၠဌအျဖစ္ တင္ေျမွာက္ၾကသည္။ ဦးႏုက ဒီမိုကေရစီႏွင့္ ျငိမ္းခ်မ္းေရး
အဖြဲ႕ခ်ဳပ္ ကို တည္ေထာင္လိုက္သည္။

ဆႏၵျပပြဲမ်ား ေန႕စဥ္ရက္ဆက္ ျဖစ္ပြားခဲ့သည္။ အစိုးရက လမ္းမေပၚရွိ ဆႏၵျပပြဲမ်ား ႏွင့္ အစည္းအေ၀းပြဲမ်ား ကို ျပဳလုပ္ခြင့္ေပးခဲ့သည္။

စက္တင္ဘာ ၁၇ရက္
ကုန္သြယ္၀န္ၾကီးဌာန ေပၚမွ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေသာ စစ္သား ၂၄ဦး လက္နက္ခ်ျပီး ကုန္သြယ္ေရး ၀န္ၾကီးဌာန အေဆာက္အဦးကို ရဟန္းပ်ိဳသမဂၢႏွင့္ ေက်ာင္းသားမ်ားက သိမ္းပိုက္လိုက္သည္။ အစိုးရက ႏႈတ္ထြက္ေပးရန္ ႏွင့္ ၾကားျဖတ္အစိုးရ ဖြဲ႕စည္းေပးရန္ ျငင္းဆန္ခဲ့သျဖင့္ ဆႏၵျပမႈမ်ား ပိုမိုျပင္းထန္လာသည္။ ေက်ာင္းသားမ်ား စတင္ျပီး ေတာခိုၾကသည္။

စက္တင္ဘာ ၁၈ရက္
ဗိုလ္ခ်ဳပ္ၾကီး ေစာေမာင္က စစ္တပ္မွ အာဏာကို လႊဲယူလိုက္ျပီး ႏိုင္ငံေတာ္ျငိ္မ္၀ပ္ပိျပား မႈတည္ေဆာက္ေရး အဖြဲ႕ကို ဖြဲ႕လိုက္ေၾကာင္း ေၾကညာသည္။ ဆႏၵျပမႈမ်ား ဆက္လက္ျဖစ္ပြားခဲ့သည္။ အျပင္မထြက္ရ အမိန္႕ကို ဆန္႕က်င္ၾကသည္။ စစ္တပ္မွ ပစ္ခတ္ခဲ့သည္။

စက္တင္ဘာ ၁၉ရက္
ဆႏၵျပသူမ်ား ႏွင့္ စစ္တပ္မ်ား တိုက္ခိုက္မႈမ်ားဆက္လက္ျဖစ္ပြားခဲ့သည္။
ျမိဳ႕ေပၚရွိ ေျပာက္က်ားမ်ားက ရန္ကုန္ျမိဳ႕လယ္ရွိ မုိက္ကရိုေ၀့ ေၾကးနန္းတိုင္အား
ဒံုးက်ည္ျဖင့္ ပစ္ခတ္ခဲ့သည္။ ျပည္သူ႕လႊတ္ေတာ္၊ ႏိုင္ငံေရးေကာင္စီႏွင့္ အျခား အာဏာပိုင္အဖြဲ႕မ်ားကို ဖ်က္သိမ္းလိုက္သည္။

စက္တင္ဘာ ၂၄ရက္
ဦးေအာင္ၾကီး၊ ဦးတင္ဦးႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႕ NLD ကုိ ဖြဲ႕စည္းလိုက္သည္။

ေကာက္ႏႈတ္ခ်က္။ သမိုင္းအေၾကာင္းကို စနစ္တက် မွန္ကန္စြာ ေဖာ္ျပေပးလိုသျဖင့္
mmcp မွ မပိ်ဳပ်ိဳေမ၏ တင္ျပမႈမ်ားကို မွ်ေ၀လိုက္သည္။

(ေရးသားသူ Tea)

ျပန္လည္မွ်ေဝပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: M.Z
# Unicode Version ျဖင့္ ဖတ္ပါ #
(၁၉၈၇ ခုနှစ်)
.
သြဂုတ်လ ၁၀ရက်
ဦးနေဝင်း တစ်နိုင်ငံလုံးသို့ ပြောကြားသော မိန့်ခွန်းတွင်၊ သူ အုပ်ချုပ်ခဲ့သည့်
၂၅နှစ်တာ ကာလ အတွင်းတွင် အမှားများ ပြုလုပ်ခဲ့ကြောင်း၊ အချိန်အခါ အား လျော်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း
တိုင်းပြည်သို့ ဝန်ခံလိုက်သည်။

စက်တင်ဘာ ၅ရက်
၂၅ကျပ်၊ ၃၅ကျပ် နှင့် ၇၅ ကျပ်တန် ငွေစက္ကူတို့ကို တရားမဝင်တော့ကြောင်း
နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင် လက်မှတ်ရေးထိုးထားသည့်
ကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။ နိုင်ငံတော်၏ ငွေကြေးလည်ပတ်မှု
၈၀ ရာခိုင်နှုန်း ရပ်တန့်သွားခဲ့သည်။ တရားမဝင်ကြေငြာခဲ့သော
ငွေစက္ကူများအား ပြန်လဲလှယ်ခွင့် မပေးခဲ့ချေ။

စက်တင်ဘာ ၆ရက်
အစိုးရက တက္ကသိုလ်နှင့် ကောလိပ်အားလုံးကို ပိတ်လိုက်သည်။ အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများကို နေရပ်အသီးသီးသို့ ပြန်ပို့လိုက်သည်။

အောက်တိုဘာ ၁၄ရက်
ပြည်သူ့လွှတ်တော်က ငွေစက္ကူတန်ဖိုးချခဲ့မှုကို ဘဘောတူ
အတည်ပြုလိုက်ပြီး ဖျက်သိမ်းခဲ့သော ငွေစက္ကူများအစား ၄၅ကျပ် ၉၀ ကျပ်
တန်တို့ဖြင့် အစားထိုးလိုက်သည်။

အောက်တိုဘာ ၂၆ရက်
တက္ကသိုလ်များ ကောလိပ်များကို ပြန်လည်ဖွင့်ပေးလိုက်သည်။

အောက်တိုဘာ ၂၈ရက်
နံနက် ၄နာရီခွဲခန့်၌ ရန်ကုန်မြို့သမ္မတ ရုပ်ရှင်ရုံတွင် ဗုံးပေါက်ကွဲခဲ့သည်။

နိုဝင်ဘာ ၂ – ၃ရက်
စစ်တွေဒေသ ကောလိပ်မှ ကျောင်းသားများ အစိုးရ ဆန့်ကျင်ရေး
ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

နိုဝင်ဘာ ၇ရက်
ပျဉ်းမနား ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် တိရစ္ဆာန်မွေးမြူရေးနှင့်
ဆေးကုသရေး တက္ကသိုလ်မှ ကျောင်းသားများက ဦးနေဝင်း ဓာတ်ပုံကို
မီးရှို့၍ ဆန္ဒပြကြသည်။

ဒီဇင်ဘာ ၁၁ရက်
ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်
ငံများ စာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း အတည်ပြုကြေညာလိုက်သည်။

(၁၉၈၈ ခုနှစ်)

မတ်လ ၇ရက်
ပြည်လမ်းပေါ်ရှိ ချက်သံရုံး အပြင်၌ ည၉နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲသည်။
ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက စီးပွားရေး ပြုပြင် ပြောင်းလဲရန်နှင့်
အစိုးရ အသစ် ဖွဲ့စည်းရန် အကြုံပြုထားသည့် အိတ်ဖွင့်စာကို
ဦးနေဝင်းထံ ပေးပို့ခဲ့သည်။

မတ်လ ၁၂ရက်
ရန်ကုန်မြို့ ကြို့ကုန်း အနောက်ပိုင်း စန္ဒာဝင်း လဘ္ဘရည်ဆိုင်တွင် စက်မှု
တက္ကသိုလ်ကျောင်းသား အချို့နှင့် အရပ်သားများ ခိုက်ရန် ဖြစ်ပွားကြသည်။
ကျောင်းသားတစ်ချို့ ဒဏ်ရာရပြီး ကျန်လူများနှင့် ကျောင်းသားများကို
သက်ဆိုင်ရာက ထိန်းသိမ်းလိုက်သည်။

မတ်လ ၁၃ရက်
ကျောင်းသားအား ရိုက်နှက်ခဲ့သူ တရားခံအား သက်ဆိုင်ရာက လွှတ်ပေးလိုက် သဖြင့် ကျောင်းသား ၂၀၀ခန့် ရပ်ကွက် ပြည်သူ့ကောင်စီရုံးသို့ သွားကာ ကန့်ကွက်ကြသည်။ ကျောင်းသားများနှင့် လုံထိန်းများ အဓိကရုဏ်း
ဖြစ်ပွားကြပြီး လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှု တက္ကသိုလ်
ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့သည်။ ရက်အနည်းငယ်ကြာတွင်
နောက်ထပ် ၆ယောက်ခန့် ပစ်ခတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။
(မှတ်ချက် – ကိုဖုန်းမော် သေဆုံးသွားသော မတ်လ ၁၃ရက်ကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနေ့ဟု သတ်မှတ်ထားခဲ့သည်။)

မတ်လ ၁၄ရက်
စက်မှုတက္ကသိုလ်ကျောင်းသားများက အခြား တက္ကသိုလ်များသို့
လုံထိန်းများ၏ ကျောင်းသား များအပေါ် ရက်စက်စွာ သတ်ဖြတ်ခြင်းနဲ့
ငွေစက္ကူဖျက်သိမ်းခြင်း ကို ရှုတ်ချသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

မတ်လ ၁၅ရက်
စစ်တပ် မှ ရန်ကုန် စက်မှု တက္ကသိုကျောင်းဝင်းကို ဝင်စီးလိုက်သည်။
အစိုးရမှ ကျောင်းသားများ အပေါ် အပြစ် ပုံချထားသည့် ကြေညာချက်
တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်သည်။ ကျောင်းသား အများအပြားကို
ဖမ်းဆီးလိုက်သည်။

မတ်လ ၁၆ရက်
ရန်ကုန်တက္ကသိုလ်များ ကျောင်းသားများ လှိုင်ကောလိပ်နှင့် စက်မှု
တက္ကသိုလ်သို့ ပြည်လမ်းမ အတိုင်း ဆန္ဒပြ ချီတက်လာသည်။ အင်းလျားကန်အနီးသို့ ရောက်သောအခါ လုံထိန်းများနှင့် စစ်တပ်က
ပစ်ခတ်ပိတ်ဆို့ကာ တားဆီးခဲ့သည်။ ကျောင်းသားများစွာ ပစ်သတ်ခံ
ရသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ လုံထိန်းတပ်ဖွဲ့များ
ဝင်ရောက် လာကြသည်။

မတ်လ ၁၇ရက်
ကိုဖုန်းမော်၏ အသုဘသို့ ပို့ဆောင် သဂြိုလ်ရန် ထောင်ပေါင်းများစွာသော
ကျောင်းသား လူထုက ကြံတော သင်္ချိုင်းအပြင်ဘက်တွင် စောင့်ဆိုင်း
နေခဲ့ကြသည်။ သို့သော် ကိုဖုန်းမော်၏ အလောင်းကို အခြား တစ်နေရာတွင်
တိတ်ဆိတ်စွာ သဂြိုလ်လိုက်ကြောင်း သိရသည်။ ကိုဖုန်းမော် သေဆုံးသည့်
ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းရန် ကော်မရှင် တစ်ရပ်ဖွဲ့လိုက်ကြောင်း အစိုးရက ကြေညာလိုက်သည်။ ရန်ကုန် တက္ကသိုလ်အတွင်း ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ကျောင်းသား သမဂ္ဂကို ဖွဲ့စည်းလိုက်သည်။
ကျောင်းသား တစ်ထောင်ခန့်ကို အင်းစိန်ထောင်သို့ ပို့လိုက်သည်။

မတ်လ ၁၈ရက်
ထောင်ပေါင်းများစွာသော ကျောင်းသားများ ရန်ကုန် မြို့လယ် ဆူးလေ
ဘုရားသို့ ချီတက်လာပြီး အခြား ကျောင်းသားများနှင့် ပူးပေါင်းလိုက်သည်။
အစိုးရက တပ်မ ၂၂၊ ၆၆၊ ၇၇ တို့ကို ခေါ်ယူလိုက်ပြီး ဆန္ဒပြသူများကို
ထောင်ပေါင်းများစွာ ရိုက်နှက်ဖမ်းဆီး ခဲ့သည်။ ထိုနေ့ကို သွေးစွန်းသော
သောကြာနေ့ ဟု လူအများ သတ်မှတ်ပြီး တပ်မှူးဗိုလ်ချုပ် စိန်လွင်မှာ
ရန်ကုန်မြို့၏ လူသတ်သမား ဟု အမည်တွင်ခဲ့သည်။ ကျောင်းများ၊
တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်သည်။

ဧပြီလ ၉ရက်
အစိုးရ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လတွင်
ဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ကျောင်းသား ၃ယောက်သေဆုံးပြီး
၆၂၅ယောက် အဖမ်းခံရကာ ၁၄၁ ယောက်ကို ဆက်လက် ထိန်းသိမ်းထား
သည်ဟု ကြေငြာသည်။

မေလ ၁၀ရက်
မြန်မာ့တပ်မတော်သည် နယ်စပ်ဒေသများတွင် ညှဉ်းပန်းမှု၊ ဖမ်းဆီး
သတ်ဖြတ်မှု၊ အမျိုးသမီးများအား အဓမပြုကျင့်မှု၊ ရွာသားများ ပေါ်တာအဖြစ်
အတင်းစေခိုင်းကာ လူမျိုးစု သူပုန်များကို တိုက်ခိုက်ရာတွင် လူသားမိုင်းရှင်း
ကိရိယာဖြင့် အသုံးပြုမှုများအတွက် တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

မေလ ၃၀ရက်
ကျောင်းများ ပြန်ဖွင့်ခဲ့သော်လည်း ကျောင်းတက်သော ကျောင်းသားဦးရေမှာ
၃၀ရာခိုင်နှုန်းသာ ရှိခဲ့သည်။အစိုးရဆန့်ကျင်သောစာရွက်စာတမ်းများ ပြန်လည်
ဖြန့်ဝေကြသည်။ ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများ၏ ထောင်တွင်း
ညှဉ်းပန်းနှိပ်စက်ခံ အတွေ့အကြုံများနှင့် ကျောင်းသူများ အား လုံထိန်းများ၏
အဓမ္မကျင့်မှု သတင်းများ ပျံ့နှံ့သွားခဲ့သည်။

ဇွန်လ ၈ရက်
ဦးအောင်ကြီးမှ နောက်ထပ် အိပ်ဖွင့် ပေးစာကို ဦးနေဝင်းထံ ပို့ခဲ့သည်။
ယခုစာတွင် စီးပွားရေး နိုင်ငံရေး ပြဿနာများအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ဖော်ပြထားသည်။

ဖွန်လ ၁၃ရက်
မတ်လတွင် အသတ်ခံရသူများအတွက် အောက်မေ့ဘွယ် အခမ်းအနား
ကျင်းပရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မတ်လ၏ ဖြစ်ရပ်မှန်များ
ကို ဇွန်လ ၁၇ရက် နောက်ဆုံးထားပြီး မထုတ်ပြန်ပါက ပြဿနာများ ပိုမိုကြီးထွား လာလိမ့်မည်ဟု ကျောင်းသားများက ရာဇသံပေးလိုက်သည်။

ဇွန်လ ၁၅ရက်
ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ အစည်းအဝေးပွဲများ ဆန္ဒပြ ပွဲများ စတင်ပေါ်ပေါက်လာသည်။

ဇွန်လ ၁၆ရက်
ကိုမောင်မောင်ကျော်၊ ကိုမိုးသီးဇွန်တို့၏ ဟောပြောပွဲများ တက္ကသိုလ် ကျောင်းဝင်း
များ အတွင်း ပေါ်ပေါက်လာသည်။

ဇွန်လ ၁၇ရက်
ရန်ကုန် တက္ကသိုလ် အတွင်းမှ သင်တန်းများ အားလုံး ရပ်စဲလိုက်သည်။ ဆန္ဒပြပွဲနှင့် ဟောပြောပွဲများ ပြည်လမ်း ဆေးတက္ကသိုလ်သို့ ရောက်သွားခဲ့သည်။

ဇွန်လ ၂၀ရက် ရန်ကုန်မြို့ရှိ ထောင်ပေါင်းများစွာသော ကျောင်းသားများနှင့် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။ ရန်ကုန်တက္ကသိုလ်ရှိ စည်းဝေးပွဲများသို့ သံဃာတော်များပါ
တက်ရောက်သည်။အစည်းဝေးမှ ကျောင်းထုတ်ခံရသော ကျောင်းသားများကို
ကျောင်းပြန်တက်ခွင့် ပေးရန်နှင့် မတ်လအတွင်း သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ ကို ဖော်ထုတ်အပြစ်ပေးရန် တောင်းဆိုကြသည်။ ရန်ကုန် တက္ကသိုလ်ကို
ရဲနှင့် စစ်တပ်က ညနေ ၆နာရီတွင် ဝိုင်းရံပိတ်ဆို့လိုက်သည်။

ဇွန်လ ၂၁ ရက်
ထောင်ပေါင်းများစွာသော ကျောင်းသားများက ပြည်လမ်းရှိ ဆေးတက္ကသိုလ်မှ ရန်ကုန်မြို့လယ်သို့ ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။
ဟံသာဝတီ လမ်းဆုံ အရောက်တွင် လုံထိန်းများက မျက်ရည်ယို ဗုံးများ၊
သေနတ်များဖြင့် စတင်ပစ်ခတ်ကြသည်။ ကျောင်းသားများကလည်း ဂျင်ကလိများဖြင့် ပြန်လည်ပစ်ခတ်ကြသည်။အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
ကျောင်းသား ပြည်သူ ၈၀ခန့်နှင့် လုံထိန်း ၂၀ခန့် သေဆုံးကြသည်။ အစိုးရ
အာဏာပိုင်များက ဇွန်လ ၂၁ရက်နေ့မှ သြဂုတ် ၁၉ရက်နေ့အထိ လူစုလူဝေး
မပြုလုပ်ရန် နှင့် ညနေ၆နာရီမှ နံနက် ၆နာရီထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်သည်။ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ
တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်သည်။

ဇူလိုင် ၁ရက်
အစိုးရမှ ညမထွက်ရအမိန့်ကို ည၈နာရီ မှ နံနက် ၄နာရီသို့ ပြင်ဆင်လိုက်သည်။

ဇူလိုင် ၇ရက်
မဆလ ပါတီ၏ အရေးပေါ် ညီလာခံကို ဇူလိုင်လ ၂၃ရက်နေ့တွင်ကျင်းပ ပြုလုပ်မည်ဟု
ကြေညာခဲ့သည်။ မတ်အတွင်း ဖမ်းဆီးထားခဲ့သော ကျောင်းသားများကို ပြန်လွှတ်ပေး
မည်ဟု ကြေညာခဲ့သည်။

ဇူလိုင် ၉ရက်
ညမထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းသည်။ ကျောင်းထုတ်ခံရသော ကျောင်းသား
များလည်း သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် ကျောင်းပြန်တက်ခွင့်
ကို ပြန်လည် လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့သည်။

ဇူလိုင် ၁၈ရက်
မတ်လအတွင်း ဖြစ်ခဲ့သော အဓိကရုဏ်းတွင် ဖမ်းဆီးခဲ့သော ဆန္ဖပြသူများ၄၁ဦးသည်
ထောင်ကားပေါ်တွင် အသက်ရှုကျပ်ကာ သေဆုံးခဲ့မှု အတွက် တာဝန်ရှိသည်
ဟု ပြည်ထဲရေး ဝန်ကြီးဦးမင်းခေါင်က ဝန်ခံပြောကြားပြီး ရာထူးမှ နှုတ်ထွက်သွားသည်။

ဇူလိုင် ၂၂ရက်
ပြည်မြို့၌ အရေးပေါ် အခြေအနေကြေညာပြီး အုပ်ချုပ်ရေး တာဝန်အားလုံးကို
တပ်မတော်သို့ လွှဲပေးလိုက်သည်။

ဇူလိုင် ၂၃ရက်
မဆလ ပါတီ အရေးပေါ် ညီလာခံကို ကျင်းပသည်။ ဥက္ကဌ ဦးနေဝင်းက မိန့်ခွန်းပြောပြီး သူနှင့်အတူ မဆလပါတီ ဒုဥက္ကဌ ဦးစန်းယု၊ အထွေထွေ အတွင်းရေးမှူး ဦးအေးကို၊
တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိန်လွင်၊ ဗဟိုကော်မတီအလုပ်အမှုဆောင်ဝင်
များ ဖြစ်သည့် ဦးကျော်ထင်နှင့် ဦးထွန်းတင်တို့ အနားယူတော့မည်ဟု ကြေညာသည်။ တစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ် ကျင့်သုံးရန် တင်သွင်းခဲ့သည်။

ဇူလိုင် ၂၆ရက်
မဆလပါတီ ဗဟို ကော်မတီ အစည်းအဝေးကျင်းပပြီး ဦးစိန်လွင်အား ပါတီဥက္ကဌသစ်
အဖြစ် တင်မြှောက်လိုက်သည်။ ဦးစန်းယုအား နှုတ်ထွက်ခွင့်ပြုသော်လည်း ဦးကျော်ထင်၊ ဦးအေးနှင့် ဦးထွန်းတင်တို့ကို ပြန်လည် ရွေးကောက်တင်မြှောက်ကြသည်။ ဝန်ကြီးချုပ် ဦးမောင်မောင်ခနှင့် ပြည်သူ့ အကျိုးဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်မောင်တို့ကို ရာထူးမှ ပယ်ရှားလိုက်သည်။

ဇူလိုင် ၂၇ရက်
ပြည်သူ့ လွှတ်တော် အစည်းအဝေးကျင်းပပြီး နိုင်ငံတော် ကောင်စီဥက္ကဌနှင့် နိုင်ငံတော်
သမ္မတ အဖြစ် ဦးစိန်လွင်ကို တင်မြှောက်သည်။ ဦးထွန်းတင်အား ဝန်ကြီးချုပ်၊ ဦးကျော်တင်အား နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး၊ ဒေါက်တာ
မောင်မောင် အား နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် ဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်လိုက်သည်။

ဇူလိုင် ၂၈ရက်
ရွေတိဂုံစေတီတော်တွင် ကျောင်းသားများနှင့် ပြည်သူလူထုများ ဆန့်ကျင် ဆန္ဒပြ စုရ့ုံးကြသည်။ မြေထဲမြို့ တွင် ညမထွက်ရ အမိန့်ထုတ်လိုက်သည်။

သြဂုတ် ၁ရက်
ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က သြဂုတ် ၈ရက် နေ့တွင်
ဗမာနိုင်ငံလုံး အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် လှုံ့ဆော်သည့် စာရွက် စာတမ်းများ ဖြန့်ဝေကြသည်။

သြဂုတ် ၂ရက်
ရွှေတိဂုံစေတီတော်၌ ကျောင်းသားများ အစည်းအဝေးကျင်းပကာ ဟောပြောပွဲများ ပြုလုပ်ကြသည်။

သြဂုတ် ၃ရက်
ရန်ကုန်မြို့တွင် မာရှယ်လော စစ်ဥပဒေကို ညနေ၆နာရီ ထုတ်ပြန် ကြေညာခဲ့သည်။
ထိုအမိန့်ကို ဖီဆန်၍ လူတစ်သောင်း မြို့တွင်းသို့ လှည့်လည်ဆန္ဒပြကြသည်။

သြဂုတ်လ ၅ရက်
ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ စစ်ဥပဒေကို ဖီဆန်မှုဖြင့် ပြည်သူလူထု
ရာပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။

သြဂုတ်လ ၆ရက်
အထက် မြန်မာနိုင်ငံတောင်ရှိ မြို့များတွင်လည်း ဆန္ဒပြပွဲများ
ဆက်လက် ဖြစ်ပွားခဲ့သည်။ ရေနံချောင်း သနပ္ပင်နှင့် ပဲခူးမြို့နယ်တို့တွင်လည်း
ညမထွက်ရ အမိန့်များ ထုတ်ပြန်လိုက်သည်။

သြဂုတ် ၈ရက်
ရန်ကုန်မြို့ လမ်းမပေါ် နေရာတိုင်း၌ လူတန်းစား ပေါင်းစုံပါဝင်သော အထွေထွေ
သပိတ်ကြီးကို ဆင်နွှဲကြသည်။ တနိုင်ငံလုံးရှိ ဆန္ဒပြ လူထုကြီးက ဒီမိုကရေစီနှင့်
လူ့အခွင့်အရေး ရရှိရေး၊ မဆလ ပါတီနှုတ်ထွက်ရေး နှင့် ဆိုရှယ်လစ် စီးပွားရေး
စနစ်ကို အဆုံးသတ်ရန် တောင်းဆိုကြသည်။ တစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်တွင် ဆန္ဒပြပွဲများ တပြိုင်တည်း ကျင်းပကြသည်။

သြဂုတ် ၉ရက်
ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ တပ်မ ၂၂မှ စစ်သားများ ရန်ကုန်မြို့တွင်
လူထုကို ပစ်ခတ်ကြသည်။ ရာပေါင်းများစွာ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အဖမ်းခံရသည်။ ကျောင်းများအားလုံး ပိတ်လိုက်သည်။ ဆန္ဒပြပွဲများ
ဆက်လက် ဖြစ်ပွားခဲ့သည်။

သြဂုတ် ၁၀ရက်
ရန်ကုန်မြို့ ဆန္ဒပြသူများအား စစ်သားများက ဘရင်း ကယ်ရီယာများ ပေါ်မှ
ပစ်ခတ်သဖြင့် အမြောက်အမြား သေဆုံးခဲ့ပြန်သည်။ ရန်ကုန် ဆေးရုံကြီး အတွင်းသို့ စတင်ပစ်ခတ်ခဲ့သည်။ မြောက်ဥက္ကလာပတွင် ဒေါသထွက်နေသော လူအုပ်ကြီးက ရဲအချို့အား ခေါင်းဖြတ်သတ်လိုက်သည်။

သြဂုတ်လ ၁၂ရက်
ဥိးစိန်လွင် ရာထူးမှ ဆင်းသည်။ ပြည်သူများ သံပုံများ တီးကာ ကခုန်ကြသည်။ ရန်ကုန်ဆေးရုံကြီးအတွင်းတွင် သေနတ်ဒဏ်ရာ ရသူများဖြင့် ပြည့်နှက်လျှက်ရှိသည်။

သြဂုတ် ၁၉ရက်
ဒေါက်တာမောင်မောင်အား မဆလ၏ ဥက္ကဌ အသစ်အဖြစ် ခန့်လိုက်သည်။ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဌ ဦးတင်အောင်ဟိန်းဦးဆောင်သည့် ပြည်သူ့ဆန္ဒလေ့လာရေး
ကော်မရှင်ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းလိုက်သည်။

သြဂုတ် ၂၀ ရက်
ဆန္ဒပြသူများက ဒေါက်တာ မောင်မောင်၏ အစိုးရသစ် နှုတ်ထွက်ပေး၇န်၊ အထွေထွေ ရွေးကောက်ပွဲမျးာ ပြုလုပ်ပေးရန် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုကြသည်။

သြဂုတ် ၂၄ရက်
မာရှယ်လော စစ်ဥပဒေကို ရုတ်သိမ်းလိုက်သည်။ ဒေါက်တာမောင်မောင်က
တစ်ပါတီစနစ် သို့ ပါတီစုံစနစ် ကျင့်သုံးရန် ပြည်သူ့ဆန္ဒယူပွဲပြုလုပ်ပေးရန်
ကတိပြုလိုက်သည်။

သြဂုတ် ၂၆ရက်
ရွှေတိဂုံစေတီ အနောက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောင်ပေါင်းများစွာသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ အထွေထွေ သပိတ်ကြီးကြောင့်
သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အားလုံးရပ်ဆိုင်းသွားခဲ့သည်။

အင်းစိန်ထောင်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ တစ်နိုင်ငံလုံးရှိ ထောင်အသီးသီးတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၉၀၀၀ ခန့် လွတ်မြောက်သွားခဲ့သည်။

သြဂုတ်လ ၂၇ရက်
ကာကွယ်ရေး ဝန်ကြီးချုပ် စစ်ဦးချုပ်ဟောင်း ဦးတင်ဦး ရန်ကုန်ဆေးရုံရှေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။

သြဂုတ် ၂၈ရက်
ဗမာလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်းတည်ထောင်လိုက်သည်။
မင်းကိုနိုင်အား ဥက္ကဌအဖြစ် တင်မြှောက်ကြသည်။ ဦးနုက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး
အဖွဲ့ချုပ် ကို တည်ထောင်လိုက်သည်။

ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့သည်။ အစိုးရက လမ်းမပေါ်ရှိ ဆန္ဒပြပွဲများ နှင့် အစည်းအဝေးပွဲများ ကို ပြုလုပ်ခွင့်ပေးခဲ့သည်။

စက်တင်ဘာ ၁၇ရက်
ကုန်သွယ်ဝန်ကြီးဌာန ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သော စစ်သား ၂၄ဦး လက်နက်ချပြီး ကုန်သွယ်ရေး ဝန်ကြီးဌာန အဆောက်အဦးကို ရဟန်းပျိုသမဂ္ဂနှင့် ကျောင်းသားများက သိမ်းပိုက်လိုက်သည်။ အစိုးရက နှုတ်ထွက်ပေးရန် နှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် ငြင်းဆန်ခဲ့သဖြင့် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည်။ ကျောင်းသားများ စတင်ပြီး တောခိုကြသည်။

စက်တင်ဘာ ၁၈ရက်
ဗိုလ်ချုပ်ကြီး စောမောင်က စစ်တပ်မှ အာဏာကို လွှဲယူလိုက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေး အဖွဲ့ကို ဖွဲ့လိုက်ကြောင်း ကြေညာသည်။ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ အပြင်မထွက်ရ အမိန့်ကို ဆန့်ကျင်ကြသည်။ စစ်တပ်မှ ပစ်ခတ်ခဲ့သည်။

စက်တင်ဘာ ၁၉ရက်
ဆန္ဒပြသူများ နှင့် စစ်တပ်များ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားခဲ့သည်။
မြို့ပေါ်ရှိ ပြောက်ကျားများက ရန်ကုန်မြို့လယ်ရှိ မိုက်ကရိုဝေ့ ကြေးနန်းတိုင်အား
ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်။ ပြည်သူ့လွှတ်တော်၊ နိုင်ငံရေးကောင်စီနှင့် အခြား အာဏာပိုင်အဖွဲ့များကို ဖျက်သိမ်းလိုက်သည်။

စက်တင်ဘာ ၂၄ရက်
ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ NLD ကို ဖွဲ့စည်းလိုက်သည်။

ကောက်နှုတ်ချက်။ သမိုင်းအကြောင်းကို စနစ်တကျ မှန်ကန်စွာ ဖော်ပြပေးလိုသဖြင့်
mmcp မှ မပျိုပျိုမေ၏ တင်ပြမှုများကို မျှဝေလိုက်သည်။

(ရေးသားသူ Tea)

ပြန်လည်မျှဝေပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: M.Z
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top