အသက္(၆၂)ႏွစ္အရြယ္ရွိ အမ်ိဳးသားတစ္ဦးဟာ မိခင္ျဖစ္သူကို ခြဲစိတ္စဥ္ အသက္ေသဆုံးေစခဲ့တဲ့အတြက္ ေဒါက္တာတစ္ဦးကို ေသနတ္နဲ႔ပစ္သတ္ၿပီး လက္စားေခ်တုိက္ခုိက္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီျပစ္မႈက်ဴးလြန္တယ္ဆုိတာကို သံသယမႈအျဖစ္သာ ရဲက ယူဆခဲ့ၿပီး ေသဆုံးသူေဒါက္တာကုိ အဆုိပါအမ်ိဳးသားႀကီး သတ္ခဲ့တယ္လုိ႔ သက္ေသ ခုိင္မာမႈ မရွိပါဘူး။

ေဒါက္တာ Mark Hausknecht ဟာ (၁၉၉၇)ခုႏွစ္ ဇူလုိင္ (၂၀)ရက္ေန႔မွာ အသတ္ခံခဲ့ရပါတယ္။ သံသယရွိသူအျဖစ္ လက္ရွိအခ်ိန္မွာ အသက္(၆၂)ႏွစ္အရြယ္ကို ေရာက္ေနတဲ့ Joseph James Pappas ကုိ ရဲက သံသယရွိခဲ့ၿပီး ေနအိမ္ကို ရဲတပ္ဖြဲ႕နဲ႔ဝုိင္းဝန္းၿပီး ဖမ္းဆီးဖုိ႔ ႀကိဳးစားစဥ္မွာပင္ သူ႕ကုိယ္သူ ေသေၾကာင္းႀကံစည္ခဲ့ပါတယ္။

Joseph ဟာ အသက္ (၄၁)ႏွစ္အရြယ္တုန္းက က်ဴးလြန္ခဲ့တဲ့ျပစ္မႈအတြက္ ရဲတပ္ဖြဲ႕က ဖမ္းဆီးဖုိ႔ႀကိဳးစားတာကို ခံခဲ့ပါတယ္။ သူဟာ ကနဦးတုန္းက ရဲတပ္ဖြဲ႕ကုိ ခုခံျပစ္ခတ္ဖုိ႔ ရည္ရြယ္ခ်က္ရွိပုံရၿပီး က်ည္ကာအက်ႌကုိ ဝတ္ဆင္ထားပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာ စိတ္ကူးေျပာင္းသြားကာ သူ႕ရဲ႕ေခါင္းထဲကုိ က်ည္ဆံပစ္သြင္းၿပီး အဆုံးစီရင္ခဲ့တာပါ။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ျဖစ္ပြားခဲ့တာပါ။ လြန္ခဲ့တဲ့ႏွစ္(၂၀)ေက်ာ္က ေဒါက္တာ Mark ကုိ သူကုိယ္တုိင္ သတ္ျဖတ္ခဲ့တယ္ဆုိတာ သက္ေသေတြမခုိင္မာခဲ့ေပမယ့္ အခုျဖစ္စဥ္အရေတာ့ ရာႏႈန္းအားျဖင့္ Joseph ဟာ လူသတ္မႈက်ဴးလြန္ခဲ့ပုံရတယ္လုိ႔ အဓိပၸါယ္သက္ေရာက္ေစခဲ့ပါတယ္။

ေဒါက္တာ Mark ဟာ လုပ္ႀကံခံရစဥ္က နာမည္အလြန္ေက်ာ္တဲ့ ေဒါက္တာတစ္ဦးျဖစ္ၿပီး သူဟာ ထုိစဥ္က သမၼတေဟာင္း ေဂ်ာ္ဂ်ီအိက္ခ်္ဘုရွ္ရဲ႕ ႏွလုံးအထူးကုဆရာဝန္အျဖစ္ တာဝန္ထမ္းေဆာင္ေနသူပါ။ သူဟာ အသတ္ခံရတဲ့ေန႔မွာ ေနအိမ္ကေန သူတာဝန္က်ရာ Houston Methodist Hospital ေဆး႐ုံကုိ စက္ဘီးျဖင့္ျပန္လာစဥ္ ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရတာပါ။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၆၂)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာ မိခင်ဖြစ်သူကို ခွဲစိတ်စဉ် အသက်သေဆုံးစေခဲ့တဲ့အတွက် ဒေါက်တာတစ်ဦးကို သေနတ်နဲ့ပစ်သတ်ပြီး လက်စားချေတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပြစ်မှုကျူးလွန်တယ်ဆိုတာကို သံသယမှုအဖြစ်သာ ရဲက ယူဆခဲ့ပြီး သေဆုံးသူဒေါက်တာကို အဆိုပါအမျိုးသားကြီး သတ်ခဲ့တယ်လို့ သက်သေ ခိုင်မာမှု မရှိပါဘူး။

ဒေါက်တာ Mark Hausknecht ဟာ (၁၉၉၇)ခုနှစ် ဇူလိုင် (၂၀)ရက်နေ့မှာ အသတ်ခံခဲ့ရပါတယ်။ သံသယရှိသူအဖြစ် လက်ရှိအချိန်မှာ အသက်(၆၂)နှစ်အရွယ်ကို ရောက်နေတဲ့ Joseph James Pappas ကို ရဲက သံသယရှိခဲ့ပြီး နေအိမ်ကို ရဲတပ်ဖွဲ့နဲ့ဝိုင်းဝန်းပြီး ဖမ်းဆီးဖို့ ကြိုးစားစဉ်မှာပင် သူ့ကိုယ်သူ သေကြောင်းကြံစည်ခဲ့ပါတယ်။

Joseph ဟာ အသက် (၄၁)နှစ်အရွယ်တုန်းက ကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ကြိုးစားတာကို ခံခဲ့ပါတယ်။ သူဟာ ကနဦးတုန်းက ရဲတပ်ဖွဲ့ကို ခုခံပြစ်ခတ်ဖို့ ရည်ရွယ်ချက်ရှိပုံရပြီး ကျည်ကာအင်္ကျီကို ဝတ်ဆင်ထားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ကူးပြောင်းသွားကာ သူ့ရဲ့ခေါင်းထဲကို ကျည်ဆံပစ်သွင်းပြီး အဆုံးစီရင်ခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့သောကြာနေ့က ဖြစ်ပွားခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်(၂၀)ကျော်က ဒေါက်တာ Mark ကို သူကိုယ်တိုင် သတ်ဖြတ်ခဲ့တယ်ဆိုတာ သက်သေတွေမခိုင်မာခဲ့ပေမယ့် အခုဖြစ်စဉ်အရတော့ ရာနှုန်းအားဖြင့် Joseph ဟာ လူသတ်မှုကျူးလွန်ခဲ့ပုံရတယ်လို့ အဓိပ္ပါယ်သက်ရောက်စေခဲ့ပါတယ်။

ဒေါက်တာ Mark ဟာ လုပ်ကြံခံရစဉ်က နာမည်အလွန်ကျော်တဲ့ ဒေါက်တာတစ်ဦးဖြစ်ပြီး သူဟာ ထိုစဉ်က သမ္မတဟောင်း ဂျော်ဂျီအိက်ချ်ဘုရှ်ရဲ့ နှလုံးအထူးကုဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ အသတ်ခံရတဲ့နေ့မှာ နေအိမ်ကနေ သူတာဝန်ကျရာ Houston Methodist Hospital ဆေးရုံကို စက်ဘီးဖြင့်ပြန်လာစဉ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top