ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×



နားလည္မႈနဲ႕ တည္ေဆာက္ထားတဲ့ သူတုိ႕ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးေလးက ေပ်ာ္ရႊင္ဖို႕ေကာင္းလွပါတယ္။ ခ်စ္သူက သဝန္တို တတ္ေပမယ့္လည္း အဲ့ဒါကို အျပစ္မျမင္တတ္တဲ့ နန္းဆုရတီစိုးက သဝန္တိုတတ္တာေလးကလည္း ေကာင္းပါတယ္တဲ့။ သဝန္တို တတ္လြန္းတဲ့ ခ်စ္သူေလးကို နာမည္ေျပာင္ေလးေတာင္ ေပးလုိုက္ေသးတယ္ေနာ္။

အႏုပညာေလာကမွာ ေအာင္ျမင္မႈကိုယ္စီရရွိထားတဲ့ သရုပ္ေဆာင္ အဆိုေတာ္ နန္းဆုရတီိစိုးနဲ႕ G Fatt တို႕ရဲ႕ အခ်စ္ေရးေလးက သာယာဖို႕ ေကာင္းလွပါတယ္။ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္တဲ့ ခ်စ္ဖိိုု႕ေကာင္းတဲ့ သူတုိ႕အတြဲေလးမွာ G Fattက နန္းဆုအေပၚမွာ အရမ္းကို သဝန္တို တတ္ သူျဖစ္ပါတယ္

အဲ့လို သဝန္တိုတတ္ေပမယ့္လည္း နန္းဆုက သဝန္တိုတာလည္း ေကာင္းပါတယ္တဲ့။

"သူက အရမ္း ရစ္တတ္တာ။ ကိုယ္က မရစ္တတ္ဘူး။ သူက ေအးဂယက္ေလ။ သူက အရမ္းသဝန္တိုတတ္တယ္ေလ။ သူလည္းအၿမဲတမ္း ေျဖေနတာပဲ။ကိုယ္ကက်ေတာ့လည္း သူက အရမ္းသဝန္တိုေတာ့ ကိုယ္လည္းတိုခ်င္သြားေရာ။ အဲ့ေတာ့ ကိုယ္လည္း လိုက္ၿပီး တိုျပမယ္ဆိုၿပီး ကိုယ္ပါ သဝန္တိုတတ္သြားတာပါ။ဒါေပမယ့္ သဝန္တိုတာ ေကာင္းပါတယ္ေနာ္။ ဘာလို႕လည္းဆိုေတာ့ ခ်စ္မွ တိုတာေလ" ဆိုၿပီး  ၾသဂုတ္လ(၁၉) ရက္ေန႕က ျပဳလုပ္တဲ့ Rene Fashion ဆုိင္သစ္ဖြင့္ပြဲသို႕ တက္ေရာက္ရင္း Duwun Media မွာ ေျဖဆိုေပးခဲ့တာျဖစ္ပါတယ္။

အခုခ်ိန္ထိ ႏုပ်ိဳေနတာကလည္း အခ်စ္ေၾကာင့္ေနမွာပါတဲ့။ သူတို႕ရဲ႕ စံုတြဲေလးမွာ အခ်ိန္အေတာ္ၾကာ စိတ္ဆိုးစိတ္ေကာက္တာမ်ိဳးလည္း မရွိဘူးလို႕ သိရပါတယ္။

"G Fatt စိတ္ဆိုးစိတ္ေကာက္တဲ့အခါ မသိခ်င္ေယာင္ ေဆာင္လိုက္တယ္။ သူစိတ္ဆိုးရင္ သူေခ်ာ့ ကိုယ္စိတ္ဆိုးလည္း သူေခ်ာ့ ဒါပဲ။ ေနာက္ တာပါ။ တစ္ေယာက္နဲ႕တစ္ေယာက္က အႏုိင္က်င့္တာလည္းမရွိဘူး စိတ္ဆိုးေအာင္ တမင္လုပ္တာေတြ အႏုိင္က်င့္တာေတြ မရွိဘူးဒါေပမယ့္ တစ္ေယာက္အရမ္းစိတ္ဆိုးေနရင္တစ္ေယာက္က ေခ်ာ့လိုက္တာပဲ  တစ္ေယာက္နဲ႕ တစ္ေယာက္ နားလည္မႈနဲ႕ပဲ ယူတာ စိတ္ဆိုးလည္း အရမ္းအၾကာႀကီးလည္း မဟုတ္ဘူးေလ။ စိတ္ဆိုးလည္း တစ္ရက္က အလြန္ဆံုးပဲ" ဆိုၿပီး သူမက ဆက္လက္ေျပာျပခဲ့ပါတယ္။


သူတုိ႕ႏွစ္ေယာက္ပူးေပါင္းၿပီး ဖန္တီးထားတဲ့ အႏုပညာေလးေတြ ေအာင္ျမင္တဲ့အတြက္လည္း ေျပာမျပတတ္ေအာင္ ေပ်ာ္မိတယ္တဲ့။ ႏွစ္ ေယာက္လုပ္တဲ့ အႏုပညာအလုပ္ေတြကို အသိအမွတ္ျပဳၿပီး အားေပးၾကတဲ့အတြက္လည္း အရမ္းကို ဝမ္းသာတယ္ဆိုၿပီး သူမက ေျပာျပထား ပါေသးတယ္။

ပရိသတ္ေတြ အားက်ၿပီး ခ်စ္စရာေကာင္းတဲ့ သူတုိ႕စုံတြဲဟာ တစ္ေယာက္ရဲ႕အားနည္းခ်က္ကုိ တစ္ေယာက္က နားလည္ၿပီးေတာ့ အားသာ ခ်က္ အျဖစ္ ျပဳျပင္ေျပာင္းလဲမႈေတြနဲ႕ Relationship တစ္ခုကို တည္ေဆာက္ထားတာပါ

နန္းဆုရတီစိုးရဲ႕ အခ်စ္ေရးကုိ ၂၀၁၇ခုႏွစ္ စက္တင္ဘာ(၂၅) ရက္က ထြက္ရွိထားတဲ့ ရူးေအာင္ခ်စ္ရသူ သီခ်င္းနဲ႕ ဆက္စပ္ၿပီး စိတ္ဝင္စား ခဲ့တာျဖစ္ပါတယ္။ နန္းဆုရတီစိုးက လက္ရွိမွာ သီခ်င္းမ်ား ဖန္တီးေနၿပီး သီခ်င္းေခြအသစ္ထြက္ဖို႕လည္း စီစဥ္ေနတယ္လို႕ သိရပါတယ္။

G Fatt ဟာ ဂီတေလာကထဲမွာ လူငယ္ေကာင္မေလးေတြရဲ႕ အားေပးမႈ အခိုင္အမာရရွိထားသူ တစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာ ရိႈးပြဲေတြ ဆက္ တုိက္ဆိုျဖစ္ေနတဲ့ G Fatt က တစ္ကိုယ္ေတာ္ အေခြျဖစ္တဲ့ 120/B ဆုိတဲ့ အေခြကုိ ေနာက္ဆုံးထြက္ရွိထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးက ပျော်ရွှင်ဖို့ကောင်းလှပါတယ်။ ချစ်သူက သဝန်တို တတ်ပေမယ့်လည်း အဲ့ဒါကို အပြစ်မမြင်တတ်တဲ့ နန်းဆုရတီစိုးက သဝန်တိုတတ်တာလေးကလည်း ကောင်းပါတယ်တဲ့။ သဝန်တို တတ်လွန်းတဲ့ ချစ်သူလေးကို နာမည်ပြောင်လေးတောင် ပေးလိုုက်သေးတယ်နော်။

အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီိစိုးနဲ့ G Fatt တို့ရဲ့ အချစ်ရေးလေးက သာယာဖို့ ကောင်းလှပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်ဖိိုု့ကောင်းတဲ့ သူတို့အတွဲလေးမှာ G Fattက နန်းဆုအပေါ်မှာ အရမ်းကို သဝန်တို တတ် သူဖြစ်ပါတယ်

အဲ့လို သဝန်တိုတတ်ပေမယ့်လည်း နန်းဆုက သဝန်တိုတာလည်း ကောင်းပါတယ်တဲ့။

"သူက အရမ်း ရစ်တတ်တာ။ ကိုယ်က မရစ်တတ်ဘူး။ သူက အေးဂယက်လေ။ သူက အရမ်းသဝန်တိုတတ်တယ်လေ။ သူလည်းအမြဲတမ်း ဖြေနေတာပဲ။ကိုယ်ကကျတော့လည်း သူက အရမ်းသဝန်တိုတော့ ကိုယ်လည်းတိုချင်သွားရော။ အဲ့တော့ ကိုယ်လည်း လိုက်ပြီး တိုပြမယ်ဆိုပြီး ကိုယ်ပါ သဝန်တိုတတ်သွားတာပါ။ဒါပေမယ့် သဝန်တိုတာ ကောင်းပါတယ်နော်။ ဘာလို့လည်းဆိုတော့ ချစ်မှ တိုတာလေ" ဆိုပြီး  သြဂုတ်လ(၁၉) ရက်နေ့က ပြုလုပ်တဲ့ Rene Fashion ဆိုင်သစ်ဖွင့်ပွဲသို့ တက်ရောက်ရင်း Duwun Media မှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

အခုချိန်ထိ နုပျိုနေတာကလည်း အချစ်ကြောင့်နေမှာပါတဲ့။ သူတို့ရဲ့ စုံတွဲလေးမှာ အချိန်အတော်ကြာ စိတ်ဆိုးစိတ်ကောက်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

"G Fatt စိတ်ဆိုးစိတ်ကောက်တဲ့အခါ မသိချင်ယောင် ဆောင်လိုက်တယ်။ သူစိတ်ဆိုးရင် သူချော့ ကိုယ်စိတ်ဆိုးလည်း သူချော့ ဒါပဲ။ နောက် တာပါ။ တစ်ယောက်နဲ့တစ်ယောက်က အနိုင်ကျင့်တာလည်းမရှိဘူး စိတ်ဆိုးအောင် တမင်လုပ်တာတွေ အနိုင်ကျင့်တာတွေ မရှိဘူးဒါပေမယ့် တစ်ယောက်အရမ်းစိတ်ဆိုးနေရင်တစ်ယောက်က ချော့လိုက်တာပဲ  တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့ပဲ ယူတာ စိတ်ဆိုးလည်း အရမ်းအကြာကြီးလည်း မဟုတ်ဘူးလေ။ စိတ်ဆိုးလည်း တစ်ရက်က အလွန်ဆုံးပဲ" ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါတယ်။


သူတို့နှစ်ယောက်ပူးပေါင်းပြီး ဖန်တီးထားတဲ့ အနုပညာလေးတွေ အောင်မြင်တဲ့အတွက်လည်း ပြောမပြတတ်အောင် ပျော်မိတယ်တဲ့။ နှစ် ယောက်လုပ်တဲ့ အနုပညာအလုပ်တွေကို အသိအမှတ်ပြုပြီး အားပေးကြတဲ့အတွက်လည်း အရမ်းကို ဝမ်းသာတယ်ဆိုပြီး သူမက ပြောပြထား ပါသေးတယ်။

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသာ ချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

G Fatt ဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက် တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top