အင္ဒိုနီးရွား ဆူလာေ၀စီျပည္နယ္က အသက္ ၄၇ ႏွစ္အရြယ္ ဖခင္တစ္ဦးဟာ သူ႔သား လက္ထပ္မယ့္ အသက္မျပည့္ေသးတဲ့ ၁၆ အရြယ္ မိန္းကေလးကို အပ်ဳိစစ္မစစ္ ကိုယ္တုိင္စမ္းတာေၾကာင့္ အဖမ္းခံလုိက္ရပါတယ္။

ျဖစ္ပုံကေတာ့ အမ္ေအလို႔ သိထားရတဲ့ ဒီအမ်ဳိးသားဟာ ေဂ်ဒဗလ်ဴလို႔ သိရတဲ့ သားရဲ႕ ဇနီးေလာင္းကို လိင္ပိုင္းဆုိင္ရာ ကိုယ္ထိလက္ေရာက္ က်ဳးလြန္တယ္ဆိုၿပီး အမႈဖြင့္ခံရတာပါ။ ေယာက္ခထီးေလာင္း အမ္ေအကေတာ့ သူဟာ ေခၽြးမ အပ်ဳိစင္ စစ္မစစ္ကို စမ္းတာပါလို႔ ဆိုေနပါတယ္။

သူ ေတာ္ရမယ့္ ေခၽြးမဟာ အပ်ဳိပဲ ျဖစ္ေနေသးလားဆိုတာ ခဏခဏ စမ္းရတာေၾကာင့္ မၾကာခဏ ကိုယ္ထိလက္ေရာက္ စမ္းရျခင္းပဲလုိ႔ အမ္ေအက ၀န္ခံပါတယ္။
မိန္းကေလးဟာ ေယာက္က်ားေလးသူငယ္ခ်င္း မ်ားတာေၾကာင့္ ခုလို စမ္းတာ တရားတယ္လို႔လည္း ေယာက္ခထီးႀကီးက ယူဆထားပါတယ္။
“ဒီမိန္းကေလးက ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ ေတာ္ေတာ္မ်ားတယ္။ ဒါေၾကာင့္ ခုလုိ စမ္းခ်င္ရတာပဲ ျဖစ္တယ္။”လို႔ အမ္ေအက ေျပာေၾကာင္း ရဲဌာနအရ သိရပါတယ္။

ခံရတဲ့ သတို႔သမီးေလာင္း မိန္းကေလးကေတာ့ ဆယ္ႀကိမ္ေတာင္ အစမ္းခံခဲ့ရတယ္လုိ႔ ဆိုပါတယ္။
ဒီလို အစမ္းမခံဘူးဆိုရင္ မဂၤလာပြဲ ပ်က္သြားမွာကို ေၾကာက္ခဲ့မိတာလို႔လည္း အဲဒီ မိန္းကေလးက ရဲကို ေျပာပါတယ္။
ရဲဌာနကေတာ့ ကေလးသူငယ္ကာကြယ္မႈအက္ဥပေဒ ခ်ဳိးေဖာက္ျခင္း ျပစ္မႈနဲ႔ အမ္ေအကို တရားစြဲထားၿပီး ဆက္လက္စစ္ေဆးေနပါတယ္။
မဂၤလာပြဲကေတာ့ ခုလို ျဖစ္ကတည္းက ပ်က္သြားခဲ့ၿပီ ျဖစ္ပါတယ္။

Rf; Asia Oneေ
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေမာင္သံဆင့္
Daily Hot News

#Unicode Version#
အင်ဒိုနီးရှား ဆူလာဝေစီပြည်နယ်က အသက် ၄၇ နှစ်အရွယ် ဖခင်တစ်ဦးဟာ သူ့သား လက်ထပ်မယ့် အသက်မပြည့်သေးတဲ့ ၁၆ အရွယ် မိန်းကလေးကို အပျိုစစ်မစစ် ကိုယ်တိုင်စမ်းတာကြောင့် အဖမ်းခံလိုက်ရပါတယ်။

ဖြစ်ပုံကတော့ အမ်အေလို့ သိထားရတဲ့ ဒီအမျိုးသားဟာ ဂျေဒဗလျူလို့ သိရတဲ့ သားရဲ့ ဇနီးလောင်းကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျုးလွန်တယ်ဆိုပြီး အမှုဖွင့်ခံရတာပါ။ ယောက်ခထီးလောင်း အမ်အေကတော့ သူဟာ ချွေးမ အပျိုစင် စစ်မစစ်ကို စမ်းတာပါလို့ ဆိုနေပါတယ်။

သူ တော်ရမယ့် ချွေးမဟာ အပျိုပဲ ဖြစ်နေသေးလားဆိုတာ ခဏခဏ စမ်းရတာကြောင့် မကြာခဏ ကိုယ်ထိလက်ရောက် စမ်းရခြင်းပဲလို့ အမ်အေက ဝန်ခံပါတယ်။
မိန်းကလေးဟာ ယောက်ကျားလေးသူငယ်ချင်း များတာကြောင့် ခုလို စမ်းတာ တရားတယ်လို့လည်း ယောက်ခထီးကြီးက ယူဆထားပါတယ်။
“ဒီမိန်းကလေးက ရင်းနှီးတဲ့ သူငယ်ချင်းတွေ တော်တော်များတယ်။ ဒါကြောင့် ခုလို စမ်းချင်ရတာပဲ ဖြစ်တယ်။”လို့ အမ်အေက ပြောကြောင်း ရဲဌာနအရ သိရပါတယ်။

ခံရတဲ့ သတို့သမီးလောင်း မိန်းကလေးကတော့ ဆယ်ကြိမ်တောင် အစမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလို အစမ်းမခံဘူးဆိုရင် မင်္ဂလာပွဲ ပျက်သွားမှာကို ကြောက်ခဲ့မိတာလို့လည်း အဲဒီ မိန်းကလေးက ရဲကို ပြောပါတယ်။
ရဲဌာနကတော့ ကလေးသူငယ်ကာကွယ်မှုအက်ဥပဒေ ချိုးဖောက်ခြင်း ပြစ်မှုနဲ့ အမ်အေကို တရားစွဲထားပြီး ဆက်လက်စစ်ဆေးနေပါတယ်။
မင်္ဂလာပွဲကတော့ ခုလို ဖြစ်ကတည်းက ပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Rf; Asia Oneေ

ဖိုးသူတော် (www.phothutaw.com)
Credit:  မောင်သံဆင့်
Daily Hot News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top