iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္ဥကၠလာပၿမိဳ႔နယ္၊ (၁၁) ရပ္ကြက္၊ ၁၁ လမ္းတြင္ ဦးေလးအရင္းကို ဓားျဖင့္ထိုးသတ္သည္ဆိုေသာ အသက္ ၂၂ ႏွစ္ အရြယ္တူျဖစ္သူကို ဖမ္းဆီး၍ ၾသဂုတ္လ ၁၀ ရက္ နံနက္ပိုင္းက လူသတ္မႈ ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွသိရသည္။

ရင္ၫြန္႔ႏွင့္ လက္ေမာင္းတို႔တြင္ ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေသဆံုးသူ အသက္ ၄၅ ႏွစ္အရြယ္ ဦးမ်ိဳးသြင္ဝင္းမွာ ၾသဂုတ္လ ၉ ရက္ ည ၈ နာရီဝန္းက်င္က စက္ဘီးေပ်ာက္သည့္ ကိစၥျဖင့္ ၎၏ တူျဖစ္သူ အသက္ ၂၂ ႏွစ္ရွိ ေက်ာ္စည္သူႏွင့္ စကားမ်ားရန္ျဖစ္စဥ္ ေက်ာ္စည္သူက အ႐ိုးအသြား ရွစ္လက္မခန္႔ရွိ ဓားျဖင့္ ၎ကို ထိုးခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

“ေသဆံုးသူက ကားတံခါးျပင္တဲ့ အလုပ္လုပ္တယ္။ လူသတ္မႈက်ဴးလြန္ခဲ့တဲ့ တူအရင္းကလည္း ဦးေလးအိမ္မွာပဲ အတူလာေနတာ။ စက္ဘီးေပ်ာက္တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဦးေလးနဲ႔ တူ စကားမ်ားၾကရာက ဓားထိုးမႈျဖစ္ခဲ့တာပါ”ဟု ရဲအရာရွိက ေျပာသည္။

ဓားဒဏ္ရာရရွိခဲ့သူ ဦးမ်ိဳးသြင္ဝင္းမွာ သဃၤန္းကၽြန္း စံျပေဆး႐ံုတြင္ ေဆးကုသမႈ ခံယူခဲ့ေသာ္လည္း ၾသဂုတ္လ ၁၀ ရက္ နံနက္ ၄ နာရီက ေသဆံုးခဲ့ေသာေၾကာင့္ ဖမ္းဆီးထားသူ ေက်ာ္စည္သူကို ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းမွ အျပင္းအထန္ နာက်င္ေစမႈ ပုဒ္မ ၃၂၆ မွ လူသတ္မႈ ပုဒ္မ ၃၀၂ သို႔ ေျပာင္းလဲဖြင့္လွစ္ အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TheVoice

#Unicode Version#
တောင်ဥက္ကလာပမြို့နယ်၊ (၁၁) ရပ်ကွက်၊ ၁၁ လမ်းတွင် ဦးလေးအရင်းကို ဓားဖြင့်ထိုးသတ်သည်ဆိုသော အသက် ၂၂ နှစ် အရွယ်တူဖြစ်သူကို ဖမ်းဆီး၍ သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ရင်ညွန့်နှင့် လက်မောင်းတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသူ အသက် ၄၅ နှစ်အရွယ် ဦးမျိုးသွင်ဝင်းမှာ သြဂုတ်လ ၉ ရက် ည ၈ နာရီဝန်းကျင်က စက်ဘီးပျောက်သည့် ကိစ္စဖြင့် ၎င်း၏ တူဖြစ်သူ အသက် ၂၂ နှစ်ရှိ ကျော်စည်သူနှင့် စကားများရန်ဖြစ်စဉ် ကျော်စည်သူက အရိုးအသွား ရှစ်လက်မခန့်ရှိ ဓားဖြင့် ၎င်းကို ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။

“သေဆုံးသူက ကားတံခါးပြင်တဲ့ အလုပ်လုပ်တယ်။ လူသတ်မှုကျူးလွန်ခဲ့တဲ့ တူအရင်းကလည်း ဦးလေးအိမ်မှာပဲ အတူလာနေတာ။ စက်ဘီးပျောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဦးလေးနဲ့ တူ စကားများကြရာက ဓားထိုးမှုဖြစ်ခဲ့တာပါ”ဟု ရဲအရာရှိက ပြောသည်။

ဓားဒဏ်ရာရရှိခဲ့သူ ဦးမျိုးသွင်ဝင်းမှာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့သော်လည်း သြဂုတ်လ ၁၀ ရက် နံနက် ၄ နာရီက သေဆုံးခဲ့သောကြောင့် ဖမ်းဆီးထားသူ ကျော်စည်သူကို တောင်ဥက္ကလာပမြို့မရဲစခန်းမှ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ မှ လူသတ်မှု ပုဒ်မ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ် အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: TheVoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top