ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မရတာမဟုတ္ဘူးေဟ့ မယူတာလို႔ ဘယ္ေလာက္ေျပာေျပာ အခ်ိဳ႕ေသာအပ်ိဳၾကီးေတြကေတာ့ ယူခ်င္ရက္နဲ႔ မရခဲ့သူေတြခ်ည္းပါပဲ။ ေလာကၾကီးကုိတစ္ေယာက္တည္းျဖတ္သန္းပစ္ဖုိ႔ရာ နွေမ်ာစရာေကာင္းလြန္းပါတယ္။ ဒါေၾကာင့္ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးအတြက္ ေဂၚမစြံအပ်ိဳၾကီးမျဖစ္ရေလေအာင္ ေယာက္်ားေလးေတြတစ္မုိင္အကြာေလာက္ကေန ေကြ႕ပတ္သြားတာခံရတဲ့ မိန္းကေလးေတြရဲ႕အက်င့္ေတြကုိေဖာ္ျပေပးလိုက္ပါတယ္။

ခပ္ေခ်ေခ်မ်က္နွာထားရွိတယ္

တစ္ေလာကလံုးကို တင္ေကြ်းထားရတဲ့မ်က္နွာထားနဲ႔ အေခ်ေတြကုိ ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားက ေရွာင္ပါတယ္။ ရည္းစားရွိမွာပဲလို႔ ထင္လို႔ေသာ္လည္းေကာင္း ရည္းစားမျဖစ္ခင္ေတာင္ ဒီေလာက္ေခ်မုိးေနတာ ရည္းစားသာျဖစ္ရင္ မြမြေၾကေအာင္အေခ်ခံရေတာ့မွာပဲလို႔ ေတြးလို႔ေသာ္လည္းေကာင္း ေဝးေဝးကေရွာင္ၾကပါတယ္။

အေလာသံုးဆယ္လက္ထပ္ခ်င္ေနတယ္

စဥ္းစားျပီေလ… မိန္းကေလးဘက္က အေလာသံုးဆယ္လက္ထပ္ခ်င္ေနတယ္ ဆိုမွေတာ့ စဥ္းစားရျပီေပါ့။ ဒီဇုိင္းကာလာအေနအထားက ဘာလားေပါ့။ ဒါ့အျပင္ အေလာတၾကီး လက္ထပ္ခ်င္ေနတဲ့ မိန္းကေလးေတြက ေယာက်္ားေလးတစ္ေယာက္ကုိၾကည့္ျပီဆိုရင္ သူဘယ္လိုလူမ်ိဳးလဲဆိုတာထက္ သူနဲ႔ယူလိုက္ရင္ အဆင္ေျပပါ့မလားဆိုတာကို အရင္ေတြးၾကတာေၾကာင့္ ဘယ္လိုမွအဆင္မေျပပါဘူး။ ဒါေၾကာင့္ကုိယ့္အသက္က ဇရာကိုေျခတစ္ဖက္လွမ္းေနလို႔ အေလာသံုးဆယ္လက္ထပ္ခ်င္ေနရင္ လည္းပဲ တစ္သက္လံုုး တစ္ကုိယ္တည္းျဖတ္သန္းမယ့္ပံု ခပ္တည္တည္နဲ႔ဖမ္းထားပါ။ သိ္ပ္ေရာင္းခ်င္ေနရင္ ေစ်းဦးမေပါက္တတ္ဘူးေလ။

အေတြးလြန္တာ

မိန္းကေလးေတြက သူ႔ဟာသူေအးေအးေနရင္ သာေနမယ္ သူခ်စ္တဲ့ လူတစ္ေယာက္ကုိ ေတြ႔ျပီဆိုလို႔ကေတာ့ အေသးစိတ္ကေလးကအစ လိုက္ျပီးေတြးၾကေတာ့တာပဲ။သံသယေတြပြားၾကေတာ့တာပဲ။ ဟုိကသူ႔ဘာသာေညာင္းလို႔ မ်က္နွာလႊဲရင္ေတာင္ ငါ့ကုိမခ်စ္ေတာ့လို႔ မ်က္နွာလႊဲတာလား၊ ရုတ္တရက္ေလသံေလး နည္းနည္းေျပာင္းသြားရင္ေတာင္ ဘာမ်ားအမွားလုပ္လိုက္မိလို႔လဲနဲ႔ ေခါင္းေတြေပါက္ထြက္ေအာင္ စဥ္းစားခန္းဝင္ေနတတ္တဲ့ အမ်ိဳးပါ။ ဒါက အစပိုင္းမွာ ခ်စ္ဖို႔ေကာင္းရင္ေကာင္းမယ္ ၾကာလာရင္ေတာ့ ေပါက္ကြဲစရာျဖစ္လာတတ္ပါတယ္။ ေယာက္်ားေလးေတြက ဘာမဟုတ္တဲ့ ကိစၥေသးေသးေလးေတြေၾကာင့္ စိတ္ရႈပ္မခံခ်င္ၾကဘူးေလ။

နားလည္မေပးနုိင္တာ

ေယာက္်ားေလးေတြက ကုိယ့္ခ်စ္သူဆီက ေလးစားမႈကိုလိုခ်င္ၾကျပီး မိန္းကေလးေတြကေတာ့ ေလးစားတာဘာညာထက္ ခ်စ္ျခင္းေမတၱာကိုသာပုိလုိ႔မက္ေမာတတ္ၾကပါတယ္။ ကုိယ့္ရည္းစားကို ကုိယ္မွမေလးစားရင္ ဘယ္သူကမွေလးစားမွာမဟုတ္ပါဘူး။ ဒါကိုနားမလည္ပဲ ငါပိုင္တယ္ငါနုိင္တယ္ဆိုျပီး ေလးစားမႈမျပရင္ ေယာက္်ားေတြက ၾကာေတာ့စိတ္ညစ္လာျပီး သူတို႔မ်က္နွာတစ္ကမၻာေလာက္ထင္တဲ့ ျမီးေကာင္ေပါက္မေလးေတြေနာက္ပဲ ေကာက္ေကာက္ပါေအာင္ လိုက္သြားၾကပါလိမ့္မယ္။

ေမွ်ာ္လင့္ခ်က္မ်ားလြန္းတာ

ေမွ်ာ္လင့္ခ်က္မ်ားလြန္းတယ္ဆိုတာ လိုခ်င္တာ၊ျဖစ္ခ်င္တာေတြမ်ားျပားလြန္းတာပါ။ ကုိယ္က သာမန္ဝန္ထမ္းျဖစ္ျပီး ကုိရီးယားမင္းသားေလာက္ေခ်ာတဲ့၊သစၥာရွိတဲ့၊ခ်မ္းသာတဲ့ ေကာင္ေလးကိုလိုခ်င္ရင္ေတာ့ အပ်ိဳၾကီးဘဝနဲ႔မလြဲမေသြအရိုးထုတ္သြားရပါလိမ့္မယ္။ ဘဲလိုခ်င္ရင္ ကုိရီးယားကားေတြထဲကရုန္းထြက္ပါ။ ဒုဥကၠဌလိုလူမ်ိဳးက အျပင္မွာ တကယ္မရွိပါဘူးေနာ္

ျဖစ္သလိုေနတာ

ခ်စ္ျခင္းအစမ်က္စိကတဲ့ ဘယ္ေလာက္ပဲအသြင္အျပင္ေတြကအေရးမၾကီးပါဘူးေျပာေျပာ လူတိုင္းက အလွၾကိဳက္ၾကပါတယ္။ လွတာေလးဆိုခ်စ္ခ်င္ၾကပါတယ္။ ဒါေၾကာင့္ ကုိယ့္ရုပ္ရည္ေလးကို ျပင္ျပင္ဆင္ဆင္ေလးေနသင့္ပါတယ္။ ဖိုသီဖပ္သီျဖစ္ခ်င္သလိုျဖစ္ေနျပီး ငါ့ကု္ိဘယ္သူမွ မၾကိဳက္ၾကဘူးလားဆိုတာကေတာ့ တစ္မ်ိဳးၾကီးေပါ့ေနာ္။ ေယာက္်ားေတြဟာ အလွအပကုိ သည္းေျခၾကိဳက္ျဖစ္တဲ့အတြက္ ပထမဆံုးစေတြ႕ကတည္းက ဆြဲေဆာင္မႈမရွိတဲ့ ရုပ္ျဖစ္ေနရင္ေတာ့ ဘယ္သူမွေယာင္လို႔ေတာင္ စိတ္မဝင္စားပဲ အပ်ိဳၾကီးဘဝနဲ႔ အရိုးထုတ္ရမွာေသခ်ာပါတယ္။

အခုေျပာသြားတာေတြကေတာ ့အပ်ိဳၾကီးေတာ္ေတာ္မ်ားမ်ားမွာရွိတဲ့ အက်င့္ေတြပါ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ.. အပ်ိဳၾကီးေတြမွာ ဘာအက်င့္ေလးေတြရွိေသးတယ္ထင္လဲ ..ေျပာျပခဲ့ဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMcele
# Unicode Version ျဖင့္ ဖတ္ပါ #
မရတာမဟုတ်ဘူးဟေ့ မယူတာလို့ ဘယ်လောက်ပြောပြော အချို့သောအပျိုကြီးတွေကတော့ ယူချင်ရက်နဲ့ မရခဲ့သူတွေချည်းပါပဲ။ လောကကြီးကိုတစ်ယောက်တည်းဖြတ်သန်းပစ်ဖို့ရာ နှမျောစရာကောင်းလွန်းပါတယ်။ ဒါကြောင့် ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဂေါ်မစွံအပျိုကြီးမဖြစ်ရလေအောင် ယောက်ျားလေးတွေတစ်မိုင်အကွာလောက်ကနေ ကွေ့ပတ်သွားတာခံရတဲ့ မိန်းကလေးတွေရဲ့အကျင့်တွေကိုဖော်ပြပေးလိုက်ပါတယ်။

ခပ်ချေချေမျက်နှာထားရှိတယ်

တစ်လောကလုံးကို တင်ကျွေးထားရတဲ့မျက်နှာထားနဲ့ အချေတွေကို ယောက်ျားလေးတော်တော်များများက ရှောင်ပါတယ်။ ရည်းစားရှိမှာပဲလို့ ထင်လို့သော်လည်းကောင်း ရည်းစားမဖြစ်ခင်တောင် ဒီလောက်ချေမိုးနေတာ ရည်းစားသာဖြစ်ရင် မွမွကြေအောင်အချေခံရတော့မှာပဲလို့ တွေးလို့သော်လည်းကောင်း ဝေးဝေးကရှောင်ကြပါတယ်။

အလောသုံးဆယ်လက်ထပ်ချင်နေတယ်

စဉ်းစားပြီလေ… မိန်းကလေးဘက်က အလောသုံးဆယ်လက်ထပ်ချင်နေတယ် ဆိုမှတော့ စဉ်းစားရပြီပေါ့။ ဒီဇိုင်းကာလာအနေအထားက ဘာလားပေါ့။ ဒါ့အပြင် အလောတကြီး လက်ထပ်ချင်နေတဲ့ မိန်းကလေးတွေက ယောကျ်ားလေးတစ်ယောက်ကိုကြည့်ပြီဆိုရင် သူဘယ်လိုလူမျိုးလဲဆိုတာထက် သူနဲ့ယူလိုက်ရင် အဆင်ပြေပါ့မလားဆိုတာကို အရင်တွေးကြတာကြောင့် ဘယ်လိုမှအဆင်မပြေပါဘူး။ ဒါကြောင့်ကိုယ့်အသက်က ဇရာကိုခြေတစ်ဖက်လှမ်းနေလို့ အလောသုံးဆယ်လက်ထပ်ချင်နေရင် လည်းပဲ တစ်သက်လုံး တစ်ကိုယ်တည်းဖြတ်သန်းမယ့်ပုံ ခပ်တည်တည်နဲ့ဖမ်းထားပါ။ သိပ်ရောင်းချင်နေရင် ဈေးဦးမပေါက်တတ်ဘူးလေ။

အတွေးလွန်တာ

မိန်းကလေးတွေက သူ့ဟာသူအေးအေးနေရင် သာနေမယ် သူချစ်တဲ့ လူတစ်ယောက်ကို တွေ့ပြီဆိုလို့ကတော့ အသေးစိတ်ကလေးကအစ လိုက်ပြီးတွေးကြတော့တာပဲ။သံသယတွေပွားကြတော့တာပဲ။ ဟိုကသူ့ဘာသာညောင်းလို့ မျက်နှာလွှဲရင်တောင် ငါ့ကိုမချစ်တော့လို့ မျက်နှာလွှဲတာလား၊ ရုတ်တရက်လေသံလေး နည်းနည်းပြောင်းသွားရင်တောင် ဘာများအမှားလုပ်လိုက်မိလို့လဲနဲ့ ခေါင်းတွေပေါက်ထွက်အောင် စဉ်းစားခန်းဝင်နေတတ်တဲ့ အမျိုးပါ။ ဒါက အစပိုင်းမှာ ချစ်ဖို့ကောင်းရင်ကောင်းမယ် ကြာလာရင်တော့ ပေါက်ကွဲစရာဖြစ်လာတတ်ပါတယ်။ ယောက်ျားလေးတွေက ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေကြောင့် စိတ်ရှုပ်မခံချင်ကြဘူးလေ။

နားလည်မပေးနိုင်တာ

ယောက်ျားလေးတွေက ကိုယ့်ချစ်သူဆီက လေးစားမှုကိုလိုချင်ကြပြီး မိန်းကလေးတွေကတော့ လေးစားတာဘာညာထက် ချစ်ခြင်းမေတ္တာကိုသာပိုလို့မက်မောတတ်ကြပါတယ်။ ကိုယ့်ရည်းစားကို ကိုယ်မှမလေးစားရင် ဘယ်သူကမှလေးစားမှာမဟုတ်ပါဘူး။ ဒါကိုနားမလည်ပဲ ငါပိုင်တယ်ငါနိုင်တယ်ဆိုပြီး လေးစားမှုမပြရင် ယောက်ျားတွေက ကြာတော့စိတ်ညစ်လာပြီး သူတို့မျက်နှာတစ်ကမ္ဘာလောက်ထင်တဲ့ မြီးကောင်ပေါက်မလေးတွေနောက်ပဲ ကောက်ကောက်ပါအောင် လိုက်သွားကြပါလိမ့်မယ်။

မျှော်လင့်ချက်များလွန်းတာ

မျှော်လင့်ချက်များလွန်းတယ်ဆိုတာ လိုချင်တာ၊ဖြစ်ချင်တာတွေများပြားလွန်းတာပါ။ ကိုယ်က သာမန်ဝန်ထမ်းဖြစ်ပြီး ကိုရီးယားမင်းသားလောက်ချောတဲ့၊သစ္စာရှိတဲ့၊ချမ်းသာတဲ့ ကောင်လေးကိုလိုချင်ရင်တော့ အပျိုကြီးဘဝနဲ့မလွဲမသွေအရိုးထုတ်သွားရပါလိမ့်မယ်။ ဘဲလိုချင်ရင် ကိုရီးယားကားတွေထဲကရုန်းထွက်ပါ။ ဒုဥက္ကဌလိုလူမျိုးက အပြင်မှာ တကယ်မရှိပါဘူးနော်

ဖြစ်သလိုနေတာ

ချစ်ခြင်းအစမျက်စိကတဲ့ ဘယ်လောက်ပဲအသွင်အပြင်တွေကအရေးမကြီးပါဘူးပြောပြော လူတိုင်းက အလှကြိုက်ကြပါတယ်။ လှတာလေးဆိုချစ်ချင်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရုပ်ရည်လေးကို ပြင်ပြင်ဆင်ဆင်လေးနေသင့်ပါတယ်။ ဖိုသီဖပ်သီဖြစ်ချင်သလိုဖြစ်နေပြီး ငါ့ကိုဘယ်သူမှ မကြိုက်ကြဘူးလားဆိုတာကတော့ တစ်မျိုးကြီးပေါ့နော်။ ယောက်ျားတွေဟာ အလှအပကို သည်းခြေကြိုက်ဖြစ်တဲ့အတွက် ပထမဆုံးစတွေ့ကတည်းက ဆွဲဆောင်မှုမရှိတဲ့ ရုပ်ဖြစ်နေရင်တော့ ဘယ်သူမှယောင်လို့တောင် စိတ်မဝင်စားပဲ အပျိုကြီးဘဝနဲ့ အရိုးထုတ်ရမှာသေချာပါတယ်။

အခုပြောသွားတာတွေကတော့အပျိုကြီးတော်တော်များများမှာရှိတဲ့ အကျင့်တွေပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. အပျိုကြီးတွေမှာ ဘာအကျင့်လေးတွေရှိသေးတယ်ထင်လဲ ..ပြောပြခဲ့ဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMcele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top