ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

သတိျပဳရမယ့္ Dry Drowning နဲ႔ Secondary Drowning

အင္တာနက္ေပၚမွာ သတင္း တစ္ပုဒ္ကို ဖတ္ရႈလိုက္ရပါတယ္။ အဲဒါကေတာ့… အေမရိကန္နိုင္ငံက အသက္ ၁၀ နွစ္အ႐ြယ္ ကေလးတစ္ဦး အိမ္နီးနားခ်င္းက ေရကူးကန္တစ္ခုမွာ ေရသြားကစားရာကေန ျပန္လာၿပီး သူဟာ အေတာ္ေလး ႏြမ္းနယ္ေနတဲ့အေၾကာင္း၊ အရမ္းလည္း အိပ္ခ်င္ေနတဲ့အေၾကာင္း မိခင္ျဖစ္သူကို ေျပာၿပီး အိပ္ယာထဲမွာ သြားအိပ္လိုက္တယ္လို႔ ဆိုပါတယ္… မိခင္ျဖစ္သူကလည္း ကေလးေတြရဲ႕ သဘာ၀အရ တေန႔ကုန္ ကစားထားလို႔ ပင္ပန္းတာလို႔ ယူဆထားၿပီး သားျဖစ္သူကို သံသယ မျဖစ္ခဲ့ဘူးလို႔ ေျပာပါတယ္။

ခဏအၾကာ သားျဖစ္သူကို သြားၾကည့္လိုက္တဲ့ အခ်ိန္မွာ ပါးစပ္ကေန အျမဳပ္ေတြ ထြက္ၿပီး အသက္ မရႈေတာ့တာကို တအံ့တၾသ ေတြ႕လိုက္ရတယ္လို႔ ဆိုပါတယ္။ ေဆးရုံကို အလ်င္အျမန္ ပို႔ေဆာင္ခဲ့ေပမယ့္ ေဆးရုံဝန္ထမ္းေတြက ကေလးဟာ Dry drowning ေၾကာင့္ ဆုံးသြားၿပီလို႔ အတည္ျပဳခဲ့ပါတယ္။

အေမရိကန္နိုင္ငံမွာ Dry drowning ေရ မေတာ္တဆျဖစ္တဲ့သူ ဦးေရဟာ ၁ နွစ္ကို ခန္႔မွန္းေျခ ၄,၀၀၀ ခန္႔ ရွိျပီး… သူတို႔ထဲက အေရအတြက္ ၄၀၀ ကေန ၆၀၀ ေလာက္ဟာ နွစ္စဥ္ အသက္္ ဆုံးရႈံးေနတယ္လို႔လည္း သိရပါတယ္။
ပူေဆြးေသာက ေရာက္ေနတဲ့ မိခင္နဲ႔ Dry drowning ေၾကာင့္ ေသဆုံးသြားတဲ့ သားျဖစ္သူ

Dry Drowning နဲ႔ Secondary Drowning ဆိုတာ ဘာလဲ?

မိမိအပါအ၀င္ ကေလးမိဘေတြဟာ ကေလးေတြကို ေရကူးကန္ေတြ၊ ေရခ်ဳိးခန္းေတြမွာ ေရေပးခ်ဳိး၊ ေရေပးကစားေလ့ ရွိပါတယ္။ ဒီလို ကစားၿပီးလို႔ ေရအျပင္ဘက္ ေရာက္တာနဲ႔ ေရေဘးအႏၲရာယ္ မရွိေတာ့ဘူးလို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ Dry drowning နဲ႔ Secondary drowning ဆိုတာဟာ ေရထဲမွာ ရွိေနစဥ္ ေရနစ္ေသဆုံးတာ မဟုတ္ပဲ… ကေလးေတြ ေရခ်ဳိး၊ ေရကစားၿပီးလို႔ ခႏၶာကိုယ္က ေရေတြကို ေျခာက္ေသြ႕ေအာင္ တဘက္နဲ႔သုတ္၊ အ၀တ္အစားလဲ… စသျဖင့္ ဒီလိုလုပ္ေနခ်ိန္ နာရီပိုင္း အတြင္းမွာ ျဖစ္ပြားတဲ့ ေရမရွိတဲ့ေနရာမွာ ေရနစ္ေသဆုံးတဲ့ ျဖစ္စဥ္တစ္ခုလို႔ မွတ္သား ရပါတယ္။

ဒီလိုပုံစံနဲ႔ ေရနစ္တာဟာ… ကေလးေတြ သူတို႔ ကိုယ္တိုင္ ေရကန္ထဲမွာ ေရကစားေနတဲ့အခ်ိန္ (ဒါမွမဟုတ္) ကေလးမိဘေတြက သူတို႔ရဲ႕ ကေလးေတြကို ခ်စ္စနိုးနဲ႔ ေခါင္းကို ေရထဲနွစ္ၿပီး ကစားေနတဲ့ အခ်ိန္ေတြမွာ မေတာ္တဆ (ေရမြန္းၿပီး) ေရေတြကို သူတို႔ရဲ႕ နွာေခါင္းေတြကတဆင့္ ရွဴသြင္း မိလိုက္တဲ့ အခ်ိန္မွာ ျဖစ္တတ္ပါတယ္။

Dry drowning ေရနစ္တဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျဖစ္နိုင္ေျခ အေၾကာင္းအရင္း ေတြကေတာ့… ေရကစားေနစဥ္အတြင္း ကေလးငယ္ မေတာ္တဆ ရွဴရႈိက္မိလိုက္တဲ့ ေရေတြဟာ အဆုတ္ထဲထိ ေရာက္ရွိမသြားပဲ ေလ၀င္အသက္ရွဴ လမ္းေၾကာင္းကို ရုတ္တရက္ ဆိုးက်ဳိးသက္ေရာက္မႈ တစ္ခု ျဖစ္ေစ ပါတယ္။ ဒီလိုနဲ႔ ကုန္းေပၚ ေရာက္တဲ့ အခ်ိန္ Asphyxiation ေခၚ ေအာက္ဆီဂ်င္ လုံေလာက္စြာ မရရွိေတာ့ပဲ အသက္ရွဴမ၀တဲ့ အေျခအေန ျဖစ္လာတယ္လို႔ ဆိုပါတယ္။

Secondary drowning (Delayed drowning လည္း ေခၚပါတယ္) ကေတာ့ Dry drowning နဲ႔ အနည္းငယ္ ကြာျခားပါတယ္။ သူကေတာ့ ကေလးငယ္ ရွဴသြင္းလိုက္မိတဲ့ ေရေတြဟာ ပြင့္ေနတဲ့ ေလလမ္းေၾကာင္းအတိုင္း အဆုတ္ထဲကို ေရာက္ရွိ ေနရာ ယူသြားတာ ျဖစ္ပါတယ္။ အဆိုပါ အဆုတ္ထဲရွိ ေရေတြဟာ ခႏၶာကိုယ္တြင္း လည္ပတ္ေနတဲ့ ေသြးထဲသို႔ ေအာက္ဆီဂ်င္ ပို႔ေဆာင္ေပးတဲ့ အဂၤါအစိတ္အပိုင္းေတြကို အဟန္႔အတား ျဖစ္ေစၿပီး… ေနာက္ဆုံး ဦးေနွာက္ကပါ ေအာက္ဆီဂ်င္ လုံေလာက္စြာ မရေတာ့တဲ့ထိ ျပႆနာ ျဖစ္လာပါတယ္။ ဒီလို အေျခအေနကို ‘Pulmonary edema’ လို႔လည္း ေခၚတယ္လို႔ သိရပါတယ္။

Dry drowning ေရနစ္တဲ့ လကၡဏာေတြက အမ်ားအားျဖင့္ ေရ မေတာ္တဆျဖစ္ၿပီး ခဏအတြင္းမွာ ျဖစ္ေပၚလာၿပီး… Secondary drowning ရဲ႕ လကၡဏာေတြကေတာ့ ေယဘုယ်အားျဖင့္ ေရ မေတာ္တဆျဖစ္ၿပီးေနာက္ပိုင္း ၁ နာရီကေန ၂၄ နာရီအတြင္း (တခ်ဳိ႕ေဆးစာေတြမွာ ၁ နာရီကေန ၇၂ နာရီၾကား) မွာ စတင္ ျဖစ္ေပၚတယ္လို႔ Children’s Hospital of Pittsburgh ရဲ႕ အေရးေပၚဌာန ၫႊန္ၾကားေရးမွဴး ေဒါက္တာ Raymond Pitetti က ဆိုပါတယ္။

ဒီလို ေရမေတာ္တဆမႈဟာ လူႀကီးေတြမွာလည္း ျဖစ္ပြားနိုင္ပါတယ္။ ဒါေပမယ့္ လူႀကီးေတြလို ခႏၶာကိုယ္ ဖြံ႕ၿဖိဳးမႈ မရွိေသးတဲ့ ကေလးငယ္ေတြမွာ ပိုၿပီး အျဖစ္မ်ားတာ ေတြ႕ရတယ္လို႔ ေဒါက္တာ Pitetti က ေျပာပါတယ္။

၂ မ်ဳိးလုံးဟာ အေတာ္ေလး ျဖစ္ခဲတဲ့ေရာဂါေတြ ျဖစ္ပါတယ္။ ေရနစ္တဲ့ ျဖစ္စဥ္ေတြ အားလုံးထဲမွာ ဒီလိုပုံစံနဲ႔ ေရနစ္တာဟာ ၁ ရာခိုင္နႈန္းနဲ႔ ၂ ရာခိုင္နႈန္း အၾကား မွာသာ ရွိတယ္လို႔ အေမရိကန္နိုင္ငံရွိ Florida Hospital Tampa ေဆးရုံက ေဒါက္တာ James Orlowski ကလည္း ဆိုထားပါတယ္။ ဒါေပမယ့္ သတိေတာ့ ထားရပါမယ္။

Dry Drowning နဲ႔ Secondary Drowning ၂ မ်ဳိးလုံးမွာ တူညီတဲ့ လကၡဏာ ေတြကေတာ့ အသက္ရွဴရ ခက္ခဲျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ရင္ဘက္ေအာင့္ျခင္း၊ အလြန္႔အကြၽံ ပင္ပန္းႏြမ္းနယ္လာျခင္း…. ေတြပဲ ျဖစ္ပါတယ္… ဒါ့အျပင္ ကေလးဟာ စိတ္ဆိုးမာန္ဆိုးျဖစ္ျခင္း စတဲ့ အမူအရာ ေျပာင္းလဲ လာတာမ်ဳိးလည္း ျဖစ္လာနိုင္ပါတယ္… ဒီလကၡဏာေတြ အားလုံးဟာ ကေလးငယ္ရဲ႕ ဦးေနွာက္က ေအာက္ဆီဂ်င္ လုံေလာက္စြာ မရရွိတဲ့သေဘာ သက္ေရာက္ေနတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလကၡဏာေတြ အားလုံးကို ကေလးမိဘေတြက သတိမျပဳမိဘဲ အခ်ိန္မီ မကုသဘူးဆိုရင္ အသက္ ဆုံးရႈံးတဲ့အဆင့္ထိ ေရာက္လာနိုင္ပါတယ္။

မိမိရဲ႕ကေလးဟာ အထက္မွာ ေဖာ္ျပခဲ့အတိုင္း ေရကစားၿပီးတဲ့အခ်ိန္ Dry Drowning နဲ႔ Secondary Drowning ေတြထဲက ေရွ႕ေျပး လကၡဏာ တစ္ခုခု ျပေနၿပီဆိုရင္ နီးစပ္ရာမွာ ေဆးရုံမွာ ေဆးဝါး အကူအညီ ရယူပါ။ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ပါ။ ဒီလကၡဏာေတြဟာ သူ႔အလိုလို ေပ်ာက္သြားတယ္ ဆိုရင္ေတာင္မွ ဓာတ္မွန္ရုိက္ၿပီး ေဆးစစ္တာေတြ လုပ္ေဆာင္ဖို႔ အေရးႀကီးတယ္လို႔ ဆိုပါတယ္။

ကေလးငယ္ေတြ ေရကူးကန္၊ ေရခ်ဳိးကန္ေတြမွာ ေရကစားစဥ္ Water Safety ေရလုံၿခံဳမႈ ရွိၿပီး ေရမေတာ္တဆမႈက ကင္းေ၀းေစဖို႔ အတြက္ American Academy of Emergency Medicine က အႀကီးအကဲ တစ္ဦးျဖစ္သူ ေဒါက္တာ Mark Reiter က ကေလးမိဘေတြကို-
(၁) ေရထဲ (ဒါမွမဟုတ္) ေရအနီးအနားမွာ ရွိေနတဲ့ ကေလးေတြကို အၿမဲတမ္း မ်က္ေျခမပ်က္ အနီးကပ္ ေစာင့္ၾကည့္ဖို႔…
(၂) ကေလးေတြကို အသက္ကယ္ ပစၥည္းေတြ ရွိတဲ့ ေနရာေတြမွာသာ ေရကစားခြင့္ ျပဳဖို႔နဲ႔..
(၃) ေရကစားတဲ့ ကေလးေတြကိုလည္း လူႀကီးေတြရဲ႕ ထိန္းခ်ဳပ္မႈ ေအာက္မွာ ရွိေစဖို႔ အႀကံျပဳထားပါတယ္….။

What is dry drowning?

(မိမိလို မသိေသးတဲ့ ဘ၀တူ ကေလး မိဘမ်ားအတြက္ ဗဟုသုတအေနနဲ႔ ေရးသား တင္ျပေပးလိုက္တာပါ… Cause and Effect နဲ႔ Prevention အပိုင္းကိုသာ တင္ၿပလိုတဲ့အတြက္ ေဆးနဲ႔သက္ဆိုင္တဲ့ အသုံးအနႈန္းမ်ား ေရးထားတာ မရွင္း မလင္း ျဖစ္ခဲ့ရင္ မိမိရဲ႕ အားနည္းခ်က္သာ ျဖစ္ပါတယ္…)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုမ်ဳိး(လြမ္းမေျပသုတရပ္၀န္း)
# Unicode Version ျဖင့္ ဖတ္ပါ #
သတိပြုရမယ့် Dry Drowning နဲ့ Secondary Drowning

အင်တာနက်ပေါ်မှာ သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ အဲဒါကတော့… အမေရိကန်နိုင်ငံက အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အိမ်နီးနားချင်းက ရေကူးကန်တစ်ခုမှာ ရေသွားကစားရာကနေ ပြန်လာပြီး သူဟာ အတော်လေး နွမ်းနယ်နေတဲ့အကြောင်း၊ အရမ်းလည်း အိပ်ချင်နေတဲ့အကြောင်း မိခင်ဖြစ်သူကို ပြောပြီး အိပ်ယာထဲမှာ သွားအိပ်လိုက်တယ်လို့ ဆိုပါတယ်… မိခင်ဖြစ်သူကလည်း ကလေးတွေရဲ့ သဘာဝအရ တနေ့ကုန် ကစားထားလို့ ပင်ပန်းတာလို့ ယူဆထားပြီး သားဖြစ်သူကို သံသယ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

ခဏအကြာ သားဖြစ်သူကို သွားကြည့်လိုက်တဲ့ အချိန်မှာ ပါးစပ်ကနေ အမြုပ်တွေ ထွက်ပြီး အသက် မရှုတော့တာကို တအံ့တသြ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံဝန်ထမ်းတွေက ကလေးဟာ Dry drowning ကြောင့် ဆုံးသွားပြီလို့ အတည်ပြုခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ Dry drowning ရေ မတော်တဆဖြစ်တဲ့သူ ဦးရေဟာ ၁ နှစ်ကို ခန့်မှန်းခြေ ၄,၀၀၀ ခန့် ရှိပြီး… သူတို့ထဲက အရေအတွက် ၄၀၀ ကနေ ၆၀၀ လောက်ဟာ နှစ်စဉ် အသက် ဆုံးရှုံးနေတယ်လို့လည်း သိရပါတယ်။
ပူဆွေးသောက ရောက်နေတဲ့ မိခင်နဲ့ Dry drowning ကြောင့် သေဆုံးသွားတဲ့ သားဖြစ်သူ

Dry Drowning နဲ့ Secondary Drowning ဆိုတာ ဘာလဲ?

မိမိအပါအဝင် ကလေးမိဘတွေဟာ ကလေးတွေကို ရေကူးကန်တွေ၊ ရေချိုးခန်းတွေမှာ ရေပေးချိုး၊ ရေပေးကစားလေ့ ရှိပါတယ်။ ဒီလို ကစားပြီးလို့ ရေအပြင်ဘက် ရောက်တာနဲ့ ရေဘေးအန္တရာယ် မရှိတော့ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ Dry drowning နဲ့ Secondary drowning ဆိုတာဟာ ရေထဲမှာ ရှိနေစဉ် ရေနစ်သေဆုံးတာ မဟုတ်ပဲ… ကလေးတွေ ရေချိုး၊ ရေကစားပြီးလို့ ခန္ဓာကိုယ်က ရေတွေကို ခြောက်သွေ့အောင် တဘက်နဲ့သုတ်၊ အဝတ်အစားလဲ… စသဖြင့် ဒီလိုလုပ်နေချိန် နာရီပိုင်း အတွင်းမှာ ဖြစ်ပွားတဲ့ ရေမရှိတဲ့နေရာမှာ ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုလို့ မှတ်သား ရပါတယ်။

ဒီလိုပုံစံနဲ့ ရေနစ်တာဟာ… ကလေးတွေ သူတို့ ကိုယ်တိုင် ရေကန်ထဲမှာ ရေကစားနေတဲ့အချိန် (ဒါမှမဟုတ်) ကလေးမိဘတွေက သူတို့ရဲ့ ကလေးတွေကို ချစ်စနိုးနဲ့ ခေါင်းကို ရေထဲနှစ်ပြီး ကစားနေတဲ့ အချိန်တွေမှာ မတော်တဆ (ရေမွန်းပြီး) ရေတွေကို သူတို့ရဲ့ နှာခေါင်းတွေကတဆင့် ရှူသွင်း မိလိုက်တဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။

Dry drowning ရေနစ်တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေ အကြောင်းအရင်း တွေကတော့… ရေကစားနေစဉ်အတွင်း ကလေးငယ် မတော်တဆ ရှူရှိုက်မိလိုက်တဲ့ ရေတွေဟာ အဆုတ်ထဲထိ ရောက်ရှိမသွားပဲ လေဝင်အသက်ရှူ လမ်းကြောင်းကို ရုတ်တရက် ဆိုးကျိုးသက်ရောက်မှု တစ်ခု ဖြစ်စေ ပါတယ်။ ဒီလိုနဲ့ ကုန်းပေါ် ရောက်တဲ့ အချိန် Asphyxiation ခေါ် အောက်ဆီဂျင် လုံလောက်စွာ မရရှိတော့ပဲ အသက်ရှူမဝတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

Secondary drowning (Delayed drowning လည်း ခေါ်ပါတယ်) ကတော့ Dry drowning နဲ့ အနည်းငယ် ကွာခြားပါတယ်။ သူကတော့ ကလေးငယ် ရှူသွင်းလိုက်မိတဲ့ ရေတွေဟာ ပွင့်နေတဲ့ လေလမ်းကြောင်းအတိုင်း အဆုတ်ထဲကို ရောက်ရှိ နေရာ ယူသွားတာ ဖြစ်ပါတယ်။ အဆိုပါ အဆုတ်ထဲရှိ ရေတွေဟာ ခန္ဓာကိုယ်တွင်း လည်ပတ်နေတဲ့ သွေးထဲသို့ အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဟန့်အတား ဖြစ်စေပြီး… နောက်ဆုံး ဦးနှောက်ကပါ အောက်ဆီဂျင် လုံလောက်စွာ မရတော့တဲ့ထိ ပြဿနာ ဖြစ်လာပါတယ်။ ဒီလို အခြေအနေကို ‘Pulmonary edema’ လို့လည်း ခေါ်တယ်လို့ သိရပါတယ်။

Dry drowning ရေနစ်တဲ့ လက္ခဏာတွေက အများအားဖြင့် ရေ မတော်တဆဖြစ်ပြီး ခဏအတွင်းမှာ ဖြစ်ပေါ်လာပြီး… Secondary drowning ရဲ့ လက္ခဏာတွေကတော့ ယေဘုယျအားဖြင့် ရေ မတော်တဆဖြစ်ပြီးနောက်ပိုင်း ၁ နာရီကနေ ၂၄ နာရီအတွင်း (တချို့ဆေးစာတွေမှာ ၁ နာရီကနေ ၇၂ နာရီကြား) မှာ စတင် ဖြစ်ပေါ်တယ်လို့ Children’s Hospital of Pittsburgh ရဲ့ အရေးပေါ်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Raymond Pitetti က ဆိုပါတယ်။

ဒီလို ရေမတော်တဆမှုဟာ လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် လူကြီးတွေလို ခန္ဓာကိုယ် ဖွံ့ဖြိုးမှု မရှိသေးတဲ့ ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရတယ်လို့ ဒေါက်တာ Pitetti က ပြောပါတယ်။

၂ မျိုးလုံးဟာ အတော်လေး ဖြစ်ခဲတဲ့ရောဂါတွေ ဖြစ်ပါတယ်။ ရေနစ်တဲ့ ဖြစ်စဉ်တွေ အားလုံးထဲမှာ ဒီလိုပုံစံနဲ့ ရေနစ်တာဟာ ၁ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်း အကြား မှာသာ ရှိတယ်လို့ အမေရိကန်နိုင်ငံရှိ Florida Hospital Tampa ဆေးရုံက ဒေါက်တာ James Orlowski ကလည်း ဆိုထားပါတယ်။ ဒါပေမယ့် သတိတော့ ထားရပါမယ်။

Dry Drowning နဲ့ Secondary Drowning ၂ မျိုးလုံးမှာ တူညီတဲ့ လက္ခဏာ တွေကတော့ အသက်ရှူရ ခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘက်အောင့်ခြင်း၊ အလွန့်အကျွံ ပင်ပန်းနွမ်းနယ်လာခြင်း…. တွေပဲ ဖြစ်ပါတယ်… ဒါ့အပြင် ကလေးဟာ စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း စတဲ့ အမူအရာ ပြောင်းလဲ လာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်… ဒီလက္ခဏာတွေ အားလုံးဟာ ကလေးငယ်ရဲ့ ဦးနှောက်က အောက်ဆီဂျင် လုံလောက်စွာ မရရှိတဲ့သဘော သက်ရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလက္ခဏာတွေ အားလုံးကို ကလေးမိဘတွေက သတိမပြုမိဘဲ အချိန်မီ မကုသဘူးဆိုရင် အသက် ဆုံးရှုံးတဲ့အဆင့်ထိ ရောက်လာနိုင်ပါတယ်။

မိမိရဲ့ကလေးဟာ အထက်မှာ ဖော်ပြခဲ့အတိုင်း ရေကစားပြီးတဲ့အချိန် Dry Drowning နဲ့ Secondary Drowning တွေထဲက ရှေ့ပြေး လက္ခဏာ တစ်ခုခု ပြနေပြီဆိုရင် နီးစပ်ရာမှာ ဆေးရုံမှာ ဆေးဝါး အကူအညီ ရယူပါ။ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ ဒီလက္ခဏာတွေဟာ သူ့အလိုလို ပျောက်သွားတယ် ဆိုရင်တောင်မှ ဓာတ်မှန်ရိုက်ပြီး ဆေးစစ်တာတွေ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ကလေးငယ်တွေ ရေကူးကန်၊ ရေချိုးကန်တွေမှာ ရေကစားစဉ် Water Safety ရေလုံခြုံမှု ရှိပြီး ရေမတော်တဆမှုက ကင်းဝေးစေဖို့ အတွက် American Academy of Emergency Medicine က အကြီးအကဲ တစ်ဦးဖြစ်သူ ဒေါက်တာ Mark Reiter က ကလေးမိဘတွေကို-
(၁) ရေထဲ (ဒါမှမဟုတ်) ရေအနီးအနားမှာ ရှိနေတဲ့ ကလေးတွေကို အမြဲတမ်း မျက်ခြေမပျက် အနီးကပ် စောင့်ကြည့်ဖို့…
(၂) ကလေးတွေကို အသက်ကယ် ပစ္စည်းတွေ ရှိတဲ့ နေရာတွေမှာသာ ရေကစားခွင့် ပြုဖို့နဲ့..
(၃) ရေကစားတဲ့ ကလေးတွေကိုလည်း လူကြီးတွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိစေဖို့ အကြံပြုထားပါတယ်….။

What is dry drowning?

(မိမိလို မသိသေးတဲ့ ဘဝတူ ကလေး မိဘများအတွက် ဗဟုသုတအနေနဲ့ ရေးသား တင်ပြပေးလိုက်တာပါ… Cause and Effect နဲ့ Prevention အပိုင်းကိုသာ တင်ပြလိုတဲ့အတွက် ဆေးနဲ့သက်ဆိုင်တဲ့ အသုံးအနှုန်းများ ရေးထားတာ မရှင်း မလင်း ဖြစ်ခဲ့ရင် မိမိရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်…)

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုမျိုး(လွမ်းမပြေသုတရပ်ဝန်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top