ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မေတာ္တဆထိခိုက္ဒဏ္ရရတဲ့အခါမ်ိဳးမွာ အဝတ္အစားေတြေသြးေတြေပသြားေလ့ရွိပါတယ္။
ေပေနတဲ့ေသြးေတြေျခာက္သြားတဲ့အခါမွာ ေသြးစြန္းတာကို ျပန္ခြ်တ္ဖုိ႕က တကယ့္ကိုအခက္အခဲတစ္ခုပါပဲ။
အခုလုိျဖစ္သြားတဲ့အေျခအေနမ်ိဳးအတြက္ ကြ်န္ေတာ္တို႕ သတင္းေကာင္းယူလာပါျပီ။
စြန္းေနတဲ့ေသြးေတြကုိဘယ္လုိခြ်တ္လုိ႕ရမလဲဆုိတာ တစ္ခ်က္ၾကည့္လုိက္ရေအာင္။

၁- ရွာလကာရည္
ေသြးစြန္းတာေတြကုိဖယ္ရွားဖုိ႕အတြက္ ရွာလကာရွည္ကေတာ့ တကယ့္လက္နက္ေကာင္းတစ္ခုပါပဲ။
ေသြးစြန္းေနတဲ့ေနရာကုိ ရွာလကာရည္ ၁၀ မိနစ္ေလာက္ ဆြတ္ထားျပီးေတာ့ ေရေဆးလိုက္မယ္ဆိုရင္ သင့္အဝတ္အစားေတြေျပာင္စင္သြားတာကိုေတြ႕ရပါလိမ့္မယ္။

၂- အမိုးနီးယား
အမိုးနီးယားကေတာ့ ေသြးေျခာက္ေတြကိုဖယ္ရွားတဲ့ေနရာမွာ အလြန္အသံုးဝင္တဲ့ပစၥည္းတစ္ခုပါ။
ေသြးစြန္းတဲ့ေနရာကုိအမိုးနီးယားဆြတ္ျပီးေတာ့ ခ်က္ခ်င္းေဆးပစ္လုိက္ရင္ အစြန္းေတြေပ်ာက္သြားပါလိမ့္မယ္။

၃- ဟုိက္ဒရုိဂ်င္ ပါေအာက္ဆိုဒ္
ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုဒ္အနည္းငယ္ကို ေသြးစြန္းေနတဲ့ေနရာေပၚတင္ထားလိုက္ပါ။
ေသြးကြက္ဟာ တျဖည္းျဖည္းနဲ႕ ေပ်ာက္ကြယ္သြားတာကုိေတြ႕ရပါလိမ့္မယ္။

၄- ကိုကာကိုလာ
ဂ်င္းအဝတ္အစားေတြ ေသြးစြန္းတဲ့အခါ ကိုကာကိုလာကိုသံုးျပီး ခြ်တ္လို႕ရပါတယ္။
ကိုလာမွာပါဝင္တဲ့ ေဖာ့စဖိတ္ နဲ႕ ကာဘြန္အက္ဆစ္ဓါတ္ေတြဟာ ေသြးကြက္ေတြကုိခြ်တ္တဲ့ေနရာမွာအေထာက္အကူေပးပါတယ္။
ေသြးစြန္းေနတဲ့ဂ်င္းေပၚကုိ ကိုလာအနည္းငယ္ေလာက္ ေလာင္းခ်ျပီး နာရီပုိင္းေလာက္ထားလုိက္မယ္ဆိုရင္ေသြးေတြေျပာင္သြားပါလိမ့္မယ္။

၅- WD-40
WD-40 ေဆးဘူးကလည္း ေသြးစြန္းေတြကို ေဖ်ာက္ေပးႏုိင္ပါတယ္။ ေသြးစြန္းတဲ့ေနရာကုိ ျဖန္းျပီး ၅ မိနစ္ေလာက္ထားကာ ေရေဆးလိုက္ရံုနဲ႕စြန္းေနတဲ့ေသြးေတြကြ်တ္သြားပါလိမ့္မယ္။

၆- ေျပာင္းဖူးမႈန္႕
ေျပာင္းမႈန္႕ကုိ ေရေဖ်ာ္ျပီးေတာ့ ေသြးစြန္းေနရာမွာ ပြတ္ျပီး အဝတ္ထဲစိမ့္ဝင္ေအာင္ လက္နဲ႕အနည္းငယ္ဖြတ္ေပးပါ။
ထို႕ေနာက္ေနပူတဲ့ေနရာမွာလွမ္းထားေပးပါ။

၇- Talcum Powder
ေျပာင္းဖူးမႈန္နဲ႕အတူတူပါပဲ။ဒါကုိလည္းေရေဖ်ာ္ျပီးေတာ့ စြန္းေနတဲ့ေနရာမွာ ပြတ္ျပီးေတာ့ ေျခာက္ေသြ႕ေအာင္လွမ္းထားေပးပါ။

၈ ဆားေရခဲရည္
ေသြးစြန္းတာခြ်တ္ဖုိ႕အတြက္ ဘယ္ေတာ့မွေရေႏြးမသံုးပါနဲ႕ ။ ဘာေၾကာင့္လည္းဆိုေတာ့ ေရေႏြးဟာ ေသြးေတြကို ပုိျပန္႕သြားေစႏုိင္တဲ့အတြက္ပါပဲ။
ေရေႏြးအစား ေရခဲေရထဲကုိ ဆားႏွစ္ဇြန္းေလာက္ထည့္ျပီး ေလ်ာက္လိုက္မယ္ဆိုရင္ေတာ့ ေသြးေတြေျပာင္သြားပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
မတော်တဆထိခိုက်ဒဏ်ရရတဲ့အခါမျိုးမှာ အဝတ်အစားတွေသွေးတွေပေသွားလေ့ရှိပါတယ်။
ပေနေတဲ့သွေးတွေခြောက်သွားတဲ့အခါမှာ သွေးစွန်းတာကို ပြန်ချွတ်ဖို့က တကယ့်ကိုအခက်အခဲတစ်ခုပါပဲ။
အခုလိုဖြစ်သွားတဲ့အခြေအနေမျိုးအတွက် ကျွန်တော်တို့ သတင်းကောင်းယူလာပါပြီ။
စွန်းနေတဲ့သွေးတွေကိုဘယ်လိုချွတ်လို့ရမလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်။

၁- ရှာလကာရည်
သွေးစွန်းတာတွေကိုဖယ်ရှားဖို့အတွက် ရှာလကာရှည်ကတော့ တကယ့်လက်နက်ကောင်းတစ်ခုပါပဲ။
သွေးစွန်းနေတဲ့နေရာကို ရှာလကာရည် ၁၀ မိနစ်လောက် ဆွတ်ထားပြီးတော့ ရေဆေးလိုက်မယ်ဆိုရင် သင့်အဝတ်အစားတွေပြောင်စင်သွားတာကိုတွေ့ရပါလိမ့်မယ်။

၂- အမိုးနီးယား
အမိုးနီးယားကတော့ သွေးခြောက်တွေကိုဖယ်ရှားတဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ပစ္စည်းတစ်ခုပါ။
သွေးစွန်းတဲ့နေရာကိုအမိုးနီးယားဆွတ်ပြီးတော့ ချက်ချင်းဆေးပစ်လိုက်ရင် အစွန်းတွေပျောက်သွားပါလိမ့်မယ်။

၃- ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အနည်းငယ်ကို သွေးစွန်းနေတဲ့နေရာပေါ်တင်ထားလိုက်ပါ။
သွေးကွက်ဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတာကိုတွေ့ရပါလိမ့်မယ်။

၄- ကိုကာကိုလာ
ဂျင်းအဝတ်အစားတွေ သွေးစွန်းတဲ့အခါ ကိုကာကိုလာကိုသုံးပြီး ချွတ်လို့ရပါတယ်။
ကိုလာမှာပါဝင်တဲ့ ဖော့စဖိတ် နဲ့ ကာဘွန်အက်ဆစ်ဓါတ်တွေဟာ သွေးကွက်တွေကိုချွတ်တဲ့နေရာမှာအထောက်အကူပေးပါတယ်။
သွေးစွန်းနေတဲ့ဂျင်းပေါ်ကို ကိုလာအနည်းငယ်လောက် လောင်းချပြီး နာရီပိုင်းလောက်ထားလိုက်မယ်ဆိုရင်သွေးတွေပြောင်သွားပါလိမ့်မယ်။

၅- WD-40
WD-40 ဆေးဘူးကလည်း သွေးစွန်းတွေကို ဖျောက်ပေးနိုင်ပါတယ်။ သွေးစွန်းတဲ့နေရာကို ဖြန်းပြီး ၅ မိနစ်လောက်ထားကာ ရေဆေးလိုက်ရုံနဲ့စွန်းနေတဲ့သွေးတွေကျွတ်သွားပါလိမ့်မယ်။

၆- ပြောင်းဖူးမှုန့်
ပြောင်းမှုန့်ကို ရေဖျော်ပြီးတော့ သွေးစွန်းနေရာမှာ ပွတ်ပြီး အဝတ်ထဲစိမ့်ဝင်အောင် လက်နဲ့အနည်းငယ်ဖွတ်ပေးပါ။
ထို့နောက်နေပူတဲ့နေရာမှာလှမ်းထားပေးပါ။

၇- Talcum Powder
ပြောင်းဖူးမှုန်နဲ့အတူတူပါပဲ။ဒါကိုလည်းရေဖျော်ပြီးတော့ စွန်းနေတဲ့နေရာမှာ ပွတ်ပြီးတော့ ခြောက်သွေ့အောင်လှမ်းထားပေးပါ။

၈ ဆားရေခဲရည်
သွေးစွန်းတာချွတ်ဖို့အတွက် ဘယ်တော့မှရေနွေးမသုံးပါနဲ့ ။ ဘာကြောင့်လည်းဆိုတော့ ရေနွေးဟာ သွေးတွေကို ပိုပြန့်သွားစေနိုင်တဲ့အတွက်ပါပဲ။
ရေနွေးအစား ရေခဲရေထဲကို ဆားနှစ်ဇွန်းလောက်ထည့်ပြီး လျောက်လိုက်မယ်ဆိုရင်တော့ သွေးတွေပြောင်သွားပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top