ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×



Top 2ပြိုင်ပွဲ ၀င် နှစ်ယောက်လုံးကလည်း အရည်အချင်းရှိလို့သာ ဒီလိုနေရာမှာ ရပ်တည်နေတာ ဖြစ်တာကြောင့် ပြိုင်ပွဲဝင်တွေရဲ့ပရိသတ်တွေကလည်း တစ်ဖက်နဲ့ တစ်ဖက်ကို အပြိုင်အဆိုင် ပြောဆိုတိုက်ခိုက်နေတာကြောင့်် နီလန်းက ခုလိုလေးပြောထားတာပါ။




Credit: PoPin
# Unicode Version ဖြင့် ဖတ်ပါ #
Myanmar Idol Season 3 ပြိုင်ပွဲ ဝင်နီလန်းဟာဆိုရင် ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး သူမရဲ့အသံချိုချိုလေးကြောင့် ပရိသတ်တွေချစ်ခင်အားပေးခြင်း ခံထားရတဲ့ ပြိုင်ပွဲဝင်တစ်ဦးပါ။ သူမက ပြိုင်ပွဲကနေထွက်ခဲ့ ရပေမယ့် အနုပညာလမ်းကြောင်းပေါ်မှာပဲ ရှိနေမှာဖြစ်ကြောင်း ပြောထားပါသေးတယ်။ နီလန်းက ယခုလက်ရှိဖြစ်နေတဲ့ Myanmar Idol အခြေအနေနဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင်မောင်နှမတွေအတွက် မခံမရပ်နိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ် တွေအတွက် နီလန်းရဲ့ ပြောကြားချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နီလန်းက “ကျေးဇူးပြု၍ …..ဘယ်သူ့ကိုမှမတိုက်ခိုက် မပုတ်ခတ်ပဲ နေလို့မရဘူးလား ??အနိုင်ယူချင်လည်း ချစ်ခြင်းမေတ္တာနဲ့အနိုင်ယူလို့ရပါတယ်။#please#peace#sorryfortop2” ဆိုပြီး ပြိုင်ပွဲဝင် တွေကို ဝေဖန်နေတာထက် တိုက်ခိုက်ပုတ်ခတ်နေတဲ့ သူတွေကို အနိုင်ယူမယ်ဆိုရင်လည်း ချစ်ခြင်းမေတ္တာနဲ့ အနိုင်ယူလို့ရပါတယ်လို့ စိတ်မကောင်းစွာ ပြောထားတာပဲ ဖြစ်ပါတယ်။

Top 2ပြိုင်ပွဲ ဝင် နှစ်ယောက်လုံးကလည်း အရည်အချင်းရှိလို့သာ ဒီလိုနေရာမှာ ရပ်တည်နေတာ ဖြစ်တာကြောင့် ပြိုင်ပွဲဝင်တွေရဲ့ပရိသတ်တွေကလည်း တစ်ဖက်နဲ့ တစ်ဖက်ကို အပြိုင်အဆိုင် ပြောဆိုတိုက်ခိုက်နေတာကြောင့်် နီလန်းက ခုလိုလေးပြောထားတာပါ။

ပြိုင်ပွဲဝင်အချင်းချင်းကတစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတဲ့ မောင်နှမတွေဖြစ်တာကြောင့် တိုက်ခိုက်ပုတ်ခတ်နေကြတဲ့ ပရိသတ်တချို့ကြောင့် စိတ်မကောင်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။

Myanmar Idol Season 3ပြိုင်ပွဲဝင် နီလန်းက Top 2 ပြိုင်ပွဲ ဝင် မောင်နှမတွေကို မတိုက်ခိုက် ၊ မပုတ်ခတ်ဖို့ ပြောထားတာကို ပရိသတ်တွေတွေ့မြင်ရလောက်ပြီထင်ပါတယ်။

ချစ်ပရိသတ် ကြီးကလည်း နီလန်းနဲ့ တွေးအမြင်ချင်းတူပါလားပရိသတ် ကြီး။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top