iMyanmarHouse.com - Best Property Website for Myanmar
×

လီဗာပူးအသင္းရဲ႕ကစားသမားေဟာင္း ေဂ်မီရက္ကနက္ဟာ ခ်ယ္ဆီးအသင္းက အာဆင္နယ္အသင္းကို ၃ ဂိုး ၂ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အာဆင္နယ္အသင္းရဲ႕ကစားသမားေတြဟာ ခ်ယ္ဆီးအသင္းကစားသမားတစ္ေယာက္နဲ႔မွ ယွဥ္ႏုိင္ခဲ့ျခင္းမရွိဘူးလို႔ ထင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့စေနေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်ယ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္းတုိ႔ရဲ႕ပြဲစဥ္မွာ ခ်ယ္ဆီးအသင္းက ၂ ဂိုး ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး အာဆင္နယ္အသင္းက ေနာက္ကေန ေခ်ပဂိုး ၂ ဂိုးလုိက္သြင္းယူႏုိင္ခဲ့ေပမယ့္ မားကုိ႔စ္အလြန္ဆုိရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ ရံႈးနိမ့္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္အသင္းရဲ႕နည္းျပသစ္ အူႏုိင္းအမ္မရီဟာ ပထမဆံုးကိုင္တြယ္တဲ့ပဲြစဥ္ ၂ ပြဲမွာ ရမွတ္ ၁ မွတ္မရရွိခဲ့ဘဲ ဆုိးရြားတဲ့ရာသီအစကို ရင္ဆုိင္ခဲ့ရတာလည္းျဖစ္ပါတယ္။ လီဗာပူးအသင္းရဲ႕ကစားသမားေဟာင္း ေဂ်မီရက္ကနက္က ယင္းပြဲစဥ္က အာဆင္နယ္အသင္းကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ကို ေဝဖန္ခဲ့ၿပီး ခ်ယ္ဆီးကစားသမားတစ္ေယာက္နဲ႔မွ မယွဥ္ႏုိင္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

"အာဆင္နယ္အသင္းကို ၾကည့္လုိက္မယ္ဆုိရင္ ခ်ယ္ဆီးအသင္းရဲ႕ကစားသမား ၁၁ ေယာက္ထဲက တစ္ေယာက္နဲ႔မွ ယွဥ္ႏိုင္တဲ့သူမရွိပါဘူး။ ခံစစ္ရဲ႕ဗဟိုက မူစတာဖီနဲ႔ ဆုိခေရးတစ္တုိ႔ ႏွစ္ေယာက္က ကစားေဖာ္မဟုတ္သလုိပဲ"

"ေနာက္ခံေတာင္ပံကိုၾကည့္မယ္ဆုိရင္ ခ်ယ္ဆီးအသင္းက အက္ဇ္ပလီကူတာက ဟက္တာဘယ္လာရင္ထက္ ခံစစ္ပိုင္းမွာေရာ၊ တုိက္စစ္ကို ဖန္တီးေပးတာမွာပါ ပိုၿပီး ေကာင္းမြန္ေနတာကိုေတြ႕ရမွာပါ။ အလြန္ဆုိကေတာ့ ခ်ယ္ဆီးအသင္းအတြက္ ပြဲဦးထြက္ကစားခဲ့တဲ့ ၂၀၁၆ ကတည္းက အားလံုးအထင္ႀကီးေလာက္တဲ့ေျခစြမ္းျပသၿပီးသားပါ"လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းက ေပါင္ ၇၁.၆ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဂိုးသမား ကီပါကိုလည္း အာဆင္နယ္အသင္းရဲ႕ပထမဂိုးမွာ ဒီထက္ပိုမိုေကာင္းမြန္တဲ့ လက္စြမ္းျပႏုိင္ခဲ့သင့္ေၾကာင္းေျပာၾကားခဲ့ေပမယ့္ အာဆင္နယ္အသင္းရဲ႕ဂိုးသမား ပီတာခ်က္ထက္ ပိုမုိေကာင္းမြန္ခဲ့တယ္လုိ႔ ခ်ီးက်ဴးခဲ့ပါတယ္။

"ကီပါအေနနဲ႔ မစ္ခီတာယန္ရဲ႕ပထမဂိုးမွာ ပိုေကာင္းမြန္တဲ့အရာကို လုပ္ႏုိင္ခဲ့သင့္ပါတယ္။ ဒါေပမယ့္ ယံုၾကည္ခ်က္ရွိရွိနဲ႔ ေရွ႕ထြက္ၿပီး ကစားရဲတဲ့ ကီပါကို ပီတာခ်က္ထက္ ကၽြန္ေတာ္ ပိုသေဘာက်ပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #

လီဗာပူးအသင်းရဲ့ကစားသမားဟောင်း ဂျေမီရက်ကနက်ဟာ ချယ်ဆီးအသင်းက အာဆင်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ကစားသမားတွေဟာ ချယ်ဆီးအသင်းကစားသမားတစ်ယောက်နဲ့မှ ယှဉ်နိုင်ခဲ့ခြင်းမရှိဘူးလို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး အာဆင်နယ်အသင်းက နောက်ကနေ ချေပဂိုး ၂ ဂိုးလိုက်သွင်းယူနိုင်ခဲ့ပေမယ့် မားကို့စ်အလွန်ဆိုရဲ့ နောက်ကျသွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့နည်းပြသစ် အူနိုင်းအမ်မရီဟာ ပထမဆုံးကိုင်တွယ်တဲ့ပွဲစဉ် ၂ ပွဲမှာ ရမှတ် ၁ မှတ်မရရှိခဲ့ဘဲ ဆိုးရွားတဲ့ရာသီအစကို ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ကစားသမားဟောင်း ဂျေမီရက်ကနက်က ယင်းပွဲစဉ်က အာဆင်နယ်အသင်းကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး ချယ်ဆီးကစားသမားတစ်ယောက်နဲ့မှ မယှဉ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

"အာဆင်နယ်အသင်းကို ကြည့်လိုက်မယ်ဆိုရင် ချယ်ဆီးအသင်းရဲ့ကစားသမား ၁၁ ယောက်ထဲက တစ်ယောက်နဲ့မှ ယှဉ်နိုင်တဲ့သူမရှိပါဘူး။ ခံစစ်ရဲ့ဗဟိုက မူစတာဖီနဲ့ ဆိုခရေးတစ်တို့ နှစ်ယောက်က ကစားဖော်မဟုတ်သလိုပဲ"

"နောက်ခံတောင်ပံကိုကြည့်မယ်ဆိုရင် ချယ်ဆီးအသင်းက အက်ဇ်ပလီကူတာက ဟက်တာဘယ်လာရင်ထက် ခံစစ်ပိုင်းမှာရော၊ တိုက်စစ်ကို ဖန်တီးပေးတာမှာပါ ပိုပြီး ကောင်းမွန်နေတာကိုတွေ့ရမှာပါ။ အလွန်ဆိုကတော့ ချယ်ဆီးအသင်းအတွက် ပွဲဦးထွက်ကစားခဲ့တဲ့ ၂၀၁၆ ကတည်းက အားလုံးအထင်ကြီးလောက်တဲ့ခြေစွမ်းပြသပြီးသားပါ"လို့ ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းက ပေါင် ရ၁.၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဂိုးသမား ကီပါကိုလည်း အာဆင်နယ်အသင်းရဲ့ပထမဂိုးမှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ လက်စွမ်းပြနိုင်ခဲ့သင့်ကြောင်းပြောကြားခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ဂိုးသမား ပီတာချက်ထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

"ကီပါအနေနဲ့ မစ်ခီတာယန်ရဲ့ပထမဂိုးမှာ ပိုကောင်းမွန်တဲ့အရာကို လုပ်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ယုံကြည်ချက်ရှိရှိနဲ့ ရှေ့ထွက်ပြီး ကစားရဲတဲ့ ကီပါကို ပီတာချက်ထက် ကျွန်တော် ပိုသဘောကျပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top