ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

Ma Htet (Pop Soul) ဆုိတာ ဟုိးလြန္ခဲ့တဲ့နွစ္ေတြကတည္းက အရည္အခ်င္းရွိ Make Up artist တစ္ေယာက္အျဖစ္ လူေတြစသိခဲ့ၾကတဲ့ နုိင္ငံေက်ာ္မိတ္ကပ္ပညာရွင္တစ္ေယာက္ပါ။ မထက္က ဘဝမွာအျမဲတမ္းမိန္းကေလးတစ္ေယာက္အျဖစ္ေနခ်င္ခဲ့တာျဖစ္ျပီး သိပ္မၾကာခင္နွစ္အခ်ိိဳ႕ကပဲ တကယ့္မိန္းကေလးတစ္ေယာက္အျဖစ္ေျပာင္းလဲခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ မထက္တစ္ေယာက္ Transgender လုပ္လိုက္လည္း ခ်စ္ေနၾကဆဲပါပဲ။ ဒီလိုပဲ မထက္ရဲ႕ ခ်စ္သူကလည္း မထက္ကုိ Trans မလုပ္ခင္ကတည္းကခ်စ္ခဲ့တာျဖစ္ပံုရပါတယ္။ မထက္က သူမရဲ႕ အခ်စ္ေရးကို Myanmar Celebrity နဲ႔ Interview မွာ မ်က္ရည္ဝဲစရာရင္နင့္စရာ ေျပာျပထားခဲ့ပါတယ္။

မထက္က ခ်စ္သူကိုခ်စ္ရတဲ့အေၾကာင္းေလးေတြကို “အစ္မခ်စ္သူက အစ္မထက္ငါးနွစ္ေလာက္ငယ္တယ္။လူၾကီးဆန္တယ္။နားလည္မႈရွိတယ္။”လို႔ေျပာျပထားျပီး ခ်စ္သူကုိပရိသတ္သိေအာင္ခ်မျပေသးတာကုိလည္း “ဒါေပမယ့္ အားလံုး Public မွာထုတ္ျပရေလာက္တဲ့ အေနအထားအထိ အစ္မတို႔ကေနလို႔ မရေသးတဲ့ အေနအထားဆိုေတာ့ေလ အဲ့အတြက္ေၾကာင့္ အစ္မတို႔ကလူသိမခံပဲ နဲ႔ ပဲေနတာေပါ့ေနာ္။ ဘာလို႔ဆို အစ္မတို႔နွစ္ေယာက္ထဲက ျပႆနာမရွိဘူးဆိုေပမယ့္ ပတ္ဝန္းက်င္အသိုင္းအဝုိင္းေတြ ပါလာတဲ့အခါ အစ္မတို႔နွစ္ေယာက္ၾကားမွာ နည္းနည္းအခက္အခဲေလးရွိတယ္။အဲ့ဒါေၾကာင့္မို႔ အစ္မတို႔ လူသိမခံတာပါ”လို႔ ေျပာျပထားပါတယ္။

မထက္က သူတုိ႔နွစ္ေယာက္ရဲ႕ခ်စ္သူဘဝအေၾကာင္းတစ္ေစ့တစ္ေစာင္းကုိ “အစ္မတို႔က ပထမနွစ္ပုိင္းေတြဆိုလို႔ရွိရင္ တကယ္လည္းမခ်စ္သလို အဆင္ေျပသလိုညွိနိႈင္းျပီးေတာ့ ေနခဲ့ၾကတာေပါ့ေနာ္။ အဆင္ေျပလို႔တြဲတယ္ဆိုတာမ်ိဳးနဲ႔ သြားထားတယ္။ ေနာက္ပိုင္းမွတစ္နွစ္ေက်ာ္ေလာက္မွ အစ္မတကယ္ၾကိဳက္ျဖစ္တာ။ ကုိယ့္အေပၚဦးေဆာင္နုိ္င္တယ္။ ကုိယ့္အေပၚအရမ္းေကာင္းတယ္။ အဲ့ဒါမ်ိဳးေလးေတြက အစ္မအေပၚဆြဲေဆာင္မႈရွိတဲ့ အခ်က္ေတြေပါ့ေနာ္။”လို႔ေျပာျပထားပါတယ္။

မထက္က သူ႔ခ်စ္သူအေပၚ ဘယ္ေလာက္ခ်စ္သလဲဆို ရည္းစားခိုးထားရင္ေတာင္ ခြင့္လႊတ္ေပးပါတယ္တဲ့။ “သူရည္းစားခိုးထားတဲ့ အခါမ်ိဳးက်ေတာ့လည္း မသိခ်င္ေယာင္ေဆာင္ေပးရတာေပါ့ေနာ္။ ဘာလို႔ဆိုေတာ့ ေယာက္်ားေလးေလ.. ရွိမွာေပါ့ေနာ္။အစ္မတို႔ေတာင္မွပဲ ဟုိင္းတို႔ဘာတို႔ဆို ကိုယ္လည္း reply ျပန္ျဖစ္ေသးတာပဲ။ သူ႔အေနနဲ႔ ေယာက္်ားေလးဆိုေတာ့ ဒီလိုေတာ့ရွိမွာေပါ့။ အဲ့ဒါေလးေတြကုိစိတ္ဆိုးစိတ္ေကာက္ျဖစ္လိုက္ ငိုဟယ္ရီဟယ္နဲ႔ပဲျဖစ္လိုက္နဲ႔ ဒီလုိနဲ႔ပဲ နွစ္ရွည္လာတာေပါ့ေနာ္။”လို႔ ေအးေအးခ်မ္းခ်မ္းေလးပဲ ေျပာျပထားပါတယ္။

မထက္ကခ်စ္သူကုိ အခ်စ္တတ္ဆံုး မိန္းမသားမ်ားလားေတာင္ မသိပါဘူး။ ခ်စ္သူအေပၚထားတဲ့ ေမတၱာတရားကို သူမရဲ႕ စကားေတြထဲမွာ အတိုင္းသားျမင္ေနရပါတယ္။ ေရွ႕ေရးကုိ ဘယ္လိုဆက္သြားၾကမလဲဆိုတာကို မထက္က “အစ္မကေတာ့ အစ္မမေသခင္အထိ သူရွိေပးရင္ေတာ့ အရမ္းေကာင္းမယ္လို႔ အစ္မကေတာ့ ေတြးမိတာေပါ့ေနာ္။ ဒါလည္း ျဖစ္နုိုင္ခ်င္မွျဖစ္နုိုင္မွာေလ။ အစ္မအျမဲတမ္းသူ႔ကုိေျပာပါတယ္။ သံုးဆယ္ဝန္းက်င္ျဖစ္လာျပီဆိုေတာ့ အိမ္ေထာင္ျပဳမလား။ ဒါမွမဟုတ္အိမ္ကေပးစားမွာလား။ ဒါမွမဟုတ္ ကုိယ့္ဟာကုိယ္ၾကိဳရွာထားျပီးျပီလား။ ဘာလို႔ဆို သူအိမ္ေထာင္ျပဳရမယ္။ကေလးေတြေမြးရမယ္။ ဒါေလးေတြအစ္မကသူ႔ကုိလုပ္ေစခ်င္တယ္။ တစ္ခါတစ္ေလက်ရင္ သူ႔အတြက္စိတ္မေကာင္းသလို တစ္ခါတစ္ေလက်ရင္သူအဲ့ဒါေတြမလုပ္ပဲနဲ႔ ေဘးနားမွာပဲေနေပးရင္ သိပ္ေကာင္းမွာပဲလို႔ အတၱၾကီးၾကီးနဲ႔ေတြးမိတာေပါ့ေနာ္။ ဒါေပမယ့္ တစ္ဖက္ကျပန္ၾကည့္ရင္လည္း ကိုယ္ခ်စ္တဲ့သူတစ္ေယာက္တစ္သက္လံုး မိသားစုေလးနဲ႔ ေပ်ာ္ေနတာလည္း အစ္မလိုခ်င္ေနပါတယ္။ တတ္နုိင္သမွ်ကာလရွည္ရွည္ေလး တစ္ေယာက္နဲ႔တစ္ေယာက္ ေဘးနားမွာ အေဖာ္ျပဳေပးနိုင္ရင္ ေတာ္ေတာ္ၾကီးကုိျပည့္စံုေနပါျပီ အစ္မအတြက္ေတာ့”လို႔ ေျပာထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးမွာေရာ.. မထက္လိုေပးဆပ္ျပီးခ်စ္ရတဲ့သူရွိလား။ဒါမွမဟုတ္ ကုိ္ယ့္ကုိအဲဒီလိုခ်စ္ေနတဲ့သူရွိေနုျပီလား။ ကုိယ့္ခ်စ္သူနဲ႔ လက္မတြဲနုိင္တဲ့အေျခအေနမ်ိဳးမွာ သူ႔အတြက္စဥ္းစားျပီး လက္လႊတ္ေပးလိုက္မွာလား…။ အဲဒီလိုလုပ္ဖို႔ေရာ သတၱိရွိနုိင္မယ္ထင္လား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
Ma Htet (Pop Soul) ဆိုတာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက အရည်အချင်းရှိ Make Up artist တစ်ယောက်အဖြစ် လူတွေစသိခဲ့ကြတဲ့ နိုင်ငံကျော်မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။ မထက်က ဘဝမှာအမြဲတမ်းမိန်းကလေးတစ်ယောက်အဖြစ်နေချင်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်နှစ်အချို့ကပဲ တကယ့်မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ပရိသတ်တွေကတော့ မထက်တစ်ယောက် Transgender လုပ်လိုက်လည်း ချစ်နေကြဆဲပါပဲ။ ဒီလိုပဲ မထက်ရဲ့ ချစ်သူကလည်း မထက်ကို Trans မလုပ်ခင်ကတည်းကချစ်ခဲ့တာဖြစ်ပုံရပါတယ်။ မထက်က သူမရဲ့ အချစ်ရေးကို Myanmar Celebrity နဲ့ Interview မှာ မျက်ရည်ဝဲစရာရင်နင့်စရာ ပြောပြထားခဲ့ပါတယ်။

မထက်က ချစ်သူကိုချစ်ရတဲ့အကြောင်းလေးတွေကို “အစ်မချစ်သူက အစ်မထက်ငါးနှစ်လောက်ငယ်တယ်။လူကြီးဆန်တယ်။နားလည်မှုရှိတယ်။”လို့ပြောပြထားပြီး ချစ်သူကိုပရိသတ်သိအောင်ချမပြသေးတာကိုလည်း “ဒါပေမယ့် အားလုံး Public မှာထုတ်ပြရလောက်တဲ့ အနေအထားအထိ အစ်မတို့ကနေလို့ မရသေးတဲ့ အနေအထားဆိုတော့လေ အဲ့အတွက်ကြောင့် အစ်မတို့ကလူသိမခံပဲ နဲ့ ပဲနေတာပေါ့နော်။ ဘာလို့ဆို အစ်မတို့နှစ်ယောက်ထဲက ပြဿနာမရှိဘူးဆိုပေမယ့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေ ပါလာတဲ့အခါ အစ်မတို့နှစ်ယောက်ကြားမှာ နည်းနည်းအခက်အခဲလေးရှိတယ်။အဲ့ဒါကြောင့်မို့ အစ်မတို့ လူသိမခံတာပါ”လို့ ပြောပြထားပါတယ်။

မထက်က သူတို့နှစ်ယောက်ရဲ့ချစ်သူဘဝအကြောင်းတစ်စေ့တစ်စောင်းကို “အစ်မတို့က ပထမနှစ်ပိုင်းတွေဆိုလို့ရှိရင် တကယ်လည်းမချစ်သလို အဆင်ပြေသလိုညှိနှိုင်းပြီးတော့ နေခဲ့ကြတာပေါ့နော်။ အဆင်ပြေလို့တွဲတယ်ဆိုတာမျိုးနဲ့ သွားထားတယ်။ နောက်ပိုင်းမှတစ်နှစ်ကျော်လောက်မှ အစ်မတကယ်ကြိုက်ဖြစ်တာ။ ကိုယ့်အပေါ်ဦးဆောင်နိုင်တယ်။ ကိုယ့်အပေါ်အရမ်းကောင်းတယ်။ အဲ့ဒါမျိုးလေးတွေက အစ်မအပေါ်ဆွဲဆောင်မှုရှိတဲ့ အချက်တွေပေါ့နော်။”လို့ပြောပြထားပါတယ်။

မထက်က သူ့ချစ်သူအပေါ် ဘယ်လောက်ချစ်သလဲဆို ရည်းစားခိုးထားရင်တောင် ခွင့်လွှတ်ပေးပါတယ်တဲ့။ “သူရည်းစားခိုးထားတဲ့ အခါမျိုးကျတော့လည်း မသိချင်ယောင်ဆောင်ပေးရတာပေါ့နော်။ ဘာလို့ဆိုတော့ ယောက်ျားလေးလေ.. ရှိမှာပေါ့နော်။အစ်မတို့တောင်မှပဲ ဟိုင်းတို့ဘာတို့ဆို ကိုယ်လည်း reply ပြန်ဖြစ်သေးတာပဲ။ သူ့အနေနဲ့ ယောက်ျားလေးဆိုတော့ ဒီလိုတော့ရှိမှာပေါ့။ အဲ့ဒါလေးတွေကိုစိတ်ဆိုးစိတ်ကောက်ဖြစ်လိုက် ငိုဟယ်ရီဟယ်နဲ့ပဲဖြစ်လိုက်နဲ့ ဒီလိုနဲ့ပဲ နှစ်ရှည်လာတာပေါ့နော်။”လို့ အေးအေးချမ်းချမ်းလေးပဲ ပြောပြထားပါတယ်။

မထက်ကချစ်သူကို အချစ်တတ်ဆုံး မိန်းမသားများလားတောင် မသိပါဘူး။ ချစ်သူအပေါ်ထားတဲ့ မေတ္တာတရားကို သူမရဲ့ စကားတွေထဲမှာ အတိုင်းသားမြင်နေရပါတယ်။ ရှေ့ရေးကို ဘယ်လိုဆက်သွားကြမလဲဆိုတာကို မထက်က “အစ်မကတော့ အစ်မမသေခင်အထိ သူရှိပေးရင်တော့ အရမ်းကောင်းမယ်လို့ အစ်မကတော့ တွေးမိတာပေါ့နော်။ ဒါလည်း ဖြစ်နိုင်ချင်မှဖြစ်နိုင်မှာလေ။ အစ်မအမြဲတမ်းသူ့ကိုပြောပါတယ်။ သုံးဆယ်ဝန်းကျင်ဖြစ်လာပြီဆိုတော့ အိမ်ထောင်ပြုမလား။ ဒါမှမဟုတ်အိမ်ကပေးစားမှာလား။ ဒါမှမဟုတ် ကိုယ့်ဟာကိုယ်ကြိုရှာထားပြီးပြီလား။ ဘာလို့ဆို သူအိမ်ထောင်ပြုရမယ်။ကလေးတွေမွေးရမယ်။ ဒါလေးတွေအစ်မကသူ့ကိုလုပ်စေချင်တယ်။ တစ်ခါတစ်လေကျရင် သူ့အတွက်စိတ်မကောင်းသလို တစ်ခါတစ်လေကျရင်သူအဲ့ဒါတွေမလုပ်ပဲနဲ့ ဘေးနားမှာပဲနေပေးရင် သိပ်ကောင်းမှာပဲလို့ အတ္တကြီးကြီးနဲ့တွေးမိတာပေါ့နော်။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင်လည်း ကိုယ်ချစ်တဲ့သူတစ်ယောက်တစ်သက်လုံး မိသားစုလေးနဲ့ ပျော်နေတာလည်း အစ်မလိုချင်နေပါတယ်။ တတ်နိုင်သမျှကာလရှည်ရှည်လေး တစ်ယောက်နဲ့တစ်ယောက် ဘေးနားမှာ အဖော်ပြုပေးနိုင်ရင် တော်တော်ကြီးကိုပြည့်စုံနေပါပြီ အစ်မအတွက်တော့”လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးမှာရော.. မထက်လိုပေးဆပ်ပြီးချစ်ရတဲ့သူရှိလား။ဒါမှမဟုတ် ကိုယ့်ကိုအဲဒီလိုချစ်နေတဲ့သူရှိနေုပြီလား။ ကိုယ့်ချစ်သူနဲ့ လက်မတွဲနိုင်တဲ့အခြေအနေမျိုးမှာ သူ့အတွက်စဉ်းစားပြီး လက်လွှတ်ပေးလိုက်မှာလား…။ အဲဒီလိုလုပ်ဖို့ရော သတ္တိရှိနိုင်မယ်ထင်လား။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top